44 lines
6.5 KiB
Markdown
44 lines
6.5 KiB
Markdown
|
# မိန်းမတို့သည်လည်း၊ သေခြင်းမှ ထမြောက်သော မိမိတို့သားကို ရပြန်ကြ၏။
|
||
|
|
||
|
"သေခြင်းမှထမြောက်" သည် "ဘုရားသခင်က သူတို့အား ပြန်ရှင်စေသော အချိန်"ကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မိန်းမတို့သည် သေပြီးသော သူတို့သားများကို အသက်ရှင်လျက်ပြန်ရကြပြီ။" (ရှု၊ [[rc://*/ta/man/translate/figs-abstractnouns]] and [[rc://*/ta/man/translate/figs-nominaladj]])
|
||
|
|
||
|
# အချို့သောသူတို့သည်....လွှတ်ခြင်းကိုမခံမယူဘဲ ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံကြ၏။
|
||
|
|
||
|
ဤစာကြောင်းအရ အကယ်၍ သခင်ယေရှုသည် သခင်ဖြစ်သည်ကို ငြင်းပယ်လျှင် လွှတ်ခြင်းအခွင့်ရနိုင်သည်ကို တွေ့ရသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထောင်မှလွှတ်မြောက်ရန်ထက် နှိပ်စက်ခြင်းခံရန် လက်ခံကြပြီ" သို့မဟုတ် "သခင်ယေရှုကို ငြင်းပယ်၍ လွတ်မြောက်ရန်ထက် ရန်သူများက ညှဉ်းဆဲခြင်းကို သာ၍ အလိုရှိကြသည်။" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]] and [[rc://*/ta/man/translate/figs-explicit]])
|
||
|
|
||
|
# ညှဉ်းဆဲခြင်း
|
||
|
|
||
|
စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ကြီးမားစွာထိခိုက်ရန် ပြုလုပ်သည်။
|
||
|
|
||
|
# သာ၍မြတ်သော ထမြောက်ခြင်း
|
||
|
|
||
|
ဖြစ်နိုင်ခြေ အဓိပ္ပာယ်မှာ (၁) "ထိုသို့သောသူတို့သည် ကမ္ဘာမြေပေါ်တွင် ခံစားရသည်ထက်သာ၍ ကောင်းကင်ဘုံတွင် ကြီးသောအကျိုးကို ခံစားရမည်ဖြစ်သည်။ သို့မဟုတ် (၂) "ထိုသို့သောသူတို့သည် မယုံကြည်သောသူများထက် သာ၍ မြတ်သော ထမြောက်ခြင်း ရှိကြမည်။ ထိုသို့သောသူတို့သည် ဘုရားသခင်နှင့်အတူ ထာဝရစိုးစံမည်။ မယုံကြည်သူများသည် ဘုရားသခင်နှင့် ထာဝရ ဝေးကွာမည်။"
|
||
|
|
||
|
# အချို့သောသူတို့သည် ကဲ့ရဲ့ရိုက်ပုတ်ခြင်း၊ ချည်နှောင်ခြင်း....ကျောက်ခဲနှင့်ပစ်ခြင်း၊ လွှနှင့်အပိုင်းပိုင်း တိုက်ဖြတ်ခြင်း၊ စုံစမ်းနှောင့်ရှက်ခြင်း၊ ထားလက်နက်နှင့် ကွပ် မျက်ခြင်းခံရကြ၏။
|
||
|
|
||
|
ဤစာကြောင်းကို ပြုခြင်းပြသဘောဆောင်၍ ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူတို့သည် အခြားသူတို့အား ပျက်ရယ်ပြုကြသည်။..... လူတို့သည် အခြားသူများအား ကျောက်ခဲများဖြင့် ပစ်ကြသည်။ လူတို့သည် အခြားသူများအား အပိုင်းပိုင်း ဖြတ်ကြသည်။ လူတို့သည် အခြားသူများအား ဓားဖြတ် သတ်ကြသည်။ (ရှု၊ [[rc://*/ta/man/translate/figs-activepassive]])
|
||
|
|
||
|
# အချို့သောသူတို့သည် ကဲ့ရဲ့ရိုက်ပုတ်ခြင်း၊ ချည်နှောင်ခြင်းကိုခံ၍ ထောင်ထဲမှာနေရသဖြင့်၊ စုံစမ်းခြင်း ကို ခံရကြ၏။
|
||
|
|
||
|
အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် အခြားသောသူများအား ရန်သူများလက်တွင်းသို့ အပ်နှံခြင်း၊ ပျက်ရယ်ပြုစေခြင်း၊ ချည်နှောင်ခြင်းခံ၍ ထောင်ကျစေခြင်း စသည့်နည်းလမ်းများဖြင့် စုံစမ်းတတ်သည်။" (ရှု၊ [[rc://*/ta/man/translate/figs-abstractnouns]])
|
||
|
|
||
|
# လှည့်လည် ရကြ၏။
|
||
|
|
||
|
တစ်နေရာမှ တစ်နေရာသို့ သွားနေရသည်။
|
||
|
|
||
|
# သိုးရေ၊ ဆိတ်ရေ
|
||
|
|
||
|
ဆိတ်သားရေ၊ သိုးသားရေ များကို ခြုံရလျက်...
|
||
|
|
||
|
# အလွန်ဆင်းရဲလျက်
|
||
|
|
||
|
"သူတို့တွင် ဘာမျှမရှိ" သို့မဟုတ် "သူတို့သည် အလွန်ဆင်းရဲသည်။"
|
||
|
|
||
|
# ဤလောကသည် ထိုသူတို့နှင့် မထိုက်မတန်
|
||
|
|
||
|
"လောက" သည် လူတို့ကို ရည်ညွှန်းထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဤကမ္ဘာပေါ်ရှိလူတို့သည် ထိုက်တန်မှုမရှိပါ။" (ရှု၊ [[rc://*/ta/man/translate/figs-metonymy]])
|
||
|
|
||
|
# ဥမင်မြေတွင်း
|
||
|
|
||
|
ထို့နောက် အချို့သောသူတို့သည် လှိုင်ဂူ၊ ဥမင်အတွင်းနေထိုင်ကြသည်။
|