# ဆက်စပ်မှုဖော်ပြချက် မျိုးစေ့ကြဲသည့်လူ ပုံဥပမာအကြောင်းကို သူတပည့်များအား ယေရှုက ဆက်ပြောပြနေသည်။ # ကြဲထားသည့်အရာ ကြဲထားသည့်မျိုးစေ့ကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကြဲထားသည့်မျို့စေ့" သို့မဟုတ် "ကျသွားသည့် မျိုးစေ့" (ရှု၊ [[rc://*/ta/man/translate/figs-explicit]]) # ဆူးပင်များကြား၌ ကြဲထားသည့်အရာ "ဆူးပင်များရှိသည် မြေ၌ မျိုးစေ့ကြဲထားသည်" # ဤလူဖြစ်သည် "ဤ" က ထိုပုဂ္ဂိုလ်ကို ကိုယ်စားပြုသည်။ # စကား "စကား" သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "နှုတ်ကပတ်တော်" သို့မဟုတ် "ဘုရားသခင်၏ သင်ကြားမှု" (ရှု၊ [[rc://*/ta/man/translate/figs-metonymy]]) # လောကီအမှုကို စိုးရိမ်ပြီး စည်းစိမ်ဥစ္စာ၏ လှည့်ဖျားခြင်း လောကီအမှုကို စိုးရိမ်ပြီး စည်းစိမ်ဥစ္စာ၏လှည့်ဖျားခြင်းတို့သည် လူကို ဘုရားနှုတ်ကပတ်တော် မနာခံရန် နှောက်ယှက်သည်ဖြစ်သည်။ ပေါင်းပင်တို့သည် မျိုးပင်နားမှာပေါက်ကြပြီး လေသည်လည်း မျိုးပင်မကြီးထွားလာအောင် နှောက်ယှက်ပေးမှုနှင့် ယေရှုက ခိုင်းနှိုင်းထား သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ပေါင်းပင်များက မျိုးပင်ကို မကြီးထွားလာအောင် နှောက်ယှက်သကဲ့သို့၊ လောကီအမှုကို စိုးရိမ်ပြီး စည်းစိမ်ဥစ္စာ၏လှည့်ဖျားခြင်းများကြောင့် ထိုလူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နားထောင်ရန် အခွင့်မရခဲ့ပါ" (ရှု၊ [[rc://*/ta/man/translate/figs-metaphor]]) # လောကကို ဂရုစိုက်သည် "လူတွေက စိုးရိမ်ကြသည့် ဤလောကအရာများ" # စည်းစိမ်ဥစ္စာ၏ လှည့်ဖျားခြင်း "ချမ်းသာမှု" ကို လှည့်စားနိုင်သော လူပုဂ္ဂိုလ်အဖြစ်ယေရှုက ဖော်ပြထားသည်။ လူတို့က ပိုက်ဆံပိုရှိရင် ပျော်ရွှင်ခြင်းရမည်ဟု ထင်ကြသော်လည်း မရကြသည်ကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငွေကို ချစ်ခြင်း" (ရှု၊ [[rc://*/ta/man/translate/figs-personification]]) # အသီး မသီး လူကို အပင်ကဲ့သို့ခိုင်းပြောခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သစ်သီးများကို မထုတ်လုပ်သည့် မကျန်းမာသော အပင်" သို့မဟုတ် "ဘုရားသခင် လိုချင်သည့် အရာကို သူမလုပ်ပါ" (ရှု၊ [[rc://*/ta/man/translate/figs-metaphor]]) # မြေဆီလွှာကောင်း၌ ကြဲထားသည့်မျိုးစေ့ "မျိုးစေ့များကြဲထားသည့်နေရာ ကောင်းသောမြေဆီလွှာ" # အသီးသီးလျက် သီးနှံကိုထုတ်သည် လူကို အပင်ကဲ့သို့ ခိုင်းပြောခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သစ်သီးများကို သီးပြီး ထုတ်လုပ်သည့် ကျန်းမာသောအပင်" (ရှု၊ [[rc://*/ta/man/translate/figs-metaphor]]) # တချို့က အဆတစ်ရာ၊ တစ်ချို့က ခြောက်ဆယ်၊ တချို့ကသုံးဆယ်တိုးပွားသည် "များသလောက် စိုက်ထားသည့်အပင်" သည် ပမာဏအတိုင်း တိုးပွားလာပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "များသလောက်စိုက်ပျိုးလျှင် တချို့က အဆ ၁၀၀ ထိ၊ တချို့က အဆ၆၀ ထိ၊ တချို့က အဆ ၃၀ ထိ ထုတ်လုပ်ကြသည်"။ 13:7 ၌ မည်သို့ရေးသည်ကို ကြည့်ရှုနိုင်ပါသည်။ (ရှု၊ [[rc://*/ta/man/translate/figs-ellipsis]] and [[rc://*/ta/man/translate/translate-numbers]])