# ယေဘုယျ အချက်အလက် ဣသရေလကို ပြုစုသောအကြောင်း ထာ၀ရဘုရား မိန့်ဆိုသည်။ # ငါသည် သွားတတ်သော အတတ်ကို ဧဖရိမ်အား . . . သွန်သင်၏ ဣသရေလကို လမ်းလျှောက်ကာစ ကလေးငယ်ကဲ့သို့ တင်စားထားသည်။ (ရှု၊ [[rc://*/ta/man/translate/figs-metaphor]]) # . . . လက်ဆွဲ၍ သွန်သင်၏ အထက်ပါ တင်စားချက်ကို လေးနက်စေသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "... သွန်သင်၍ ပြုစုခဲ့၏" # လူကို ဆွဲတတ်သောကြိုး တည်းဟူသော မေတ္တာကြိုးနှင့် ငါဆွဲငင်၏ လူသားတို့ နားလည်၍ လက်ခံနိုင်သော နည်းလမ်းဖြင့် မိမိလူတို့ကို ထာ၀ရဘုရား ချစ်မြတ်နိုးတော်မူသည်။ (ရှု၊ [[rc://*/ta/man/translate/figs-parallelism]]) # ပါးရိုးအနားသို့ ထမ်းဘိုးကို ရွှေ့၍ ဣသရေလ ပြည်ကို ပင်ပန်းစွာ လုပ်ကိုင်ရသော တိရစ္ဆာန်ကဲ့သို့ ခိုင်းနှိုင်းထားသည်။ (ရှု၊ [[rc://*/ta/man/translate/figs-simile]]) # ဖြည်းညှင်းစွာ ကျွေး၏ ကလေးသူငယ်ကဲ့သို့ ဣသရေလ လူတို့၏ ကိုယ်ကာယ လိုအပ်မှုများကို ဖြည့်ဆည်းပေးကြောင်း ဆိုလိုသည်။