richmahn_my_obs_text_obs/12/01.txt

1 line
1.1 KiB
Plaintext

ဣသရေလလူမျိုးများသည် အီဂျစ်မှ စွန့်ခွာရသည့်အတွက် အလွန်အမင်းပျော်ရွှင်နေကြလေသည်။ သူတို့သည် ကျွန်များမဟုတ်တော့ဘဲ သူတို့အား ပေးထားသောမြေနေရာများသို့ သွားနေကြပြီဖြစ်သည်။ အီဂျစ်လူမျိုးများသည် ဣသရေလလူမျိုးများတောင်းသော ရွှေငွေနှင့် အခြားတန်ဖိုးကြီးသောအရာများအားလုံးကိုပင် ပေးကြလေသည်။ အခြားနိုင်ငံများမှ အချို့လူများသည် ဘုရားရှင်က ဣသရေလလူမျိုးများနှင့်အတူ အီဂျစ်မှ ထွက်ခွာရာ၌ လိုက်ပါသွားသည်ဟု ယုံကြည်ကြလေသည်။