# ယေဘုယျအချက်အလက် ရှင်ဘုရင်ယောရံသည် ရှင်ဘုရင်ယောရှဖတ်ကို ဆက်လက်စကားပြောနေသည်။ # ငါနှင့်အတူ မောဘပြည်ကိုတိုက်ရန် သင် သွားမည်လော "သင်" စကားလုံးသည် ယောရှဖတ်ကို ဆိုလိုပြီး သူနှင့် သူ၏ စစ်တပ်နှစ်ခုစလုံးကိုလည်း ရည်ညွှန်းခြင်းဖြစ်သည်။ "မောဘ" စကားလုံးသည် "မောဘစစ်သားများ" ကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မောဘစစ်တပ်များကို တိုက်ခိုက်ရန် သင်နှင့်သင်၏ စစ်သားများ ငါနှင့်အတူ သွားမည်လော" (ရှု၊ [[rc://*/ta/man/translate/figs-synecdoche]]) # ငါသွားလိမ့်မည် ယောရှဖတ်က သူနှင့်သူ၏စစ်တပ်တစ်ခုလုံးက ယောရံနှင့်အတူ မောဘပြည် တိုက်ခိုက်ရန်ကို ပြောခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါတို့သည် သင်တို့နှင့်အတူ သွားကြမည်" (ရှု၊ [[rc://*/ta/man/translate/figs-synecdoche]]) # ငါသည် သင်ကဲ့သို့ဖြစ်သည်။ ငါ့လူတို့သည် မင်းကြီး၏လူကဲ့သို့၎င်း၊ ငါ့မြင်းတို့သည်လည်း မင်းကြီးမြင်းကဲ့သို့၎င်း ယောရှဖတ် က သူလူတွေ၊ သူမြင်းတွေကို သူ၏ရည်ရွယ်ချက်အတွက် ယောရံအား အသုံးပြုခွင့်ပေးသည်။ ယောရံပိုင်ဆိုင်သည့်အလား ပြောဆိုခြင်းဖြစ်သည်။ ဆိုလိုရင်းကို ရှင်းလင်းစွာဖော်ပြရန်လိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါတို့အား မည်သည့်အရာလုပ်စေချင်သည်ဖြစ်စေ အဆင်သင့်ဖြစ်ကြပါသည်။ ငါ၏ စစ်သားများနှင့် မြင်းများလည်း သင့်ကိုကူညီရန် အဆင်သင့်ရှိကြပါသည်။" (UDB) (ရှု၊ [[rc://*/ta/man/translate/figs-explicit]]) # ဧဒုံတောလမ်းဖြင့် "ဧဒုံတောလမ်းဖြင့်သွား၍"