richmahn_my_obs_text_obs/19/16.txt

1 line
1.4 KiB
Plaintext

ဘုရားရှင်သည် ရှေ့ဖြစ်ဟောပညာရှိများစွာကိုလည်း ဣသရေလရှိ လူများထံသို့ စေလွှတ်လိုက်လေသည်။ သူတို့အားလုံးသည် လူများအားရုပ်ထုများကိုးကွယ်နေခြင်းအား ရပ်တန့်ရန်ပြောကြားကြပြီး လူများသည် ရုပ်တုများကိုးကွယ်နေမည့်အစား အချင်းချင်းမျှတစွာ ဆက်ဆံပြီး သနားကြင်နာမှုရှိကြရန် ပြောကြားလေသည်။ လူများသည် မကောင်းမှုများလုပ်ဆောင်နေခြင်းအစား ဘုရားရှင်အား ကိုးကွယ်ဆည်းကပ်၍ လိုက်နာကြရန် ပြောကြားလေသည်။ လူများက ဤကဲ့သို့ လိုက်နာခြင်းမရှိလျင် ဘုရားရှင်က အပြစ်ရှိသည်ဟု မှတ်ယူပြီး ၎င်း၏အပြစ်ပေးခြင်းကို ခံကြရလိမ့်မည်ဖြစ်သည်။