Thu Dec 10 2020 11:14:52 GMT+0630 (Myanmar Time)
This commit is contained in:
parent
29ba55d0e2
commit
629c8b8d7f
|
@ -0,0 +1 @@
|
|||
‘အာဗြဟံ’ ၏ အမျိုးများ နေထိုင်ရာသို့ ခရီးရှည်ကြီးသွားပြီးသောအခါတွင် ဘုရားရှင်သည် ထိုအခိုင်းအစေအား ‘ရေဗက္က’ ထံသို့ ရောက်စေရန် လမ်းပြတော်မူလေသည်။ သူမသည် ‘အာဗြဟံ’ ၏ ညီဖြစ်သူနှင့် မြေးမတော်စပ်လေသည်။
|
|
@ -0,0 +1 @@
|
|||
‘ရေဗက္က’ သည် သူမ၏ မိသားစုအား ထားခဲ့ပြီး ထိုကျေးကျွန်နှင့်အတူ ‘ဣဇာက်’ ၏ အိမ်သို့ လိုက်ပါရန် သဘောတူလိုက်လေသည်။ ‘ဣဇာက်’ သည်လည်း သူမအား ရောက်ရောက်ချင်းပင် ထမ်းမြားလက်ထပ်လိုက်လေသည်။
|
|
@ -0,0 +1 @@
|
|||
အချိန်ကြာမြင့်သောအခါ ‘အာဗြဟံ’ ကွယ်လွန်သွားခဲ့ပြီးနောက်တွင် သူ၏သားဖြစ်သူ ‘ဣဇာက်’ အား ဘုရားရှင်သည် ကောင်းချီးမင်္ဂလာများပေးလေသည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားရှင်၏ ကတိစကားများထဲမှ ‘အာဗြဟံ’ အား မျိုးရိုးစဉ်ဆက်များစွာ ရရှိစေမည်ဟူ၍ ဖြစ်သည်။ သို့သော်လည်း ‘ဣဇာက်’ ၏ ဇနီးဖြစ်သူ ‘ရေဗက္က’ မှာ သားသမီးမမွေးဖွားသေးပေ။
|
|
@ -0,0 +1 @@
|
|||
‘ဣဇာက်’ သည် ‘ရေဗက္က’ အတွက် ဘုရားရှင်ထံတွင် ဆုတောင်းပေးလေသည်။ ဘုရားရှင်သည် ‘ရေဗက္က’ အား ကလေးအမွှာ ကိုယ်ဝန်ဆောင်ဖြစ်စေခွင့် ပြုလိုက်လေသည်။ ထိုအမွှာကလေးနှစ်ဦးသည် ‘ရေဗက္က’ ၏ ဝမ်းဗိုက်ထဲ၌ ရုန်းကန်နေကြသောကြောင့် “ဘာကြောင့် ဖြစ်နေပါသနည်း” ဟု ဘုရားရှင်အား ‘ရေဗက္က’ မေးလျှောက်လေသည်။
|
|
@ -0,0 +1 @@
|
|||
ဘုရားရှင်က ‘ရေဗက္က’ အား “သင်သည် သားနှစ်ဦးဖွားမြင်လိမ့်မည်။ သူတို့၏ မျိုးဆက်သည် ကွဲပြားသော နိုင်ငံနှစ်နိုင်ငံဖြစ်သွားပြီး သူတို့အချင်းချင်း ပြိုင်ဆိုင်ကြရလိမ့်မည်။ သို့သော် သင်၏ သားအကြီးထံမှ ပေါ်ပေါက်လာသော တိုင်းနိုင်ငံသည် သင်၏ သားငယ်ထံမှပေါ်ပေါက်လာသောတိုင်းနိုင်ငံအား ဦးညွှတ်ရလိမ့်မည်” ဟုပြောကြားလိုက်သည်။
|
|
@ -0,0 +1 @@
|
|||
ဧလိယ၏အလုပ်ပြီးသွားသောအခါတွင် ဘုရားရှင်သည် ဧလိရှဲ ဟုခေါ်သောလူတစ်ဦးအား ရှေ့ဖြစ်ဟောပညာရှိအဖြစ် ရွေးချယ်ပြီး ဧလိရှဲ မှတစ်ဆင့် ထူးဆန်းအံ့ဩဖွယ်ရာများကို ပြုလုပ်လေသည်။ ထိုအံ့ဩဖွယ်များမှ တစ်ခုအား နေမန် ဟူသော လူတစ်ဦးပေါ်သို့ သက်ရောက်သွားလေသည်။ သူသည် ရန်သူ့တပ်၏ စစ်ဗိုလ်မှူးတစ်ယောက်ဖြစ်သော်လည်း ၎င်းတွင်ဆိုးရွားသောအရေပြားရောဂါဖြစ်နေလေ သည်။ နေမန် သည် ဧလိရှဲ အကြောင်းကြားသောကြောင့် ၎င်းထံသို့ ဆေးကုသရန်သွားရောက်အကူအညီ တောင်းလေသည်။ ဧလိရှဲသည် နေမန် အားယောဒန်မြို့သို့ သွားပြီး ရေတွင်ခုနှစ်ခါနှစ်စေသည်။
|
|
@ -0,0 +1 @@
|
|||
ဤကဲ့သို့ ပြောခြင်းဖြင့် အရူးလုပ်သည်ဟုထင်သောကြောင့် နေမန်သည် ဧလိရှဲအား ဒေါသထွက်လေသည်။ သို့သော် နောက်ပိုင်းတွင် စိတ်ပြောင်းလဲသွားပြီး သူသည် ယောဒန်မြစ်သို့သွား၍ ရေထဲတွင် ခုနှစ်ခါ စိမ်လိုက်လေသည်။ သူသည် နောက်ဆုံးအကြိမ်ရေမှ ပြန်ပေါ်သောအခါတွင် ဘုရားရှင်က ဆေးကုသပေးလိုက်လေသည်။
|
|
@ -0,0 +1 @@
|
|||
ဘုရားရှင်သည် ရှေ့ဖြစ်ဟောပညာရှိများစွာကိုလည်း ဣသရေလရှိ လူများထံသို့ စေလွှတ်လိုက်လေသည်။ သူတို့အားလုံးသည် လူများအားရုပ်ထုများကိုးကွယ်နေခြင်းအား ရပ်တန့်ရန်ပြောကြားကြပြီး လူများသည် ရုပ်တုများကိုးကွယ်နေမည့်အစား အချင်းချင်းမျှတစွာ ဆက်ဆံပြီး သနားကြင်နာမှုရှိကြရန် ပြောကြားလေသည်။ လူများသည် မကောင်းမှုများလုပ်ဆောင်နေခြင်းအစား ဘုရားရှင်အား ကိုးကွယ်ဆည်းကပ်၍ လိုက်နာကြရန် ပြောကြားလေသည်။ လူများက ဤကဲ့သို့ လိုက်နာခြင်းမရှိလျင် ဘုရားရှင်က အပြစ်ရှိသည်ဟု မှတ်ယူပြီး ၎င်း၏အပြစ်ပေးခြင်းကို ခံကြရလိမ့်မည်ဖြစ်သည်။
|
|
@ -0,0 +1 @@
|
|||
များသောအားဖြင့် လူများသည် ဘုရားရှင်၏စကားအား မလိုက်နာကြပေ။ သူတို့သည် ဘုရားရှင်၏ ရှေ့ဖြစ်ဟောပညာရှိများအား ကောင်းမွန်စွာဆက်ဆံခြင်းမရှိကြသည့်အပြင် တစ်ခါတစ်ရံ သတ်ဖြတ်ခြင်းပင်ပြလုပ်ကြသည်။ တစ်ခါက ယေရမိ ဟုခေါ်သော ရှေ့ဖြစ်ဟောပညာရှိတစ်ဦးအား ရေတွင်းပျက်ထဲတွင် ပစ်ထား၍ သေစေခဲ့သဖြင့် သူသည် ရေတွင်း၏အောက်ခြေရှိ နွံထဲသို့နစ်သွားလေသည်။ သို့သော်ဘုရင်သည် ယေရမိ ပေါ်တွင် သနားညှာတာမှုဖြစ်ပေါ်လာသဖြင့် ၎င်း၏ကျေးကျွန်များအား ရေတွင်းပေါ်သို့ ဆယ်တင်ကာကယ်တင်လိုက်စေသည်။
|
|
@ -0,0 +1 @@
|
|||
ရှေ့ဖြစ်ဟောပညာရှိများသည်လူအများက သူတို့အပေါ်တွင် မုန်းတီးကြသော်လည်း ဘုရားရှင်၏မိန့်ကြား ချက်များအား ဆက်လက်ပြောကြားကြလေသည်။ သူတို့သည် လူများအား နောင်တမရလျှင် ဘုရားရှင်က သူတို့အား ဖျက်ဆီးတော့မည်ဟု သတိပေးပြောကြားပြီး ဘုရားရှင်သည် လူများအား မေရှယ ထံသို့ခေါ်ဆောင်သွားမည်ဟူ၍လည်း ပြန်လည်ကတိပေးလေသည်။
|
Loading…
Reference in New Issue