my_tn/1ki/16/05.md

24 lines
3.3 KiB
Markdown
Raw Permalink Normal View History

2021-02-22 15:11:43 +00:00
# ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
ဤမေးခွန်း၌ ဗာရှာသည် ထိုစာအုပ်တွင်ရှိခြင်း အကြောင်းအား စာဖတ်သူများအား အသိပေးလိုခြင်း (သို့) သတိပေးလိုခြင်း ဖြစ်သည်။ ထိုမေးခွန်းအား ဖော်ပြချက် အဖြစ် ဘာသာပြန်နိုင်သည်။ (၁၅:၃၁) တွင် မည်ကဲ့သို့ ဘာသာပြန်ထားသည်ကို ကြည့်ပါ။ အခြားသော ဘာသာပြန်ဆိုချက် - "ဣသရေလရှင်ဘုရင်များ ရာဇဝင်၌ ရေးထားသည်။" (ရှု၊ [[rc://*/ta/man/translate/figs-rquestion]])
# ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
ဤသည်ကိုကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "တစ်စုံတစ်ယောက်သည် သူတို့၏အကြောင်းအား ဣသရေလဘုရင်များ ရာဇဝင်၌ ရေးထားသည်။" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]])
# ဗာရှာသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍
အိပ်ပျော်ခြင်းဟူသော စကားလုံးသည် သေဆုံးခြင်း၏ သွယ်ဝှိုက်စကားလုံးကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက် - "ဗာရှာသည် သူ၏ ဘိုးဘေးများကဲ့သို့ သေသည်" သို့မဟုတ် "သူ၏ ဘိုးဘေးများကဲ့သို့ ဗာရှာ သေသည်။" (ရှု၊ [[rc://*/ta/man/translate/figs-metaphor]], [[rc://*/ta/man/translate/figs-euphemism]])
# သင်္ဂြိုဟ်ခြင်းကို ခံလေ၏။
ဤသည်ကိုကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "လူများသည် သူ့အား သင်္ဂြိုဟ်ခဲ့သည်။" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]])
# တိရဇ
မြို့၏ အမည်ဖြစ်သည်။ (၁၄:၁၇) တွင် မည်ကဲ့သို့ ဘာသာပြန်ထားသည်ကို ကြည့်ပါ။
# ခမည်းတော်အရာ၌ နန်းထိုင်၏။
"ခမည်းတော်အရာ၌" ဟူသော စကားစုသည် "သူ၏အစား" ဟု ဆိုလိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "ဗာရှာအစား ဘုရင်ဖြစ်လာသည်။" (ရှု၊ [[rc://*/ta/man/translate/figs-metaphor]])