my_tn/mat/12/42.md

44 lines
3.7 KiB
Markdown
Raw Permalink Normal View History

2021-02-22 15:11:43 +00:00
# ဆက်စပ်မှုဖော်ပြချက်
ယေရှုက ကျမ်းပြုဆရာများနှင့် ဖာရိရှဲများကို ဆက်လက် ရှုတ်ချသည်။
# တောင်ဘက်ဘုရင်မ
ဘုရင်မရှေဘကို ဆိုလိုသည်။ ရှေဘသည် ဣသရေတောင်ပိုင်းတွင် ရှိသည့် နိုင်ငံဖြစ်သည်။ (ရှု၊ [[rc://*/ta/man/translate/translate-names]])
# ဤမျိုးဆက်နှင့် တရားစီရင်သောနေ့တွင် ရပ်နေမည်
"တရားစီရင်သောနေ့တွင် ရပ်နေလျက်၊ ဤမျိုးဆက်လူများကို စွပ်စွဲမည်" 12:41 ၌ မည်သို့ဘာသာပြန်သည်ကို ကြည့်နိုင်သည်။
# ဤမျိုးဆက်
သူ့ခေတ်၌အသက်ရှင်သည့်လူများကို ယေရှုကဆိုလိုသည်။
# အပြစ်ပေးသည်
ယေရှု၏မျိုးဆက်ကို အပြစ်ပေးမည့်သူသည် ဘုရားသခင်ဖြစ်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် နိနဝေမြို့သားတို့ကို နားထောင်ပြီး ဤမျိုးဆက်ကို အပြစ်ပေးမည်" 12:41 ၌ တူညီသည့်ဘာသာပြန်ကို ကြည့်နိုင်သည်။ (ရှု၊ [[rc://*/ta/man/translate/figs-explicit]])
# သူမသည် ကမ္ဘာအဆုံးမှလာသည်။
"ကမ္ဘာ့အဆုံး" သည် "ဝေးသည့်အရပ်" ကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူမသည် အလွန်ဝေးသည့် အရပ်မှ လာသည်" (ရှု၊ [[rc://*/ta/man/translate/figs-idiom]])
# သူမလာသည်
တောင်ဖက်ဘုရင်မက ဘာ့ကြောင့်ယေရှုခေတ်က မျိုးဆက်အား အပြစ်ပေးချင်သည်ကို ရှင်းပြသည်။ အခြားသောဘာသာ ပြန်ဆိုချက်၊ "သူမလာသည့်အတွက်" (ရှု၊ [[rc://*/ta/man/translate/writing-connectingwords]])
# တွေ့သည်
"တွေ့သည်" ယေရှု ပြောသည့်အရာကို အလေးနက်ပေးသည်။
# ကြီးမြတ်သူတစ်ယောက်
"ပိုအရေးကြီးသော တစ်ယောက်ယောက်"
# တစ်ယောက်ယောက်
"ယေရှုက သူ့ကိုယ်သူ ရည်ညွှန်းထားသည်" (ရှု၊ [[rc://*/ta/man/translate/figs-123person]])
# ရှောလမုန်ရှိသည်ထက်
ယေရှု၏ ဆိုလိုချက််မြှပ်ထားသည်ကို သင်ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ရှောလမုန်ဒီမှာရှိသည်ထက်၊ သင်နားမထောင်သေးသလော။ ထို့အတွက် ဘုရားသခင်က သင့်ကိုအပြစ်ပေးမည်" (ရှု၊ [[rc://*/ta/man/translate/figs-explicit]])