# ပညတ်တရားသည် ခရစ်တော်အားဖြင့် စုံလင်ခြင်းရှိ၏ ခရစ်တော်သည် ပညတ်တရားကို လုံးလုံးလျားလျားပြည့်စုံစေသောကြောင့်။ # ယုံကြည်သောသူအပေါင်းတို့သည် ဖြောင့်မတ်ရာ ဤနေရာတွင် ယုံကြည်ခြင်း သည် ကိုးစားခြင်းကို ဆိုလို သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ့ကို ယုံကြည်သောသူများကို ဘုရားသခင် ရှေ့တော်၌ ဖြောင့်မတ်စေခြင်းအလိုငှါ။" (ရှု၊ [[rc://*/ta/man/translate/figs-explicit]]) # ပညတ်တရားနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းတရား ဖြောင့်မတ်ခြင်းတရားသည် အသက်ရှိ၍ လှုပ်ရှားနိုင်သကဲ့သို့ ရှင်ပေါလုပြောဆိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ပညတ်တော်သည် မည်ကဲ့သို့ တစ်စုံတစ် ယောက်ကို ဘုရားသခင် ရှေ့တော်၌ ဖြောင့်မတ်စေသည်ကို။" (ရှု၊ [[rc://*/ta/man/translate/figs-personification]]) # ထိုအကျင့်ကို ကျင့်သောသူသည် ထိုအကျင့်အားဖြင့် အသက်ရှင်လိမ့်မည် ပညတ်တရားအားဖြင့် ဘုရားသခင်နှင့် သင့်မြတ်မှန်ကန်ဖို့ရန်၊ လူသည် ပညတ်တရားကို ပြည့်စုံစွာ လိုက်နာစောင့်ရှောက် ရမည်ဖြစ်သည်။ ထိုအရာသည် မဖြစ်နိုင်ပါ။ အခြားသောဘာသာပြန်ဆိုချက်၊ "ပညတ်တရားကိုပြည့်စုံစွာ စောင့်ရှောက်သောသူသည် ပညတ်တရားက သူ့ကို ဘုရားသခင်ရှေ့တွင် ဖြောင့်မတ်စေသဖြင့် အသက်ရှင်လိမ့်မည်။" (ရှု၊ [[rc://*/ta/man/translate/figs-explicit]]) # အသက်ရှင်လိမ့်မည် အသက်ရှင်လိမ့်မည် ဟူသည့်စကားသည် (၁) ထာဝရအသက်၊ သို့မဟုတ် (၂) ဘုရားသခင်နှင့်မိတ်သဟာရရှိသော ဘဝကို ဆိုလိုခြင်းဖြစ်နိုင်သည်။