# ယေဘုယျအချက်အလက် အခန်း ၈:၁ တွင်စသောသူ၏ ရူပါရုံကို ယေဇကျေလဆက်၍ ပြောသည်။ # အထက်မိုဃ်းမျက်နှာကြက်၌ အမိုးခုံးဘက်သို့။ # ခေရုဗိမ် အခန်း ၉:၃ ကိုကြည့်ရန်။ # နီလာကျော်ကဲ့သို့ နီလာကျောက်သည် အစိမ်း သို့မဟုတ် အပြာရောင်ရှိသော ရတနာတမျိုးဖြစ်သည်။ # ရာဇပလ္လင် ၏ သဏ္ဌာန် ပလ္လင်ပုံစံရှိသောအရာ။ # ပိတ်အဝတ်ကိုဝတ်သော သူ အခန်း ၉:၁ တွင် ပိတ်အဝတ် ဘာသာပြန်ပုံကိုကြည့်ပါ။ # ရထား ဘီးတို့အကြားမှာ ခေရုဗိမ်အောက်သို့ဝင်လော့။ အခန်း ၁:၁၅ တွင် ဘီး ဘာသာပြန်ပုံကိုကြည့်ပါ။ # မီးခဲ လောင်ကျွမ်းနေသောမီးသွေးခဲ၊ မီးသွေးသည် အမဲရောင်ရှိသောလည်း လောက်ကျွမ်းနေချိန်တွင် အနီရင့်ရောင်တောက်လာသည်။ # မြို့အပေါ်မှာ ဖြန့်ကြဲလော့ တမြို့လုံးကိုလောင်ကျွမ်းသွားအောင် ထိုမီးခဲများအား မြို့အပေါ်သို့ ကြဲပက်ရမည်။