my_tn/heb/11/13.md

20 lines
2.3 KiB
Markdown

# ဂတိတော်နှင့်စပ်ဆိုင်သော အကျိုးကျေးဇူးကိုမခံရဘဲ
ကတိတော်သည် လူတစ်ယောက် လက်ခံရရှိသော ရုပ်ဝတ္ထုပစ္စည်းအဖြစ် ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်ကတိတော်များကို မရရှိဘဲ" (ရှု၊ [[rc://*/ta/man/translate/figs-metaphor]])
# အဝေး ကမြော်မြင်လျက်၊ စိတ်နှလုံးနှင့် ဘက်ယမ်းလျက်
အနာဂတ်တွင်ရရှိမည့် ကတိတော်များကို အဝေးမှ ရောက်ရှိလာသော ခရီးသွား ဧည့်သည်အဖြစ် ဥပမာပေးဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အနာဂတ်တွင် ဘုရားသခင်ပြုမည့်အရာများကို ဆင်ခြင်လျက်" (ရှု၊ [[rc://*/ta/man/translate/figs-metaphor]])
# ဝန်ခံလျက်
"သူတို့ ဝန်ခံသည်" သို့မဟုတ် "သူတို့ လက်ခံသည်"
# မိမိတို့သည် မြေကြီးပေါ်မှာ တကျွန်းသူတနိုင်ငံသား၊ ဧည့်သည် အာဂန္တုဖြစ်သည်။
တကျွန်းသူတနိုင်ငံသားနှင့် ဧည့်သည် အာဂန္တုသည် ယေဘုယျအားဖြင့် တူသည်။ အထူးပြု၍ ဆိုလိုသည်မှာ ကမ္ဘာမြေကြီးသည် သူတို့၏ အိမ် အစစ်အမှန်မဟုတ်ပါ။ ဘုရားသခင် တည်ဆောက်ပေးသော စစ်မှန်သော အိမ်ကို စောင့်မျှော်နေကြသည်။ (ရှု၊ [[rc://*/ta/man/translate/figs-doublet]])
# မိမိတို့အဘပြည်
သူတို့ ပိုင်ဆိုင်ရမည့် တိုင်းပြည်။