# ဆက်စပ်ဖော်ပြချက် - ယောဘက သူ့မိတ်ဆွေများကို ဆက်လက်ပြီး စကားပြောသည်။ # ငါပြောမည်အကျိုးအကြောင်းစကားကို နားထောင်ကြပါလော့ ဤတွင် "နှုတ်" ဟူသည်မှာ စကားပြောသောပုဂ္ဂိုလ်ကို ပုံဆောင်ထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါတောင်းဆိုသောအရာကို နားထောင်ကြပါလော့့" ( ရှု၊ [[rc://*/ta/man/translate/figs-synecdoche]]) # သင်တို့သည် လျစ်လျူသောစိတ်မရှိဘဲ ဘုရားသခင့်ဘက်၌ ပြောချင်သလော ယောဘက မမှန်ကန်စွာ စကားပြောသော သူ့မိတ်ဆွေများကို ဆုံးမရန် ဤမေးခွန်း နှစ်ခုကို အသုံးပြုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်က ငါသည် ဘုရားအတွက် စကားပြောသည်ဟု ထင်ကြပါသည် သို့သော် သင်တို့သည် မမှန်ကန်စွာ ပြောဆိုကြပါသည်။ သင်တို့သည် လှည့်ဖြား ပြောဆိုကြပါသည်" ( ရှု၊ [[rc://*/ta/man/translate/figs-rquestion]] and [[rc://*/ta/man/translate/figs-parallelism]] and [[rc://*/ta/man/translate/figs-irony]]) # လျစ်လျူသောစိတ်မရှိဘဲ လိမ်ညာသည် သို့မဟုတ် "လိမ်ပြောသည်" # မျက်နှာတော်ကိုထောက်လျက်သာ၊ ဘုရားသခင့်တဘက်၌နေ၍ ငြင်းခုံစစ်တိုက်ချင်သလော။ ဘုရားသခင်၌ အကြင်နာတရားကို ပြသခြင်းဟူသည် ယောဘ၏ ဘုရားသခင်အပေါ် ဆန့်ကျင်သော မကျေနပ်ချက်များ ကာကွယ်ခြင်း သို့မဟုတ် ဘုရားသခင်ကို ကူညီခြင်းကို ပုံဆောင်ထားပါသည်။ ယောဘက ဘုရားသခင်ကို ကာကွယ်နိုင်သည်ဟု ထင်ကြသော သူ့မိတ်ဆွေများကို ဆုံးမရန်အတွက် ဤမေးခွန်းများကို အသုံးပြုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် ဘုရားသခင်ကို ခုခံကာကွယ်နိုင်မည်ထင်သလော" သို့မဟုတ် "သင်က တရားရုံးတွင် ရှိသော ရှေ့နေ ကဲ့သို့ ဘုရားသခင်အတွက် ငြင်းခုံနိုင်မည်ဟု ထင်သလော" ( ရှု၊ [[rc://*/ta/man/translate/figs-rquestion]] and [[rc://*/ta/man/translate/figs-parallelism]] and [[rc://*/ta/man/translate/figs-irony]])