# ဆက်စပ်အကြောင်းအရာ ဓမ္မဟောင်းကျမ်းရှိ ပညတ်တော်ကို ပြည့်စုံစေရန် ယေရှုလာသည့်အကြောင်းကို ယေရှုက ဆက်၌ သင်ကြားပေး သည်။ ရန်သူကို လက်စားချေသည့်အကြောင်းကို ဤနေရာတွင် စပြောခဲ့သည်။ # ယေဘုယျအချက်အလက် ယေရှုခရစ်တော်သည် လူအုပ်ဆီကို စကားပြောသည့်အရာမှာ သူတို့တစ်ယောက်ချင်းစီထံသို့ ဖြစ်ပျက်လာမည့်အရာကို ပြောသည်။ "သင်ကြားခဲ့ပြီ" ထဲရှိ "သင်" သည် "သင့်ကိုငါပြောသည်" သည် အများကိန်းဖြစ်သည်။ "သင့်ကိုရိုက်သူ" ထဲက "သင်" သည် အနည်းကိန်းဖြစ်သည်။ သင့်ဘာသာစကား၌ အများကိန်းဖြင့် ပြန်ရန်လိုအပ်နိုင်သည်။ (ရှု၊ [[rc://*/ta/man/translate/figs-you]]) # သင်တို့ကြားရသည့် စကားအတိုင်း ယေရှုက ဘုရားသခင်နှင့် သူ့စကားတော်ကို သဘောတူသည်။ သို့သော် ဘာသာရေး ခေါင်းဆောင်များ၏ ဘုရားစကားတော် ပြန်ပြောပြချက်များကို ယေရှုက သဘောမတူပေ။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်ပြောခဲ့သည့်စကားကို သင်တို့ ဘာသာသာရေးခေါင်းဆောင်များက ပြောပြခဲ့ကြပြီးပြီ" 5:33. ၌ မည်သို့ဘာသာပြန်သည်ကို ပြန်ကြည့်နိုင်သည်။ (ရှု၊ [[rc://*/ta/man/translate/figs-activepassive]]) # မျက်စိအတွက် မျက်စိ၊ သွားအတွက် သွား မောရှေ၏ ဥပဒေက လူတစ်ဦးက လူတစ်ဦးအား အနာတရ ဖြစ်စေလျှင် ဖြစ်စေသည့် အတိုင်းအတာဖြင့်သာ ပြန်တုံ့ပြန်ရန်၊ ထိုထက်ဆိုးရွားစွာ မတုံ့ပြန်ရန် ခွင့်ပြုထားသည်။ # သို့သော် ငါပြောသည် "ငါ" သည် အလေးနက်ပေးသည့်စကားလုံးဖြစ်သည်။ ယေရှုခရစ်တော် ပြောသည့်အရာသည် ဘုရားသခင်မူလက မိန့်တော်မူခဲ့သည့်အရာများနှင့် တန်းတူ အရေးကြီးကြောင်းကို ရည်ညွှန်းသည်။ အလေးနက်ပေးသည့် စကားစုဖြင့် ဘာသာပြန်ရန်လိုအပ်သည်။ 5:21. ၌ မည်သို့ဘာသာပြန်သည်ကို ကြည့်နိုင်သည်။ # အပြစ်ရှိသောသူ "အပြစ်ရှိသူ" သို့မဟုတ် "သင့်ကို အနာတရဖြစ်စေသူ" (UDB) # ရိုက်သည်....သင့်ညာဘက်ပါး လူတစ်ဦး၏ မျက်နှာရိုက်ခြင်းသည် ယေရှု ချိန်ခါ၌ စော်ကားခြင်းမည်၏။ မျက်စိနှင့် လက်နည်းတူ ညာဘက်ပါးသည် အရေးကြီးသည့်အပိုင်းဖြစ်သည်။ ထိုပါးရိုက်ခြင်းသည် ရုပ်အဆိုးဆုံးသော စော်ကားခြင်းဖြစ်သည်။ # ရိုက်သည် "ပါးရိုက်သည်" လက်ဖဝါးဖြင့် တစ်စုံတစ်ယောက်အား ရိုက်ခြင်းကို ဆိုလိုသည်။ # ပါးတဘက်ကိုလည်း လှည့်ပေးပါ "သင်၏ ပါးတဘက်ကိုလည်း သူ့ကို ရိုက်ခိုင်းပါ"