# ယေဘုယျအချက်အလက် ‌ယောဟန်က ဂါယုကို ပုဂ္ဂိုလ်ရေးအရရေးထားသော စာဖြစ်သည်။ ဥပမာအားဖြင့် သင်နှင့် သင်၏ ဟူသော စကားများက ဂါယုကိုသာ ရည်ညွှန်းပြီးတစ်ဦးတစ်ယောက်အတွက်သုံးထားခြင်းဖြစ်သည်။ # ဆက်စပ်မှုဖော်ပြချက် အသက်ကြီးသူယောဟန်က ဂါယုကို နှုတ်ဆက်စကားပါးခြင်းဖြစ်သည်။ # အသက်ကြီးသူ ဤစာလုံးသည် ယေရှု၏တပည့်တော်နှင့်တမန်တော်ဖြစ်သောယောဟန်ကိုရည်ညွှန်းသည်။ သူ့ကိုယ်သူ''အသက်ဦကြီးသူ'' ဟုသုံးထားခြင်းမှာ သူသည်အသက်ကြီးသောကြောင့် သို့မဟုတ် သူသည်အသင်းတော်၏ ခေါင်းဆောင်တစ်ဦးဖြစ်သောကြောင့်ဖြစ်သည်။ စာရေးသူ၏နာမည်ကို "ငါ, အသက်ကြီးသူယောဟန်, စာရေးပါသည်" ဟုရှင်းလင်းစွာပြော၍ရသည်။ (ရှု ) # ချစ်အပ်သောဂါယု ယုံကြည်သူချင်းဖြစ်သော ဂါယုထံ ရေးထားသောစာ # မှန်ကန်သောချစ်ခြင်းမေတ္တာ "ငါစစ်မှန်စွာချစ်ရသောသူ" # အရာရာ၌ ကောင်းစားခြင်းနှင့်ကျန်းမာခြင်းရှိမည်အကြောင်း အရာရာ၌ ကျမ်းမာချမ်းသာပါစေ # စိတ်နှလုံးသည်ကောင်းစားသကဲ့သို့ ဝိဉာဉ်တော်၌ ချမ်းသာသကဲ့သို့ # ညီအစ်ကိုတို့သည် ယုံကြည်သူညီအစ်ကိုတို့ # သင်၌ရှိသောသမ္မာတရား၏အကြောင်းကို သက်သေခံကြသောအခါ သင်သည်ဘုရားသခင်၏သမ္မာတရားအတိုင်းအသက်ရှင်ကြောင်းကြားသိရ၏။ # ငါ၏သားသမီးတို့ ယောဟန်သည် သူသွန်သင်ခဲ့သော ယေရှုကိုယုံကြည်သူများကို သူ၏သားသမီးကဲ့သို့ဟုသတ်မှတ်သည်။ ဤအရာသည် သူတို့အပေါ်ထားရှိသောသူ၏မေတ္တာနှင့်ဂရုစိုက် မူကိုအဓိကထားခြင်းဖြစ်သည်။ သူကိုယ်တိုင်သူတို့အား သခင်ထံပို့ဆောင်ခြင်းဖြစ်နိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်- ငါ၏ဝိဉာဉ်ရေးရာသားသမီးများ (ရှု )