# ကိုယ်တော်သည် အကျွန်ုပ် အစွမ်းသတ္တိ၊ အကျွန်ုပ်ရဲတိုက် ယေရမိ၏ အစပျိုး၍ ပြောဆိုသော စကားပါဖြစ်သည်။ # အကျွန်ုပ် အစွမ်းသတ္တိ၊ အကျွန်ုပ်ရဲတိုက်၊ အမှု ရောက်သောနေ့၌ အကျွန်ုပ်ခိုလှုံရာ ထာဝရဘုရားသည် ရန်သူတို့ တိုက်နိုင်ခြင်းမရှိသော ခိုလှုံရာဖြစ်သည်ကို ယေရမိမှ ပြောဆိုသောစကားဖြစ်သည်။ (ရှု၊ [[rc://*/ta/man/translate/figs-metaphor]] and [[rc://*/ta/man/translate/figs-doublet]]) # မြေကြီးစွန့်တိုင်အောင် အခြားသောဘာသာပြန်ဆိုချက်၊ "မြေတပြင်လုံးတွင်" (ရှု၊ [[rc://*/ta/man/translate/figs-idiom]]) # အကျွန်ုပ်တို့ ဘိုးဘေးတို့သည် မုသာ၊ အချည်းနီးသောအရာတို့ကို အမွေခံကြပြီ။ "မုသာ၊ အချည်းနှီးသော စကား" ဆိုသည်မှာ မှားယွင်းသော ဘုရားများကို ကိုးကွယ်ခြင်းကို ဆိုလိုသည်။ (ရှု၊ [[rc://*/ta/man/translate/figs-metonymy]]) # သူတို့သည်အချည်းနှီး၊ အကျိုးမရှိ "သူတို့" ဟု ဆိုရာတွင် အချည်းအနှီးသော ဘုရားတို့ကို ဝတ်ပြုသောသူများကို ဆိုလိုသည်။ (ရှု၊ [[rc://*/ta/man/translate/figs-parallelism]]) # လူသည် ဘုရားမဟုတ်သော ဘုရားတို့ကို ကိုယ်အဘို့ လုပ်ရမည်လော။ ယေရမိသည် မှားယွင်းစွာကိုးကွယ်ကြသော လူတို့ကို ပြောဆိုသော စကားဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်။ "လူတို့သည် မိမိတို့အဘို့ ဘုရားများကို မပြုလုပ်နိုင်" (ရှု၊ [[rc://*/ta/man/translate/figs-rquestion]]) # ထို့ကြောင့်ကြည့်ရှုလော့ ဘုရားသခင် ပြောသော စကားဖြစ်သည်။ # ငါ့နာမ သည်ထာဝရဘုရားဖြစ်ကြောင်းကိုသူတို့သည် သိရကြလိမ့်မည်။ "သူတို့" ဆိုသည်မှာ တိုင်းပြည်ရှိလူများကို ဘုရားသခင်မှရည်ညွှန်းပြောဆိုသော စကားဖြစ်သည်။