my_tn/rom/10/11.md

4.0 KiB

ကျမ်းစာလာသည်ကား

ရှင်ပေါလုသည် ကျမ်းစာကို အသက်ရှိ၍ အသံထွက်နိုင်သည့်အလား ပြောဆိုခြင်း ဖြစ်သည်။ ဤနေရာတွင် ရှင်ပေါလု သုံးထားသည့် ကျမ်းစာကို မည်သူရေးသည်ကိုအသေးစိတ် ရှင်းပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျမ်းစာတွင် ဟေရှာယ ရေးသားထားသည်မှာ။" (ရှု၊ [[rc:///ta/man/translate/figs-personification]] and [[rc:///ta/man/translate/figs-explicit]])

ထိုကျောက်ကို အမှီပြု သော သူမည်သည်ကား၊ ရှက်ကြောက်ခြင်းမရှိနိုင်ရာ

ဤဖော်ပြချက်သည် "သူ့ကို မယုံကြည်သော သူမည်သည်ကား ရှက်ကြောက်ခြင်းရှိမည်" ဟုဆိုခြင်းနှင့်အတူတူဖြစ်သည်။ အငြင်းဖြင့်ရေးထားသည်မှာ လေးနက်မှုအတွက်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ့ကို ယုံကြည်သော သူတိုင်းကို ဘုရားသခင်သည် ချီးမြှောက်တော်မူမည်။" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ယုဒအမျိုး၊ ဟေလသအမျိုးကိုမရွေး

ဘုရားသခင်သည် လူမျိုးအားလုံးကို တူညီစွာမှတ်ယူမည်ဖြစ်ကြောင်း ရှင်ပေါလု ဆိုလိုခြင်းဖြစ်သည်။ ဘာသာပြန်ရာ၌ ပိုမိုရှင်းလင်းချက်ပေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဤသို့ဖြင့် ဘုရားသခင်သည် ယုဒလူမျိုးဖြစ်စေ၊ ယုဒမဟုတ်သော လူမျိုးဖြစ်စေ တူညီစွာမှတ်ယူ သဘောထားသည်။" (UDB) (ရှု၊ rc://*/ta/man/translate/figs-explicit)

ကိုယ်တော်ကိုပဌာနပြုသော သူအပေါင်းတို့၌ ကျေးဇူး ကြွယ်ဝတော်မူ၏

"ကြွယ်ဝတော်မူ" သည် ဘုရားသခင်ကြွယ်ဝစွာကောင်းကြီးပေးခြင်းကိုဆိုလိုသည်။ ဘာသာပြန်ရာ၌ ပိုမိုရှင်းလင်းချက်ပေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ၌ ကိုးစားယုံကြည်သော သူများကို ကြွယ်ဝစွာကောင်းကြီးပေးတော်မူသည်။" (ရှု၊ rc://*/ta/man/translate/figs-explicit)

ထာဝရဘုရားကို ပဌနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့

ပဌနာပြုခြင်း (နာမတော်) သည် ယေရှုဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သခင်သည် သူ၌ ယုံကြည်ကိုးစားသူမှန်သမျှကို ကယ်တင်တော်မူလိမ့်မည်။" (ရှု၊ [[rc:///ta/man/translate/figs-metonymy]] and [[rc:///ta/man/translate/figs-activepassive]])