my_tn/mrk/14/17.md

24 lines
3.0 KiB
Markdown
Raw Normal View History

2021-02-22 15:11:43 +00:00
# ဆက်စပ်မှုဖော်ပြချက်
ညဦးယံအချိန်တွင် ယေရှုနှင့် တပည့်တော်များ ပသခါပွဲတော် စားသောက်နေကြစဉ် သခင်ယေရှုက သူတို့ထဲမှ တစ်ယောက်က သူ့ကို သစ္စာဖောက်မည့်အကြောင်းပြောပြခြင်းဖြစ်သည်။
# တပည့်တော်တကျိပ် နှစ်ပါးတို့နှင့်အတူ ကြွလာတော်မူ၏
သူတို့သွားသောနေရာကို ကိုဖော်ပြလျှင် အသုံးကျသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တပည့်တော် တစ်ဆယ့်နှစ်ယောက်နှင့်အတူ အိမ်တော်သို့သွားကြသည်။" (ရှု၊ [[rc://*/ta/man/translate/figs-explicit]])
# စားပွဲ၌လျောင်း၍
သခင်ယေရှု သက်ရှိထင်ရှား ရှိစဉ်ခေတ်တွင်၊ လူတို့သည် အစားအသောက် စားရန် စုဝေးသောအခါ သူတို့သည် နိမ့်သောစားပွဲနားတွင် ရှိသောခေါင်းအုံပေါ်တွင်တစ်စောင်းလဲလျောင်းလျက် စားသောက်ကြသည်။
# ငါအမှန်ဆိုသည်ကား
ဤအကြောင်းအရာသည် အထူးသဖြင့် မှန်ကန်ကြောင်းနှင့် အရေးကြီးကြောင်း ကို ရည်ညွှန်းခြင်းဖြစ်သည်။
# တယောက်နောက်တယောက်
ဆိုလိုသည်မှာ "တစ်ယောက်ပြီးမှတစ်ယောက်" ဖြစ်သည်။ တပည့်တော်တို့သည် တစ်ယောက်ပြီးမှတစ်ယောက် ယေရှုကို မေးကြသည်။
# အကျွန်ုပ်လော
ဖြစ်နိုင်ခြေအဓိပ္ပါယ်မှာ ၁။ တပည့်တော်တို့ မျှော်လင့်သောအဖြေ "မဟုတ်ပါ" အတွက် အမေး ဖြစ်သည်။ ၂။ တုံ့ပြန်ဖို့ရန် အဖြေမလိုသော မေးခွန်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်သည် ကိုယ်တော်ကို သစ္စာဖောက်မည့်သူမဟုတ်ရပါ" (ရှု၊ [[rc://*/ta/man/translate/figs-rquestion]] and [[rc://*/ta/man/translate/figs-explicit]])