# ကိုယ်တော်၏ လူတို့သည် ရန်သူတို့ရှိရာသို့ စစ်ချီသောအခါ၊ ...... ထာဝရဘုရားအား ဆုတောင်းကြလျှင် ဤဆုတောင်းချက်ကို တောင်းလျှောက်စဉ်ကာလတွင် ၄င်းအဖြစ်အပျက်များ မဖြစ်ပျက်သေးသော်လည်း နောင်အနာဂတ်တွင် ဖြစ်လာနိုင်သည်ဟု ရှောလမုန် သိနေခဲ့သည်။ ဘာသာပြန်ဆိုရာတွင် ယခုလက်ရှိအချိန်၌ မဖြစ်ပျက်သေးသော်လည်း နောင်ကာလတွင် ဖြစ်ပျက်လာမည့် အသုံးအနှုန်းများကို အသုံးပြုပါ။ (ရှု၊ [[rc://*/ta/man/translate/figs-hypo]]) # နာမတော်အဘို့ "နာမတော်" ဟုဆိုသည်နှင့် လူပုဂ္ဂိုလ်ကို တွဲမြင်ရမည်၊ "နာမတော် အဘို့" သည် ထိုပုဂ္ဂိုလ်အား ကိုးကွယ်ခြင်းကို ရည်ညွှန်းသည်။ ၃:၁ တွင် အလားတူ စကားလုံးအား တွေ့ရသည်။ အခြားသော ဘာသာပြန်ဆိုချက် − "ထာဝရဘုရားအား ကိုးကွယ်သောနေရာ" (ရှု၊ [[rc://*/ta/man/translate/figs-metonymy]]) # သူတို့ ဆုတောင်းပဌနာပြုသော စကား "ဆုတောင်း" နှင့် "ပဌနာ" ဟူသော ဝေါဟာရနှစ်လုံးမှာ အဓိပ္ပာယ် ဆင်တူသည်။ ရှောလမုန်၏ စိတ်နှလုံးပါလျက် ဆုတောင်းလျှောက်ခြင်းကို အထူးပြုရန်အတွက် အသုံးပြုထားခြင်း ဖြစ်သည်။ ၈:၂၇ တွင်လည်း အလားတူ စကားလုံးကို တွေ့ရသည်။ အခြားသော ဘာသာပြန်ဆိုချက် − "တောင်းလျှောက်ခြင်း" (ရှု၊ [[rc://*/ta/man/translate/figs-doublet]])