# အဘယ်ကြောင့် မိန်းမကို နှောင့်ရှက်ကြသနည်း။ ယေရှုက ဤမိန်းမနှင့်ပတ်သက်၍ ဧည့်သည်များကို အမေးသဘောဖြင့် ပြောဆိုသောစကားဖြစ်သည်။ ဤစာကြောင်းကို စကားပြောဆိုသည့် ပုံစံအတိုင်းရေးသားနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့ သူမကို မနှောင့်ယှက်ကြနှင့်" (ရှု၊ [[rc://*/ta/man/translate/figs-rquestion]]) # ဆင်းရဲသောသူ ဆိုလိုသည်မှာ "ဆင်းရဲသောသူများ" ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဆင်းရဲသော လူများ" (ရှု၊ [[rc://*/ta/man/translate/figs-nominaladj]]) # ငါအမှန်ဆိုသည်ကား ဤအကြောင်းအရာသည် အထူးသဖြင့် မှန်ကန်ကြောင်းနှင့် အရေးကြီးကြောင်း ကို ရည်ညွှန်းခြင်းဖြစ်သည်။ # ဧဝံဂေလိတရားကို မြေတပြင်လုံးတွင်ဟောသောအရပ်ရပ်တို့ ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အနယ်နယ်အရပ်ရပ်တွင် ဧဝံဂေလိတရားကို ဟောသောမည်သူမဆို" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]]) # ဤမိန်းမကို အောက်မေ့စရာဘို့ သူပြုသောဤအမှုကို ကြားပြောရကြလတံ့ ဤမိန်းမကို အောက်မေ့စရာဘို့ သူပြုသော ဤအမှုကို ကြားပြောရကြလတံ့။