1 line
1.5 KiB
Plaintext
1 line
1.5 KiB
Plaintext
တစ်ချိန်တွင် လူထုသည် သောက်သုံးရန်ရေ မရရှိတော့သဖြင့် ဘုရားရှင်သည် မောရှေအား “ထိုကျောက်တုံးကို စကားပြောပါ။ အထဲမှရေထွက်လာလိမ့်မည်”ဟု မိန့်ကြားလိုက်လေသည်။ သို့သော်မောရှေသည် ထိုကျောက်ခဲအားစကားပြောရမည့်အစား တုတ်ဖြင့်နှစ်ချက်ရိုက်လေသည်။၊ သူသည်ဤနည်းဖြင့် ဘုရားရှင်အား ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ်လိုက်လေသည်။ သို့သော် လူတိုင်းသောက်သုံးရန် ကျောက်တုံးထဲမှ ရေများထွက်လာသော်လည်း ဘုရားရှင်မှာမောရှေအား ဒေါသအမျက်ထွက်လေသည်။ ဘုရားရှင်က “သင်ဤကဲ့သို့ပြုမူသောကြောင့် ကတိပေးထားသော နိုင်ငံသို့ သင့်အားဝင်ရောက်ခွင့်မပြု”ဟု မိန့်ဆိုလေသည်။ |