my_tn/2co/09/03.md

24 lines
2.7 KiB
Markdown
Raw Permalink Normal View History

2021-02-22 15:11:43 +00:00
# ညီအစ်ကိုအချို့
ဤစကားသည် တိတု နှင့် သူ၏ အမှုတော်ဆောင်ဖက် အမျိုးသား နှစ်ယောက်ကို ရည်ညွန်းသည်။
# ငါတို့သည် သင်တို့ကို ဝါကြွားသော စကားသည် ဤအမှု၌ အချည်းနှီး မဖြစ်စေဘဲ
ကောရိန္သုမြို့ရှိ ယုံကြည်သူများကြောင့် သူ၏ ဝါကြွားခြင်း သည် မှားယွင်းသည်ဟု အခြားသောသူများအနေဖြင့် မယူဆရန် ရှင်ပေါလုက လိုလားသည်။
# သင်တို့သည်အသင့်မရှိကြသည်ကိုတွေ့လျှင်
ပေးလှူခြင်းအမှု အတွက် သင်တို့သည် အဆင်သင့်မဖြစ်သည်ကို တွေ့လျှင်
# သင်တို့ရှက်ကြလိမ့်မည်ဟု မဆိုဘဲ၊
ရှင်ပေါလုသည် ကောရိန္သုမြို့ရှိ ယုံကြည်သူများနှင့် ပါတ်သက်၍ အနုတ်လက္ခဏာဆောင်သော စကားလုံးကို အသုံးပြုသော်လည်း ပြောသောအရာသည် အတူတူပင်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့ သည် ပို၍အရှက်ရလိမ့်မည်။"
# ညီအစ်ကိုတို့သည် သင်တို့ဆီသို့အရင်သွားစေ၍
ပေါလု၏ အမြင်တွင် "ညီအစ်ကိုတို့သည် သူတို့ဆီ သွားကြပြီ။" အခြားသော ဘာသာပြန်ချက်၊ "ညီအစ်ကိုတို့ သင်တို့အားတွေ့ရန် လာကြပြီ။" (ရှု၊ [[rc://*/ta/man/translate/figs-go]])
# ငါသည် မတိုက်တွန်းဘဲ မနေကောင်းဟုသဘောရှိ၏။
အဆိုဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါတို့သည် တစုံတခုပေးရန် သင်တို့ကိုအတင်းခိုင်းစေခြင်းမဟုတ်ဘဲ။" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]])