# ယေဘုယျအချက်အလက် ထိုသူအပေါင်းတို့သည် ဓမ္မဟောင်းကျမ်းရှိဒါဝိဒ်မင်း၏ ဆာလံကျမ်းကို ကိုးကား၍ ပြောဆိုထားသည်။ # ယေဘုယျအချက်အလက် 'သူတို့' သည် ကြားနာသောယုံကြည်သူ အပေါင်းတို့ကို ရည်ညွှန်းသည်။ ပေတရုနှင့် ယောဟန်ကို မရည်ညွှန်းပေ။ # မိမိတို့ အပေါင်းအသင်းရှိရာသို့သွား၍ 'မိမိတို့ အပေါင်းအသင်း' ဟုဆိုရာတွင် ကျန်ရစ်နေသော ယုံကြည်သူများကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက် 'ထိုယုံကြည်သူများထံသို့သွား၍' (ရှု၊ [[rc://*/ta/man/translate/figs-explicit]]) # ဘုရားသခင်ထံသို့ .... အစိုးရတော်မူသောအရှင် သန့်ရှင်းသော ဘုရားသခင်သည် ဒါဝိဒ်မင်းကို ပြောဆိုထားသော ဘုရား၏ နှုတ်တော်ထွက်စကားဖြစ်သည်။ # ဘုရားသခင့်ထံသို့အသံကိုလွှင့်လျက် ဒါဝိဒ်မင်းသည် ဘုရားသခင် သူ့အားပြောသော စကားများကို ရေးသားထားသည့် အဓိပ္ပာယ်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် 'ငါတို့ဘိုးဘေး ဒါဝိဒ်မင်း၏ စကားတော်များဖြင့်' (ရှု၊ [[rc://*/ta/man/translate/figs-metonymy]]) # လူမျိုးတို့သည်အဘယ်ကြောင့် .... ကြံစည်ကြသနည်း ဘုရားသခင်နှင့် ဆန့်ကျင်ဖီဆန်သော အချည်းနှီးသော မေးခွန်းဖြင့် အလေးထားဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် 'လူမျိုးအပေါင်းတို့သည် ရုန်းရင်းဆန်ခတ်ငြင်းခုံခြင်းနှင့် အချည်းနှီးကြံစည်မှုများကို မပြုသင့်ကြပေ' (ရှု၊ [[rc://*/ta/man/translate/figs-rquestion]]) # လူစုတို့သည် အချည်းနှီးကြံစည်ကြသည် လူအပေါင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ဖီဆန်သော အတွေးများဖြင့် အချည်းအနှီးဖြစ်ကြသည်။ (ရှု၊ [[rc://*/ta/man/translate/figs-explicit]]) # လူစု 'လူမျိုးစု'