# ယေဘုယျအချက်အလက် ယုဒက သူ့ကိုယ်သူ ဤစာဆောင်၏ စာရေးသူအဖြစ်ဖော်ပြထားပြီး သူ့စာဖတ်သူများကို နှုတ်ခွန်းဆက်လိုက်သည်။ သူသည် ယေရှု၏ညီအစ်ကို တစ်ဝမ်းကွဲ ဖြစ်နိုင်ခြေ ရှိသည်။ ဓမ္မသစ်ကျမ်းထဲတွင် အခြားသော ယုဒအမည်ဖြင့် လူနှစ်ဦးအား ဖော်ပြထားသည်။ # ယေဘုယျအချက်အလက် ဤစာစောင်ထဲရှိ "သင်" ဟူသော စကားလုံးသည် ယုဒမှ စာရေးပို့ထားသော ခရစ်ယာန်များကို ရည်ညွှန်းပါသည်။ လူအများစုအတွက် အမြဲသုံးထားသော စကားဖြစ်သည်။ (ရှု၊ [[rc://*/ta/man/translate/figs-you]]) # ကျွန်ဖြစ်သော ... ယုဒ ယုဒသည် ယာကုပ်၏ညီဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် - 'ကျွန်ဖြစ်သော ငါယုဒ' # ယာကုပ်၏ညီ ယာကုပ်နှင့် ယုဒသည် ယေရှု၏ ညီအစ်ကို တစ်ဝမ်းကွဲများ ဖြစ်သည်။ # သင်တို့၌ ကရုဏာ ရှိပါစေသော။ ငြိမ်သက်ခြင်းနှင့် ချစ်ခြင်း များပြားပါစေသော "ကရုဏာ၊ ငြိမ်သက်ခြင်းနှင့် ချစ်ခြင်းတို့သည် သင့်အတွက် အဆပေါင်းများစွာ တိုးပွားပါစေ။" ဤအယူအဆများကို အရွယ်အစား သို့မဟုတ် ပမာဏ တိုးပွားတတ်သော အရာဝတ္ထုကဲ့သို့ ပြောဆိုထားပါသည်။ (ရှု၊ [[rc://*/ta/man/translate/figs-abstractnouns]] )