my_tn/mat/04/01.md

56 lines
6.5 KiB
Markdown
Raw Permalink Normal View History

2021-02-22 15:11:43 +00:00
# ယေဘုယျအချက်အလက်
မာရ်နတ် သွေးဆောင်ဖြားယောင်းသော ကန္တာရတောထဲမှာ ယေရှုသည် ရက်ပေါင်း လေးဆယ် အချိန်ယူသော ဇာတ်ဝင်ခန်းအသစ်ကို ဤနေရာတွင် ပြန်လည်စတင်သည်။ အခန်းငယ် ၄တွင်၊ တရားဟောရာကျမ်းကို ကိုးကားပြီး ယေရှုသည် မာရ်နတ်အား ရှုတ်ချသည်။
# ဝိညာဉ်တော်သည် ယေရှုကို တောသို့ ပို့ဆောင်တော်မူ၍
အခြားသောဘာသာပြန်ဆိုချက် - "ဝိညာဉ်တော်မှ ယေရှုအား ခေါ်ဆောင်သည်" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]])
# မာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံစေမည်အကြောင်း
အခြားသောဘာသာပြန်ဆိုချက် - "ထိုကြောင့် မာရ်နတ်သည် ယေရှုအား သွေးဆောင်ခြင်းအခွင့် ရသည်" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]])
# မာရ်နတ် ... စုံးစမ်းသွေးဆောင်သူ
ပုဂ္ဂိုလ်တစ်ဦးကို ရည်ညွှန်းသည်။ ထိုကြောင့် ထိုအမည်နာမနှစ်ခုတွင် မိမိနှစ်သက်ရာကို ရွေးချယ်ဘာသာပြန်ဆိုနိုင်သည်။
# သူသည် အရက်လေးဆယ်ပတ်လုံး အစာအာဟာရကို မသုံးဆောင်ဘဲနေပြီးမှ မွတ်သိပ်ခြင်းသို့ ရောက်တော်မူ၏။
ယေရှုကို ရည်ညွှန်းသည်။
# အရက်လေးဆယ်ပတ်လုံး
"နေ့ပေါင်းလေးဆယ်နှင့် ညပေါင်းလေးဆယ်"။ ၂၄ နာရီသောအချိန်ကာလကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက် - "ရက် ၄၀" (ရှု၊ [[rc://*/ta/man/translate/translate-numbers]])
# ကိုယ်တော်သည် ဘုရားသခင်၏သားတော် မှန်လျှင် ... အမိန့်ရှိတော်မူပါ။
ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူကြောင်းကို စာတန်သည် သိသည်။ ဖြစ်နိုင်ခြေများသောအဓိပ္ပါယ်များမှာ - (၁) ယေရှုသည် မိမိကိုယ်ကျိုးအတွက် နိမိတ်လက္ခဏာပြစေခြင်းငှာ သွေးဆောင်ခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် - "သင်သည် ဘုရားသခင်၏သားတော် ဖြစ်သောကြောင့် အမိန့်ပေးနိုင်တယ်" သို့မဟုတ် (၂) စိန်ခေါ်ချက် သို့မဟုတ် စွပ်စွဲချက် ဖြစ်သည်။ အခြားသောပြန်ဆိုချက် - "အမိန့်ပေးခြင်းအားဖြင့် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း သက်သေပြပါ"။
# ဘုရားသခင်၏ သားတော်
ယေရှုနှင့် ဘုရားသခင်၏ စပ်ကြားတွင် အရေးကြီးသော ဆက်စပ်မှုကို ဖေါ်ပြခြင်းဖြစ်သည်။ (ရှု၊ [[rc://*/ta/man/translate/guidelines-sonofgodprinciples]])
# ဘုရားသခင်၏ သားတော်
ယေရှု၏ အရေးပါသော ဘွဲ့နာမ ဖြစ်သည်။ (ရှု၊ [[rc://*/ta/man/translate/guidelines-sonofgodprinciples]])
# ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါ
သင်သည် ဤစကားလုံးကို တိုက်ရိုက် ဘာသာပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက် - "'မုန့်ဖြစ်လာပါ'လို့ 'ကျောက်ခဲကို ပြောလိုက်ပါ"။ (ရှု၊ [[rc://*/ta/man/translate/figs-quotations]])
# မုန့်
ဤနေရာတွင် "အစာ"ဟုပြောသော အရာသည် အစာဟူသမျှကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက် - (ရှု၊ [[rc://*/ta/man/translate/figs-synecdoche]])
# ကျမ်းစာလာသည်
အခြားသောဘာသာပြန်ဆိုချက် - "ထိုအကြောင်းအရာကို မောရှေမှ လွန်လေပြီးသောအချိန်တွင် ရေးသားခဲ့သည်" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]])
# လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။
ဤအချက်မှ အစာထက် အသက်မြတ်ကြောင်း ဖေါ်ပြသည်။
# ဘုရားသခင် မိန့်တော်မူ သမျှ အားဖြင့် အသက်ကိုမွေးရမည်။
ဤနေရာတွင် "စကား"နှင့် "ပါးစပ်"သည် ဘုရားပြောသောစကားကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက် - "ဘုရား ပြောဆိုသောအရာကို နားထောင်ခြင်းအားဖြင့်"။ (ရှု၊ [[rc://*/ta/man/translate/figs-metonymy]])