# တုရုမြို့သည် ရာဇသရဖူကို ပေးတတ်သော ... ထိုသို့ကြံစည်တော်မူ၏ ဟေရှာယသည် လှောင်ပြောင်ကဲ့ရဲ့သောမေးခွန်းဖြင့် တုရုမြို့ကိုမေးထားသည်။ ဘုရားသခင် တုရုမြို့ကို ဖျက်ဆီးမည့် စီမံကိန်းကို 23:1-7 တွင်ဖော်ပြထားသည်။ တုရုမြို့သားများကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် တုရုမြို့သူမြို့သားများကို ဖျက်ဆီးမည့်ရည်ရွယ်ချက်၊ စီမံကိန်းကို ပြောဆိုနေသည်" (ရှု၊ [[rc://*/ta/man/translate/figs-rquestion]] နှင့် [[rc://*/ta/man/translate/figs-metonymy]]) # ရာဇသရဖူကို ပေးတတ်သောမြို့ "ရာဇသရဖူ" သည် ရှင်ဘုရင်ကို ရည်ညွှန်းကာ အုပ်စိုးပိုင်သူဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူတွေကို အုပ်ချုပ်စီရင်သော အခွင့်အာဏာရှိသောမြို့ဖြစ်သည်" (ရှု၊ [[rc://*/ta/man/translate/figs-metonymy]]) # သူ၏ကုန်သည်တို့သည် မင်းသား ထိုကုန်သည်များကို မင်းသားကဲ့သို့ ခိုင်းနှိုင်းထား၍ တိုင်းတစ်ပါးသို့ သွားရသော အခွင့်အာဏာရှိသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုကုန်သည်များသည် မင်းသားကဲ့သို့ဖြစ်သည်" (ရှု၊ [[rc://*/ta/man/translate/figs-metaphor]]) # ဖောက်ကား ရောင်းဝယ်သော သူတို့သည် မြေကြီးမှုးမတ်ဖြစ်လျက် ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဖောက်ကားရောင်းဝယ်သော ကုန်သည်များသည်လည်း မြေကြီးပေါ်တွင် ဂုဏ်သရေအရှိဆုံးသော လူများဖြစ်ကြသည်။ (ရှု၊ [[rc://*/ta/man/translate/figs-activepassive]]) # ရှိသမျှသော ဘုန်းအသရေ၏ မာနကို အရှက်ခွဲခြင်းငှါ ၎င်း "သူတို့၏ ဘုန်းအသရေကြောင့် မာနထောင်လွှားခြင်းကို အရှက်ခွဲ၍ ရှုတ်ချမည်" # ဘုန်းအသရေ ... မြေကြီးမှုးမတ်အပေါင်း တုရုမြို့၌ရှိသော လူမျိုးများကို ရည်ညွှန်းပြောဆိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုန်းအသရေ ... မာန် ... မှုးမတ်အပေါင်း" (ရှု၊ [[rc://*/ta/man/translate/figs-metonymy]])