# ယေဘုယျအချက်အလက် မောဘပြည်ကို အလွန်ကြီးမားသော စပျစ်ယာခင်းပုံစံဖြင့် ဆက်လက်၍ ပရောဖက်ပြုထားသည်။ 16:8 တွင်ကြည့်ရန်။ နောင်ကာလတွင် ဖြစ်ပျက်မည့်အရာများကို ယခုပစ္စုပ္ပန်ကာလတွင် ဖြစ်ပျက်နေသကဲ့သို့ ဘုရားသခင်ဖော်ပြသည်။ # ငါသည်မျက်ရည် ကျမည် ၁၆:၉-၁၀ တွင် "ငါ" သည် ထာဝရဘုရားကို ရည်ညွှန်းသည်။ # ငါသည် မျက်ရည်ကျလျက် သင့်ကိုရေလောင်းမည် ဘုရားသခင်သည် အလွန်အမင်းဝမ်းနည်းကြေကွဲသောကြောင့် ထိုနေရာဒေသများအတွက် ကြီးစွာသော ငိုကြွေးခြင်းဖြင့် သူတို့အတွက် မျက်ရည်ကျမည်ဟူ၍ ပြောဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင့်အတွက် ငါသည် ကြီးစွာသောငိုကြွေးခြင်းပြုမည်" (ရှု၊ [[rc://*/ta/man/translate/figs-metonymy]]) # ယာဇာ ... စိဗမာ မြို့များ၏ နာမည်ဖြစ်သည်။ ၁၆:၈ တွင် ဘာသာပြန်ဆိုပြီး။ # ဟေရှဘုန် ... ဧလာလေ မြို့များ၏ နာမည်ဖြစ်သည်။ ၁၅:၃ တွင်ပြန်ဆိုထားသကဲ့သို့ ပြန်ဆိုပါ။ # သင်၏သစ်သီးနှင့် စပါးနှံတို့သည် စစ်တိုက်သံနှင့် တွေ့ကြုံကြပြီ။ ဝပြောသောလယ်ပြင်ထဲမှာ ဝမ်းမြောက်ရွှင် လန်းခြင်း ပြတ်လေပြီ "ဝမ်းမြောက်ရွှန်လန်းခြင်း" သည် "သစ်သီးဝလံများရိတ်သိမ်းပြီး ရွှင်လန်းဝမ်းမြောက်သည်" ကိုကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါပြုမည့် အမှုရောက်ခြင်းကြောင့် ဝပြောသော လယ်ပြင်တွင် ဝမ်းမြောက်ရွှင်လန်းသံများ တိတ်ဆိတ်လေပြီ" (ရှု၊ [[rc://*/ta/man/translate/figs-metonymy]]) # ကြွေးကြော်သော အသံ ကိုလည်းငါ ပြတ်စေပြီ "ကြွေးကြော်သောအသံ" သည် သစ်သီးရိတ်သိမ်းချိန်၌ ဝမ်းမြောက်၍ ထွက်ပေါ်လာသော အသံဖြစ်သည်။ စပျစ်သီးများကို ခြေထောက်ဖြင့် နင်းချေသည့် ရိတ်သိမ်းကာလဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "စပျစ်သီးနယ်ရာကျင်း၌ စပျစ်သီးကို နင်းသောသူများ၏ ကြွေးကြော်ရွှင်လန်းသောအသံမရှိစေရ" (ရှု၊ [[rc://*/ta/man/translate/figs-metonymy]])