# ချိုင့်ဝှမ်းရာ ရှိသမျှတို့ကို ဖို့ရမည်၊ တောင်ကြီးတောင်ငယ်ရှိသမျှတို့ကို ဖြိုရမည် လူတို့သည် အရေးကြီးသောပုဂ္ဂိုလ်တဦးကြွလာသောအခါ လမ်းကို ပြင်ဆင်ကြသည်။ မြင့်သောနေရာကို ဖြို၍ နိမ့်သောနေရာကို ဖြည့်ကြသည်။ သို့ဖြစ်မှသာလျှင် လမ်းသည် ညီညာမည်။ ဤသည်မှာ ကနဦးကျမ်းချက်၌ ဖော်ပြခဲ့သည့် ဥပစာ၏ အစိတ်အပိုင်းဖြစ်သည်။ (ရှု၊ [[rc://*/ta/man/translate/figs-metaphor]] ) # ချိုင့်ဝှမ်းရာရှိသမျှတို့ကို ဖို့ရမည် ဤသည်မှာ ပြခြင်းပြကြိယာဖြင့်ဖော်ပြခြင်းဖြစ်နိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည် လမ်းခရီး၌ နိမ့်သော နေရာရှိသမျှကို ဖို့ကြမည်" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]] ) # တောင်ကြီးတောင်ငယ်ရှိသမျှတို့ကို ဖြိုရမည် ဤသည်မှာ ပြခြင်းပြကြိယာဖြင့်ဖော်ပြခြင်းဖြစ်နိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည် တောင်ကုန်းတောင်တန်းရှိသမျှတို့ကို သပြေးညီဖြစ်စေကြပါလိမ့်မည်" သို့မဟုတ် "သူတို့သည် လမ်း၌ မြင့်သောနေရာရှိသမျှကို ဖယ်ရှားကြပါလိမ့်မည်" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]] ) # ဘုရားသခင်၏ ကယ်တင်တော်မူခြင်းအကြောင်းကို မြင်ရကြလတ္တံ့ ဤသည်မှာ လှုပ်ရှားမှုတခုကဲ့သို့ ဖော်ပြခြင်း ဖြစ်နိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " ဘုရားသခင်သည် လူတို့အား အပြစ်မှ အဘယ်သို့ ကယ်တင်တော်မူသည်ကို သင်ယူပါ" (ရှု၊ [[rc://*/ta/man/translate/figs-abstractnouns]] )