my_tn/isa/16/05.md

12 lines
2.1 KiB
Markdown

# ရာဇပလ္လင်သည်လည်း၊ ကရုဏာ၌တည်လိမ့် မည်။ သစ္စာနှင့်ပြည့်စုံ၍
"ရာဇပလ္လင်" သည် ရှင်ဘုရင်ကဲ့သို့ တန်ခိုးအစွမ်းဖြင့် အုပ်ချုပ်ခြင်းဖြစ်သည်။ ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသခင်သည် သစ္စာဖြင့် ပြည့်စုံ၍ သူ၏ ပဋိညာဉ်သည် ထာဝရတည်ကာ ဘုရင်တပါးကို ခန့်အပ်လိမ့်မည်" (ရှု၊ [[rc://*/ta/man/translate/figs-metonymy]] နှင့် [[rc://*/ta/man/translate/figs-activepassive]])
# ပလ္လင်တော်ပေါ်မှာ ထိုင်တော် မူသောသူသည် ဖြောင့်မတ်စွာ စစ်ကြော၍
"ဒါဝိတ်မင်း၏ တဲတော်" ဟုဆိုရာတွင် ဒါဝိတ်မင်း၏ မျိုးနွယ်စုကို ဖော်ဆောင်သည်။ ထိုမျိုးနွယ်သည် အုပ်ချုပ်စိုးစံလိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဒါဝိတ်မင်းမှ ဆင်းသက်လာသော မင်းဆက်သည် သစ္စာရှိစွာစီရင် အုပ်ချုပ်လိမ့်မည်" (ရှု၊ [[rc://*/ta/man/translate/figs-metonymy]])
# ဖြောင့်မတ်စွာ စစ်ကြော၍
တရားမျှတခြင်းကို ရှာဖွေခြင်းဆိုသည်မှာ တရားမျှတခြင်းကို လိုချင်သောဆန္ဒရှိခြင်းကို ပုံဆောင်သည်။ (ရှု၊ [[rc://*/ta/man/translate/figs-metaphor]])