# ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍ ထာဝရဘုရားသည်စကားပြောတော်မူသည်။ အခန်း ၁:၁ ကိုကြည့်ရန်။(ရှု၊ [[rc://*/ta/man/translate/figs-idiom]]) # မြည်တမ်း သော စကားကို မြွက်၍ "အသုဘ သီချင်းသီဆိုပါ၊ ငိုကြွေးသည့် သီချင်းကို သီဆိုပါ၊ ဝမ်းနည်း သီချင်းကို သီဆိုပါ။" (UDB) # သင်သည် ထူးဆန်းသော တံဆိပ်ဖြစ်၏။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် ပြည့်စုံသည်" # ပညာနှင့်ပြည့်စုံ၍ တင့်တယ်ခြင်းအသရေ လည်းစုံလင်လျက်ရှိ၏ အလွန်ပညာရှိ၍၊ အလွန်လှပသည်။ # သင်၏ခေါင်းပေါ်မှာ ကျောက်နီ၊ ဥဿဖရား၊ စိန်၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွ့၊ နီလာ၊ မြ၊ ပတ္တမြား အစရှိသော ကျောက်မြတ် အမျိုးမျိုးတို့ကို ဆောင်လေ၏ အဖိုးတန်သော ကျောက်မျိုးအားလုံးကို သင်ဝတ်ဆင်သည်။ ရှင်ဘုရင်သည် အလွန်ချမ်းသာသည်ဟု ဆိုလိုသည်။ # ကျောက်နီ၊ ဥဿဖရား၊ စိန်၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွ့၊ နီလာ၊ မြ၊ ပတ္တမြား အစရှိသော ကျောက်မြတ် အမျိုးမျိုးတို့ ဤအမည်အားလုံးသည် အရောင်ကွဲပြားသော အဖိုးတန်ကျောက်များ။ (ရှု၊ [[rc://*/ta/man/translate/translate-unknown]])