# ယေဘုယျသတင်းအချက်အလက် ဤအပိုဒ်ငယ်နှစ်ခုတွင် စာရေးသူသည် ဣသရေလလူမျိုးများ၏ရန်သူများကို ရေလွှမ်းမိုးခြင်းဖြင့် နှိုင်းယှဉ်ထားသည်။ # ထိုအခါ ငါတို့ကို ရေသည်၊ လွှမ်းမိုး၍ စီးသော ရေသည် ငါတို့ဝိညာဉ်အပေါ်မှာ ကျော်သွားပြီ တကား အရှေ့စာပိုဒ်ရှိ မြင်ယောင်သည့်ဖော်ပြချက်ကို ဆက်ပေးသည်။ ထာဝရဘုရားသည် သူတို့ဘက်တွင်ရှိသောကြောင့် တကယ်မဖြစ်ပျက်ခဲ့သော အရာကို ဖော််ပြသည်။ အခြားသောဘာသာပြန်ဆိုချက်။ ။ရေသည် ငါတို့ကို မဖျက်ဆီး...ငါတို့ကို မနစ်စေ။ (ရှု၊ [[rc://*/ta/man/translate/figs-hypo]]) # လွှမ်းမိုး၍ စီးသော ရေသည် ... စော်ကားသော ရေတို့သည် ဤစကားစုနှစ်ခုသည် အဓိပ္ပါယ်အတူတူဖြစ်သည်။ (ရှု၊ [[rc://*/ta/man/translate/figs-parallelism]]) # လွှမ်းမိုး၍ စီးသော ...ငါတို့ဝိညာဉ်အပေါ်မှာ ကျော်သွားပြီ တကား။ ... ငါတို့အသက် ဝိညာဉ်အပေါ်မှာ ကျော်သွားကြပြီ ဤစကားစုများသည် အဓိပ္ပါယ်အတူတူဖြစ်သည်။ (ရှု၊ [[rc://*/ta/man/translate/figs-parallelism]]) # ထိုအခါ ငါတို့ကို ရေသည်၊ လွှမ်းမိုး၍ စာရေးသူမှ ရန်သူများသည် စီးသောရေအလား ပြောဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်။ ။ငါတို့၏ရန်သူများသည် ငါတို့ကိုအနိုင်ယူ သင့်ခဲ့ပြီ။ (ရှု၊ [[rc://*/ta/man/translate/figs-metaphor]]) # စီးသော ရေသည် ငါတို့ဝိညာဉ်အပေါ်မှာ ကျော်သွားပြီ ဤနေရာတွင် စာရေးသူမှ ရန်သူများသည် ဣသရေလလူများကို နစ်မြုပ်စေနိုင်သည့် စီးသောရေအလား ပြောဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်။ ။ငါတို့၏ရန်သူများသည် ငါတို့ကိုနစ်မြုပ်စေသင့်ခဲ့ပြီ။ (ရှု၊ [[rc://*/ta/man/translate/figs-metaphor]]) # စော်ကားသော ရေတို့သည် ငါတို့အသက် ဝိညာဉ်အပေါ်မှာ ကျော်သွားကြပြီ ဤနေရာတွင် စာရေးသူမှ ရန်သူများသည် ဣသရေလလူများကို နစ်မြုပ်စေနိုင်သည့် စော်ကားသောရေအလား ပြောဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ ငါတို့၏ရန်သူများသည် ငါတို့ကိုဖျက်ဆီးသင့်ခဲ့ပြီ။ (ရှု၊ [[rc://*/ta/man/translate/figs-metaphor]])