# ယေဘုယျအချက်အလက် ထာဝရဘုရားသည် သူ၏ လူမျိုးတော်အားကယ်တင်မည့် အကြောင်း ဟေရှာယကို ဖော်ပြနေသည်။ (9:1) အနာဂတ်တွင် ဖြစ်ပျက်မည့်အရာဖြစ်သော်လည်း ဖြစ်ပျက်ပြီးသကဲ့သို့ ဟေရှာယပြောပြသည်။ ထိုအရာသည် တိကျသေချာဖြစ်မည့် အကြောင်းဖြစ်သည်။ (ရှု၊ [[rc://*/ta/man/translate/figs-pastforfuture]]) # အကြောင်းမူကား၊ ငါတို့အဘို့ သူငယ်ကို ဘွား မြင်၏။ ငါတို့အား သားကိုသနားတော်မူ၏ စကားစုနှစ်ခုစလုံးသည် အခြေခံအားဖြင့်တူညီကြသည်။ "ကျွန်ုပ်တို့" ဟူသောစကားလုံးသည် ပြောကြားသူကြားနာသူနှစ်ဦးစလုံးကို ရည်ညွှန်းသည်။ ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့တို့အဘို့ သူငယ်ကို ထာဝရဘုရားသနားတော်မူပြီ" (ရှု၊ [[rc://*/ta/man/translate/figs-parallelism]] နှင့် [[rc://*/ta/man/translate/figs-inclusive]] နှင့် [[rc://*/ta/man/translate/figs-activepassive]]) # ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည် "ဘုရင်မင်းမြတ်တို့၏ အခွင့်အာဏာကို သူ့အားပေးလိမ့်မည်" သို့မဟုတ် "ထာဝရဘုရားသည် သူ့အားအခွင့်တာဝန်များကို ပေးအပ်လိမ့်မည်" (ရှု၊ [[rc://*/ta/man/translate/figs-metaphor]]) # တိုင်ပင်ဘက် ဘုရင်များအား အကြံဉာဏ်ပေးသူ။ # အာဏာတော် တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်း သည် နိစ္စအမြဲရှိလိမ့်မည် လူများအပေါ်မှာ သူ၏ အခွင့်အာဏာသည် ပို၍လွှမ်းမိုးမည့်အပြင် ပို၍ငြိမ်သက်အေးချမ်းစွာနေထိုင်ကြလိမ့်မည်။ # ဒါ့ဝိဒ်မင်း၏ ရာဇပလ္လင်ပေါ်မှာထိုင်၍ ဒါဝိဒ်မင်း၏ ပလ္လင်ပေါ်ထိုင်ခြင်းဟူသည် အခွင့်အာဏာရရှိထားခြင်းကို ဆိုလိုသည်။ ဒါဝိတ်မျိုးနွယ်သာလျှင် ဣသရေလဘုရင်ဖြစ်နိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဒါဝိတ်မျိုးနွယ်ကဲ့သို့ အခွင့်အာဏာရရှိထားသူ" (ရှု၊ [[rc://*/ta/man/translate/figs-metonymy]]) # ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား 1:9 တွင်ဘာသာပြန်သကဲ့သို့ ပြန်ဆိုပါ။