# ဖြောင့်မတ်သောလမ်းထဲကထွက်၍ လွှဲသွား သဖြင့်၊ ဗောသော်၏ သားဗာလမ်၏လမ်းကိုလိုက်ကြ၏။ လွဲမှားသော သွန်သင်သူများသည် မှန်ကန်သောဘုရားသခင်၏ သွန်သင်ခြင်းကို ငြင်းဆိုပြီး ဖြောင့်မတ်သောလမ်းထဲကထွက်၍ လွဲသွားသဖြင့် ဗောသော်၏ သားဗာလမ်၏ လမ်းကို လိုက်ကြ၏။ # ဖြောင့်မတ်သောလမ်း ဘုရားသခင်၏ ပညတ်တော်အတိုင်း လိုက်လျှောက်ခြင်း (ရှု၊ [[rc://*/ta/man/translate/figs-metaphor]]) # မိမိဒုစရိုက်အတွက်ကြောင့် ဆုံးမခြင်း ကိုခံရ၏။ ဗာလန်ကို အပြစ်ပေးဆုံးမသောသူသည် ဘုရားသခင်ဖြစ်သည်ဟု ပြောနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် သူ့ကို အပြစ်ပေးခဲ့သည်" (UDB) (ရှု၊ [[rc://*/ta/man/translate/figs-abstractnouns]]) # စကားမပြောနိုင်သော မြည်းသည် လူဘာသာအားဖြင့်မြွက်ဆိုသည်။ သဘာ၀အားဖြင့် စကားမပြောတတ်သောမြည်းသည် လူကဲ့သို့ စကားပြောခဲ့သည်။ # ထိုပရောဖက်၏ မိုက်မဲခြင်းကို မြစ်တားသည်။ ဘုရားက ပရောဖက်၏ မိုက်မဲမှုကို တားမြစ်ရန် မြည်းတစ်ကောင်ကို အသုံးပြုခဲ့သည်။ (ရှု၊ [[rc://*/ta/man/translate/figs-metonymy]])