# ဆက်စပ်ဖော်ပြချက် ဤအရာသည် ယောဘ၏ စကားပါဝင်သည်။ # ခဏချီးမြှောက်ခြင်းသို့ ရောက်၍ တဖန် ကွယ်ပျောက်ကြ၏။ ဤအရာကို အပြုသ‌ဘောဖြင့် ဖော်ပြနိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် သူတို့ကို နှိမ့်ချစေမည်" သို့မဟုတ် "ဘုရားသခင်သည် သူတို့ကို ဖျက်ဆီးမည်" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]]) # အခြားသော သူကဲ့သို့ အသက်ချုပ်ခြင်းကို၎င်း၊ တစ်ချို့သော ဘာသာပြန်ဆိုချက်များသည် ရှေးကျသော ကျမ်းပိုဒ်အပေါ် အခြေခံပြီး "သူတို့သည် ပေါင်းပင်များကဲ့သို့ ညှိုနွမ်းပြီး မှေးမှိန်သွားမည် ဖြစ်ကြောင်း ပြောဆိုထားပါသည်" ( ရှု၊ [[rc://*/ta/man/translate/translate-textvariants]]) # အခြားသော သူကဲ့သို့ အသက်ချုပ်ခြင်းကို၎င်း ဤအရာကို အပြုသ‌ဘောဆောင်အနေဖြင့်ဖော်ပြနိုင်ပါသည်။ အခြားသောသူများ ဟူသည်မှာ သေချာစွာ ရည်ညွှန်းထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ဆိုးသွမ်းသူများကို စုစည်းသကဲ့သို့ သူတို့ကို စုစည်းစေမည်" ( ရှု၊ [[rc://*/ta/man/translate/figs-activepassive]] and [[rc://*/ta/man/translate/figs-explicit]]) # စပါးနှံအဖျားကဲ့သို့ ရိတ်ဖြတ်ခြင်းကို၎င်း ခံရကြ၏။ စပါးရိတ်ရာကာလ၌ စပါးကိုရိတ်သကဲ့သို့ ဤဆိုးသွမ်းသောလူများသည် ခုတ်ဖြတ်ခြင်း ခံရမည်ဖြစ်သည်။ ၎င်းကို အပြုသဘောဖြင့် ဖော်ပြနိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လယ်သမားများက တံစဥ်ဖြင့် စပါးရိတ်သကဲ့သို့ ဘုရားသခင်သည် သူတို့ကို ခုတ်ဖြတ်မည်။" (ရှု၊ [[rc://*/ta/man/translate/figs-simile]] and [[rc://*/ta/man/translate/figs-activepassive]]) # သို့မဟုတ်လျှင်၊ ငါ၏မုသာအပြစ်ကို အဘယ်သူ့ကို ပြမည်နည်း။ ငါ၏စကားကို အဘယ်သူချေမည်နည်းဟု မြွက်ဆို၏။ ယောဘက သူ၏ ငြင်းခုံခြင်းများသည် သေချာမှုရှိကြောင်းကို ဖော်ပြစေရန် ဤမေးခွန်းကို အသုံးပြုထားပါသည်။ တိကျသောအဖြေမှာ "မည်သူမျှ မဟုတ်ပါ" အခြားသောဘာသာပြန်ဆိုချက်၊ "ဤအရာသည် မှန်ကန်ပါသည်။ ငါသည် လိမ်လည်သောသူဖြစ်သည်ကို မည်သူကမျှ သက်သေမပြနိုင်ပါ၊ မည်သူကမျှ ငါမှားယွင်း‌ကြောင်းကို သက်သေမထူနိုင်ပါ" ( ရှု၊ [[rc://*/ta/man/translate/figs-rquestion]]) # ငါ၏စကားကို အဘယ်သူချေမည်နည်းဟု မြွက်ဆို၏။ ငါပြောသောအရာ မှားယွင်းကြောင်းကို ထောက်ပြပါ။