# ဆက်စပ်မှု ဖော်ပြချက် အကျဉ်းသားဖြစ်သော ပေါလုက ရောမမြို့ ခရီးစဉ်ကို ဆက်သည်။ # ယေဘုယျ အချက်အလက် "ငါတို့" ဟူရာတွင် တမန်တော်ဝတ္ထု ကျမ်းပြုသူ လုကာ၊ ပေါလုနှင့် အခြားခရီးသွားဖော်များ ပါဝင်သည်။ (ရှု၊ [[rc://*/ta/man/translate/figs-exclusive]]) # ယေဘုယျ အချက်အလက် အာဒြမုတ္တိမှာ မျက်မှောက်ခေတ် တူရကီနိုင်ငံ၏ အနောက်ဖက်ကမ်းတွင် တည်ရှိခဲ့ဖူးမည့် မြို့ဖြစ်သည်။ (ရှု၊ [[rc://*/ta/man/translate/translate-names]]) # ထိုအခါ . . . စီရင်ပြီးမှ ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုအခါ ... ဘုရင်ခံ စီရင်ပြီးမှ" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]]) # ဣတလိပြည်သို့ အီတလီဟုလည်း ခေါ်ပြီး၊ ရောမမြို့ တည်ရှိသောပြည်၏ အမည်ဖြစ်သည်။ ၁၈:၁ ရှိ "ဣတလိပြည်" ပြန်ဆိုချက်ကို ရှု။ # ယုလိ အမည်ရှိသော ဩဂုတ္တုတပ်နှင့်ဆိုင်သော တပ်မှူး၌ ပေါလုမှစ၍ အကျဉ်းခံသော အခြားသူတို့ကို အပ်ကြ၏ "ယုလိ အမည်ရှိသော ဩဂုတ္တုတပ်ရင်း၏ ရာစုမှူးထံ ပေါလုမှစ၍ အကျဉ်းခံသောသူတို့ကို အပ်ကြ၏" # ယုလိ အမည်ရှိသော . . . တပ်မှူး ယောက်ျားအမည် ဖြစ်သည်။ (ရှု၊ [[rc://*/ta/man/translate/translate-names]]) # ဩဂုတ္တုတပ် တပ်မှူး ပါဝင်သော တပ်ရင်း၏ အမည်ဖြစ်သည်။ (ရှု၊ [[rc://*/ta/man/translate/translate-names]]) # သင်္ဘောကိုစီး၍ . . . ရှောက်သွားမည် N/A # အာဒြမုတ္တိ သင်္ဘော ဖြစ်နိုင်ခြေများမှာ၊ ၁) အာဒြမုတ္တိမြို့မှ လာသော သင်္ဘော။ သို့မဟုတ် ၂) အာဒြမုတ္တိမြို့တွင် အခြေစိုက်သော သင်္ဘော။ # ရှောက်သွားမည် "ပတ်သွားမည်" # လွှင့်ကြ၏ "ရွက်လွှင့်ကြ၏" # အာရိတ္တခု အာရိတ္တခုမှာ မကေဒေါနိပြည်သား ဖြစ်သော်လည်၊ ပေါလုနှင့်အတူ ဧဖက်မြို့၌ အမှုတော် ဆောင်ခဲ့သည်။ ၁၉:၂၈ မှ ပြန်ဆိုချက်ကို ရှု။