# ဘုရားသခင် ခေါ်တော်မူ သောအခါ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် သူ့ကို ခေါ်တော်မူသောအခါ" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]]) # ထွက်သွားမည်အကြောင်း ထိုနေရာသို့သွားရန် အိမ်ကို စွန့်ရသည်။ # အမွေခံရလတံ့သော အာဗြဟံအနွယ်များအတွက် ဘုရားသခင် ကတိတော်ထားရာမြေကို အာဗြဟံရရှိရန် အမွေခံစားရရှိသည့် သဏ္ဌာန် ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင် ပေးသော ထိုနေရာ" (ရှု၊ [[rc://*/ta/man/translate/figs-metaphor]]) # ထွက်သွားလေ၏။ အိမ်မှ ထွက်သွားသည်။ # သူတပါးပိုင်သောပြည်၌ ဧည့်သည်နေသကဲ့သို့၊ ဂတိတော်နှင့် စပ်ဆိုင်သော ပြည်၌ယုံကြည်ခြင်း အားဖြင့် ဧည့်သည်ဖြစ်၍နေ၏။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်၏ ကတိတော်ထားရာ မြေတွင် ဧည့်သည်အဖြစ် နေရသည်။" (ရှု၊ [[rc://*/ta/man/translate/figs-abstractnouns]]) # ဂတိတော်ကို အမွေခံရသော အဘော်အဘက် "အတူတကွ အမွေခံဖော်ခံဖက်"။ "အာဗြဟံ၊ ဣဇက်နှင့် ယာကုပ်"တို့သည် အဆင့်ဆင့် လက်ဆင့်ကမ်း အမွေခံရသည်ကို ပြောပြထားခြင်းဖြစ်သည်။ (ရှု၊ [[rc://*/ta/man/translate/figs-metaphor]]) # ခိုင်ခံ့မြဲမြံသောမြို့ အခြေကို ခိုင်ခံ့မြဲမြံစေရန် ဆောက်ခဲ့သည်။ သို့မှသာလျှင် ထိုအပေါ်တွင်တည်သောမြို့သည် အစဉ်တည်လိမ့်မည်။ (ရှု၊ [[rc://*/ta/man/translate/figs-metonymy]]) # ဘုရားသခင် တည်ထောင်ပြုစုတော်မူသော ဘုရားသခင်က သူသည် ထိုအဆောက်အဦအားဆောက်လုပ်သော ဗိသုကာပညာရှင် ဖြစ်ကြောင်း ဖော်ပြထားခြင်းဖြစ်သည်။ (ရှု၊ [[rc://*/ta/man/translate/figs-metaphor]]) # တည်ထောင်ပြုစု အဆောက်အဦး၏ ပုံစံအား ရေးဆွဲသူ။