# ဆက်စပ်မှုဖော်ပြချက် ပေတရုသည် ယုဒဘာသာအကြီးအကဲများကို ပြည့်စုံစွာပြောဆိုသော စကားဖြစ်သည်။ ၄:၈ # ယေဘုယျအချက်အလက် ပေတရုနှင့် ယောဟန်ကို ရည်ညွှန်း၍ 'ငါတို့' ဟူ၍ ရေးသားထားသည်။ (ရှု၊ [[rc://*/ta/man/translate/figs-inclusive]]) # ထိုသခင်ကား .... ကျောက်ဖြစ်တော်မူ၏ ပေတရုသည် ဆာလံကျမ်းမှ ကိုးကားထားသည်။ ဘာသာရေးအကြီးအကဲများကို အိမ်တည်ဆောက်သူများအဖြစ် တင်စားထား၍ ယေရှုကို ငြင်းပယ်ခဲ့သည်။ ယေရှုကို တိုက်ထောင့်အထွဋ်ဖျားသို့ရောက်သော ကျောက်ဟူ၍ တင်စားထားသည်။ ဘုရားသည် ယေရှုအား သူ၏နိုင်ငံ တော်တည်ဆောက်ခြင်း၌ အလွန်အရေးကြီးသော ကျောက်အဖြစ် အသုံးပြုခဲ့သည်။ (ရှု၊ [[rc://*/ta/man/translate/figs-metaphor]]) # အထွဋ်ဖျား 'အလွန်အရေးပါသော' သို့မဟုတ် 'အလွန်အမင်း' အရေးကြီးသောဟူ၍ အဓိပ္ပာယ်ရသည်။ # သင်တို့သည် တိုက်ကို တည်လုပ်သောအခါပယ်ထား၍ 'သင်တို့သည် ထိုသခင်ကို ပယ်ထားကြသည်' သို့မဟုတ် 'တည်ဆောက်သောသင်တို့သည် ဘာမျှအဖိုးမတန်သကဲ့ သို့ ပယ်ထားကြသည်။' # ထိုသခင်မှတပါးအဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင် အခြားသောဘာသာပြန်ဆိုချက် 'ထိုသခင်သည် တပါးတည်းသောကယ်တင်ရှင်ဖြစ်သည်' (ရှု၊ [[rc://*/ta/man/translate/figs-abstractnouns]]) # ထိုသခင်၏ နာမတော်မှတပါး ... လူတို့တွင် မပေါ်မရှိ အပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက် 'ဘုရားသခင်ပေးအပ်ထားသော ထိုသခင်၏ နာမတော်သည် ကောင်းကင်အောက် လူတို့တွင် တစ်စုံတစ်ယောက်မျှ မပေါ်မရှိ' (ရှု၊ [[rc://*/ta/man/translate/figs-activepassive]]) # ကောင်းကင်အောက် ဤကမ္ဘာမြေပေါ်ရှိ နေရာတိုင်း၌ရှိသောသူများ။ အခြားသောဘာသာပြန်ဆိုချက် ဤကမ္ဘာမြေပေါ်ရှိ (ရှု၊ [[rc://*/ta/man/translate/figs-idiom]]) # ငါတို့ကို ကယ်တင်နိုင်သော ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန် ဆိုချက် 'ငါတို့ကိုကယ်တင်နိုင်သော' သို့မဟုတ် 'ငါတို့ကို ကယ်တင်နိုင်သော' (ရှု၊ [[rc://*/ta/man/translate/figs-activepassive]])