Thu Dec 10 2020 10:05:54 GMT+0630 (Myanmar Time)

This commit is contained in:
DMS 2020-12-10 10:05:55 +06:30
parent b3dc001c40
commit 942b6cfa2d
11 changed files with 11 additions and 1 deletions

1
16/13.txt Normal file
View File

@ -0,0 +1 @@
ထို့နောက်ဂိဒေါင်၏စစ်သားများသည် ၎င်းတို့၏မြေအိုးများကို တပြိုင်နက်ထဲခွဲလိုက်ပြီး မီးတုတ်များအား တပြိုင်တည်းထုတ်ပြလိုက်လေသည်။ ထို့နောက်၎င်းတို့၏ ဂျိုများအားမှုတ်ပြီး “ယေဝါနှင့် ဂိဒေါင်အတွက်ဓါးတစ်ချောင်း”ဟု ဟစ်အော်ကြလေသည်။

View File

@ -1 +1 @@
ထို့နောက်ဂိဒေါင်၏စစ်သားများသည် ၎င်းတို့၏မြေအိုးများကို တပြိုင်နက်ထဲခွဲလိုက်ပြီး မီးတုတ်များအား တပြိုင်တည်းထုတ်ပြလိုက်လေသည်။ ထို့နောက်၎င်းတို့၏ ဂျိုများအားမှုတ်ပြီး “ယေဝါနှင့် ဂိဒေါင်အတွက်ဓါးတစ်ချောင်း”ဟု ဟစ်အော်ကြလေသည်။ ဘုရားရှင်သည် မိဒျန်လူမျိုးများ၏ စိတ်ကိုရှုပ်ထွေးသွားစေပြီး အချင်းချင်းတိုက်ခိုက်၍သတ်စေသည်။ ချက်ချင်းပင် ဂိဒေါင်သည် ၎င်းတို့၏အိမ်များ၌ နေထိုင်ကြသော ဣသရေလလူမျိုးများအား မိဒျန်လူမျိုးများကို ကူညီနှင်ထုတ်ရန် စေတမန်များအားသွားရောက်ခေါ်ဆောင်စေသည်။ ဣသရေလလူမျိုးများသည် မိဒျန်လူမျိုးများအား သတ်ပစ်ပြီး အချို့လူများအား ၎င်းတို့၏မြေနေရာများမှ နှင်ထုတ်လေသည်။ ဘုရားရျင်သည် ထိုနေ့တွင် မိဒျန်လူမျိုး တစ်သိန်းနှစ်သောင်းအား သေစေသည်။ ဤနည်းဖြင့် ဘုရားရှင်သည် ဣသရေလအား ကယ်တင်ခဲ့ခြင်းဖြစ်သည်။
ဘုရားရှင်သည် မိဒျန်လူမျိုးများ၏ စိတ်ကိုရှုပ်ထွေးသွားစေပြီး အချင်းချင်းတိုက်ခိုက်၍သတ်စေသည်။ ချက်ချင်းပင် ဂိဒေါင်သည် ၎င်းတို့၏အိမ်များ၌ နေထိုင်ကြသော ဣသရေလလူမျိုးများအား မိဒျန်လူမျိုးများကို ကူညီနှင်ထုတ်ရန် စေတမန်များအားသွားရောက်ခေါ်ဆောင်စေသည်။ ဣသရေလလူမျိုးများသည် မိဒျန်လူမျိုးများအား သတ်ပစ်ပြီး အချို့လူများအား ၎င်းတို့၏မြေနေရာများမှ နှင်ထုတ်လေသည်။ ဘုရားရျင်သည် ထိုနေ့တွင် မိဒျန်လူမျိုး တစ်သိန်းနှစ်သောင်းအား သေစေသည်။ ဤနည်းဖြင့် ဘုရားရှင်သည် ဣသရေလအား ကယ်တင်ခဲ့ခြင်းဖြစ်သည်။

1
17/01.txt Normal file
View File

@ -0,0 +1 @@
ရှောလုသည် ဣသရေလ၏ ပထမဆုံးဘုရင်ဖြစ်ပြီး လူအများလိုချင်သည့်ပုံစံအတိုင်း အရပ်ရှည်၍ ရုပ်ရည်ခံ့ညားသည်။ ရှောလုသည် ဣသရေလအား ပထမဆုံးအုပ်ချုပ်သောနှစ်အနည်းငယ်ခန့်တွင် ကောင်းမွန်သောဘုရင်ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဘုရားရှင်အား မလိုက်နာသည့် ကောက်ကျစ်သောသူတစ်ဦးဖြစ်သွားလေသည်။ ထို့ကြောင့် ဘုရားရှင်သည် ၎င်း၏နေရာတွင် တစ်နေ့ ဘုရင်ဖြစ်လာမည့် အခြားလူတစ်ဦးအား ရွေးချယ်လေတော့သည်။

1
17/02.txt Normal file
View File

@ -0,0 +1 @@
ဘုရားရှင်သည် ဒါဝိဒ် ဟုခေါ်သော ဣသရေလလူငယ်တစ်ဦးအား ရွေးချယ်ခဲ့ပြီး တစ်နေ့နေ့တစ်ချိန်ချိန်တွင် ရှောလုဘုရင်၏ နောက်ဖြစ်မည့် ဘုရင်အဖြစ် စီမံလေတော့သည်။ ဒါဝိဒ်သည် ဗက်လင်မှ သိုးကျောင်းသားလေးတစ်ဦးဖြစ်ပြီး တစ်ချိန်က အဖေဖြစ်သူ၏သိုးများအား ကြည့်ရှုထိန်းကျောင်းနေစဉ်တွင် လာရောက်တိုက်ခိုက်သော ခြင်္သေ့တစ်ကောင်နှင့် ဝက်ဝံတစ်ကောင်အား သတ်ခဲ့ဖူးလေသည်။ ဒါဝိဒ်သည် ရိုးသားဖြောင့်မတ်သူတစ်ဦးဖြစ်ပြီး ဘုရားရှင်အား ယုံကြည်ကိုးကွယ်သူတစ်ဦးလည်း ဖြစ်ပါသည်။

1
17/03.txt Normal file
View File

@ -0,0 +1 @@
ဒါဝိဒ်သည် လူငယ်ဘဝတွင် ဂေါလျတ် ဟုခေါ်သော လူဘီလူးကြီးတစ်ဦးနှင့် တိုက်ခိုက်ဖူးလေသည်။ ဂေါလျတ်သည် အလွန်ကောင်းမွန်သော စစ်သားတစ်ဦးဖြစ်ပြီး အလွန်သန်မာ၍ အရပ်မှာ ၉ပေကျော် ရှည်လေသည်။ သို့သော် ဘုရားရှင်သည် ဣသရေလအား ကယ်တင်ရန်အတွက် ဒါဝိဒ်အား ဂေါလျတ်ကို သတ်ရန်ကူညီလိုက်လေသည်။ ထို့နောက် ဒါဝိဒ်သည် ဣသရေလ၏ ရန်သူများအပေါ်တွင် အောင်မြင်မှုများရလေသည်။ ဒါဝိဒ်သည် အလွန်တော်သော စစ်သားတစ်ဦးဖြစ်လာပြီး ဣသရေလစစ်တပ်၏ တိုက်ပွဲပေါင်းများစွာကို ဦးဆောင်လေသည်။ လူများက ၎င်းအား အလွန်အမင်းချီးကျူးကြလေသည်။

1
17/04.txt Normal file
View File

@ -0,0 +1 @@
လူထုသည် ဒါဝိဒ်အား အလွန်ချစ်ခင်ကြသဖြင့် ရှောလုဘုရင်က မနာလိုဖြစ်လာလေသည်။ နောက်ဆုံးတွင် ရှောလုသည် ဒါဝိဒ်အား သတ်ရန်ကြံစည်လာသဖြင့် ၎င်းနှင့်၎င်း၏စစ်သားများထံမှ လွတ်မြောက်စေရန် တောကန္တာရထဲသို့ ထွက်ပြေးလေသည်။ ရှောလုဘုရင်နှင့် သူ၏စစ်သားများ ဒါဝိဒ်အား လိုက်ရှာနေသောတစ်နေ့တွင် ရှောလုဘုရင်သည် ဂူတစ်ခုထဲသို့ ဝင်ရောက်သွားလေသည်။ ထိုဂူသည် ဒါဝိဒ်ပုန်းနေသောဂူဖြစ်နေပြီး ရှောလုဘုရင်မှာ ၎င်းအား မတွေ့မြင်ခဲ့ပေ။ ဒါဝိဒ်သည် ရှောလုဘုရင်၏အနီးသို့ကပ်သွားပြီး ရှောလုဘုရင်၏ အဝတ်စတစ်စအား ဖြတ်ယူခဲ့လေသည်။ ထို့နောက်တွင် ရှောလုဘုရင်သည် လှိုင်ဂူထဲမှ ထွက်ခွာသွားပြီးချိန်တွင် ၎င်းကိုင်ထားသော အဝတ်စအား ပြ၍ အော်ခေါ်လိုက်လေသည်။ ဤနည်းဖြင့် ၎င်းအားသတ်၍ ဘုရင်ဖြစ်ရန်ကြံစည်နေခြင်းမဟုတ်ကြောင်းကို ရှောလုဘုရင်က သိရှိသွားလေသည်။

1
17/05.txt Normal file
View File

@ -0,0 +1 @@
အချိန်ကြာသော် ရှောလုဘုရင်သည် တိုက်ပွဲတွင် သေဆုံးသွားသဖြင့် ဒါဝိဒ်သည် ဘုရင်ဖြစ်သွားခဲ့ပြီးနောက် သူသည် ကောင်းမွန်သော ဘုရင်တစ်ပါးဖြစ်၍ လူထုက ၎င်းအား ချစ်ခင်ကြလေသည်။ ဘုရားရှင်သည် ဒါဝိဒ်အား ကောင်းချီးများပေး၍ အောင်မြင်ခြင်းများဖြစ်အောင် ပြုလုပ်ပေးလေသည်။ ဒါဝိဒ်သည် တိုက်ပွဲများစွာ တိုက်ခိုက်ခဲ့ရာတွင် ဘုရားရှင်က ဣသရေလ၏ရန်သူများအား နှိမ်နင်းနိုင်ရန်ကူညီပေးလေသည်။ ဒါဝိဒ်သည် ယေရုရှလင်မြို့အား သိမ်းပိုက်၍ မြို့တော်အဖြစ်သတ်မှတ်လိုက်ပြီး ၎င်းကိုယ်တိုင်နေထိုင်အုပ်ချုပ်လေသည်။ ဒါဝိဒ်သည် နှစ်လေးဆယ်ကြာဘုရင်ဖြစ်ခဲ့ပြီး ထိုအချိန်တွင် ဣသရေလသည် အလွန်အမင်းအင်အားကောင်းလာ၍ ချမ်းသာကြွယ်ဝလာပါသည်။

1
17/06.txt Normal file
View File

@ -0,0 +1 @@
ဒါဝိဒ်သည် ဣသရေလ လူမျိုးများဘုရားရှင်အား ကိုးကွယ်ပြီး ပူဇော်မှုများလုပ်နိုင်စေရန် ဗိမာန်တော်တစ်ခု တည်ဆောက်ချင်ခဲ့ပါသည်။ လူများသည် နှစ်ပေါင်းလေးရာခန့်ကြာအောင် မောရှေပြုလုပ်ခဲ့သော တွေ့ဆုံခြင်းတဲ၌သာ ဘုရားရှင်အား ကိုးကွယ်၍ ပူဇော်မှုများပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

1
17/07.txt Normal file
View File

@ -0,0 +1 @@
သို့သော် နာသန်ဟု ခေါ်သည့် ရှေ့ဖြစ်ဟောပညာရှိတစ်ဦးဦးရှိလေသည်။ ဘုရားရှင်သည် ၎င်းအား ဒါဝိဒ်ထံသို့ စေလွှတ်၍ “သင်သည် တိုက်ပွဲများစွာတိုက်ခဲ့သည့်အတွက် ကျွန်ုပ်အား ဤဗိမာန်တော်ကို မဆောက်ပေးပါနှင့် သင်၏သားသာလျှင် ဆောက်ပေးရမည်။ သို့သော် ကျွန်ုပ်သည် သင့်အား ကြီးစွာကောင်းချီးပေးအုံးမည်ဖြစ်ပြီး သင်၏ နောင်လာနောင်သားများသည် ကျွန်ုပ်၏လူများအပေါ်တွင် ဘုရင်များအဖြစ် ထာဝရအုပ်ချုပ်သွားရမည်ဖြစ်သည်” ဟု မိန့်တော်မူခိုင်းလိုက်လေသည်။ ထာဝရအုပ်စိုးနိုင်သည့် ဒါဝိဒ်၏တစ်ဦးတည်းသောမျိုးဆက်မှာ (မေရှိယ) တစ်ဦးသာဖြစ်ပြီး (မေရှိယ) ဆိုသည်မှာ ကမ္ဘာပေါ်တွင်ရှိသောလူများကို အပြစ်များမှ ကယ်တင်ရန် ဘုရားရှင်ရွေးချယ်ထားတော်မူသောသူဖြစ်ပါသည်။

1
17/08.txt Normal file
View File

@ -0,0 +1 @@
ဒါဝိဒ်သည် နာသန်၏ စကားကို ကြားသောအချိန်တွင် သူသည် ဘုရားရှင်၏ ကျေးဇူးတော်အား ချီးမွမ်းလေသည်။ ဘုရားရှင်သည် ၎င်းအား အရေးပေး၍ အလွန်အမင်း ကောင်းချီးများပေးလေသည်။ သို့သော် ဒါဝိဒ်သည် ဘုရားရှင်က မည်သည့်အချိန်တွင် ဤကဲ့သို့လုပ်မည်ကို မသိရှိပေ။ ဣသရေလလူမျိုးများးကမူ မေရှိယမလာခင် နှစ်တစ်ထောင်ခန့်စောင့်ရဦးမည်ကို သိရှိပြီးဖြစ်သည်။

1
17/title.txt Normal file
View File

@ -0,0 +1 @@
ဘုရားရှင်နှင့် ဒါဝိဒ် ကြားရှိ ကတိစကား