DMS_GL_my_obs-tq/tq_OBS.tsv

684 lines
325 KiB
Plaintext
Raw Permalink Normal View History

2022-03-21 04:33:49 +00:00
Reference ID Tags Quote Occurrence Question Response
1:01 es4e စက်ြာဝဠာကြီးနှင့်အရာအားလုံးမည်ကဲ့သို့ဖြစ်ပေါ်လာခဲ့ပါသနည်း။ ဘုရားရှင်သည် အရာအားလုံးကိုဖန်ဆင်းခဲ့သည်။
1:01 pefq ဘုရားရှင်သည်အရာအားလုံးအား ဖန်ဆင်းရန် အချိန်မည်မျှကြာမြှင့်ခဲ့သနည်း။ ခြောက်ရက်သာကြာမြှင့်ခဲ့သည်။
1:02 rp6v ဘုရားရှင်သည် ဖန်ဆင်းခြင်း၏အစ ပထမဦးဆုံးနေ့တွင် နေ့ နှင့် ည အားဖန်ဆင်းခဲ့ပြီး မည်သို့မှတ်ချက်ပေးခဲ့သနည်း။ ကောင်းလေစွဟု မိန့်တော်မူခဲ့သည်။
1:04 n707 ဘုရားရှင်သည် ဖန်ဆင်းခြင်း၏ တတိယနေ့တွင် ကမ္ဘာမြေကြီးနှင့် ပင်လယ်သမုဒ္ဒရာကြီးအားဖန်ဆင်းခဲ့ပြီး မည်သို့ မိန့်တော်မူခဲ့သနည်း။ ကောင်းလေစွဟုမိန့်တော်မူခဲ့သည်။
1:05 kldz ဘုရားရှင်သည် ဖန်ဆင်းခြင်း၏ တတိယနေ့တွင် ကောက်ပဲသီးနှံပင်နှင့် အပင်အမျိုးမျိုးတို့အားဖန်ဆင်းခဲ့ပြီး မည်သို့ မိန့်တော်မူခဲ့သနည်း။ ကောင်းလေစွဟုမိန့်တော်မူခဲ့သည်။
1:06 fz5b ဘုရားရှင်သည် ဖန်ဆင်းခြင်း၏ စတုတ္ထနေ့တွင် နေမင်း၊ လမင်း နှင့် ကြယ်တာရာများ ဖန်ဆင်းခဲ့ပြီး မည်သို့ မိန့်တော်မူခဲ့သနည်း။ ကောင်းလေစွဟုမိန့်တော်မူခဲ့သည်။
1:07 n7xs ဘုရားရှင်သည် ဖန်ဆင်းခြင်း၏ ပဉ္စမမြောက်နေ့တွင် ရေနေသတ္တဝါများ နှင့် လေတွင်ပျံသန်းနိုင်သော ငှက်အမျိုးမျိုး ဖန်ဆင်းခဲ့ပြီး မည်သို့ မိန့်တော်မူခဲ့သနည်း။ ကောင်းလေစွဟုမိန့်တော်မူခဲ့သည်။
1:08 v4vv ဘုရားရှင်သည် ဖန်ဆင်းခြင်း၏ ဆဌမမြောက်နေ့တွင် ကုန်းနေသတ္တဝါ ကြီးငယ်တို့အားဖန်ဆင်းခဲ့ပြီး မည်သို့ မိန့်တော်မူခဲ့သနည်း။ ကောင်းလေစွဟုမိန့်တော်မူခဲ့သည်။
1:09 p9xl ဘုရားရှင်သည် လူသားအားဖန်ဆင်းရာတွင် တိရိစ္ဆာန်များနှင့်ကွဲပြားစေရန် မည်ကဲ့သို့ဖန်ဆင်းခဲ့သနည်း။ ဘုရားရှင်သည် လူသားအားဖန်ဆင်းရာတွင် သူ၏ပုံသဏ္ဍာန်နှင့်တူအောင် ဖန်ဆင်းခဲ့ပါသည်။
1:09 y6x9 ဘုရားရှင်သည် လူသားတို့၏ ဝတ္တရားနှင့်ပတ်သတ်ပြီး မည်သို့မိန့်တော်မူခဲ့သနည်း။ လူသားတို့သည် ကမ္ဘာမြေကြီးနှင့် တိရိစ္ဆာန်အပေါင်းတို့အား အုပ်စိုး၍ ဂရုစိုက်ထိန်းသိမ်းကြရမည်ဟု မိန့်တော်မူခဲ့ပါသည်။
1:10 uxai ဘုရားရှင်သည်ပထမဆုံးလူယောကျ်ားအားမည်သို့ဖန်ဆင်းခဲ့သနည်း။ ဘုရားရှင်သည် ပထမဆုံးလူယောကျ်ားအား မြေကြီးအားပုံသွင်း၍ ဖန်ဆင်းခဲ့ခြင်းဖြစ်သည်။
1:10 jzca ပထမဆုံးလူယောက်ျားမည်ကဲ့သို့ အသက်ဓါတ်အားရရှိခဲ့သနည်း။ ဘုရားရှင်သည် လူ၏ကိုယ်တွင် အသက်ဓါတ်အားကိန်းဝပ်စေခြင်းဖြင့် အသက်ရှင်စေခဲ့သည်။
1:10 dd8r ပထမဆုံးလူယောက်ျား၏အမည်မှာအဘယ်နည်း။ သူ၏အမည်မှာ အာဒံ ဖြစ်ပါသည်။
1:10 bc1e ဘုရားရှင်သည် အာဒံအား မည်သည့်နေရာတွင်နေစေသနည်း။ ဘုရားရှင်၏ ဥယျာဉ်တော်တွင် အာဒံအား နေစေခဲ့သည်။
1:11 qmgu အာဒံအား မည်သည့်ထူခြားသည့်အပင်မှအသီးကို မစားစေခဲ့သနည်း။ အကောင်းနှင့်အဆိုးကိုပိုင်းခြားသိမြင်စေနိုင်သောအသီးသီးသည့် အပင်မှ အသီးအား မစားရဟူတားမြစ်ခဲ့သည်။
1:11 f4wp အကယ်၍ အကောင်းအဆိုးပိုင်းခြားသိမြင်စေနိုင်သောအသီးကို စားခဲ့ပါက အာဒံမည်သို့ဖြစ်မည်နည်း။ သူ့အားသေစေလိမ့်မည်။
1:12 gy7x သတ္တဝါမျိုးစုံရှိသော်လည်း မည်သည့်အကြောင်းကြောင့်အာဒံအား **အထီးကျန်** စေသနည်း။ ထိုသတ္တဝါအပေါင်းတို့သည် အာဒံအား **အကူအညီ**မပေးနိုင် သောကြောင့်ဖြစ်သည်။
1:13 oxyv ဘုရားရှင်သည် လူမိန်းမအား မည်သို့ဖန်ဆင်းခဲ့သနည်း။ ဘုရားရှင်သည် သူမအား အာဒံ၏ နံရိုးမှ ဖန်ဆင်းခဲ့သည်။
1:14 pwvm အာဒံအတွက် မိန်းမ **woman** ဟူသော အမည်သည် မည်သို့သောအဓိပ္ပါယ် သက်ရောက်သနည်း။ မိန်းမ**woman** ဟူသောအမည်သည် ယောက်ျား**man** မှ ဆင်းသက်လာသည်ဟု အဓိပ္ပါယ်ရပါသည်။
1:14 z8br ယောက်ျားတစ်ယောက် အတွက် ဇနီးရှိရခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သူတို့ နှစ်ဦးသည် တစ်ခုတည်း**one** ဖြစ်ကြရမည် ဖြစ်သည်။
1:15 qu2t ဘုရားရှင်သည် သူ၏ ဖန်ဆင်းခြင်းများအပြီးတွင် မည်သို့မိန့်တော်မူခဲ့သနည်း။ ကောင်းလေစွ ဟု မိန့်တော်မူခဲ့ပါသည်။
1:16 w6pr သတ္တမမြောက်နေ့တွင်ဘုရားရှင် မည်သည့်အရာအားပြုလုပ်ခဲ့သနည်း။ ဖန်ဆင်းမူအပေါင်းပြီးမြောက်၍ သတ္တမြောက်နေ့ကို မြင့်မြတ်သော နေ့အဖြစ် ကောင်းချီးပေးခဲ့ပါသည်။
2:01 qgya အာဒံနှင့် ဧဝ တို့သည် သူတို့တွင်အဝတ်အစားမပါသော်လည်း မရှက်ကြခြင်းမှာ အဘယ်ကြောင့်နည်း။ ဤကမ္ဘာတွင် အပြစ်ဟူ၍ တစ်စုံတစ်ရာ မရှိသေးသောကြောင့်ဖြစ်သည်။
2:02 ivj2 မြွေသည် ဧဝအား ပထမဆုံး မည်သည့်မေးခွန်းကို မေးခဲ့သနည်း။ မြွေက “ဒီဥယျာဉ်ထဲမှာ ရှိတဲ့ ဘယ်အပင်ကအသီးမဆို မစားရဘူးလို့ ဘုရားရှင်က မင်းကို တကယ်ပြောခဲ့လို့လား” ဟုမေးခဲ့ပါသည်။
2:03 fj0d အာဒံနှင့်ဧဝအား မည်သည့်အပင်မှအသီးကို မစားရန် တားမြစ်ထားသနည်း။ သူတို့အား အကောင်းအဆိုးပိုင်းခြားသိမြင်စေသော အပင်မှ အသီးအား မစားရန် တားမြစ်ထားပါသည်။
2:03 ctgp အကယ်၍ အာဒံနှင့် ဧဝတို့သည် အကောင်းအဆိုးဝေဖန်သိမြင်နိုင်သောအပင်မှအသီးအားစားခဲ့လျှင်မည်သို့ဖြစ်မည်ဟု ဘုရားရှင်ပြောခဲ့သနည်း။ သူတို့သေကြရလိမ့်မည်ဟူ ပြောကြားခဲ့ပါသည်။
2:04 y3sr ဘုရားရှင်က ထိုအသီးကိုမစားရန် တားမြစ်ထားသည့် အကြောင်းအရာအား မြွေမှမည်သို့ပြောသနည်း။ မြွေက ဘုရားရှင်သည် သူနားလည်ထားသည့်အတိုင်း လူတို့နားမလည်စေရန်အတွက် လိမ်ထားသည်ဟူ၍ ပြောခဲ့ပါသည်။
2:05 z0c5 အဘယ်ကြောင့် လူမိန်းမသည် ထိုအသီးကို စားခဲ့သနည်း။ သူမသည် ထိုအသီးအား အဆင်းလှပြီး အရသာကောင်းမည် ဟူ၍မြင်သောကြောင့်လည်းကောင်း အသိဉာဏ်ကြွယ်ဝနိုင်ရန် အတွက်လည်းကောင်း စားခဲ့ပါသည်။
2:05 k22k အာဒံနှင့်ဧဝတို့သည် ထိုအသီးကိုစားရန် ဖိအားပေးခြင်းခံခဲ့ရပါသလား။ မဟုတ်ပါ။ သူတို့ကိုယ်တိုင် ဘုရားရှင်အား ဆန့်ကျင်ရန် လွတ်လပ်စွာရွေးခြယ်ခဲ့ကြခြင်းဖြစ်သည်။
2:06 olfd လူယောက်ျားနှင့် လူမိန်းမတို့ သူတို့ကိုယ်တွင် အဝတ်မပါမှန်း သိကြသော် မည်သို့လုပ်ဆောင်ခဲ့ကြသနည်း။ သစ်ရွက်များအား တွဲချည်၍ အဝတ်အစားအဖြစ် ဝတ်ဆင်ခဲ့ကြသည်။
2:08 hxb4 လူယောကျ်ားသည် သူ၏အပြစ်များနှင့်တကွ ဘုရားရှင်အား ရင်ဆိုင်ရသောအခါ မည်သို့တုံ့ပြန်ခဲ့သနည်း။ သူသည် လူမိန်းမအား အပြစ်တင်ခဲ့သည်။
2:08 kfm2 လူမိန်းမသည် သူမ၏အပြစ်များနှင့်တကွ ဘုရားရှင်အား ရင်ဆိုင်ရသောအခါ မည်သို့တုံ့ပြန်ခဲ့သနည်း။ သူမသည် မြွေအား အပြစ်တင်ခဲ့သည်။
2:09 cufi ဘုရားရှင်သည် မြွေအား မည်သို့ အပြစ်ပေးခဲ့သနည်း။ သင်သည် သင်၏ ဝမ်းဗိုက်ဖြင့် တွားသွားကာ အသက်ရှင်ရမည်။ ဤမိန်းမ၏ နောက်မျိုးဆက်များသည် သင်၏ဦးခေါင်းအား နင်းခြေကြလိမ့်မည် ဟူ၍ အပြစ်ပေးခဲ့ပါသည်။
2:10 hd93 ဘုရားရှင်သည် လူမိန်းမအား မည်သို့သော အပြစ်ကို ပေးခဲ့သနည်း။ သင်သည် မီးဖွားသောအခါ နာကျင်ခြင်းကိုခံစားရလိမ့်မည်။ သင်၏ရှင်သန်ခြင်းနှင့် ဆန္ဒတို့သည်လည်း သင့်ယောကျ်ားအတွက်သာဖြစ်စေရမည်။ သူသည် သင့်အား အုပ်စိုးလိမ့်မည် ဟူအပြစ်ပေးခဲ့သည်။
2:11 b1io ဘုရားရှင်သည် လူယောကျ်ားအား မည်သို့သော အပြစ်ကို ပေးခဲ့သနည်း။ သင်သည် အစားအစာရရှိရန်အတွက် လွန်စွာကြိုးပမ်းအားထုတ်ရလိမ့်မည်။ သေဆုံးသောအခါ မြေကြီးထံသို့ပြန်လာရလိမ့်မည်။
2:12 ch7f အာဒံနှင့်ဧဝတို့ ထာဝရ အသက်မှကင်းလွတ်ရန် ဘုရားရှင်မည်သို့တားမြစ်ထားသနည်း။ ဘုရားရှင်သည် သူတို့အား အသက်သစ်ပင်နှင့်တကွ ထိုသစ်ပင်ရှိသော ဥယျာဉ်တော်တွင် နေထိုင်ခွင့်ရုပ်သိမ်းခဲ့ပြီး ထိုဥယျာဉ်ကိုလည်း တန်ခိုးကြီးမားသော နတ်စေတမန်များအား အစောင့်အရှောက်အဖြစ်ထားခဲ့သည်။
3:01 ti7z အဘယ့်ကြောင့် ဘုရားရှင်သည် ကမ္ဘာကြီးအား ဖျက်ဆီးရန်အတွက် ဆုံးဖြတ်ခဲ့သနည်း။ လူအပေါင်းတို့သည် လွန်စွာ ရက်စက်ကြမ်းကြုပ်လာကြပြီး အပြစ်များအား လွန်စွာကျူးလွန်နေကြသောကြောင့်ဖြစ်ပါသည်။
3:01 samq ဘုရားရှင်သည် ကမ္ဘာကြီးအားဖျက်ဆီးရန် မည်သို့ အစီအစဉ်ဆွဲထားသနည်း။ ကြီးမားသောရေလွှမ်းမိုးမှုကြီးတစ်ခုဖြစ်စေလိမ့်မည် ဖြစ်သည်။
3:02 n206 နောဧသည် မည်ကဲ့သို့သော လူမျိုးဖြစ်သနည်း။ သူသည် ရိုးသားဖြောင့်မတ်သော လူတစ်ဦးဖြစ်ပေသည်။
3:03 isg0 ဘုရားရှင်သည် နောဧအား မည်သို့ပြုလုပ်ရန် မိန့်ဆိုခဲ့သနည်း။ ဘုရားရှင်သည် သူ့အား ကြီးမားသောလှေကြီးတစ်ဆင်း တည်ဆောက်စေသည်။
3:03 gx1f ထိုလှေကြီးတည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ထိုလှေကြီးသည် နောဧနှင့် သူ၏မိသားစုတို့အပြင် တိရိစ္ဆာန်အပေါင်းတို့အား ရေကြီးခြင်းကြောင့်ဖြစ်ပေါ်လာမည့်အန္တရာယ် များမှ ကာကွယ်ပေးလိမ့်မည် ဖြစ်သည်။
3:04 ax2e နောဧမှ ရေကြီးမည့် ဖြစ်စဉ်အားပြောသောအခါ လူတို့မည်သို့ တုန့်ပြန်ခဲ့ကြသနည်း။ သူတို့သည် နောဧအား မယုံကြည်ကြပေ။
3:06 ci5r ရေကြီးခြင်း မစတင်မှီ မည်သည့်တိရိစ္ဆာန်တို့ လှေပေါ်သို့ လာကြသနည်း။ အားလုံးသော တိရိစ္ဆာန်တို့၏ အထီး, အမ အစုံစုံတို့နှင့် စတေးခံရန်အတွက် တိရိစ္ဆာန် အထီးအမ ၇စုံသည် လှေပေါ်သို့လာကြသည်။
3:06 p69l နောဧနှင့်သူ့မိသားစုအပါအဝင် တိရိစ္ဆာန်အပေါင်းလှေကြီးထဲသို့ ရောက်သောအခါ လှေကြီး၏ တံခါးကိုမည်သူပိတ်သနည်း။ ဘုရားရှင်မှ တံခါးကိုပိတ်ခြင်းဖြစ်သည်။
3:07 qz5k မိုးကြီး မည်မျှကြာရှည်စွာ ရွာသနည်း။ ရက်ပေါင်း လေးဆယ်နှင့် ညပေါင်းလေးဆယ် ရွာပါသည်။
3:08 vdbm ရေကြီးသည့်ဖြစ်စဉ်တွင် မည်မျှရေကြီးခဲ့သနည်း။ တစ်ကမ္ဘာလုံးကိုဖုံးလွှမ်းနိုင်သည်အထိ ‌ရေကြီးခဲ့ပါသည်။ မြင့်မားလှပါသည် ဆိုသော တောင်များပင် ရေအောက်ရောက်ကြရသည်။
3:08 evf5 ကုန်းမြေတွင် ကျန်ရှိခဲ့သောအရာတို့မည်သို့ဖြစ်သွားခဲ့သနည်း။ အရာအားလုံး သေဆုံးသွားခဲ့ကြသည်။
3:12 nlm7 ရေကြီးမှုပြီးဆုံးသွားပြီး ကုန်းမြေများပြန်ပေါ်ပေါက်လာကြောင်း နောဧ မည်သို့သိရှိခဲ့သနည်း။ ဂျိုးငှက်တစ်ကောင်အောင် စေလွတ်၍ ထိုငှက်ပြန်မလာသောအခါ သိရှိခဲ့သည်။
3:13 brcs ဘုရားရှင်သည် နောဧနှင့်သူ၏မိသားစုအား လှေပေါ်မှ ဆင်းပြီးနောက် မည်သို့လုပ်ဆောင်ရမည်ဟု မိန့်ကြားခဲ့သနည်း။ ဘုရားရှင်သည် နောဧနှင့် သူ့မိသားစုအား လှေပေါ်မှ ဆင်းပြီးသည်နောက် သားသမီးမြေးမြစ်များ များစွာမွေးဖွားကြ၍ ကမ္ဘာကြီးတွင်နေထိုင်ကြကုန်လော့ ဟုမိန့်ဆိုခဲ့သည်။
3:14 pctl နောဧသည် လှေပေါ်မှ ဆင်းပြီးသည်နောက် ဘုရားရှင်အား မည်သို့ဝတ်ပြုကိုးကွယ်ခဲ့သနည်း။ ယဇ်ပလ္လင်တစ်ခု တည်ဆောက်ခဲ့ပြီး အချို့သော တိရိစ္ဆာန်များအား ယဇ်ပူဇော်ခဲ့သည်။
3:15 iw0x မည်သည့်အရာအား နောက်ထပ်လုံးဝမပြုလုပ်တော့ဟု ဘုရားရှင်မှ ဂတိတော်ပေးခဲ့သနည်း။ ကမ္ဘာကြီးအားနောက်ထပ်အပြစ်မပေးတော့ကြောင်းနှင့် ကမ္ဘာကြီးအား နောက်ထပ်ရေလွှမ်းမိုးမှု မဖြစ်စေရ ဟု ဂတိတော်ပေးခဲ့သည်။
3:16 h8nn ဘုရားရှင်သည် သူ့ဂတိတော်၏ သင်္ကေတအဖြစ် မည်သည့်အရာအား ဖန်ဆင်းခဲ့သနည်း။ ကောင်းကင်ထက်တွင် သက်တံ့ဖန်တီးခဲ့သည်။
4:01 btt4 ရေကြီးသည့်ဖြစ်စဉ်ပြီးနောက် ဘုရားရှင်မိန့်ဆိုသည့်အတိုင်း လူတို့သည် ကမ္ဘာကြီးအနှံ့နေထိုင်ခဲ့ကြပါသလား။ မနေထိုင်ခဲ့ကြပါ။ သူတို့သည် အတူတကွစုစည်း၍ မြို့တစ်မြို့တည်ဆောက်ခဲ့ကြသည်။
4:01 idmj ထိုအချိန်ကာလတွင် ကမ္ဘာပေါ်၌ ဘာသာစကားမည်မျှပေါ်ပေါက်ခဲ့သနည်း။ ဘာသာစကားတစ်ခုတည်းသာရှိပါသည်။
4:01 idmj ထိုအချိန်တွင် ကမ္ဘာပေါ်၌ ဘာသာစကားမည်မျှ ကွဲပြားခဲ့သနည်း။ ထိုနေရာတွင် ဘာသာစကား တစ်မျိုးတည်းသာ ဖြစ်သည်။
4:02 n1qk လူအများသည် ကမ္ဘာတစ်ဝန်းလုံးတွင် ဖြန့်ကျက်နေမည့်အစား မည်သည့်အရာအား အတူတကွ လုပ်ဆောင်ခဲ့သနည်း။ သူတို့သည် နိဗ္ဗာန်ရွှေမြို့တော်သို့ ရောက်ရှိစေရန် ရှည်လျားသော မျှော်စင် တစ်ခုအား စတင်တည်ဆောက်ခဲ့သည်။
4:03 bwmr ဘုရားရှင်သည် လူသားများအား ကမ္ဘာတစ်ဝန်းလုံးသို့ ပြန်ပွားစေရန် မည်သို့ လုပ်ဆောင်တော်မူခဲ့သနည်း။ သူသည် သူတို့၏ ဘာသာစကားအား များစွာသော ကွဲပြားသည့် ဘာသာစကားများအဖြစ် ပြောင်းလဲတော်မူခဲ့စေသည်။
4:03 neap "ထိုသူတို့ တည်ဆောက်ခဲ့သော မြို့တော်၏ အမည်သည် အဘယ်နည်း။ " ဤမြို့တော်၏ အမည်မှာ **ဘေဘယ်** ဖြစ်သည်။
4:03 e95s " **ဘေဘယ်** ၏ အမည်သည် မည်သည်ကို ဆိုလိုခြင်း ဖြစ်သနည်း။" ဤအရာမှာ ‘ရှုပ်ထွေးခြင်း’ ကို ဆိုလိုသည်။
4:04 rzmi ဘုရားရှင်သည် အာဗြဟံအား မည်သည့်အရာကို လုပ်ဆောင်ရန် မိန့်တော်မူခဲ့သနည်း။ "ဘုရားရှင်သည် သူ့အား သူ၏ မြို့တော်မှ မိသားစု နှင့်အတူ အခြားနိုင်ငံသို့ ထွက်ခွာရန် မိန့်တော်မူခဲ့သည်။ "
4:04 qzdh ဘုရားရှင်သည် အာဗြဟံအတွက် မည်သို့ ဆောင်ရွက်တော်မူရန် ကတိတော်ပေးထားခဲ့သနည်း။ ဘုရားရှင်သည် အာဗြဟံအား သူ၏ အမည်ကို မြင့်မြတ်စေရန် နှင့် မြင်တွေ့နိုင်သော နိုင်ငံတော်အားလုံးအား ပေးမည် ဖြစ်ပြီး သူ၏ မျိုးဆက်အား မြင့်မြတ်သော လူမျိုး တစ်စု ဖြစ်စေခြင်းဖြင့် ကမ္ဘာပေါ် ရှိ မိသားစုတိုင်းသည် သူ့အား ကောင်းချီးပေးရန် လုပ်ဆောင်ပေးမည်ဟု ကတိတော်ပေးထားခဲ့သည်။
4:05 mlz7 အာဗြဟံသည် မည်သည့် ဒေသအား သွားရောက်ခဲ့သနည်း။ သူသည် ခါနန်ပြည်သို့ သွားရောက်ခဲ့သည်။.
4:06 dlex ခါနန်အကြောင်းနှင့်ပက်သက်၍ ဘုရားရှင်သည် အာဗြဟံအား လုပ်ဆောင်တော်မူပေးမည့် ကတိတော်သည် အဘယ်နည်း။ ဘုရားရှင်သည် အာဗြဟံအား ဤအရာကို ပေးအပ်တော်မူလိမ့်မည်ဖြစ်ပြီး သူ၏ မျိုးဆက်များသည် ထိုအရာအား အမြဲတစေ ပိုင်ဆိုင်သည်။
4:07 pjc7 မာလခိဇသည် မည်သူ ဖြစ်သနည်း။ သူသည် အမြင့်မြတ်ဆုံးသော ဘုရားရှင်၏ ဘာသာရေးခေါင်းဆောင် တစ်ဦး ဖြစ်သည်။
4:07 rdy7 မာလိခိဇသည် မည်သည့်အရာအား အာဗြဟံအတွက် လုပ်ဆောင်ခဲ့သနည်း။ သူသည် အာဗြဟံအား ကောင်းချီးမင်္ဂလာပေးခဲ့သည်။
4:07 avr2 အာဗြဟံသည် မည်သို့သောအရာအား မာလိခိဇကို ပေးခဲ့သနည်း။ သူသည် သူပိုင်ဆိုင်သမျှ အရာအားလုံး၏ ဆယ်ပုံတစ်ပုံကို သူ့အား ပေးခဲ့သည်။
4:08 yzs3 အာဗြဟံသည် ခါနာန်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးနောက် သူ့အား ဘုရားရှင် ပေးထားခဲ့သော ကတိတော်သည် အဘယ်နည်း။ အာဗြဟံသည် ကောင်းကင်ယံထက်၌ ကြယ်များသည် သူ၏ မျိုးဆက်များစွာကဲ့သို့ သားတော် တစ်ပါး ရရှိလိမ့်မည်။
4:08 g06y ဘုရားရှင်သည် အာဗြဟံအား ဖြောင့်မတ်သည်ဟု အဘယ်ကြောင့် မိန့်တော်မူခဲ့သနည်း။ အာဗြဟံသည် ဘုရားရှင်၏ ကတိတော်အား ယုံကြည်ခဲ့သောကြောင့် ဘုရားရှင်သည် ဤအရာအား မိန့်တော်မူခဲ့သည်။
4:09 g3z3 ပဋိညာဥ်ဆိုသည် မှာ အဘယ်နည်း။ ပဋိညာဥ်သည် နှစ်ဦးနှစ်ဖက်ကြားရှိ သဘောတူညီချက်တစ်ခု ဖြစ်သည်။
5:01 rev9 စာရဲသည် အဘယ်ကြောင့် သူသည် ကလေးရရှိလိမ့်မည် မဟုတ်ကြောင်းကို တွေးမြင်ခဲ့သနည်း။ သူမသည် အလွန် အိုမင်းနေပြီ ဖြစ်သည်။
5:01 sv1q "စာရဲသည် အာဗြဟံအား ကလေးရရှိအောင် မည်သို့ လုပ်ဆောင်ရန် ပြောဆိုခဲ့သနည်း။ " "ဟာဂရသည် ကလးယူနိုင်သောကြောင့် အစေခံကျွန်
ဟာဂရအား လက်ထပ်ပါ။"
5:02 y13w ဟာဂရ၏ ကလေး အမည်မှာ အဘယ်နည်း။ သူ၏ နာမည်သည် **ဣရှမေလ** ဖြစ်သည်။
5:02 iyuw စာရဲ နှင့် ဟာဂရ ကြားတွင် မည်သို့သော ပြဿနာ ဖြစ်ပွားခဲ့သနည်း။ စာရဲသည် ဟာဂရဲအား အနာလိုဝန်တိုမှု ဖြစ်လာခဲ့သည်။
5:03 x6zd ဘုရားရှင်သည် အာဗြဟံအား လုပ်ဆောင်တော်မူပေးရန် ကတိတော်ထားခဲ့သည့် ပဋိညာဥ်သည် အဘယ်နည်း။ ဘုရားရှင်သည် အာဗြဟံအား သူနှင့် သူ၏ မျိုးဆက်များကို ခါနာန်ပြည်အား ပေးတော်မူလိမ့်မည်ဖြစ်ပြီး သူသည် နိုင်ငံများစွာ၏ ဖခင် ဖြစ်လာပါလိမ့်မည်။
5:03 jzci ဘုရားရှင်သည် အာဗြဟံအား သူတို့ကြား၌ရှိသော ပဋိညာဥ်၏အမှတ်အသားတစ်ခုအဖြစ် မည်သို့ဆောင်ရွက်တော်မူရန် မိန့်တော်မူခဲ့သနည်း။ အာဗြဟံသည် သူ၏ မိသားစုထဲတွင်ရှိသော ယောကျ်ားကလးငယ်တိုင်းအား အရေဖြားလှီးဖြတ်ရမည်။
5:04 sivw ဘုရားရှင် မိန့်တော်မူခဲ့သည့် ကတိတော်၏ သားတော်ဖြစ်လိမ့်မည့်သူမှာ မည်သူ ဖြစ်သနည်း။ စာရဲ၏ သားတော် ဣဇာက်သည် ကတိတော်၏ သားတော် ဖြစ်လာလိမ့်မည်။
5:04 rg35 ဘုရားရှင် မိန့်တော်မူခဲ့သော မြင့်မြတ်သည့် လူမျိုးသည် မည်သူ ဖြစ်သနည်း။ ဣဇာက် နှင့် ဣရှမေလ နှစ်ဦးသည် မြတ့်မြတ်သော လူမျိုးများ ဖြစ်လာလိမ့်မည်။
5:04 kfqr အာဗြံ၏ နာမည်အသစ် ဖြစ်သော အာဗြဟံ၏ အဓိပ္ပာယ်သည် အဘယ်နည်း။ သူ၏ အမည် ဆိုလိုရင်းသည် **လူမျိုးများ၏ ဖခင်** ဖြစ်သည်။
5:06 eyqh ဘုရားရှင်သည် ဣဇာက် ငယ်ရွယ်သောအချိန်တွင် ဣဇာက်အား မည်သည့်အရာကို လုပ်ဆောင်စေရန် အာဗြဟံအား မိန့်တော်မူခဲ့သနည်း။ ဘုရားရှင်သည် ဣဇာက်အား သူ့ထံသို့ ယစ်ပူဇော်ရန် အာဗြဟံအား မိန့်တော်မူခဲ့သည်။
5:06 fpdz ဘုရားရှင်သည် အဘယ်ကြောင့် ဣဇာက်အား သူထံသို့ ယစ်ပူဇော်ရန် အာဗြဟံအား မိန့်တော်မူခဲ့သနည်း။ ဘုရားရှင်သည် အာဗြဟံ၏ သစ္စာတရားအား စပ်သပ်ရန် ဤအရာအား လုပ်ဆောင်စေခဲ့သည်။
5:07 qcfx အာဗြဟံသည် ယစ်ပူဇော်ခြင်းအတွက် သူတို့ထံ၌ သိုးသငယ်တစ်ကောင်မှ မရှိခဲ့သည့် အကြောင်းအရာအဖြစ် ဣဇာက်အား မည်သို့ ပြောဆိုခဲ့သနည်း။ အာဗြဟံသည် ယစ်ပူဇော်ခြင်းအတွက် သိုးသငယ်အား ဘုရားရှင်သည် ထောက်ပံတော်မူလိမ့်မည်ဟု ပြောဆိုခဲ့သည်။
5:08 nxtp ဘုရားရှင်သည် အာဗြဟံမှ ဣဇာက်အား သတ်ရန် အလိုတော်ရှိခဲ့ပါသလား။ မဟုတ်ပေ၊ ဘုရားရှင်သည် အာဗြဟံမှ သူ့အား နာခံခြင်းရှိမရှိကို သိချင်တော်မူသောကြောင့် ဖြစ်သည်။
5:09 zp9e ဘုရားရှင်သည် ယစ်ပူဇော်ခြင်းတစ်ခု အဖြစ် ဣဇာတ်အစား မည်သည့်အရာအား ထောက်ပံ့ပေးတော်မူခဲ့သနည်း။ သူသည် ချုံပုတ်ထဲရှိ ပိတ်မိနေသော သိုးထီးတစ်ကောင်အား ထောက်ပံ့တော်မူခဲ့သည်။
5:10 at1o "ဘုရားရှင်သည် အာဗြဟံအား သူသည် ဘုရားရှင်အား နာခံခဲ့သောကြောင့် မည်သို့ လုပ်ဆောင်တော်မူရန် ကတိတော်ပေးထားခဲ့သနည်း။ " သူသည် အာဗြဟံ၏ မျိုးဆက်များသည် ကောင်းကင်ထက်မှ ကြယ်များထက် ထင်ရှားလိမ့်မည် ဖြစ်ပြီး ကမ္ဘာပေါ်ရှိမိသားစုတိုင်းသည် သူ၏ မိသားစုအား ကောင်းချီးပေးလိမ့်မည်ဟု ကတိတော်ပေးခဲ့သည်။
6:01 y315 အာဗြဟံသည် သူ၏ အစေခံကျွန်အား သူ၏ ဆွေမျိုးများနိုင်ငံသို့ အဘယ်ကြောင့် စေလွှတ်ခဲ့သနည်း။ သူသည် သူ၏ သာတော် ဣဇာက်အတွက် သတို့သမိးအား ခေါ်ဆောင်လာရန် စေလွှတ်ခဲ့သည်။
6:02 fuek အစေခံကျွန်သည် ရေဗက္ကအား မည်သို့ ရှာတွေ့ခဲ့သနည်း။ ဘုရားရှင်သည် သူမထံသို့ သူ့အား ပို့ဆောင်တော်မူခဲ့သည်။
6:02 cw48 အာဗြဟံ နှင့် ရေဗက္ကသည် မည်ကဲ့သို့ ဆွေမျိုးတော်စပ်သနည်း။ ရေဗက္ကသည် အာဗြဟံ အစ်ကိုတော်၏ မြေး ဖြစ်သည်။
6:03 hwkv ရေဗက္ကအား အစေခံကျွန် နှင့်အတူ ဣဇာက်ကို လက်ထပ်ထိမ်းမြားရန် လိုက်ပါစေခိုင်းခဲ့ပါသလား။ မဟုတ်ပေ၊ သူမသည် လိုက်ပါရန် သဘောတူခဲ့သည်။
6:04 rnsq အာဗြဟံ ကွယ်လွန်သောအခါ ဣဇာက်ထံသို့ ပေးအပ်ခဲ့သော ဘုရားရှင်၏ ကတိတော်သည် အဘယ်နည်း။ "ဘုရားရှင်သည် အာဗြဟံနှင့် ပြုလုပ်ထားသော သဘောတူညီချက်တွင် ပါဝင်သည့် သူထံ၌ မရေတွက်နိုင်သော မျိုးဆက်များ ရှိလာလိမ့်မည်ဖြစ်ပြီး ကတိတော်အားလုံးအား ဣဇာက်သို့ အပ်နှင်းခဲ့သည်။ "
6:04 uve9 မရေတွက်နိုင်သော မျိုးဆက်များ၏ ကတိတော်သည် ဣဇာက်မှတဆင့် ပြည့်စုံစေလိမ့်မည် မဟုတ်ကြောင်းကို အဘယ်ကြောင့် ထင်ခဲ့သနည်း။ ရေဗက္ကသည် ကလေးမရနိုင်ပေ။
6:06 vwbh ဘုရားရှင်သည် ရေဗက္ကအား ကလေးအမွှာအကြောင်းနှင့်ပက်သက်၍ ထိုသူတို့မမွေးမီ မိန့်တော်မူခဲ့သည်မှာ အဘယ်နည်း။ သူတို့သည် လူနှစ်မျိုး ဖြစ်လာလိမ့်မည် ဖြစ်ပြီး သားအကြီးဆုံးသည် သားငယ်အား အစေခံလိမ့်မည်။
6:07 fa5v သားအကြီးဆုံး၏ အမည်မှာ အဘယ်နည်း။ သူ၏ အမည်မှာ **ဧသော** ဖြစ်သည်။
6:07 z89h သားအငယ်ဆုံး၏ အမည်မှာ အဘယ်နည်း။ သူ၏ အမည်မှာ **ယာကုပ်** ဖြစ်သည်။
7:02 ru7k ဧသောသည် အကြီးဆုံးသား ဖြစ်သည်။ သူသည် အငယ်ဆုံးသား ယာကုပ်အား ရသင့်ရထိုက်သော အရာအားလုံးအား အဘယ်ကြောင့် ပေးခဲ့သနည်း။ ဧသော သည် အကြီးဆုံးသား ဖြစ်၍ အရာအားလုံးအား ရရှိသင့်သောကြောင့် သူသည် ယာကုပ်အား အစာအချို့အတွက် လဲလှယ်ရန် ပေးခဲ့သည်။
7:03 xamy ဣဇာက်သည် သူ၏ တရားဝင် ကောင်းချီးမင်္ဂလာပေးခြင်းကို မည်သူ့အား ပေးခဲ့သနည်း။ သူသည် ဧသောအား ပေးခဲ့သည်။
7:03 x96g ယာကုပ်သည် သူ့အား ကောင်းချီးမင်္ဂလာပေးရန် ဣဇာက်အား မည်ကဲ့သို့ လှည့်စားခဲ့သနည်း။ သူသည် ဆိတ်သားရေ ဝတ်ရုံအား ဝတ်ဆင်ခြင်းဖြင့် ဧသောအဖြစ် ဟန်ဆောင်ခဲ့ပြီး ဣဇာက်သည် သူ့အား ဧသော ဟု ထင်လိမ့်မည် ဖြစ်သည်။
7:05 dy8t ယာကုပ်သည် ဧသော၏ ကောင်းချီးမင်္ဂလာပေးခြင်းအား ခိုယူသောကြောင့် ဧသောသည် သူ့အား မည်သို့ လုပ်ဆောင်ရဣ် စီစဥ်ခဲ့သနည်း။ ဧသောသည် ဣဇာက် ကွယ်လွန်ပြီးနောက် ယာကုပ်အား သတ်ရန် စီစဥ်ခဲ့သည်။
7:06 yhjb ရေဗက္ကသည် ယာကုပ်ကို သတ်ရန် ဧသော၏ အစီအစဥ်အား ကြားသောအခါတွင် ဣဇာက် နှင့် ရေဗက္ကသည် မည်သို့သောအရာအား လုပ်ဆောင်ခဲ့သနည်း။ သူတို့သည် ယာကုပ်အား ရေဗက္က၏ ဆွေးမျိုးများနှင့်အတူ နေထိုင်ရန် အဝေးသို့ ပို့ဆောင်ခဲ့သည်။
7:07 qkri ယာကုပ်သည် နောက်နှစ် နှစ်ဆယ်အတွင်း၌ မည်သို့ ဖြစ်ပျက်ခဲ့သနည်း။ သူသည် လက်ထပ်ခဲ့ပြီး သား တစ်ဆယ့် နှစ်ယောက်နှင့် သမီး တစ်ယောက် ရရှိခဲ့၍ ဘုရားရှင်သည် သူ့အား ချမ်းသာစေခဲ့သည်။
7:09 c6kf ယာကုပ်သည် ခါနာန်သို့ ပြန်လာသောအခါ အဘယ်ကြောင့် ကြောက်ရွံဲနေခဲ့သနည်း။ ဧသော သည် သူ့အား သတ်လိမ့်မည်ဟု စိတ်ထင်ခဲ့သည်။
7:09 un6k ယာကုပ်သည် ဧသော၏ ဒေါသအား ပြေပျောက်အောင် မည်သို့သောအရာအား လုပ်ဆောင်ခဲ့သနည်း။ သူသည် နွားတိရိစ္ဆာန်များကို လက်ဆောင်အဖြစ် ဧသောအား ပေးပို့ခဲ့သည်။
7:10 j2sk ဧသောသည် ယာကုပ်အား စိတ်ဆိုးနေသေးပါသလား။ မဟုတ်ပါ၊ သူသည် ယာကုပ်အား မထိခိုက်စေချင်တော့ပေ။
7:10 ztvf ယာကုပ်သည် မည်သည့်နေရာ၌ အခြေချနေထိုင်ခဲ့သနည်း။ သူသည် ခါနာန်ပြည်၌ အခြေချခဲ့သည်။
7:10 cbmb ဣဇာက် ကွယ်လွန်ပြီးနောက် ဘုရားရှင်သည် မူလအားဖြင့် အာဗြဟံအား ပေးခဲ့သော ပဋိညာဥ် ကတိတော်အား မည်သူ လက်ခံခဲ့သနည်း။ ယာကုပ်သည် ထိုအရာများအား လက်ခံခဲ့သည်။
8:02 qtgc ယောသပ်၏ ညီအစ်ကိုတော်များသည် အဘယ်ကြောင့် သူ့အား မုန်းတီးခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ယောသပ်သည် ယာကုပ်၏ အနှစ်သက်ဆုံး သားတော် ဖြစ်ပြီး ယောသပ်သည် သူတို့အား အုပ်ချုပ်လိမ့်မည်ကို အိမ်မက်မက်ခဲ့သောကြောင့် ဖြစ်သည်။
8:02 eqdf ယောသပ်၏ ညီအစ်ကိုတော်များသည် သူ့အား မည်သို့သော မကောင်းမှုအရာအား ကျုးလွန်ခဲ့သနည်း။ သူတို့သည် သူ့အား ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျွန်ကုန်သည်အချို့အား ရောင်းစားခဲ့သည်။
8:03 ia25 ယောသပ်၏ ညီအစ်ကိုတော်များသည် သူ၏ ပျောက်ဆုံးသွားခြင်းကို ယာကုပ်အား မည်ကဲ့သို့ ရှင်ပြခဲ့သနည်း။ သူတို့သည် သားရဲတိရိစ္ဆာန်တစ်ကောင်သည် ယောသပ်အား သတ်ဖြတ်ခဲ့သည်ဟု ယာကုပ်အား ထင်မြင်စေရန်အတွက် သူ၏ ဝတ်ရုံပေါ်တွင် ဆိတ်သငယ်၏ သွေးအား လိမ်းထားကြသည်။
8:04 tavt ဘုရားရှင်သည် ယောသပ်အား အီဂျစ်ပြည်၌ စွန့်ပယ်ခဲ့ပါသလား။ မဟုတ်ပေ၊ယောသပ် ပြုလုပ်ခဲ့သော အရာအားလုံးအား ဘုရားရှင်သည် ကောင်းချီးမင်္ဂလာ ပေးတော်မူခဲ့သည်။
8:05 vwrb ယောသပ်အား အဘယ်ကြောင့် အီဂျစ်ပြည်ရှိ အကျဥ်းထောင်သို့ ပို့ဆောင်ခဲ့ပါသနည်း။ "ယောသပ်သည် သူ၏ ဆရာကတော်နှင့်အတူ အိပ်စက်ရန် ငြင်းပယ်ခဲ့ပြီး သူမသည် သူ့အား လိမ်လည်စွပ်စွဲခဲ့သောကြောင့် ဖြစ်သည်။ "
8:07 hbc6 ဘုရားရှင်သည် ယောသပ်အား မည်သို့သော စွမ်းရည်အား ပေးတော်မူခဲ့သနည်း။ ဘုရားရှင်သည် သူ့အား အိမ်မက်များကို အဓိပ္ပာယ် ဖွင့်ဆိုနိုင်သော စွမ်းရည်အား ပေးတော်မူခဲ့သည်။
8:07 o5h1 ဖာရိုဘုရင်၏ အိမ်မက်သည် မည်သည်ကို ဆိုလိုခြင်း ဖြစ်သနည်း။ "ဘုရားရှင်သည် ခုနစ် နှစ်တိုင်အောင် စပါးရိတ်သိမ်းခြင်း ကြုံရပြီးနောက်တွင် ခုနစ် နှစ်မြောက် အငတ်ဘေးကြုံရမည်ဟု ပို့ဆောင်တော်မူခဲ့သည်။ "
8:08 qs82 ယောသပ်သည် ဖာရိုဘုရင်၏ အိမ်မက်အား အဓိပ္ပာယ် ဖွင့်ဆိုပြီးနောက်တွင် ဖာရိုဘုရင်၏ ဆုလာဒ်သည် မည်သို့သောအရာ ဖြစ်သနည်း။ သူသည် ယောသပ်အား အီဂျစ်ပြည်၌ အာဏာအရှိဆုံး ဘုရင်ခံ တစ်ပါးအဖြစ် ခန့်အပ်ခဲ့သည်။
8:09 i1aq ယောသပ်သည် အငတ်ဘေးအတွက် မည်ကဲ့သို့ ပြင်ဆင်ခဲ့သနည်း။ ယောသပ်သည် ကောင်းမွန်သော နှစ်ပေါင်း ခုနစ် နှစ်အတွင်းတွင် အီဂျစ်လူမျိုးများအား အစာရေစာ အမြောက်များကို သိုလှောင်ရန် ပြောဆိုခဲ့ပြီးနောက် သူသည် အငတ်ဘေးကြုံသည့် ခုနစ်နှစ်အတွင်း၌ လူအများအား အစားအစာများ ရောင်းချခဲ့သည်။
8:11 avjq ယာသပ်၏ ညီအစ်ကိုတော်များသည် အဘယ်ကြောင့် အီဂျစ်ပြည်သို့ လာရောက်ခဲ့ကြသနည်း။ သူတို့သည် ခါနာန်၌လည်း ပြင်းထန်ခဲ့သောကြောင့် အစားအစာ ဝယ်ယူရန် ရောက်ရှိလာခဲ့သည်။
8:12 vt09 ယောသပ်သည် သူ၏ ညီအစ်ကိုတော်များအား သူသည် မည်သူ ဖြစ်သည်ကို မပြောမီ ထိုသူတို့အား မည်ကဲ့သို့ စမ်းသပ်ခဲ့သနည်း။ သူသည် သူတို့ ပြောင်းလဲခဲ့ခြင်း ရှိမရှိကို သိစေရန် ထိုသူတို့အား စမ်းသပ်ခဲ့သည်။
8:12 fzyo ယောသပ်၏ ညီအစ်ကိုတော်များသည် ကျွန်တစ်ဦးအဖြစ် သူ့အား ရောင်းစားခြင်းမှ ဘုရားရှင်သည် မည်သို့သော ကောင်ကျိူးများအား ရောက်လာစေခဲ့သနည်း။ ယောသပ်သည် အီဂျစ်ပြည်တွင် ဘုရင်ခံတစ်ပါး ဖြစ်လာခဲ့ပြီး ဘုရားရှင်သည် အငတ်ဘေးကာလအတွင်း လူများစွာ နှင့် သူ၏ မိသားစုအတွက် အစားအစာ ထောက်ပံ့ရန် သူ့အား အသုံးချခဲ့သည်။
8:14 wcn6 ယာကုပ်သည် ယောသပ် အသက်ရှင်နေသိကို သိရှိခဲ့ပြီးနောက် မည်သို့သောအရာအား လုပ်ဆောင်ခဲ့သနည်း။ သူသည် သူ၏ မိသားစုတစ်ခုလုံးအား အီဂျစ်ပြည်သို့ ပြောင်းရွေ့ ခဲ့သည်။
8:15 p71g ယာကုပ် ကွယ်လွန်ပြီးနောက် ဘုရားရှင်သည် အာဗြဟံကို ပေးထားသော ကတိတော်အား မည်သူ လက်ခံခဲ့သနည်း။ ယာကုပ်၏ သားတော် တစ်ဆယ့် နှစ်ယောက်သည် ထိုအရာများအား လက်ခံခဲ့သည်။
8:15 q2xa ယာကုပ်၏ သား တစ်ဆယ့် နှစ်ယောက်၏ မျိုးဆက်များသည် မည်သို့ ဖြစ်လာခဲ့သနည်း။ ထိုသူတို့သည် ဣသရေလမျိုးနွယ် တစ်ဆယ့် နှစ်ဦး ဖြစ်လာခဲ့သည်။
9:02 izd0 ဣသရေလလူမျိုးများအား အီဂျစ်လူမျိုးများသည် အဘယ်ကြောင့် ကြောက်ရွံခဲ့ကြသနည်း။ သူတို့သည် ထိုနေရာတွင် ဣသရေလ လူမျိုးများစွာ ရှိသောကြောင့် ကြောက်ရွံခဲ့ကြသည်။
9:02 woiw ဖာရိုဘုရင်သည် ဣသရေလ လူမျိုးများအား သူသည် ထိုသူတို့အား ကြောက်ရွံသောကြောင့် မည်သည့်အရာအား လုပ်ဆောင်ခဲ့သနည်း။ သူသည် ထိုသူတို့အား အီဂျစ်လူမျိုးများထံ၌ အစေခံရန် အမိန့်ပေးခဲ့သည်။
9:04 afiy ဖာရိုဘုရင်သည် ဣသရေလလူမျိုးများ အရေအတွက်များပြားလာခြင်းမှ မည်ကဲသို့ ထိန်းချုပ်ရန် ကြိုးစားခဲ့သနည်း။ သူသည် ဣသရေလလူမျိုး မွေးခင်ကလေးငယ်များအား နိုင်းမြစ်ထဲသို့ လွှတ်ချရန် အမိန့်ပေးခဲ့သည်။
9:07 f4p9 မြစ်ထဲတွင် မျောပါနေသော ခြင်းတောင်းထဲရှိ မွေးခင်းစကလေးငယ်သည် မည်ကဲ့သို့ ဖြစ်သွားခဲ့သနည်း။ ဖာရိုဘုရင်၏ သမီးတော် တစ်ပါးသည် သူ့အား တွေ့ရှိခဲ့ပြီး သူမ၏သားတစ်ဦး အဖြစ် မွေးစားခဲ့ပြီး သူ့အား မောရှေဟုခေါ်ဆိုခဲ့သည်။
9:09 ytla မောရှေသည် ဣသရေလအဖော်တစ်ဦးအား ကယ်တင်ရန် လုပ်ဆောင်ခဲ့သောအရာမှာ အဘယ်နည်း။ သူသည် သူ၏အဖော်အား ရိုက်နှက်ခဲ့သော အီဂျစ်လူမျိုးတစ်ဦးအား သတ်ခဲ့ပြီး ထိုအီဂျစ်လူမျိုး၏ ကိုယ်ခန္ဓာအား မီးရှီု့ခဲ့သည်။
9:10 fwaq မောရှေသည် အီဂျစ်ပြည်မှ အဘယ်ကြောင့် ထွက်ပြေးခဲ့ရသနည်း။ ဖာရိုဘုရင်သည် မောရှေ သတ်ခဲ့သော အီဂျစ်လူမျိုးအား ရှာတွေ့ခဲ့သောကြောင့် သူသည် သူ့အား သတ်ရန် အလိုရှိခဲ့သည်။
9:10 wt71 မောရှေသည် ဖာရိုဘုရင်ထံမှ လွတ်မြောက်ရန် မည်သည့်နေရာအား သွားရောက်ခဲ့သနည်း။ သူသည် တောကန္တာရထဲသို့ သွားရောက်ခဲ့သည်။
9:12 htsd မောရှေသည် တောကန္တာရထဲ၌ သူ၏ သိုးသငယ်အား ထိန်းကျောင်းနေစဥ် ပုံမုန်မဟုတ်သည့် မည်သို့သေအရာအား တွေ့မြင်ခဲ့သနည်း။ သူသည် မီးတောက်နေသော ချုံတစ်ခုအား တွေ့မြင်ခဲ့သော်လည်း ဤအရာမှာ လောင်ကျွမ်းခြင်းမရှိခဲံပေ။
9:12 zlc4 မောရှေသည် လောင်ကျွမ်းနေသော ချုံပုတ်အနီးသို့ ချဥ်းကပ်ခဲ့ပြီး ဘုရားရှင်သည် မည်သည့်အရာအား မိန့်တော်မူခဲ့သနည်း။ ဘုရားရှင်သည် “သင်၏ ဖိနပ်များအား ချွတ်လိုက်ပါ မောရှေ သင်ဟာ သန့်ရှင်းသော မြေပေါ်တွင် ရပ်နေခြင်း ဖြစ်တယ်” ဟု မိန့်တော်မူလိုက်လေသည်။
9:13 auau ကျွန်ုပ်တို့သည် အီဂျစ်ပြည်၌ ဣသရေလ လူမျိုးများအကြောင်းနှင့်ပက်သက်၍ ဘုရားရှင်သည် မည်ကဲ့သို့ ဂရုဏာတော်ပေးခဲ့သည်ကို သိရှိနိုင်သနည်း။ ဘုရားရှင်သည် “ငါ၏ လူမျိုးများ ဆင်းရဲဒုက္ခခံရခြင်းကို ငါမြင်တွေ့ဖူးပြီ” ဟု မိန့်တော်မူခဲ့လေသည်။
9:13 fljx ဘုရားရှင်သည် ကိုယ်တော်မောရှေအား အစ္စရေးလူမျိုးများအတွက်မည်သည့်အရာပြုလုပ်ရန်စေလွှတ်ခဲ့သနည်း။ ဘုရားရှင်သည် ကိုယ်တော်မောရှေအားဖာရောဘုရင်ထံသို့သွားကာ အီဂျစ်ပြည်ရှိအစ္စရေးလူမျိုးများအားကျွန်ခံခြင်းမှနှုတ်ထွက်စေ၍ခေါ်ဆောင်လာရန်ပြောခဲ့သည်။
9:13 ooc1 ဘုရားရှင်သည် အစ္စရေးလူမျိုးများအား မည်သည့်ကုန်းမြေကိုပေးမည်ဟု ပြောခဲ့သနည်း။ ဘုရားရှင်သည် ခါနာန်ကုန်းမြေနှင့် အာဗြဟံ၊ ဣဇာက်နှင့်ယာကုပ်တို့အားကတိပြုခဲ့သည့်ကုန်းမြေအားပေးလိမ့်မည်ဟု ပြောခဲ့သည်။
9:14 d3pz ဘုရားရှင်မှ သူ၏ထာဝရအမည်နာမသည် မည်သည့်အမည်နာမဖြစ်သည်ဟုဆိုခဲ့သနည်း။ ထာဝရဘုရားရှင်သည် သူ၏အမည်နာမဖြစ်သည်ဟု ဆိုခဲ့သည်။
9:15 p593 ဘုရားရှင်သည် ကိုယ်တော်မောရှေအားကူညီရန် မည်သူကိုစေလွှတ်ခဲ့သနည်း။ ဘုရားရှင်သည် မောရှေ၏အစ်ကိုအာရုန်အား စေလွှတ်ခဲ့သည်။
10:01 qd36 ဖာရောဘုရင်ထံ ကိုယ်တော်မောရှေနှင့်အာရုန်ပေးခဲ့သောဘုရားရှင်၏သတင်းစကားသည် မည်သို့ဖြစ်သနည်း။ ဖာရောဘုရင်ထံသို့ဘုရားရှင်၏သတင်းစကားသည် **ငါ၏လူများအား သွားခွင့်ပေးလိုက်ပါ** ဟူ၍ဖြစ်သည်။
10:01 x6f3 ဖာရောဘုရင်သည် ထိုအမိန့်အားကြားသောအခါ ဘာလုပ်ခဲ့သနည်း။ သူသည် အစ္စရေးလူမျိုးများအား အလုပ်ပိုကြိုးစားလုပ်ရန်ဖိအားပေးခဲ့သည်။
10:02 gi2u ဖာရောဘုရင်မှအစ္စရေးလူမျိုးများအားသွားခွင့်ပြုရန် ငြင်းဆိုသောအခါ ဘုရားရှင်သည်မည်သို့ပြုလုပ်ခဲ့သနည်း။ ဘုရားရှင်သည် အီဂျစ်ပြည်သို့ ဆိုးရွားသောကပ်ရောဂါဆယ်မျိုးအားပေးပို့ခဲ့သည်။
10:02 twkm ဘုရားရှင်သည် ဖာရောဘုရင်အား ထိုကပ်ရောဂါများအားဖြင့် မည်သည်ကိုပြသခဲ့သနည်း။ ဘုရားရှင်သည် ဖာရောဘုရင်နှင့်အီဂျစ်ဘုရားများအားလုံးထက် ပို၍တန်ခိုးကြီးကြောင်း ပြသခဲ့သည်။
10:03 vkrf ဘုရားရှင်သည် နိုင်းမြစ်အတွင်းမှရေများအား ဘာလုပ်ခဲ့သနည်း။ ဘုရားရှင်သည် နိုင်းမြစ်အတွင်းမှရေများအား သွေးများအဖြစ်သို့ပြောင်းခဲ့သည်။
10:07 a9aa နာကျင်သည့်အရေပြားအနာများကပ်ရောဂါကြောင့် မည်သူတို့ထိခိုက်ခဲ့သနည်း။ အနာများသည် အီဂျစ်လူမျိုးများတွင်သာဖြစ်ပေါ်ခဲ့၍ အစ္စရေးလူမျိုးများ၌ မဖြစ်ပေါ်ခဲ့ပါ။
10:11 n6qf အမှောင်ဖုံးလွှမ်းသောကပ်ဘေးသည် လူတိုင်းသာတူညီမျှထိခိုက်ခဲ့ပါသလား။ မထိခိုက်ခဲ့ပါ။ အီဂျစ်လူမျိုးများနေထိုင်ရာနေရာများတွင် အမှောင်ဖုံးလွှမ်း၍ အစ္စရေးလူမျိုးများနေထိုင်ရာအရပ်တွင်အလင်းရောင်ရှိခဲ့သည်။
10:12 k634 ဖာရောဘုရင်သည် ပထမဆုံးကပ်ဘေးကိုးခုအား မည်သို့တုန့်ပြန်ခဲ့သနည်း။ သူသည် လူများအားလွတ်လပ်ခွင့်ပေးရန်ငြင်းဆိုခဲ့သည်။
10:12 jk57 ဖာရောဘုရင်သည် ပထမဆုံးကပ်ဘေးကိုးခုအားမတုန့်ပြန်သောအခါ ဘုရားရှင်မှမည်သို့ပြုလုပ်ခဲ့သနည်း။ ဘုရားရှင်သည် နောက်ဆုံးကပ်ဘေးတစ်ခုအားပေးပို့ရန်စီစဉ်ခဲ့သည်။
10:12 hh60 ထိုနောက်ဆုံးကပ်ဘေးသည် ပထမဆုံးကပ်ဘေးကိုးခုမပြုခဲ့သည့် မည်သည့်အရာအားပြုလုပ်ခဲ့သနည်း။ ၎င်းသည် ဖာရောဘုရင်၏စိတ်ကိုပြောင်းလဲစေလိမ့်မည်။
11:01 crgy ဖာရောဘုရင်မှ အစ္စရေးလူမျိုးများအားသွားခွင့်မပြုလျှင် ဘုရားရှင်သည်အီဂျစ်လူမျိုးများအားမည်သို့ပြုလုပ်မည်ဟုပြောခဲ့သနည်း။ သူသည် လူနှင့်တိရိစ္ဆာန်နှစ်မျိုးစလုံး၏ပထမဆုံးမွေးဖွားသောသားဦးများအား သတ်မည်ဟုပြောခဲ့သည်။
11:02 ow83 လူများသည် သူတို့၏သားဦးများအား မည်သို့ကယ်တင်ခဲ့ကြသနည်း။ သူတို့သည် ပြီးပြည့်စုံသောသိုးသူငယ်တစ်ကောင်အားသတ်ရမည် ဖြစ်သည်။
11:03 t1pc ဘုရားရှင်သည် အစ္စရေးလူမျိုးများအားသိုးသူငယ်၏သွေးနှင့်မည်သို့ပြုလုပ်ရန်ပြောခဲ့သနည်း။ ဘုရားရှင်သည် သိုးသူငယ်၏သွေးများအားသူတို့၏တံခါးပတ်လည်တွင်ဖြန်းထားရန် မိန့်ဆိုခဲ့သည်။
11:03 h65h ဘုရားရှင်သည် အစ္စရေးလူမျိုးများအားကင်ထားသည့်သိုးသူငယ်နှင့်အတူမည်သည့်သီးခြားအစားအစာအားစားသုံးရန်ပြောခဲ့သနည်း။ တစေးမပါဘဲပြုလုပ်ထားသည့်ပေါင်မုန့်အား စားသုံးစေခဲ့သည်။
11:03 odti အစ္စရေးလူမျိုးများသည် စားသောက်ပြီးသောအခါ ဘာလုပ်ရန်အဆင်သင့်ဖြစ်နေခဲ့သနည်း။ သူတို့သည် အီဂျစ်ပြည်မှထွက်ခွာရန် အဆင်သင့်ဖြစ်နေခဲ့သည်။
11:05 b0ut တံခါးများပတ်လည်တွင်သွေးများရှိသည့်အိမ်များ၌ ဘုရားရှင်သည် မည်သည့်အရာအားပြုလုပ်ခဲ့သနည်း။ သူသည် ထိုအိမ်များကိုဖြတ်သန်းသွား၍ အိမ်ထဲရှိလူများအားလုံးသည် လုံခြုံခဲ့ကြသည်။
11:06 wwi9 ဘုရားရှင်သည် အီဂျစ်လူမျိုးများ၏အိမ်တိုင်း၌ မည်သည့်အရာအားပြုလုပ်ခဲ့သနည်း။ သူသည် ပထမဆုံးမွေးဖွားသောသားဦးများကိုသတ်ခဲ့သည်။
11:07 xtbh အီဂျစ်လူမျိုးများ၏ပထမဆုံးမွေးဖွားသောသားဦးများမည်မျှအသတ်ခံခဲ့ရသနည်း။ ဖာရောဘုရင်၏သားအပါအဝင် သားဦးအားလုံးသေဆုံးခဲ့သည်။
11:08 ldei ဤကပ်ဘေးပြီးဆုံးပြီးနောက် ဖာရောဘုရင်သည်ကိုယ်တော်မောရှေနှင့်အာရုန်အားမည်သို့ပြောခဲ့သနည်း။ သူသည် အစ္စရေးလူမျိုးများအားခေါ်ဆောင်၍အီဂျစ်ပြည်မှချက်ချင်းထွက်ခွာရန်ပြောခဲ့သည်။
12:01 kp9j အီဂျစ်လူမျိုးများသည် အစ္စရေးလူမျိုးများအီဂျစ်ပြည်မှထွက်ခွာသောအခါ မည်သည့်အရာပေးခဲ့သနည်း။ သူတို့သည် အစ္စရေးလူမျိုးများတောင်းဆိုသမျှအား ရွှေ၊ငွေနှင့် အခြားအဖိုးတန်အရာများကိုပင် ပေးခဲ့သည်။
12:01 nn23 အစ္စရေးလူမျိုးများနှင့်အတူ အခြားမည်သူသည် အီဂျစ်ပြည်မှထွက်ခွာခဲ့သနည်း။ ဘုရားရှင်အားယုံကြည်သည့်အခြားလူမျိုးများမှလူများသည်လည်း သူတို့နှင့်အတူထွက်ခွာခဲ့ကြသည်။
12:02 bmrv ဘုရားရှင်သည် အစ္စရေးလူမျိုးများအားမည်သို့ဦးဆောင်ခဲ့သနည်း။ သူသည် နေ့အခါတွင် တိမ်တိုင်များနှင့် ညအခါတွင် မီးတိုင်များဖြင့် ဦးဆောင်ခဲ့သည်။
12:03 i1kc ဘုရားရှင်သည် ဖာရောဘုရင်အား အဘယ်ကြောင့်ခေါင်းမာ၍အစ္စရေးလူမျိုးများအားလိုက်လံဖမ်းဆီးစေခဲ့သနည်း။ ဘုရားရှင်သည် ဖာရောဘုရင်နှင့်သူ၏ဘုရားများထက်ပို၍တန်ခိုးတော်သာလွန်သည့်စစ်မှန်သောဘုရားရှင်တစ်ပါးဖြစ်ကြောင်းပြသလိုသောကြောင့် ၎င်းအားပြုလုပ်ခဲ့သည်။
12:04 gng0 အစ္စရေးလူမျိုးများသည် ပင်လယ်နှင့်ဖာရောဘုရင်၏စစ်တပ်ကြားတွင်ပိတ်မိခဲ့သောအခါ မည်သို့ပြုမူခဲ့ကြသနည်း။ သူတို့သည် **ငါတို့သည် အဘယ်ကြောင့်အီဂျစ်ပြည်မှထွက်ခွာခဲ့ကြသနည်း။ ငါတို့သေကြရတော့မည်** ဟုပြောခဲ့ကြသည်။
12:05 xvzk ကိုယ်တော်မောရှေသည် အစ္စရေးလူမျိုးများ၏အကြောက်တရားအားငြိမ်းအေးစေရန် မည်သို့ပြောဆိုခဲ့သနည်း။ သူသည် အစ္စရေးလူမျိုးများအား မကြောက်ကြရန်နှင့် ဘုရားရှင်သည်ထိုနေ့၌သူတို့နှင့်အတူတိုက်ပွဲဝင်၍ သူတို့အားကယ်တင်လိမ့်မည်ဟု ပြောခဲ့သည်။
12:06 lzl3 ဘုရားရှင်သည် အစ္စရေးလူမျိုးများလွတ်မြောက်ရန် အီဂျစ်လူမျိုးများနီးကပ်လာခြင်းမှ မည်သို့ကာကွယ်ခဲ့ကြသနည်း။ ဘုရားရှင်သည် တိမ်တိုင်အား သူတို့၏ကြား၌ထားခဲ့သည်။
12:07 lqqx အစ္စရေးလူမျိုးများလွတ်မြောက်ရန်လမ်းကြောင်းအားပြုလုပ်ရန်အလို့ငှာ ကိုယ်တော်မောရှေအားမည်သို့ပြုလုပ်ရန်ဘုရားရှင်ပြောခဲ့သနည်း။ ဘုရားရှင်သည် ကိုယ်တော်မောရှေအား ရေများကွဲသွားစေရန်သူ၏လက်ကိုပင်လယ်ပေါ်သို့မြှောက်တင်ရန် ပြောခဲ့သည်။
12:08 ff87 အစ္စရေးလူမျိုးများသည် ပင်လယ်အားမည်သို့ဖြတ်ကူးနိုင်ခဲ့သနည်း။ သူတို့သည် ခြောက်သွေ့သောမြေပြင်အားဖြတ်လျှောက်သွားခဲ့ကြသည်။
12:10 rrbv အီဂျစ်လူမျိုးများသည် ပင်လယ်ကိုဖြတ်၍အစ္စရေးလူမျိုးများအားလိုက်လံဖမ်းဆီးသောအခါ မည်သည့်အရာဖြစ်ပျက်ခဲ့သနည်း။ သူသည် အီဂျစ်လူမျိုးများအား အထိတ်တလန့်ဖြစ်၍သူတို့၏စစ်ရထားများအားပိတ်မိစေခဲ့သည်။
12:11 vccb ဘုရားရှင်သည် အီဂျစ်စစ်တပ်အား မည်သို့ဖျတ်ဆီးခဲ့သနည်း။ ရေများသည် အီဂျစ်စစ်တပ်အားဖုံးလွှမ်းသွားသောကြောင့် သူတို့သည်ရေနစ်ခဲ့ကြသည်။
12:12 ucm4 အီဂျစ်လူမျိုးများသေဆုံးသည်ကိုမြင်သောအခါ အစ္စရေးလူမျိုးများသည်မည်သို့ပြုမူခဲ့ကြသနည်း။ သူတို့သည် ဘုရားရှင်အားယုံကြည်၍ ကိုယ်တော်မောရှေသည် ဘုရားရှင်၏ရှေ့ဖြစ်ဟောပညာရှင်ဖြစ်ကြောင်းယုံကြည်ခဲ့ကြသည်။
12:13 olet အစ္စရေးလူမျိုးများသည် အဘယ်ကြောင့်ဘုရားရှင်းအားသီချင်းများသီဆို၍ချီးမွမ်းခဲ့ကြသနည်း။ ဘုရားရှင်သည် သူတို့အားအီဂျစ်လူမျိုးများထံမှကယ်တင်ခဲ့သောကြောင့် သူ့အားချီးမွမ်းခဲ့ကြသည်။
12:14 t73w ဘုရားရှင်သည် အီဂျစ်လူမျိုးများအပေါ်သူ၏အောင်မြင်မှုအားအမှတ်ရနေစေရန် အစ္စရေးလူမျိုးများအားမည်သို့ပြုလုပ်ရန်မိန့်ဆိုခဲ့သနည်း။ ဘုရားရှင်သည် ပဿခါပွဲအားနှစ်စဉ်ကျင်းပရန် မိန့်တော်မူခဲ့သည်။
13:01 saeh ဘုရားရှင်သည် အစ္စရေးလူမျိုးများအားမြစ်နီကိုဖြတ်သန်းပြီးနောက် မည်သည့်နေရာသို့ခေါ်ဆောင်သွားခဲ့သနည်း။ သူသည် ဆိုင်းနိုင်းဟုခေါ်သောတောင်ဆီသို့ ဦးဆောင်သွားခဲ့သည်။
13:02 yk6q ဘုရားရှင်သည် အစ္စရေးလူမျိုးများအား သူ့အားနာခံလျှင်မည်သည့်အရာများဖြစ်လာလိမ့်မည်ဟု ကတိပေးခဲ့သနည်း။ သူတို့သည် ဘုရားရှင်၏တန်ဖိုးရှိသောပိုင်ဆိုင်မှု၊ သင်းအုပ်များ၏နိုင်ငံတော်နှင့် မြင့်မြတ်သောလူမျိုးဖြစ်လာလိမ့်မည်။
13:03 x4gk ဘုရားရှင်သည် ဆိုင်းနိုင်းတောင်ပေါ်မှဆင်းသက်သောအခါ မည်သည့်လက္ခဏာများသည်ဘုရားရှင်နှင့်အတူရှိခဲ့သနည်း။ ဘုရားရှင်ဆင်းသက်လာသောအခါ မိုးကြိုး၊ လျှပ်စီး၊ မီးခိုးနှင့် ကျယ်လောင်သောပေါက်ကွဲသံကဲ့သို့တံပိုးမှုတ်သံတို့သည် ဘုရားရှင်နှင့်အတူထွက်ပေါ်လာသည်။
13:07 psa6 ဘုရားရှင်သည် အစ္စရေးလူမျိုးများအားသူ၏အမိန့်များကိုမနာခံလျှင် မည်သို့ပြုလုပ်မည်နည်း။ သူသည် သူတို့အားပြစ်ဒဏ်ပေးလိမ့်မည်။
13:08 s0f0 ဘုရားရှင်သည် အစ္စရေးလူမျိုးများအား မည်သည့်အရာအားသူ့အတွက်ဆောက်လုပ်ပေးရန်ပြောခဲ့သနည်း။ သူသည် တွေ့ဆုံရာတဲတော်အားဆောက်လုပ်ပေးရန် ပြောခဲ့သည်။
13:08 xln9 ဘုရားရှင်ရှိရာလိုက်ကာနောက်မှအခန်းထဲသို့ မည်သူဝင်ရောက်နိုင်သနည်း။ မြင့်မြတ်သောသင်းအုပ်သည်သာလျှင် ထိုအခန်းထဲသို့ဝင်ခွင့်ရှိသည်။
13:09 fhnn လူများသည် သူတို့၏အပြစ်များအားမည်သို့ဖုံးကွယ်နိုင်ခဲ့သနည်း။ သူတို့သည် ယဇ်ပူဇော်ရန်သင်းအုပ်များအတွက်တိရိစ္ဆာန်တစ်ကောင်အား ယူဆောင်ခဲ့နိုင်သည်။ ယဇ်ကောင်၏သွေးသည် သူတို့၏အပြစ်များအား ဖုံးကွယ်နိုင်လိမ့်မည်။
13:09 fvlj ဘုရားရှင်သည် မည်သူတို့အားသူ၏သင်းအုပ်များအဖြစ်ရွေးချယ်ခဲ့သနည်း။ သူသည် အာရုန်နှင့်သူ၏သားစဉ်မြေးဆက်များအားရွေးချယ်ခဲ့သည်။
13:11 jjpa လူများသည် ဆိုင်းနိုင်းတောင်မှကိုယ်တော်မောရှေပြန်လာမည်ကိုစောင့်ရသည်အားငြီးငွေ့လာသောအခါ ဘာလုပ်ခဲ့ကြသနည်း။ သူတို့သည် အာရုန်အားရွှေရုပ်တုပြုလုပ်ရန်ဆိုခဲ့ကြပြီး ၎င်းအားကိုးကွယ်၍ယဇ်ပူဇော်ခဲ့ကြသည်။
13:12 knhc ဘုရားရှင်သည် အစ္စရေးလူမျိုးများမနာခံသောအခါ အဘယ်ကြောင့်မဖျတ်ဆီးခဲ့သနည်း။ ကိုယ်တော်မောရှေသည် သူတို့အတွက်ဆုတောင်းခဲ့သောကြောင့် ဘုရားရှင်သည် သူတို့အားမဖျတ်ဆီးခဲ့ပါ။
13:13 sclv ဘုရားရှင်မှ ပညတ်တော်ဆယ်ပါးရေးသားထားသောကျောက်တုံးများ၌ မည်သည့်အရာဖြစ်ပျက်ခဲ့သနည်း။ ကိုယ်တော်မောရှေသည် ဒေါသဖြင့် ကျောက်တုံးများအားရိုက်ခွဲခဲ့သည်။
13:14 jw2r ကိုယ်တော်မောရှေသည် ရုပ်တုများအားမည်သို့ပြုလုပ်ခဲ့သနည်း။ သူသည် ရုပ်တုများအားမီးရှို့၍ အမှုန့်များအဖြစ်သို့ထုချေပြီးနောက် ၎င်းအားရေထဲသို့ထည့်ကာ လူများအားသောက်စေခဲ့သည်။
13:15 d6rw အစ္စရေးလူမျိုးများသည် ဆိုင်းနိုင်းတောင်ပြီးနောက်မည်သည့်နေရာသို့သွားခဲ့ကြသနည်း။ ဘုရားရှင်သည် အစ္စရေးလူမျိုးများအား ကတိပြုထားသည့်ကုန်းမြေဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
14:01 paqk ဘုရားရှင်သည် အစ္စရေးလူမျိုးများအားဆိုင်းနိုင်းတောင်မှထွက်ခွာခဲ့ပြီးနောက် မည်သည့်နေရာသို့ခေါ်ဆောင်သွားသနည်း။ ဘုရားရှင်သည် အစ္စရေးလူမျိုးများအား ကတိပြုထားသည့်ကုန်းမြေခါနာန်ပြည်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
14:03 jlrc ဘုရားရှင်သည် အစ္စရေးလူမျိုးများအား ခါနာန်ပြည်သားများကိုမည်သို့ပြုလုပ်ရန်မိန့်ဆိုခဲ့သနည်း။ ဘုရားရှင်သည် ခါနာန်ပြည်သားအားလုံးအားဖယ်ရှားရန်၊ ငြိမ်းချမ်းရေးမပြုလုပ်ရန်၊ သူတို့အားလက်ထပ်ခြင်းမပြုရန်နှင့် သူတို့၏ရုပ်တုများအားလုံးကိုဖျတ်ဆီးပစ်ရန် အစ္စရေးလူမျိုးများအားပြောခဲ့သည်။
14:05 li6o သူလျှို၁၂ဦးသည် ခါနာန်ကုန်းမြေအကြောင်း မည်သို့ပြောခဲ့သနည်း။ ထိုမြေသည် မြေဩဇာအလွန်ကောင်းမွန်၍ ကောက်ပဲသီးနှံများ ပေါများသည်။
14:05 pc5r သူလျှိုဆယ်ဦးသည် အစ္စရေးလူမျိုးများအား ခါနာန်ပြည်သားများကိုမတိုက်ခိုက်သင့်ကြောင်း အဘယ်ကြောင့်ပြောခဲ့သနည်း။ သူတို့သည် **မြို့များသည် ခိုင်မာ၍ လူများသည် ကြီးမားသန်မာကြသည်။ သူတို့အား ကျွန်ုပ်တို့တိုက်ခိုက်လျှင် ကျွန်ုပ်တို့အားအနိုင်ယူ၍သတ်ကြလိမ့်မည်** ဟုပြောခဲ့သည်။
14:06 v01p ကာလက်နှင့်ယောရှုသည် ခါနာန်ပြည်သားများနှင့်ပတ်သက်၍ မည်သို့ပြောဆိုခဲ့ကြသနည်း။ သူတို့သည် **လူများသည် သန်မာကြသော်လည်း ငါတို့သည် သူတို့အားအနိုင်ရယူနိုင်သည်။ ဘုရားရှင်သည် ငါတို့နှင့်အတူတိုက်ပွဲဝင်လိမ့်မည်** ဟုပြောခဲ့ကြသည်။
14:07 zi3j လူများသည် သူလျှိုများထံမှတင်ပြချက်အားကြားသိပြီးနောက် မည်သည့်အရာအားပြုလုပ်လိုကြသနည်း။ သူတို့သည် အခြားခေါင်းဆောင်တစ်ဦးအား ရွေးချယ်၍ အီဂျစ်ပြည်သို့ပြန်လိုကြသည်။
14:08 ssge ဘုရားရှင်သည် လူများအားသူတို့၏မနာခံမှုအတွက်ပြစ်ဒဏ်ပေးမည်ကို မည်သို့ပြောခဲ့သနည်း။ သူတို့သည် ကာလက်နှင့်ယောရှုမှလွဲ၍ အသက်နှစ်ဆယ်နှင့်အထက်ရှိသည့်လူတိုင်းသည်မသေဆုံးမီအထိ တောထဲ၌လှည့်လည်နေကြလိမ့်မည်။
14:10 ilvt အစ္စရေးလူမျိုးများသည် ခါနာန်ပြည်သားများအားတိုက်ခိုက်သောအခါ အဘယ်ကြောင့်ရှုံးနိမ့်ခဲ့သနည်း။ ဘုရားရှင်သည် အစ္စရေးလူမျိုးများနှင့်အတူစစ်ပွဲအတွင်းသို့ မသွားခဲ့သောကြောင့် သူတို့ရှုံးနိမ့်ခဲ့ရသည်။
14:11 jh9t အစ္စရေးလူမျိုးများသည် တေထဲ၌မည်မျှကြာကြာလှည့်လည်နေခဲ့ကြသနည်း။ သူတို့သည် နှစ်ပေါင်း၄၀ကြာအောင်လှည့်လည်နေခဲ့ကြသည်။
14:11 fcjl ဘုရားရှင်သည် ‌တောထဲ၌အစ္စရေးလူမျိုးများအတွက် မည်သို့ထောက်ပံ့ပေးခဲ့သနည်း။ သူသည် အစ္စရေးလူမျိုးများအား မန်နမုန့်များပေး၍ ငုံးအုပ်များကိုစေလွှတ်ကာ သူတို့၏အဝတ်အစားများနှင့်ဖိနပ်များအားဝတ်ဆင်ခြင်းမှ ကာကွယ်ခဲ့သည်။
14:12 p4al လူများသည် မကျေမနပ်ငြီးတွားကြသောအခါ ဘုရားရှင်မှမည်သို့တုန့်ပြန်ခဲ့သနည်း။ ဘုရားရှင်သည် အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်ထံပေးခဲ့သောသူ၏ကတိများအား ယုံကြည်နေဆဲဖြစ်သည်။
14:13 n8n2 ကိုယ်တော်မောရှေမှ ကျောက်တုံးအားရိုက်လိုက်သောအခါ ဘုရားရှင်သည်အဘယ်ကြောင့်အမျက်တော်ထွက်ခဲ့သနည်း။ ကိုယ်တော်မောရှေသည် ဘုရားရှင်မှာကြားသည့်အတိုင်းကျောက်တုံးအားမပြောဆိုခြင်းဖြင့် ဘုရားရှင်အားမရိုမသေပြုခဲ့သောကြောင့် ဘုရားရှင်သည်အမျက်ဒေါသထွက်ခဲ့သည်။
14:13 bl4p ဘုရားရှင်သည် ကိုယ်တော်မောရှေအား သူ၏မနာခံမှုအတွက်မည်သို့ပြစ်ဒဏ်ပေးခဲ့သနည်း။ ဘုရားရှင်မှ ကိုယ်တော်မောရှေသည် ကတိပြုထားသည့်နယ်မြေသို့ဝင်ရောက်လိမ့်မည်မဟုတ်ဟု ပြောခဲ့သည်။
14:14 a5ih အနာဂတ်တစ်နေ့၌ ဘုရားရှင်သည် မည်သူအားစေလွှတ်မည်ဟုကတိပေးခဲ့သနည်း။ သူသည် ကိုယ်တော်မောရှေကဲ့သို့အခြားရှေ့ဖြစ်ဟောပညာရှင်တစ်ဦးအားစေလွှတ်လိမ့်မည်။
14:15 qrvj ကိုယ်တော်မောရှေသေဆုံးပြီးနောက် အစ္စရေးလူမျိုးများအားမည်သူဦးဆောင်ခဲ့သနည်း။ ယောရှုသည် အစ္စရေးလူမျိုးများအားဦးဆောင်ခဲ့ပါသည်။
14:15 bmif ယောရှုသည် မည်ကဲ့သို့သောခေါင်းဆောင်ဖြစ်သနည်း။ သူသည် ဘုရားရှင်အားယုံကြည်၍နာခဲသောကြောင့် ကောင်းမွန်သောခေါင်းဆောင်တစ်ဦးဖြစ်သည်။
15:01 amtx ကတိပြုထားသည့်နယ်မြေသို့ဝင်ရောက်ရန်အချိန်ရောက်လာသောအခါ ယောရှုသည် မည်သည့်အရာအားစတင်လုပ်ဆောင်ခဲ့သနည်း။ သူသည် ယေရိခေါ်မြို့သို့ သူလျှိုနှစ်ဦးစေလွှတ်ခဲ့သည်။
15:01 xn7a သူလျှိုများသည် ပြည့်တန်ဆာမရာခပ်အား မည်သည့်ကတိပေးခဲ့သနည်း။ သူတို့သည် အစ္စရေးလူမျိုးများမှမြို့ကိုဖျတ်ဆီးချိန်၌ ရာခပ်နှင့်သူမ၏မိသားစုအားကာကွယ်ပေးမည်ဟု ကတိပေးခဲ့သည်။
15:02 w7ry အစ္စရေးလူမျိုးများသည် ယောဒန်မြစ်အား မည်ကဲ့သို့ဖြတ်ကူးနိုင်ခဲ့ကြသနည်း။ သင်းအုပ်များသည် ယောဒန်မြစ်အတွင်းစတင်ခြေချသည်နှင့် ရေများသည် စီးဆင်းခြင်းမရှိတော့ဘဲရပ်တန့်ခဲ့သည်။
15:03 n52o အစ္စရေးလူမျိုးများသည် ယေရိခေါ်မြို့အားမည်သို့တိုက်ခိုက်ခဲ့သနည်း။ အစ္စရေးလူမျိုးများသည် မြို့ပတ်ပတ်လည်အား ခြောက်ရက်ကြာ တစ်နေ့လျှင်တစ်ကြိမ်ချီတက်ခဲ့ကြသည်။
15:04 tr1f အစ္စရေးလူမျိုးများသည် ခုနှစ်ရက်မြောက်နေ့၌ယေရိခေါ်မြို့အား မည်သို့ပြုလုပ်ခဲ့သနည်း။ ခုနှစ်ရက်မြောက်နေ့တွင် အစ္စရေးလူမျိုးများသည် မြို့ပတ်ပတ်လည်အားခုနှစ်ကြိမ်ပို၍ချီတက်ခဲ့ကြသည်။ သူတို့သည် မြို့ပတ်ပတ်လည်အားနောက်ဆုံးအကြိမ်ချီတက်ပြီးနောက် စစ်သည်များသည်အော်ဟစ်၍ သင်းအုပ်များသည်တံပိုးများမှုတ်ခတ်ခဲ့ကြသည်။
15:05 ekyh စစ်သည်များမှအော်ဟစ်၍ သင်းအုပ်များမှတံပိုးများမှုတ်ခတ်သောအခါ မည်သည့်အရာဖြစ်ပျက်ခဲ့သနည်း။ ယေရိခေါ်မြို့၏နံရံများသည် ပြိုကျခဲ့သောကြောင့် အစ္စရေးလူမျိုးများသည် မြို့ထဲရှိအရာအားလုံးအားဖျတ်ဆီးနိုင်ခဲ့သည်။
15:05 f58i ရာခပ်နှင့်သူမ၏မိသားစုတွင် မည်သည့်အရာဖြစ်ပျက်ခဲ့သနည်း။ သူတို့သည် အသတ်မခံရဘဲ အစ္စရေးလူမျိုးများ၏အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့သည်။
15:06 hrfi ဂိဗောင်မြို့သားများသည် အစ္စရေးလူမျိုးများအား ငြိမ်းချမ်းရေးစာချုပ်ပြုလုပ်ခြင်းဖြင့် မည်သို့လှည့်စားခဲ့သနည်း။ သူတို့သည် ခါနာန်ပြည်မှဝေးကွာသောအရပ်မှလာခဲ့သည်ဟု ပြောခဲ့သည်။
15:06 khrf ယောရှုနှင့်အစ္စရေးလူမျိုးများသည် ဂိဗောင်မြို့သားများလိမ်ညာနေသည်ကို အဘယ်ကြောင့်မသိခဲ့ကြသနည်း။ သူတို့သည် ဘုရားရှင်အားမတောင်းဆိုခဲ့သောကြောင့်ဖြစ်သည်။
15:07 g7e9 အစ္စရေးလူမျိုးများသည် အဘယ်ကြောင့်ငြိမ်းချမ်းရေးစာချုပ်အားထိန်းသိမ်း၍ ဂိဗောင်မြို့သားများအားခုခံခဲ့ကြသနည်း။ အစ္စရေးလူမျိုးများသည် ဘုရားရှင်ရှေ့မှောက်၌ကတိကဝတ်ပြုခဲ့သောကြောင့် သူတို့သည် ဂိဗောင်မြို့သားများအားမသတ်ခဲ့ကြပါ။
15:09 woq5 ဘုရားရှင်သည် အစ္စရေးလူမျိုးများအတွက် အာမောရိအမျိုးများအား အခြားမည်သို့တိုက်ခိုက်ခဲ့သနည်း။ သူသည် အာမောရိအမျိုးများအားငြင်းဆို၍ ကြီးမားသောမိုးသီးမုန်တိုင်းများကို သူတို့အပေါ်သို့ကျစေခဲ့သည်။
15:10 lhxd ဘုရားရှင်သည် အစ္စရေးလူမျိုးများအတွက် အာမောရိအမျိုးများအား အခြားမည်သို့တိုက်ခိုက်ခဲ့သနည်း။ သူသည် အာမောရိအမျိုးများအား အစ္စရေးလူမျိုးများလုံးဝအနိုင်ရရှိဖို့ လုံလောက်သောအချိန်ရရှိစေရန် နေအားတစ်နေရာတည်း၌နေစေခဲ့သည်။
15:11 xesq ယောရှုနှင့်အစ္စရေးလူမျိုးများသည် သူတို့အားတိုက်ခိုက်သော အခြားခါနာန်ပြည်သားများအား မည်သို့ပြုလုပ်ခဲ့သနည်း။ ယောရှုနှင့်အစ္စရေးလူမျိုးများသည် သူတို့အားဖျက်ဆီးခဲ့သည်။
15:12 ih0q အစ္စရေးမျိုးနွယ်စုတစ်စုစီသည် မည်သည့်အရာအားလက်ခံရရှိခဲ့သနည်း။ ဘုရားရှင်သည် အစ္စရေးမျိုးနွယ်စုဆယ့််နှစ်စုအား ကတိထားခဲ့သည့်နယ်မြေအသီးသီးကို ပေးအပ်ခဲ့သည်။
15:13 iqgz ယောရှုသည် အသက်ကြီးသောအခါ အစ္စရေးလူမျိုးများအား အဘယ်ကြောင့်စုစည်းခေါ်ယူခဲ့ကြသနည်း။ သူသည် ဘုရားရှင်ဖန်ဆင်းခဲ့သောပဋိညာဉ်စာချုပ်အားလိုက်နာရမည့် သူတို့တာဝန်များကိုသတိပေးရန် သူတို့အားစုစည်းခေါ်ယူခဲ့သည်။
15:13 x47b အစ္စရေးလူမျိုးများသည် ယောရှုအားမည်သို့ဖြေကြားခဲ့သနည်း။ သူတို့သည် ဘုရားရှင်အားယုံကြည်စွာကျန်ရစ်၍ သူ၏ဥပဒေများအားလိုက်နာရန် ကတိပေးခဲ့သည်။
16:01 v56x အစ္စရေးလူမျိုးများသည် ယောရှုသေဆုံးပြီးနောက်ဘုရားရှင်အား မည်သို့မနာခံခဲ့ကြသနည်း။ သူတို့သည် ခါနာန်ပြည်သားများအားမောင်းထုတ်ခြင်းမပြုဘဲ စစ်မှတ်သောထာဝရဘုရားရှင်အစား ခါနာန်ဘုရားများအားကိုးကွယ်ခဲ့ကြသည်။
16:02 wt3m ဘုရားရှင်သည် အစ္စရေးလူမျိုးများအား သူတို့၏မနာခံမှုအတွက် မည်သို့အပြစ်ဒဏ်ပေးခဲ့သနည်း။ ဘုရားရှင်သည် သူတို့၏ရန်သူများအား ရှုံးနိမ့်စေခဲ့သည်။
16:03 q8at အစ္စရေးလူမျိုးများသည် အကူအညီအတွက်ငိုကြွေးသောအခါ ဘုရားရှင်သည်မည်သို့တုန့်ပြန်ခဲ့သနည်း။ ဘုရားရှင်သည် သူတို့အားကယ်ဆယ်ရန်နှင့် တိုင်းပြည်ငြိမ်းချမ်းခြင်းကိုယူဆောင်လာသည့် ကယ်ဆယ်သူအားစေလွှတ်ခဲ့သည်။
16:05 z5ew ဂိဒေါင်ထံသို့ ထာဝရဘုရားရှင်၏နတ်စေတမန်လာရောက်သောအခါ ဂိဒေါင်သည် မည်သည့်အရာအားပြုလုပ်နေခဲ့သနည်း။ ဂိဒေါင်သည် မိဒျန်လူများခိုးယူ၍မရနိုင်စေရန် စပါးများကိုလျှို့ဝှက်စွာလှေ့နေခဲ့သည်။
16:09 yj6k ဘုရားရှင်သည် အစ္စရေးလူမျိုးများအား ဂိဒေါင်အားဖြင့်ကယ်တင်လိမ့်မည်ကို မည်သည့်လက္ခဏာနှစ်ခုဖြင့်သက်သေပြခဲ့သနည်း။ ဘုရားရှင်သည် နံနက်ပိုင်းနှင်းအား မြေပြင်ပေါ်သို့မကျစေဘဲ သိုးသားရေပေါ်၌သာကျစေခဲ့သည်။ ထို့နောက် နှင်းအား သိုးသားရေပေါ်သို့မကျဘဲ မြေပြင်ပေါ်သို့သာကျ‌စေခဲ့သည်။
16:10 gicc ဂိဒေါင်သည် စစ်သည်၃၀၀မှလွဲ၍ အားလုံးအားအိမ်သို့စေလွှတ်ခဲ့သနည်း။ ဘုရားရှင်မှ ဂိဒေါင်၌လူများစွာရှိသည်ဟုပြောသောကြောင့် ဂိဒေါင်သည်သူတို့အားအိမ်သို့စေလွှတ်ခဲ့သည်။
16:11 vbwd ဘုရားရှင်သည် ဂိဒေါင်အားမကြောက်ရွံ့နိုင်စေရန် မည်သည့်လက္ခဏာအားထပ်ပေါင်းပေးခဲ့သနည်း။ ဂိဒေါင်သည် မိဒျန်စစ်သည်တစ်ဦးမှ ဂိဒေါင်စစ်တပ်သည် မိဒျန်စစ်တပ်အားရှုံးနိမ့်လိမ့်မည်ဟူ၍ သူ၏အိပ်မက်အားပြောကြားသည်ကို ကြားခဲ့သည်။
16:11 onom ဂိဒေါင်သည် မိဒျန်စစ်သည်များ၏အိပ်မက်အားကြားသိသောအခါ မည်သည့်အရာအားပြုလုပ်ခဲ့သနည်း။ သူသည် ဘုရားရှင်အားကိုးကွယ်ခဲ့သည်။
16:13 cbtk ဂိဒေါင်နှင့်သူ၏လူများသည် မိဒျန်လူများအားမည်သို့တိုက်ခိုက်ခဲ့သနည်း။ သူတို့သည် မိဒျန်လူများ၏စခန်းအားဝန်းရံ၍ သူတို့၏မီးရှူးတိုင်များအားထုတ်ဖော်ရန်သူတို့၏အိုးများအားခွဲပြီး သူတို့၏ဦးချိုများကိုမှုတ်ကာ **ထာဝရဘုရားရှင်နှင့်ဂိဒေါင်အတွက် ဓားတစ်ချောင်း** ဟုအော်ခဲ့ကြသည်။
16:14 uj24 ဘုရားရှင်သည် မိဒျန်လူများရှုံးနိမ့်ရန် ဂိဒေါင်အားမည်သို့ကူညီခဲ့သနည်း။ ဘုရားရှင်သည် မိဒျန်လူများအားအချင်းချင်းတိုက်ခိုက်၍သတ်ကြစေရန် စိတ်အာရုံများစေခဲ့သည်။
16:16 y6w2 ဂိဒေါင်သည် နောက်ပိုင်း၌လူများမှရုပ်တုများကို ပြန်လည်ကိုးကွယ်ရန် မည်သည့်အရာအားလုပ်ဆောင်ခဲ့သနည်း။ သူသည် နောက်ပိုင်းတွင်လူများအားရုပ်တုများကိုစတင်ကိုးကွယ်ရန် အထူးရွှေထည်အားပြုလုပ်ခဲ့သည်။
16:17 zi68 အစ္စရေးလူမျိုးများသည် မည်သည့်အရာအားအကြိမ်များစွာပြုလုပ်ခဲ့ကြသနည်း။ အစ္စရေးလူမျိုးများမှ အပြစ်ကျူးလွန်ကြ၍ ဘုရားရှင်သည် သူတို့အားအပြစ်ဒဏ်ပေးလိမ့်မည်။ သူတို့သည် နောင်တရ၍ ဘုရားရှင်သည် သူတို့အားကယ်တင်ရန် ကယ်နှုတ်ပေးသူအား ပို့ဆောင်လိမ့်မည်။
16:18 rrlv လူများသည် ဘုရားရှင်ထံမှ ရှင်ဘုရင်တစ်ပါးအားအဘယ်ကြောင့်တောင်းခံကြသနည်း။ အခြားသောလူမျိုးအားလုံး၌ရှင်ဘုရင်များရှိကြ၍ အစ္စရေးလူမျိုးများသည် သူတို့အားစစ်ပွဲတွင်ဦးဆောင်ရန်တစ်စုံတစ်ဦးအား လိုချင်ခဲ့ကြသည်။
16:18 qlod ဘုရားရှင်သည် သူတို့၏တောင်းဆိုမှုအား မည်သို့ဖြေကြားခဲ့သနည်း။ဘု ရားရှင်သည် သူတို့တောင်းခံထားသည့်ရှင်ဘုရင်တစ်ပါးအားပေးခဲ့သည်။
17:01 vlq8 အစ္စရေး၏ပထမဆုံးသောရှင်ဘုရင်ရှောလုသည် ကောင်းသောရှင်ဘုရင် သို့မဟုတ် ဆိုးသွမ်းသောရှင်ဘုရင်ဖြစ်ပါသလား။ သူသည် ပထမနှစ်အနည်းငယ်၌ကောင်းမြတ်၍ နောက်ပိုင်းတွင် ဆိုးသွမ်းလာခဲ့သည်။
17:02 qb2q ဒါဝိဒ်သည် ရှင်ဘုရင်မဖြစ်ခင်၌ သူ၏အလုပ်အကိုင်မှာ မည်သည်နည်း။ သူသည် သိုးများကိုစောင့်ရှောက်ရသော သိုးထိန်းတစ်ဦးဖြစ်သည်။
17:03 lslm ဒါဝိဒ်မှ ဂေါလျက်အားသတ်နိုင်ခြင်းသည် အဘယ်ကြောင့်အလွန်အံ့အားသင့်ဖွယ်ကောင်းခဲ့သနည်း။ ဂေါလျက်သည် တိုက်ပွဲတန်ဆာများဝတ်ဆင်ကာလေ့ကျင့်ထားသည့် အလွန်သန်မာ၍အလွန်အရပ်ရှည်သောစစ်သည်ဖြစ်သည်။ ဒါဝိဒ်သည် လောက်လေးမှလွဲ၍မည်သည့်လက်နက်မျှမရှိသည့် သိုးကျောင်းသားတစ်ဦးဖြစ်သည်။
17:03 knn4 အစ္စရေးလူများသည် အဘယ်ကြောင့်ဒါဝိဒ်အားချီးမွမ်းခဲ့သနည်း။ သူသည် အစ္စရေးလူမျိုးများ၏ရန်သူများအပေါ် အောင်မြင်မှုများစွာရရှိခဲ့သောကြောင့်ဖြစ်သည်။
17:04 zv3t ဒါဝိဒ်သည် ဂူထဲ၌ရှောလုအားသတ်ရန်အခွင့်အရေးရရှိသောအခါ မည်သည့်အရာအားပြုလုပ်ခဲ့သနည်း။ သူသည် ရှောလုအားနှမြော၍ သူ၏အဝတ်အပိုင်းတစ်ခုကိုသာဖြတ်တောက်ခဲ့သည်။
17:05 wwtb ဒါဝိဒ်သည် မည်သည့်မြို့အားအနိုင်ယူခဲ့၍ သူ၏မြို့တော်အဖြစ်တည်ဆောက်ခဲ့သနည်း။ ရေရုရှလင်မြို့အား သူ၏မြို့တော်အဖြစ်တည်ဆောက်ခဲ့ပါသည်။
17:06 a3dx ဒါဝိဒ်သည် ဘုရားရှင်အတွက် မည်သည့်အရာအား တည်ဆောက်ချင်ခဲ့သနည်း။ ဒါဝိဒ်သည် အစ္စရေးလူမျိုးများအား ဘုရားရှင်ထံသို့ ယစ်ပူဇော်ခြင်းနှင့် ရှိခိုးနိုင်သော ဗိမာန်တော်တစ်ခုအား တည်ဆောက်ရန် ဆန္ဒရှိခဲ့သည်။
17:07 yenf ဘုရားရှင်သည် ဒါဝိဒ်အား ဗိတ်မာန်တော်တစ်ခု ဆောက်လုပ်ရန် အဘယ်ကြောင့် ခွင့်မပြုခဲ့သနည်း။ ဒါဝိဒ်သည် အလွန်များပြားသော စစ်ပွဲများထဲတွင် တိုက်ခိုက်ခဲ့သောကြောင့် ထိုအရာအား တည်ဆောက်လိမ့်မည်မဟုတ်ပေ။
17:07 t6m4 ဘုရားရှင်သည် ဗိမာန်တော်ကို ဆောက်လုပ်ရန် မိန့်တော်မူခဲ့သော သူမှာ မည်သူဖြစ်သနည်း။ ထိုအရာအား ဒါဝိဒ်၏ သားတော် ဆောက်လုပ်လိမ့်မည်။
17:07 oftx ဘုရားရှင်သည် ဒါဝိဒ်အား ပေးခဲ့သော မြင့်မြတ်သည့် ကတိတော်သည် မည်သည့်အရာ ဖြစ်သနည်း။ ဘုရားရှင်သည် ဒါဝိဒ်၏ မျိုးဆက်ဖြစ်သောသူ အား ဘုရားရှင်၏ လူမျိုးများအပေါ်တွင် ဘုရင်အဖြစ် ထာဝရ အုပ်ချုပ်လိမ့်မည်ကို ကတိတော်ထားခဲ့သည်။
17:07 atf9 မေရှိယ ကိုယ်တော် လုပ်ဆောင်လိမ့်မည့် မြင့်မြတ်သော အမှုတော်သည် မည်သည့်အရာဖြစ်သနာည်း။ သူသည် ကမ္ဘာပေါ်ရှိ လူသားများအား သူတို့၏ အပြစ်များမှ ကယ်တင်လိမ့်မည်။
17:11 udek ဒါဝိဒ်သည် သူ၏ ဘဝ နောက်ပိုင်းတွင် ကျုးလွန်ခဲ့သော ဆိုးရွားသည့် အပြစ်ဒဏ်သည် မည်သည့်အရာ ဖြစ်သနည်း။ သူသည် ဗောရှေဘ နှင့်အတူ အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ပြီး သူ၏ ယောကျာ်းအား သတ်ပစ်ခဲ့သည်။
17:12 zmem ဒါဝိဒ်သည် သူ ကျူးလွန်ခဲ့သော အပြစ်အား ပြည်သူများ မသိရှိအောင် ပြုလုပ်ခဲ့သည်မှာ မည်သည့်အရာ ဖြစ်သနည်း။ သူသည် စစ်ပွဲအတွင်း၌ အသတ်ခံရလိမ့်မည့် သူ၏ အထွေထွေ ဥရိယ နေရာတွင် ရှိနေခဲ့သည်။
17:13 v512 ဒါဝိဒ်သည် သူ၏ အပြစ်နှင့်ပက်သက်၍ နာသန်နှင့် ထိပ်တိုက်ရင်ဆိုင်ရသောအချိန်၌ မည်သည့်အရာအား ပြုလုပ်ခဲ့သနည်း။ ဒါဝိဒ်သည် သူ၏ အပြစ်အား နောင်တရခဲ့ပြီး ဘုရားရှင်၏ ခွင့်လွှတ်ခြင်းအား လက်ခံရရှိခဲ့သည်။
17:14 j450 ဘုရားရှင်သည် ဒါဝိဒ်အား သူ၏ အပြစ်များအတွက် မည်ကဲ့သို့ အပြစ် ဒဏ်ပေးခဲ့သနည်း။ "ဒါဝိဒ်သည် သူ၏ ကလေးငယ်သေဆုံးခဲ့ပြီး သူ၏ မိသားစုထဲတွင် တိုက်ခိုက်နေသောကြောင့် ဒါဝိဒ်၏ ဘုန်းတန်ခိုးတော်သည် သိသိသာသာာ အားနည်းလာခဲ့သည်။ "
17:14 ehd5 ဘုရားရှင်သည် ဒါဝိဒ်၏ သစ္စာမဲ့ခြင်းခံရသော်ငြားလည်း ဒါဝိဒ်အား ပေးထားခဲ့သော သူ၏ ကတိတော်အား ယခုအထိ ထိန်းသိမ်းထားခဲ့ပါသလား။ ဟုတ်ပါတယ် ၊သူသည် ထိုအရာအား ထိန်းသိမ်းထားတော်မူတုန်းပင် ဖြစ်သည်။
17:14 pbn7 ဒါဝိဒ် နှင့် ဗောသရှေဘတို့ထံမှ ဖွားမြင်သော သူတို့၏သားတော်အမည်မှာ အဘယ်နည်း။ သူ၏ အမည်မှာ ရှော်လမုန် ဖြစ်သည်။
18:01 cb28 ရှော်လမုန်သည် ဘုရားရှင်အား သူ့အတွက် မည်သည့်အရာအား ပြုလုပ်ပေးရန် တောင်းဆိုခဲ့သနည်း။ သူသည် ဘုရားရှင်အား သူ့ကို အလွန် ပညာရှိစေရန် တောင်းဆိုခဲ့သည်။
18:02 rd6o ရှောလမုန်သည် ဗိမာန်တော်အား မည်သည့် ရည်ရွယ်ချက်နှင့် တည်ဆောက်ခဲ့သနည်း။ ဤအရာသည် ဘုရားရှင်အား ယစ်ပူဇော်ခြင်း နှင့် ရှိခိုးရန် လူအများအတွက် နေရာတစ်ခု ဖြစ်သည်။
18:03 b7v8 ရှောလမုန် ကျူးလွန်ခဲ့သော ကြီးမားသော အပြစ်များမှာ မည်သည့်အရာ ဖြစ်သနည်း။ သူသည် တိုင်းတစ်ပါးသူ အမျိုးသမီးများအား လက်ထပ်ခဲ့ပြီး သူ၏ အသက်ကြီးလာချိန်၌ ထိုသူတို့၏ ဘုရားများအား ကိုးကွယ်ခဲ့သည်။
18:04 pj8a " ဘုရားရှင်သည် ရှောလမုန်၏ အပြစ်များအား မည်ကဲ့သို့ အပြစ်ပေးတော်မူခဲ့သနည်း။" ဘုရားရှင်သည် ရှော်လမုန် ကွယ်လွန်ပြီးနောက် အစ္စရေးနိုင်ငံတော်အား နှစ်ပိုင်း ပိုင်းခြားလိမ့်မည်ဟု မိန့်တော်မူခဲ့လေသည်။
18:06 w4hc ရောဗောင်သည် လူအများအား မည်သို့သော ရှုးမိုက်သည့် ဖြေကြားချက်အား ပေးခဲ့သနည်း။ ရှောလမုန် ၊ ငါသည် သင့်အား အလုပ်ကြမ်း နှင့် သင့်ကို သင့်ဖခင်ထက်ပိုပြီး အပြစ်ဒဏ်ပေးမည်။
18:07 ek3p ရောဗောင်နှင့်အတူ ကျန်ရှိခဲ့သော တောင်ပိုင်း မျိုးနွယ်စု နှစ်မျိုးအားဖြင့် တည်ထောင်ခဲ့သော နိုင်ငံတော်၏ အမည်မှာ အဘယ်နည်း။ ထိုနိုင်ငံတော်အား ယုဒ၏ နိုင်ငံတော်ဟု ခေါ်တွင်စေခဲ့သည်။
18:08 jwv9 မြောက်ပိုင်းနိုင်ငံတော် ဖြစ်ပေါ်လာခဲ့ပြီး ရောဗောင်အား ဆန့်ကျင်ပုန်ကန်ခဲ့သော မျိုးနွယ်စု မည်မျှရှိသနည်း။ မျိူးနွယ်စု ဆယ်စုသည် အစ္စရေးနိုင်ငံတော်အား ဝင်ရောက်လာခဲ့ကြသည်။
18:09 o7d3 ယေရောဗောင်သည် ဗိမာန်တော်၌ ဝတ်ပြုကိုးကွယ်ရန်အတွက် သူ၏ လူမျိုးများအား ယုဒပြည်သို့မသွားစေရန် မည်သို့သောအရာအား ပြုလုပ်ခဲ့သနည်း။ သူသည် သူ၏ လူမျိုးများ ဝတ်ပြုကိုးကွယ်ရန် အတွက် အစ္စရေးနိုင်ငံတော်တွင် ရုပ်တု နှစ်ခုအား နေရာချထားပြီး တည်ဆောက်ခဲ့သည်။
18:11 p50h ဘုရားရှင်ထံတွင် သစ္စာရှိခဲ့သော အစ္စရေး၏ ဘုရင်သည် မည်မျှရှိသနည်း။ မည်သူမျှသစ္စာမရှိခဲ့ပေ။၊
18:12 w5mm ရုပ်တုများ ကိုးကွယ်ခြင်း၌ မကြာခဏ ပါဝင်လေ့ရှိသည့် အချို့ မကောင်းသော အလေ့အကျင့်မှာ မည်သည့်အရာများ ဖြစ်သနည်း။ ထိုသူတို့သည် ကလေးအား ယစ်ပူဇော်ခြင်းနှင့် လိင်အကျင့်ပျက်မှု အစိတ်အပိုင်းများ ပါရှိခဲ့သည်။
18:13 kobj ယုဒ ဘုရင်များ၏ ဘိုးဘေးသည် မည်သူဖြစ်သနည်း။ ဘုရင်ဒါဝိဒ်သည် ထိုသူတို့၏ ဘိုးဘေးပင် ဖြစ်သည်။
18:13 gobw ယုဒ၏ မည်သည့်ဘုရင်သည် ဘုရားရှင်အား သစ္စာရှိခဲ့သနည်း။ ဟုတ်ပါတယ်၊ အချို့သည် သစ္စာရှိခဲ့ပြီး အများစုမှာ မကောင်းခဲ့ပေ။
19:01 p7k5 ရှေးဖြစ်ဟောဆရာတော်များသည် လူအများအား ပြောကြားခဲ့သော သတင်းစကားများအား မည်သည့်နေရာတွင် ရရှိခဲ့သနည်း။ ထိုသူတို့သည် ဘုရားရှင်ထံမှ ကြားသိခဲ့ခြင်း ဖြစ်သည်။
19:02 nftj ဧလိယသည် ဘုရားရှင်မှာ လူအများအား အပြစ်ပေးတော့မည် ဖြစ်ကြောင်းကို ပြောဆိုခဲ့သည်မှာ အဘယ်နည်း။ ဧလိယသည် နောက်တဖန် မိုးရွာလိမ့်မည်ဟု မပြောဆိုခင်အချိန်အထိ အစ္စရေးနိုင်ငံတော်၌ ဘုရားရှင်သည် မိုး နှင့် နှင်းရည်အား တားဆီးလိမ့်မည်ဖြစ်ကြောင်းကို ပြောဆိုခဲ့သည်။
19:03 xxro ဘုရားရှင်သည် ဧလိယ ပုန်းခိုသောနေရာဖြစ်သည့် တောကန္တာရထဲ၌ သူ့အတွက် မည်ကဲ့သို့ ထောက်ပံပေးခဲ့သနည်း။ နေ့စဥ် မနက်ခင်း နှင့် ညနေခင်း တွင် ဘုရားရှင်သည် သူ့အတွက် ပေါင်မုန့် နှင့် အသားအား ငှက်နှင့်အတူ ပို့ဆောင်ခဲ့သည်။
19:04 lkzy ဘုရားရှင်သည် ဧလိယအား မုဆိုးမ နှင့် သူမ၏ သားနှင့်အတူ နေထိုင်သောအခါတွင် ဧလိယအား မည်ကဲ့သို့ ထောက်ပံပေးခဲ့သနည်း။ ဘုရားရှင်သည် ထိုသူတို့အား မည်သို့သောအခါမှ ကုန်ဆုံးခြင်း မရှိသော ဆီပုလင်း နှင့် ဂျုံမုံအိုးအား ဖန်းဆင်းပေးခဲ့သည်။
19:05 gco3 ဧလိယသည် အာဟပ် ကျူးလွန်ထားရှိခဲ့သည်ကို ပြောခဲ့သော ကြီးမားသည့် မကာင်းမှုသည် မည်သို့သော အရာ ဖြစ်သနည်း။ အာဟပ်သည် ဗာလအား ကိုးကွယ်ခြင်းဖြင့် စစ်မှန်သော ဘုရားရှင် ယေဟောဝါ ထာဝရဘုရားအား စွန့်ပယ်ခဲ့သည်။
19:06 b0qm ဧလိယသည် လူအများအား ထိုသူတို့ လုပ်ဆောင်ရမည်ဟု ပြောဆိုသော ရွေးချယ်မှုသည် မည်သို့သော အရာ ဖြစ်သနည်း။ သူသည် ထိုသူတို့အား ယေဟောဝါသည် ဘုရားရှင်သည်သာ ဖြစ်လျှင် ဘုရားရှင်အား သင်တို့ အစေခံသင့်သော်လည်း ဗောလသည် ဘုရားရှင်ဖြစ်ခဲ့လျှင် ထိုသူတို့သည် သူ့အား အစေခံသင့်သည်ဟု ပြောကြားခဲ့သည်။
19:11 d5tq ဘုရားရှင်သည် သူသည်သာ စစ်မှန်သော ဘုရားရှင်ဖြစ်ကြောင်းကို မည်ကဲ့သို့ ပြသတော်မူခဲ့သနည်း။ "ဘုရားရှင်သည် အသား၊ သစ်သား၊ ကျောက်တုံးများ၊ အညစ်အကြေးနှင့် ယစ်ပုလ္လင်ပတ်ပတ်လည်တွင် ရေများအား လောင်ကျွမ်းစေပြီး ကောင်းကင်မှ မီးများ စေလွှတ်ခဲ့သည်။ "
19:11 bfuu လူအများသည် ဤ တန်ခိုးတော်စွမ်းအားပြသခြင်းအား မြင်တွေ့ခဲ့သောအခါတွင် သူတို့သည် မည်ကဲ့သို့ တုံ့ပြန်ခဲ့သနည်း။ သူတို့သည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပြီးယေဟောဝါဟာ ဘုရားရှင်ဖြစ်တယ် ယေဟောဝါဟာ ဘုရားရှင် ဖြစ်တယ် ဟူ၍ ပြောဆိုခဲ့ကြသည်။
19:12 ehmj ဗောလ၏ ရှေးဖြစ်ဟော ဆရာတော်များသည် မည်သို့ ဖြစ်သွားခဲ့သနည်း။ လူအများသည် ထိုသူတို့အား သတ်၍ အဝေးသို့ ယူဆောင်သွားခဲ့သည်။
19:14 o39c ဧလိရှဲသည် နေမန်၏ အရေပြား ရောဂါအား ကုသရန် မည်သို့လုပ်ဆောင်ရမည်ဖြစ်ကြောင်းကို ပြောဆိုခဲ့သော အရာသည် အဘယ်နည်း။ သူသည် နေမန်အား ဂျော်ဒန်မြစ်ထဲ၌ ခုနှစ်ကြိမ်တိတိ သူ့ကိုယ်သူ နှစ်စေရန် ပြောဆိုခဲ့သည်။
19:15 l2sb နေမန်သည် ဧလိရှဲ၏ ညွှန်းကြားချက်များအား ကြားသိပြီးနောက် မည်သည့်အရာအား လုပ်ဆောင်ခဲ့သနည်း။ ပထမဦးစွာ သူသည် အလွန်ဒေါသထွက်ခဲ့ပြီး ထိုအရာမှာ အလွန်ရူးမိုက်သည်ဟု ထင်ခဲ့သောကြောင့် လုပ်ဆောင်မှု မရှိခဲ့သော်လည်း နောက်ပိုင်းတွင် သူ၏ စိတ်အား ပြောင်းလဲခဲ့ပြီး ထိုအရာအား လုပ်ဆောင်ပြီးချိန်တွင် ပြီးပြည့်စုံသော ကုသမှု ဖြစ်ခဲ့သည်။
19:16 bu4t လူအများအား လုပ်ဆောင်ရန် ရှေးဖြစ်ဟော ဆရာတော်များ ပြောကြားခဲ့သည်မှာ မည်သည့်အရာ ဖြစ်သနည်း။ သူတို့သည် ရုပ်တုများ ကိုးကွယ်ခြင်းကို ရပ်တန့်ရန် နှင့် အခြားသူများအပေါ် တရားမျှတမှု နှင့် သနားကြင်နာမှုကို ပြသရန် နှင့် ထိုကဲ့သို့ မလုပ်ဆောင်လျှင် ဘုရားရှင်သည် ထိုသူတို့အား အပြစ်ပေးလိမ့်မည်ဖြစ်ကြောင်းကို ပြောကြားခဲ့သည်။
19:17 tjs3 သာမန်အားဖြင့် လူအများသည် ရှေးဖြစ်ဟော ဆရာတော်များအား မည်ကဲ့သို့ ဆက်ဆံခဲ့ကြသနည်း။ လူအများသည် ရှေးဖြစ်ဟော ဆရာတော်များအား ညင်းပန်းနှိပ်စက်ပြီး တစ်ခါတရံတွင် ထိုသူများကိုပင် သတ်ပစ်ခဲ့ကြသည်။
19:17 wykc လူအများသည် ရှေးဖြစ်ဟော ဆရာတော် ယေရမိအား မည်ကဲ့သို့ ညင်းပန်းနှိပ်စက်ခဲ့ကြသနည်း။ လူတို့သည် ယေရမိအား ခြောက်ခမ်းနေသော ရေတွင်းထဲ၌ ပစ်ချထားခဲ့ပြီး ထိုနေရာတွင် သေစေရန် သူ့အား ထားပစ်ခဲ့ကြသည်။
19:17 zo29 ယေရမိသည် ရေတွင်းထဲ၌ သေဆုံခဲ့ပါသလား။ မဟုတ်ပေ၊ ဘုရင်သည် သူ့အပေါ်၌ သနားကြင်နာမှုရှိခဲ့ပြီး သူ၏ အစေခံများကို ယေရမိအား ဆွဲထုတ်စေခဲ့သည်။
19:18 l1p0 ရှေးဖြစ်ဟော ဆရာတော်များသည် လူအများအား ဘုရားရှင်သည် အထူး ပုဂ္ဂိုလ်တစ်ယောက်အား စေလွှတ်လိမ့်မည်ဟု သတိပေးခဲ့သည်၊။ ထိုပုဂ္ဂိုလ်သည် မည်သူဖြစ်သနည်း။မေရှိယကိုယ်တေော်သည် ဘုရားရှင် စေလွှတ်လိမ့်မည့် ပုဂ္ဂိုလ်ပင် ဖြစ်သည်။
20:01 uuox ရှေးဖြစ်ဟော ဆရာတော်များသည် လူအများအား မိန့်ဆိုခဲ့သော သတိပေးချက်မှာ မည်သည့်အရာ ဖြစ်သနည်း။ "သူတို့သည် ဘုရားရှင်အား နောက်တစ်ဖန် ဝတ်ပြုကိုးကွယ်၍ နောင်တရစေ ရန် ထိုသူတို့အား ပြောကြားခဲ့သည်။ "
20:01 z20w လူအများသည် ရှေးဖြစ်ဟော ပညာရှိများထံမှ မိန့်ကြားသည့် သတင်းစကားများအား မည်ကဲ့သို့ တုံ့ပြန်ခဲ့သနည်း။ လူအများသည် နာခံရန် ငြင်းပယ်ခဲ့သည်။
20:02 ow51 အစ္စရေးနိုင်ငံတော်အား ဖျက်ဆီးခဲ့သော ရန်သူများမှာ မည်သူများ ဖြစ်သနည်း။ အာရှုရိများသည် အစ္စရေးနိုင်ငံတော်အား ဖျက်ဆီးခဲ့သည်။
20:04 pcu1 ရှမာရိလူမျိုးများမှာ မည်သူများ ဖြစ်သနည်း။ "ရှမာရိလူမျိုးများသည် အာရှုရိပြည်သို့ ခေါ်ဆောင်လာခဲ့သော တိုင်းတစ်ပါးသားလူမျိုးများနှင့် အိမ်ထောက်ကျခဲ့သော ဣသရေလ လူမျိုးများ၏ မျိုးဆက်များ ဖြစ်ကြသည်။ "
20:05 febe " ဘုရားရှင်သည် ဣသရလ နိုင်ငံတော်အား မည်ကဲ့သို့ အပြစ်ပေးခဲ့သည်ကို လူအများ မြင်တွေ့ခဲ့သောအခါ ယုဒပြည်၏ လူမျိုးများသည် ဘုရားရှင်အား နာခံခဲ့ပါသလား။" မဟုတ်ပေ၊ ထိုသူတို့သည် ရုတုများအား ဆက်လက်၍ ကိုးကွယ်ခဲ့ကြသည်။
20:06 dcc9 ကျွန်ပြုရန် သဘောတူသော ယုဒ၏ ဘုရင်မှာ မည်သူဖြစ်သနည်း။ သူသည် ဘာဘီလုံ၏ ဘုရင် နေဗုခဒ်နေဇာအား ကျွန်ပြုရန် သဘောတူခဲ့သည်။
20:08 m5jn ယုဒဘုရင် ပုန်ကန်သောအခါတွင် နေဗုခဒ်နေဇာ၏ ရဲမက်များသည် သူ့အား မည်ကဲ့သို့ ပြုမှုခဲ့သနည်း။ ထိုသူတို့သည် သူ့အား ဗာဗုလုန်၏အကျဥ်းထောင်တွင် သတ်ရန် ခေါ်ဆောင်သွား၍ သူ၏ မျက်လုံးများအား ကန်းစေခဲ့ပြီး ဘုရင်၏ သားတော်ရှေ့၌ သတ်စေခဲ့သည်။
20:09 zdt6 ကျွန်ုပ်တို့သည် ဘုရားရှင်၏ လူမျိုးများအား ဘုရားရှင် ကတိတော်ထားသော မြေမှ ထွက်ခွာရန် အတင်းအကြပ်စေခိုင်းခံရသောအခါ ထိုအချိန်ကာလအား မည်ကဲ့သို့ ခေါ်ဆိုသနည်း၊ ဤအချိန်ကာလသည် ပြည်ပြေးခြင်း ဖြစ်သည်။
20:10 pt8j ပြည်ပြေးစဥ်အခါတွင် ဘုရားရှင်သည် လူအများအား မည်သည့် ကတိတော်ပေးခဲ့သနည်း။ ဘုရားရှင်သည် နောက်နှစ်ခုနှစ်ဆယ်ကြာပြီးနောက်တွင် သူတို့သည် ကတိတော်ထားခဲ့သော မြေအား နောက်တဖန် ပြန်လာရလိမ့်မည်ဟု ကတိတော်ပေးထားခဲ့သည်။
20:11 vr5a ဗာဗုလုန်လူမျိုးများအား ဖျက်ဆီးခဲ့သော ဘုရင်သည် မည်သူဖြစ်သနည်း။ ပါရှန်လူမျိုးများ၏ ဘုရင် ကုရုသည် ဗာဗုလုန်လူမျိုးများအား ဖျက်ဆီးခဲ့သည်။
20:12 j041 ကုရုဘုရင်သည် ဂျူးလူမျိုးများနှင့် ပက်သက်၍ မည်သည့် အမိန့်များအား ပေးခဲ့သနည်း။ "သူသည် ယုဒပြည်သို့ ပြန်လာချင်သော မည်သည့်ယုဒမဆို ထိုနေရာအား သွားနိုင်သည်ကို မိန့်တော်မူခဲ့သည်။ "
20:13 mfyd ယုဒများသည် ယေရုရှလင်မြို့သို့ ရောက်ရှိသောအခါတွင် ထိုသူတို့သည် မည်သည့်အရာများ ပြုလုပ်ခဲ့သနည်း။ သူတို့သည် မြို့ပတ်ပတ်လည်ရှိ နံရံ နှင့် ဗိမာန်တော်အား ပြန်လည် တည်ဆောက်ခဲ့သည်။
21:01 xsd0 ဘုရားရှင်သည် မေရှိယ ကိုယ်တော်အား စေလွှတ်ရန် ပထမဆုံး မည်သည့်အချိန်အခါ၌ ဆုံးဖြတ်ခဲ့သနည်း။ ဘုရားရှင်သည် ဤသည်ကို ကမ္ဘာကြီးအား ဖန်ဆင်းခဲ့ခြင်းမတိုင်မီ ဆုံးဖြတ်ခဲ့သည်။
21:01 ogy1 မေရှိယ ကိုယ်တော်သည် မာရ်နတ်အား မည်သို့လုပ်ဆောင်လိမ့်မည်နည်း။ မေရှိယ ကိုယ်တော်သည် မာရ်နတ်အား အလုံးစုံ ဖျက်ဆီးလိမ့်မည်။
21:02 jhso ဘုရားရှင်သည် အာဗြဟံမှတဆင့် လူအုပ်စုအားလုံးအား ကောင်းချီးပေးမည်ဖြစ်သော သူ၏ ကတိတော်အား ဖြည့်ဆည်းပေးရန် မည်သူအား စေလွှတ်ခဲ့သနည်း။ သူသည် မေရှိယ ကိုယ်တော်အား ပို့ဆောင်လိမ့်မည်။
21:03 aotx မေရှိယ ကိုယ်တော်သည် မောရှေအား မည်သို့သောအကြောင်းကြောင့် နှစ်သက်တော်မူလိမ့်မည်နည်း။ မေရှိယ ကိုယ်တော်သည် မောရှေကဲ့သို့ ရှေးဖြစ်ဟော ပညာရှိတစ်ပါး ဖြစ်လာပါလိမ့်မည်။
21:04 rplj မေရှိယ ကိုယ်တော်သည် ဘုရင် ဒါဝိဒ်နှင့် မည်ကဲ့သို့ ဆက်နွှယ်ပါလိမ့်မည်နည်း။ မေရှိယ ကိုယ်တော်သည် ဘုရင် ဒါဝိဒ်၏ မျိုးဆက် တစ်ယောက် ဖြစ်လာလိမ့်မည်။
21:07 jyu1 မေရှိယ ကိုယ်တော်သည်မည်ကဲ့သို့ ပြည့်စုံသော သာသနာရေးဆိုင်ရာ မဟာနာယက တစ်ပါး ဖြစ်လာလိမ့်မည်နည်း။ သူသည် လူအများ၏ ကိုယ်စား ဘုရားရှင်ထံသို့ ပြည့်စုံသော ယစ်ပူဇော်ခြင်းအဖြစ် သူ့ကိုယ်သူ ပေးကမ်းလိမ့်မည်။
21:08 f1rt မေရှိယ ကိုယ်တော်သည် မည်ကဲ့သို့ ပြီးပြည့်စုံသော ဘုရင် ဖြစ်လာလိမ့်မည်နည်း။ သူသည် ကမ္ဘာကြီးတစ်လုံးအပေါ်တွင် တရားမျှတစွာ အုပ်ချုပ်၍ ထာဝရအုပ်စိုးမည်ဖြစ်ပြီး မှန်ကန်သော ဆုံးဖြတ်ချက်များအား ချမှတ်လိမ့်မည်။
21:09 pldf ဟေရှာယကျမ်းသည် မေရှိယကိုယ်တော်၏ ဖွားမြင်ခြင်း အကြောင်းနှင့်ပက်သက်၍ ထူးခြားသည့် အကြောင်းအရာအား မည်သို့ ရေးသားဖော်ပြထားသနည်း။ မေရှိယ ကိုယ်တော်သည် အပျိုစင်တစ်ဦးမှ ဖွားမြင်တော်မူပါလိမ့်မည်။
21:12 vg6e ရှေးဖြစ်ဟော ပညာရှိများ၏ ဟောပြောချက်အရ မေရှိယ ကိုယ်တော် သည် မည်ကဲ့သို့ ကွယ်လွန်တော်မူလိမ့်မည်နည်း။ "မေရှိယ ကိုယ်တော်သည် ညင်းပန်းနှိပ်စက်ခံရပြီး ကြီးမားသော ဆင်းရဲဒုက္ခခံရခြင်းဖြင့် သေဆုံးလိမ့်မည်။ "
21:13 qv16 ဘုရားရှင်၏ အလိုတော်များတွင် မေရှိယ ကိုယ်တော်အား အဘယ်ကြောင့် သေဆုံးစေခဲ့သနည်း။ "ဘုရားရှင်သည် ပြီးပြည့်စုံခြင်းရှိသော မေရှိယ ကိုယ်တော်အား လူသားများ၏ အပြစ်များအတွက် သူ့အား အပြစ်ပေးခြင်းသည် ထိုသူတို့နှင့် ဘုရားရှင် ငြိမ်းချမ်းရေး ရယူနိုင်မည်ဖြစ်သောကြောင့် သေဆုံးရလိမ့်မည်။ "
21:14 lqs8 ဘုရားရှင်သည် မေရှိယ ကိုယ်တော်၏ သေဆုံးခြင်း နှင့် ပြန်လည် ထမြောက်ခြင်းမှတဆင့် မည်သို့သောအရာအား လုပ်ဆောင်တော်မူလိမ့်မည်နည်း။ ဘုရားရှင်သည် သူ့အား ဆန့်ကျင်သော အပြစ်ရှိသည့် လူသားများအား ကယ်တင်၍ ထိုသူတို့နှင့် ပဋိညာဥ်အသစ်အား စတင်လိမ့်မည်။
21:15 b1ti မေရှိယ ကိုယ်တော် နှင့် ကမ္ဘာမြေသို့ သူ၏ ကြွလာခြင်း အကြောင်းနှင့်ပက်သက်၍ နောက်ဆုံး ရှေးဖြစ်ဟောပြောချက်အကြား အချိန်မည်မျှ ကြာမြင့်ခဲ့သနည်း။ နှစ်ပေါင်း ၄၀၀ ကျော် ကြာာမြင့်ခဲ့သည်။
22:01 p288 ဘုရားရှင်သည် သူ၏ လူမျိုးများအား မိန့်တော်မူခဲ့စဥ်ကတည်းက နှစ်ပေါင်းမည်မျှကြာရှည်ခဲ့သနည်း။ နှစ်ပေါင်း ၄၀၀ ကြာမြင့်ခဲ့သည်။
22:01 llso ဇာခရိ၏ဇနီး အဲလိဇဘက်တွင် မည်သို့သော ပြဿနာရှိပါသနည်း။ သူမသည် အလွန် အိုမင်းနေပြီး မည်သည့်ကလေးမှ မွေးဖွားနိုင်ခြင်း မရှိတော့ပေ။
22:02 p3nb နတ်စေတမန်သည် ဇာခရိအား သူ၏ သားတော်ကို မည်သို့သော အမည်ပေးရန် မိန့်ကြားခဲ့သနည်း။ သူသည် သူ၏ သားတော်နာမည်အား ယောဟန်ဟု အမည်ပေးခဲ့သည်။
22:02 famu နတ်စေတမာန်သည် ယောဟန်အား သူ၏ ဘဝတွင် မည်သည့်အရာများ လုပ်ဆောင်ရမည်ကို မိန့်တော်မူခဲ့သနည်း။ ယောဟန်သည် မေရှိယ ကိုယ်တော်အားလက်ခံရန် လူအများအား အဆင်သင့် ဖြစ်နေစေလိမ့်မည်။
22:02 fbop ဇာခရိသည် အဲလိဇဘက်တွင် သားတော်တစ်ယောက်ရှိလိမ့်မည်ဟု အဘယ်ကြောင့် မယုံကြည်ခဲ့သနည်း။ ထိုသူတို့သည် ကလေးယူရန် အလွန်အိုမင်းနေပြီ ဖြစ်သည်။
22:03 qzoi ဇာခရိသည် ယုံကြည်မှု မရှိခဲ့သောကြောင့် နတ်စေတမန်သည် သူ့အား မည်ကဲ့သို့ အပြစ်ပေးခဲ့သနည်း။ ဇာခရိသည် ယောဟန် မွေးဖွားမီအချိန်အထိ စကားပြောဆိုနိုင်ခြင်း မရှိပေ။
22:04 enfc နတ်စေမန်သည် အပျိုစင် မာရိအား ကိုယ်ထင်ပြသောအခါ အဲလိဇဘက်သည် ကိုယ်ဝန်မည်မျှ ကြာရှိနေပြီ ဖြစ်သနည်း။ သူမသည် ကိုယ်ဝန် ခြောက်လ ရှိနေခဲ့ပြီ။
22:04 opcd နတ်စေတမန်သည် အပျိုစင် မာရိထံသို့ မည်သည့်အရာများ ဖြစ်လာလိမ့်မည်ဟု မိန့်တော်မူခဲ့ပါသနည်း။ သူမသည် ကိုယ်ဝန်ရလာပြီး သားတော်တစ်ယောက် ဖွားမြင်စေလိမ့်မည်။
22:04 g6i2 နတ်စေတမန်သည် ကိုယ်တော် ယေရှုအား မည်သို့သောသူ ဖြစ်လာလိမ့်မည်ဟု မိန့်တော်မူခဲ့သနည်း။ သူသည် အမြင့်မြတ်ဆုံးသော ဘုရားရှင်၏ သားတော် ဖြစ်လာပါလိမ့်မည်။
22:05 atax ကိုယ်တော် ယေရှု ဖွားမြင်ခြင်းသည် အဘယ်ကြောင့် အံသြဖွယ်စရာကောင်းသနည်း။ မာရိသည် အပျိုစင်တစ်ဦး ဖြစ်သည်။
22:05 nr62 ကိုယ်တော် ယေရှုသည် မည်သူ၏ သားတော်ဖြစ်သနည်း။ ကိုယ်တော် ယေရှုသည် ဘုရားရှင်၏ သားတော်တစ်ပါး ဖြစ်သည်။
22:06 x74p မာရိသည် သူ့ထံမှ နတ်စေတမန် ထွက်ခွာသွားပြီးနောက် မည်သူ့ထံသို့ သွားရောက်လည်ပတ်ခဲ့သနည်း။ သူမသည် အဲလိဇဘက်ထံသို့ လည်ပတ်ရန် သွားခဲ့သည်။
22:07 m8bu ဇာခရိသည် ယောဟန်အကြောင်းနှင့်ပက်သက်၍ မည်သို့ ပြောဆိုခဲ့သနည်း။ "သူသည် ယောဟန်အား အမြင့်မြတ်ဆုံးသော ဘုရားရှင်၏ ရှေးဖြစ်ဟော ပညာရှိတစ်ပါး ဖြစ်လာလိမ့်မည် ဖြစ်ပြီး လူသားများအား ထိုသူတို့၏ အပြစ်များအတွက် ဘုရားရှင်ထံမှ မည်ကဲ့သို့ ခွင့်လွှတ်မှုရရှိလိမ့်မည်ကို မိန့်တော်မူလိမ့်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ "
23:01 x6ua ယောသပ်သည် မည်ကဲ့သို့သော လူစားမျိုး ဖြစ်သနည်း။ သူသည်ဖြောင့်မတ်မှန်ကန်သော ယောကျ်ားတစ်ယောက် ဖြစ်သည်။
23:01 vh60 ယောသပ်သည် မာရိနှင့်အတူ သူမကိုယ်ဝန်ရှိစဥ်ကတည်းက မည်သို့သော အရာအား ပြုလုပ်ရန် စီစဥ်ခဲ့သနည်း။ သူသည် သူမအား တိတ်ဆိတ်စွာ ကွာရှင်းရန် စီစဥ်ခဲ့သည်။
23:02 mwpq ယောသပ်သည် မာရိအား လက်ထပ်ခြင်း နှင့် သူ၏ စိတ်ကို ပြောင်းလဲစေရန် မည်သည့်အရာက ဖြစ်စေခဲ့သနည်း။ နတ်စေတမန်တစ်ပါးသည် သူ၏အိမ်မက်ထဲသို့ ရောက်လာပြီး သူ့အား အပျိုစင် မာရိကို သင်၏ ဇနီးအဖြစ် လက်ခံရန် မကြောက်ရွံပါနှင့် ဟူ၍ မိန့်တော်မူခဲ့သည်။
23:02 zxy6 **ကိုယ်တော် ယေရှု** နာမတော်၏ အဓိပ္ပာယ်သည် အဘယ်နည်း။ ဤသည်မှာ ‘ကယ်တင်ခြင်း ထာဝရဘုရားရှင်’ ကို ဆိုလိုသည်။
23:04 au79 ယောသပ် နှင့် မာရိသည် ဗက်သလင်မြို့သို့ အဘယ်ကြောင့် ခရီးရှည်ထွက်ခဲ့ကြသနည်း။ သူတို့သည် ရောမ အစိုးရသည် လူတိုင်းအား ရေတွက်ရန်အတွက် ထိုသူတို့၏ ဘိုးဘေးများ နေထိုင်ခဲ့သော နေရာသို့ သွားရန် ပြောကြားခဲ့သောကြောင့် ထိုနေရာသို့ သွားခဲ့ရသည်။
23:05 efth ကိုယ်တော် ယေရှုသည် မည်ကဲ့သို့သော အရပ်တွင် ဖွားမြင်တော်မူခဲ့သနည်း။ သူသည် တိရိစ္ဆာန်များ နေထိုင်သော နေရာတစ်ခုတွင် ဖွားမြင်တော်မူခဲ့သည်။
23:06 h8dn သိုးထိန်းများထံသို့ နတ်စေတမန်၏ သတင်းစကားသည် မည်သည့်အရာ ဖြစ်သနည်း။ နတ်စေတမန်သည် ထိုသူတို့အား “မကြောက်ကြပါနဲ့ ဘာလို့လဲဆိုတော့ ငါ့မှာ မင်းအတွက် သတင်းကောင်းအချို့ ရှိတယ်၊ ဆရာတော် မေရှိယ ကိုယ်တော်သည် ဗက်သလင်မြို့တွင် ဖွားမြင်တော်မူခဲ့ပြီ” ဟု မိန့်ဆိုခဲ့သည်။
23:08 dcyz သိုးထိန်းများသည် ကလေးငယ်ကို တွေ့ရှိသောအခါ ထိုသူတို့သည် မည်ကဲ့သို့ သိရှိကြလိမ့်မည်နည်း။ သူသည် စားကျက်ထဲ၌ လဲလျောင်းနေလိမ့်မည်။
23:08 g6vq သိုးထိန်းများသည် ကလေးငယ်အား မြင်တွေ့ခဲ့ပြီးနောက် ထိုသူတို့သည် မည်သည့်အရာအား လုပ်ဆောင်ခဲ့ကြသနည်း။ ထိုသူတို့သည် သူတို့ ကြားသိပြီး မြင်တွေ့ခဲ့သောအရာအတွက် ဘုရားရှင်အား ချီးမွမ်း၍ သူတို့၏ လယ်ကွင်းများသို့ ပြန်လာခဲ့ကြသည်။
23:09 xao2 ကာလကြာမြင့်ပြီးနောက်တွင် အရှေ့ပိုင်းဒေသမှ ပညာရှိ ပုဂ္ဂိုလ်များသည် ယုဒဘုရင်အသစ် ဖွားမြင်တော်မူခဲ့သည်ကို မည်ကဲ့သို့ သိရှိခဲ့ကြသနည်း။ ထိုသူတို့သည် ကောင်းကင်ယံ၌ ထူးခြားသော ကြယ်တစ်ပွင့်အား မြင်တွေ့ခဲ့ကြသည်။
23:10 e72c ပညာရှိ ပုဂ္ဂိုလ်များသည် ကိုယ်တော် ယေရှုအား မြင်တွေ့သောအခါ မည်သည့်အရာအား လုပ်ဆောင်ခဲ့ကြသနည်း။ ထိုသူတို့သည် ကိုယ်တော် ယေရှုအား ဦးညွှတ်၍ ရှိခိုးခဲ့ပြီး သူ့အား တန်ဖိုးကြီး လက်ဆာင်ပဏ္ဏာများ ပေးခဲ့လေသည်။
2022-03-21 04:43:32 +00:00
24:01 zhu1 ယောဟန်သည် အရွယ်ရောက်လာသောအခါ မည်သည့် အရပ်တွင် နေထိုင်ခဲ့သနည်း။ သူသည် တောကန္တာရထဲတွင် နေထိုင်ခဲ့သည်။24:2
2022-03-21 04:41:55 +00:00
24:02 hm0o ဟောဟန်သည် လူအများအား မည်သို့သော သတင်းစကားအား ဟောပြောတော်မူခဲ့ပါသနည်း။ သူသည် ထိုသူတို့အား “နောင်တရကြပါ ဘုရားရှင်၏ နိုင်ငံတော်အတွက် နီးကပ်လာပြီ” ဟု မိန့်တော်မူခဲ့သည်။
24:03 tvub ယောဟန်သည် သူတို့၏ အပြစ်များမှ နောင်တရသော လူအများအား မည်ကဲ့သို့ လုပ်ဆောင်ခဲ့သနည်း။ သူသည် ထိုသူတို့အား ရေနှစ်မင်္ဂလာ ပြုလုပ်ပေးခဲ့သည်။
24:04 dhpc ယောဟန်သည် မည်သို့သော လူအုပ်စုအား အဆိပ်ရှိသော မြွေများကဲ့သို့ နှိုင်းယှဥ်ခဲ့သနည်း။ သူသည် ဤနည်လမ်းအား နောင်တရရန် ငြင်းပယ်ခဲ့သော ဘာသာရေး ခေါင်းဆောင်များစွာအကြောင်းနှင့်ပက်သက်၍ မိန့်ဆိုခဲ့သည်။
24:05 cqem ယုဒများသည် ယောဟန်အား သူသည် မေရှိယကိုယ်တော်ဖြစ်ပါသလားဟု မေးလိုက်သောအခါတွင် ယောဟန်၏ အဖြေသည် အဘယ်နည်း။ သူသည် မောရှိယ ကိုယ်တော် မဟုတ်ကြောင်းကို ပြောကြားခဲ့သည်။
24:06 ml2v ယောဟန်သည် သူထံသို့ ရေနှစ်မင်္ဂလာပြုရန် ကိုယ်တော် ယေရှု ရောက်ရှိလာသည်ကို မြင်တွေ့သောအခါ ကိုယ်တော်ယေရှုအတွက် မည်သည့် ဘွဲ့တော်အား အသုံးပြုခဲ့သနည်း။ သူသည် ကိုယ်တော် ယေရှုအား ကမ္ဘာမြေ၏ အပြစ်အား ယူဆောင်သွားမည့် ဘုရားရှင်၏ သိုးသငယ်ဟု ခေါ်ဆိုခဲ့သည်။
24:07 bes8 " ကိုယ်တော် ယေရှုသည် ယောဟန်မှ သူ့အား ရေနှစ်မင်္ဂလာ မပြုခင် သူ၏ အပြစ်များအား အဘယ်ကြောင့် နောင်တရခြင်း မရှိခဲ့သနည်း။" အဘယ်ကြောင့်ဆိုသော် ကိုယ်တော် ယေရှုသည် မည်သောအခါမျှ အပြစ်ကျူးလွန်ခြင်းမရှိသောကြောင့် နောင်တရန် မလိုအပ်ပေ။
24:07 ehvf ယောဟန်သည် သူ့အား ရေနှစ်မင်္ဂလာ ပြုလုပ်သင့်သည်ဟု ကိုယ်တော် ယေရှုသည် အဘယ်ကြောင့် မိန့်တော်မူခဲ့သနည်း။ ဤသည်မှာ မှန်ကန်သောလုပ်ရပ် ဖြစ်သောကြောင့် ယောဟန်သည် သူ့အား ရေနှစ်မင်္ဂလာပြုလုပ်သင့်ကြောင်း မိန့်တော်မူခဲ့သည်။
24:08 ytmk သူသည် ရေနှစ်မင်္ဂလာပြုလုပ်ပြီးနောက် ကိုယ်တော် ယေရှုထံသို့ မည်သူရောက်လာခဲ့သနည်း။ ဘုရားရှင်၏ ဝိညာဥ်တော်သည် ချိုးငှက်တစ်ကောင် အသွင်ပုံစံဖြင့် ကိုယ်တော် ယေရှုပေါ်တွင် ခိုနား၍ ကိုယ်ထင်ပြတော်မူခဲ့သည်။
24:08 usky ကိုယ်တော် ယေရှု ရေနှစ်မင်္ဂလာခံယူပြီးနောက် ဘုရားရှင်သည် မည်သို့ မိန့်တော်မူခဲ့သနည်း။ သူသည် “သူအာ ငါ၏ သားတော် ဖြစ်တယ် ငါသူအား နှစ်သက်တော်မူပြီး အလွန် ကျေနပ်သဘောကျတော်မူတယ်” ဟု မိန့်တော်မူခဲ့လေသည်။
24:09 mxin ဘုရားရှင်သည် သန့်ရှင်းသော ဝိညာဥ်တော်ဖြင့် ဆင်းသက်အနားယူမည့် ပုဂ္ဂိုလ်သည် မည်သူဖြစ်ကြောင်းကို မိန့်တော်မူခဲ့သနည်း။ ထိုပုဂ္ဂိုလ်သည် ဘုရားရှင်၏ သားတော် ဖြစ်ပါလိမ့်မည်။
24:09 g6p0 ထိုနေရာတွင် ဘုရားရှင်များ မည်မျှရှိပါသနည်း။
25:01 sugb ကိုယ်တော် ယေရှုသည် ရေနှစ်မင်္ဂလာခံယူပြီးနောက် သူသည် မည်သည့် နေရာအား သွားခဲ့သနည်း။ ကိုယ်တော်ယေရှုသည် တောကန္တာရဆီသို့ သွားရောက်ခဲ့သည်။
25:01 c98u ကိုယ်တော် ယေရှုအား တောကန္တာရဆီသို့ မည်သူ ခေါ်ဆောင်သွားခဲ့သနည်း။ သန့်ရှင်းသော ဝိညာဥ်တော်သည် သူ့အား ခေါ်ဆောင်သွားခဲ့သည်။
25:01 cdlj ကိုယ်တော် ယေရှုသည် တောကန္တာရထဲ၌ မည်သည့်အရာအား လုပ်ဆောင်ခဲ့သနည်း။ သူသည် ထိုနေရာတွင် နေ့ပေါင်း လေးဆယ် နှင့် ညပေါင်း လေးဆယ် အတွက် ရ အစာရှောင်ခဲ့သည်။
25:02 ri16 မာရ်နတ်သည် ကျောက်တုံးများ နှင့်အတူ ကိုယ်တော် ယေရှုအား သွေးဆောင်ခဲ့သည်မှာ အဘယ်နည်း။ သူသည် ကိုယ်တော် ယေရှုအား ကျောက်တုံးကို ပေါင်မုန့်အဖြစ် ပြောင်းလဲ၍ စားသုံးနိုင်သည်ဟု ပြောဆိုခဲ့သည်။
25:03 sq1g ကိုယ်တော် ယေရှုသည် လူသးများအား ပေါင်မုန့်မျှလောက်ပင် လိုအပ်ကြောင်း မိန့်တော်မူခဲ့သည်မှာ အဘယ်နည်း။ " လူသားများသည် ဘုရားရှင် မိန့်တော်မူသော အရာအားလုံးအား လိုအပ်သည်။"
25:04 vvt1 မာရ်နတ်သည် ကိုယ်တော် ယေရှုအား နောက်ထပ် သွေးဆောင်ခဲ့သည်မှာ အဘယ်နည်း။ သူသည် ကိုယ်တော် ယေရှုအား ဗိမာန်တော်ပေါ်မှ ခုန်ဆင်းရန် ပြောဆိုခဲ့သည်။
25:04 hfnk မာရ်နတ် ပြောကြားခဲ့သည့်အရာများကို ကိုယ်တော် ယေရှုအား ကာကွယ်ပေးခဲ့သည်မှာ မည်သူဖြစ်ပါသနည်း။ ဘုရားရှင်သည် သူ၏ နတ်စေတမန်များကို ကိုယ်တော် ယေရှုအား ကာကွယ်ရန် အမိန့်ပေးတော်မူလိမ့်မည်။
25:05 zeck ကိုယ်တော် ယေရှုသည် မာရ်နတ်အား တုံ့ပြန်ရာတွင် မိန့်တော်မူခဲ့သည်မှာ အဘယ်နည်း။ ကိုယ်တော် ယေရှုသည် သင်၏ အရှင်သခင် ဘုရားရှင်အား စမ်းသပ်ခြင်း မပြုရန် ဘုရားရှင်၏ နှုတ်ကပတ်တော်သည် မိန့်တော်မူထားသည်ဟု မိန့်ဆိုခဲ့သည်။
25:06 qdmq ထို့နောက် မာရ်နတ်သည် ကိုယ်တော် ယေရှုအား မည်သည့်အရာအား ပေးရန် ကမ်းလှမ်းခဲ့ပါသနည်း။ မာရ်နတ်သည် ကိုယ်တော် ယေရှုအား ကမ္ဘာမြေကြီး၏ နိုင်ငံတော်အားလုံး နှင့် သူတို့၏ ဘုန်းကျက်သရေအား ပေးရန် ကမ်းလှမ်းခဲ့သည်။
25:06 crof ထိုနိုင်ငံတော်များအား လက်ခံရယူရန် မာရ်နတ်သည် ကိုယ်တော် ယေရှုအား မည်သို့သောအရာအား စေခိုင်းခဲ့သနည်း။ မာရ်နတ်သည် ကိုယ်တော် ယေရှုအား သူ့ကို ဦးညွှတ်ပြီး ဝတ်ပြုကိုးကွယ်ရန် အလိုတော်ရှိခဲ့သည်။
25:07 nwnp ကိုယ်တော် ယေရှုသည် မာရ်နတ်အား ကိုးကွယ်ရန် သဘောတူခဲ့ပါသလား။ " မဟုတ်ပေ၊ သူသည် ဘုန်းဂုဏ်ကျက်သရေနှင့် ပြည့်စုံသော ဘုရားရှင်တစ်ပါးတည်းသာ ကိုးကွယ်လိမ့်မည်။"
25:08 eefj မာရ်နတ်သည် ကိုယ်တော် ယေရှုအား အပြစ်စေခဲ့ပါသလား။ မဟုတ်ပေ၊ သူမလုပ်နိုင်ခဲ့ပေ။
25:08 qse7 မာရ်နတ်သည် ကိုယ်တော် ယေရှုထံမှ ထွက်ခွာသွားပြီးနောက် မည်သည့်အရာများ ဖြစ်ပွားခဲ့သနည်း။ နတ်စေတမန်များသည် ကိုယ်တော်ယေရှုထံသို့ လာရောက်ခဲ့ပြီး ကြည့်ရှုစောင့်ရှောက်ပေးတော်မူခဲ့သည်။
26:01 t9yn မာရ်နတ်၏ သွေးဆောင်မှုများအား ကျော်လွှားပြီးနောက် ကိုယ်တော် ယေရှုသည် အဘယ်အရပ်သို့ သွားရောက်ခဲ့သနည်း။ ကိုယ်တော် ယေရှုသည် သူနေထိုင်ခဲ့သော ဂါလိလဲဒေသသို့ သွားရောက်ခဲ့သည်။
26:02 c0b9 ကိုယ်တော် ယေရှု ငယ်စဥ်အခါက နေထိုင်ခဲ့သော မြို့တော်၏ အမည်မှာ အဘယ်နည်း။ သူသည် နာဇရက်မြို့တွင် နေထိုင်ခဲ့သည်။
26:02 ppol ကိုယ်တော် ယေရှုသည် ဥပုသ်နေ့တွင် မည်သည့်အရပ်အား သွားခဲ့သနည်း။ သူသည် ဝတ်ပြုကိုးကွယ်ရာ နေရာသို့ သွားခဲ့လေသည်။
26:02 ltxu ဝတ်ပြုကိုးကွယ်သော အရပ်၌ရှိသည့် လူအများသည် ကိုယ်တော် ယေရှုအား ဟေရှာယကျမ်းလိပ်ကို အဘယ်ကြောင့် လက်ကမ်းပေးခဲ့သနည်း။ သူတို့သည် ကိုယ်တော် ယေရှုအား ထိုအရာမှ ဖတ်ပြတော်မူစေခဲ့သည်။
26:04 i9uh ကျမ်းပိုဒ်တွင် ကိုယ်တော် ယေရှုသည် မည်သူ့ အကြောင်းနှင့်ပက်သက်၍ ဖတ်ပြတော်မူခဲ့သနည်း။ ဤအရာမှာ မောရှိယ ကိုယ်တော် အကြောင်းပင် ဖြစ်သည်။
26:04 tc9r ကိုယ်တော် ယေရှုသည် ဖတ်ပြတော်မူနေစဥ် ကျမ်းစာအကြောင်းနှင့်ပက်သက်၍ မိန့်တော်မူခဲ့သည်မှာ အဘယ်နည်း။ သူသည် ထိုအရာများအား အမှန်ပင် ဖြစ်ပျက်နေသည်ကို မိန့်တော်မူခဲ့သည်။
26:04 iin5 ကိုယ်တော် ယေရှု၏ မွေးရပ်မြေမှ လူအများသည် သူ၏ တရားတော်များအား မည်ကဲ့သို့ တုံပြန်ခဲ့ကြသနည်း။ သူတို့သည် အံ့သြခဲ့ကြပြီး “သူဟာ ယောသပ်၏ သားလား” ဟု မေးမြန်းခဲ့ကြသည်။
26:05 v88z ကိုယ်တော် ယေရှုသည် ဧလိယ ရှေးဖြစ်ဟော ပညာရှိတစ်ပါး ဖြစ်သောအခါ ဘုရားရှင်၏ ရှေးဖြစ်ဟော ပညာရှိများသည် အခြားလူမျိုးများမှ လူများအား ကူညီပေးခြင်းကို မည်ကဲ့သို့သော နမူနာများအား ပေးတော်မူခဲ့သနည်း။ ဘုရားရှင်သည် မိုးခေါင်နေစဥ်အချိန်တွင် မုဆိုးမတစ်ယောက်အား ကူညီစောင့်ရှာက်ရန် ဧလိယအား စေလွှတ်တော်မူခဲ့သည်။
26:06 vw3k ကိုယ်တော် ယေရှုသည် ဧလိယ ရှေးဖြစ်ဟော ပညာရှိတစ်ပါး ဖြစ်သောအခါ ဘုရားရှင်၏ ရှေးဖြစ်ဟော ပညာရှိများသည် အခြားလူမျိုးများမှ လူများအား ကူညီပေးခြင်းကို မည်ကဲ့သို့သော နမူနာများအား ပေးတော်မူခဲ့သနည်း။ ကိုယ်တော် ယေရှုသည် ဧလိယအား ဣသရေလ၏ ရန်သူများ၏ တပ်မှူး တစ်ဦးဖြစ်သော နေမန်အား ကုသပေးခဲ့ကြောင်းကို မိန့်တော်မူခဲ့သည်။
26:07 eajy ကိုယ်တော်ယေရှုမှ အဆိုပါဇာတ်လမ်းများအားပြောပြသောအခါ လူတို့မည်ကဲ့သို့တုန့်ပြန်ခဲ့သနည်း။ သူတို့သည် ကိုယ်တော်ယေရှုအား သတ်ရန် ရည်ရွယ်၍ ဖမ်းချုပ်ကာ တောင်ကမ်းပါးစွန်းမှ ပစ်ချရန်ကြိုးစားကြသည်။
26:07 vm0h ကိုယ်တော် ယေရှုသည် လူအုပ်ထဲမှ မည်ကဲ့သို့ လွတ်မြောက်ခဲ့သနည်း။ ကိုယ်တော် ယေရှုသည် လူအုပ်အား ဖြတ်၍ လျှောက်ခဲ့ပြီး မြို့တော်မှ ထွက်ခွာသွားခဲ့သည်။
26:08 d7lr လူအုပ်သည် ကိုယ်တော် ယေရှုအား ဂါလိလဲ၌ မည်ကဲ့သို့ တုံ့ပြန်ခဲ့ပါသနည်း။ သူတို့သည် မသန်မစွမ်းခြင်း သို့မဟုတ် ဖျားနာသော လူများစွာတို့အား ကိုယ်တော် ယေရှုထံသို့ ကုသရန် ခေါ်ဆောင်လာခဲ့သည်။
26:09 agg0 ကိုယ်တော် ယေရှုသည် နတ်ဆိုးများအား လူများထံမှ ထွက်လာရန် အမိန့်ပေးသောအခါ ထိုနတ်ဆိုးများသည် သူ့အား မည်သူဖြစ်ကြောင်း အသိအမှတ်ပြူခဲ့ကြသနည်း။ သူတို့သည် ကိုယ်တော် ယေရှုအား ဘုရားရှင်၏ သားတော် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
26:10 psab ကိုယ်တော် ယေရှုသည် သူ၏ တပည့်တော်များဖြစ်စေရန် ပုဂ္ဂိုလ် မည်မျှရွေးချယ်ခဲ့ပါသနည်း။ သူသည် ပုဂ္ဂိုလ် ခုနှစ်ဦးအား သူ၏ တပည့်တော်ဖြစ်စေရန် ရွေးချယ်လေသည်။
27:01 uwwh ယုဒဥပဒေပညာရှိများသည် ကိုယ်တော် ယေရှုအား မည်သို့သော မေးခွန်းအား မေးမြန်းခဲ့သနည်း။ သူသည် “ဆရာတာ် ကျွန်ုပ်သည် ထာဝရအသက်အား ရစေရန် မည်သည့်အရာအား လုပ်ရမည်နည်း။” ဟု ကိုယ်တော် ယေရှုအား မေးမြန်းခဲ့သည်။
27:01 wpmd ကိုယ်တော် ယေရှုသည် ပညာရှင်များ၏ မေးမြန်းမှုအား တုံ့ပြန်ရာတွင် မည်သည့် မေးခွန်တော်းအား မိန့်တော်မူခဲ့သနည်း။ သူသည် “ဘုရားရှင် ပညတ်ချက်၌ ရေးသားထားသည်မှာ အဘယ်နည်း။” ဟု ထိုသူအားထိုသူအား မိန့်တော်မူခဲ့သည်
27:02 wfmi ဘုရားရှင်၏ တရားတော်မှာ ကျွန်ုပ်တို့သည် မည်သူတို့အား ချစ်ခင်သင့်သည်ဟု မိန့်တော်မူခဲ့ပါသနည်း။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အရှင်သခင် ဘုရားရှင် နှင့် အိမ်နီးချင်းများအား ချစ်ခင်သင့်သည်။
27:03 ppy4 ယုဒ ပညာရှင်များသည် သူ၏ အိမ်နီးချင်းမှာ မည်သူဖြစ်ကြောင်းကို အဘယ်ကြောင့် မေးမြန်းခဲ့သနည်း။ သူ ကျင့်သုံးသော သူ၏ လမ်းစဥ်အား မှန်ကန်ကြောင်းကို သက်သေပြချင်ခဲ့သည်။
27:05 q5wd ကိုယ်တော် ယေရှု၏ ဇာတ်ကြောင်းတွင် သူ ခရီးသွားနေစဥ်တွင် ယုဒလူမျိုးများသည် မည်သည့်အရာများ ဖြစ်ပွားခဲ့သနည်း။ ဓားပြများသည် သူ့အား တိုက်ခိုက်ခဲ့ပြီးလျှင် သူ့၌ရှိသော အရာများအား ယူဆောင်သွား၍ သေလုနီးပါး ရိုက်သတ်ခဲ့သည်။
27:06 b3m9 ဒဏ်ရာရနေခဲ့သော ပုဂ္ဂိုလ်အား စတင် မြင်ခဲ့သောသူမှာ မည်သူ ဖြစ်သနည်း။ ပထမဆုံး တွေ့မြင်သောသူမှာ ယစ်ပုရောဟိတ်မင်း တစ်ပါးဖြစ်သည်။
27:06 htwd ယစ်ပုရောဟိတ်မင်းသည် ဒဏ်ရာရနေခဲ့သော ပုဂ္ဂိုလ်အား မြင်တွေ့ခဲ့သောအခါ မည်ကဲ့သို့ လုပ်ဆောင်ခဲ့သနည်း။ "သူသည် လမ်း၏ အခြားတစ်ဖက်အား ဖြတ်ကာ သူ့အား လျစ်လျူရှုခဲ့လေသည်။ "
27:07 zvc6 ဒဏ်ရာရနေသော လူအား မြင်၍ ဖြတ်ကျော်သွားသော ဒုတိယ ပုဂ္ဂိုလ်မှာ မည်သူ ဖြစ်သနည်း။ လေဝိသား တစ်ဦး ထပ်၍ ရောက်လာခဲ့သည်။
27:07 oayb လေဝိသားသည် ဒဏ်ရာရနေခဲ့သော ပုဂ္ဂိုလ်အား မြင်တွေ့ခဲ့သောအခါ မည်ကဲ့သို့ လုပ်ဆောင်ခဲ့သနည်း။ "သူသည် လမ်း၏ အခြားတစ်ဖက်အား ဖြတ်ကာ သူ့အား လျစ်လျူရှုခဲ့လေသည်။ "
27:08 jl74 ဒဏ်ရာရနေသော လူအား မြင်၍ ဖြတ်ကျော်သွားသော တတိယပုဂ္ဂိုလ်မှာ မည်သူ ဖြစ်သနည်း။ သူသည် ရှမာရိလူမျိုးတစ်ဦး ဖြစ်သည်။
27:08 pitt ယုဒလူမျိုးများ နှင့် ရှမာရိလူမျိုးများ ကြားတွင် မည်သို့သော ပက်သက်မှုများ ရှိခဲ့ပါသနည်း။ ထိုသူတို့သည် တစ်ဦးနှင့်တစ်ဦး မုန်းတီးခဲ့ကြသည်။
27:09 vktz ရှမာရိလူမျိုးသည် ဒဏ်ရရနေသော သူအား မည်ကဲ့သို့ ကူညီပေးခဲ့သနည်း။ သူသည် ထိုသူအား သူ၏ မြည်းပေါ်တွင် တင်၍ လမ်းဘေးဘက်ခြမ်းတ္ငင် ရှိသော တည်ခိုဆောင်တစ်ခုသို့ ခေါ်ဆောင်သွားပြီး ကူညီစောင့်ရှောက်ပေးခဲ့သည်။
27:10 kc06 ရှမာရိသည် တည်းခိုဆောင်၏ တာဝန်ခံ ပုဂ္ဂိုလ်အား မည်သို့ ပြောဆိုခဲ့သနည်း သူသည် ထိုလူအား ဂရုစိုက်ပေးရန် နှင့် သူ ပြန်လာသောအခါ ထို ကုန်ကျစရိတ်များကို ပေးဆောင်ပါမည်ဟု တာဝန်ခံ ပုဂ္ဂိုလ်အား ပြောဆိုခဲ့သည်။
27:11 wejf လူသုံးဦးအနက် ရိုက်နှက်ပြီး လုယက်ခံရသော လူယောကျ်ားအား အိမ်နီးချင်းတစ်ဦးကဲ့သို့ ပြုမူခဲ့သည်မှာ မည်သူ ဖြစ်သနည်း။ ရှမာရိသည် ထိုလူယောကျ်ားအား သနားကြင်နာခြင်းရှိသော အိမ်နီးချင်းတစ်ဦ ပင် ဖြစ်သည်။
28:01 y8n4 ငယ်ရွယ် ချမ်းသာသော သူဌေးငယ်တစ်ဦးသည် ကိုယ်တော် ယေရှုအား မေးမြန်းခဲ့သည်မှာ အဘယ်နည်း။ သူသည် ထာဝရအသက်ရရှိရန် မည်သည့်အရာအား လုပ်ဆော်ရမည်ကို ကိုယ်တော် ယေရှုအား မေးမြန်းခဲ့သည်။
28:01 cgam ကိုယ်တော် ယေရှုသည် သူဌေးငယ်အား ထာဝရအသက်ရရှိရန်အတွက် မည်သို့ ဆောင်ရွက်ရမည်ကို မိန့်တော်မူခဲ့သနည်း။ သူသည် ဘုရားရှင်၏ ပညတ်ချက်များအား နာခံရန် သူ့အား မိန့်တော်မူခဲ့သည်။
28:03 jl95 ကိုယ်တော် ယေရှု မိန့်တော်မူသော ပညတ်ချက်များ အကြောင်းနှင့်ပက်သက်၍ သူဌေးငယ်သည် မည်သို့ ပြန်လည် ပြောဆိုခဲ့သနည်း။ သူသည် ငယ်စဥ်အခါကပင် ထို ပညတ်ချက်များအား နာခံခဲ့ခြင်း ဖြစ်ကြောင်းကို ပြောဆိုခဲ့သည်။
28:04 k5du ကိုယ်တော် ယေရှုသည် ထိုသူငယ်အား မည်သည့်အရာကို ထပ်၍ လုပ်ဆောင်ရန် မိန့်တော်မူခဲ့သနည်း။ ကိုယ်တော် ယေရှုသည် သူ့အား သူပိုင်ဆိုင်သော အရာအားလုံးအား ရောင်းချ၍ ဆင်းရဲသားများအား ငွေကြေးများပေးပြီးနောက် သူ့နှင့်အတူ လိုက်ပါရန် မိန့်တော်မူခဲ့သည်။
28:04 w0ue ကိုယ်တော် ယေရှုသည် ထိုသူငယ်အား သူသည် ဤကဲ့သို့ လုပ်ဆောင်လျှင် မည်သို့သော ဆုလာဒ်အား ရရှိလိမ့်မည်ဟု မိန့်တော်မူခဲ့သနည်း။ သူသည် နိဗ္ဗာန်ရွှေမြို့တော်တွင်ရှိသော ရတနာအား ရရှိလိမ့်မည်။
28:05 c1ex သူဌေးငယ်သည် အလွန် ဝမ်းနည်းလာပြီးနောက် ကိုယ်တော် ယေရှုထံမှ အဘယ်ကြောင့် ထွက်သွားခဲ့သနည်း။ သူသည် အလွန် ချမ်းသာပြီး သူပိုင်ဆိုင်ခဲ့သော အရာအားလုံးအား ပေးကမ်းစွန့်ကြဲရန် ဆန္ဒမရှိခဲ့ပေ။
28:06 yjzk ဘုရားရှင်၏ နိုင်ငံတော်သို့ ဝင်ရောက်ရန် ကြွယ်ဝချမ်းသာသော လူတစ်ယောက်အတွက် ဤအရာသည် မည်မျှ ခက်ခဲပါသနည်း။ "ဤအရာမှာ ကြွယ်ဝချမ်းသာသော သူဌေးတစ်ဦးသည် ဘုရားရှင်၏ နိုင်ငံတော်ကို ဝင်နိုင်ရန်ထက် ကုလားအုတ်တစ်ကောင်သည် အပ်နဖားပေါက်မှတဆင့် ဖြတ်သွားသည်မှာ ပို၍ လွယ်ကူသည်။ "
28:08 kkzl ကြွယ်ဝချမ်းသာသော လူတစ်ယောက်အတွက် ကယ်တင်ခံရခြင်းသည် ဖြစ်နိုင်ပါသလား။ ဘုရားရှင်အတွက် လုပ်ဆောင်ရန် အရာအားလုံး ဖြစ်နိုင်ပါသည်။
28:09 j1o8 ကိုယ်တော် ယေရှုနောက်သို့ လိုက်ပါရန် တပည့်တော်များသည် မည်သည့်အရာအား ချန်ထားခဲ့သနည်း။ သူတို့သည် အရာအားလုံးအား ထားပစ်ခဲ့သည်။
28:10 jo1n ထိုသူတို့၏ ဆုလာဒ်အား ကိုယ်တော်ယေရှု မိန့်တော်မူသည်မှာ အဘယ်နည်း။ "သူတို့သည် နောက်လာမည့် ကမ္ဘာ၌ အဆ တစ်ရာထက်ပို၍ ထာဝရ အသက်ကို လည်း ရရှိလိမ့်မည်။ "
28:10 oher ဤ ဆုလာဒ်အား အခြား မည်သူများ ရရှိနိုင်သနည်း။ အိမ်များ၊ ညီအစ်ကိုများ၊ ညီအမများ၊မခင်၊ ဖခင် သို့မဟုတ် ကိုယ်တော် ယေရှု၏ နာမတော်အတွက် ဥစ္စာအား စွန့်ပယ်သော သူတိုင်း ဖြစ်သည်။
29:01 btox ပေတရုသည် ကိုယ်တော် ယေရှုအား မေးမြန်းခဲ့သော မေးခွန်းမှာ အဘယ်နည်း။ ပေတရုသည် “ကျွန်ုပ်၏ အစ်ကိုတော်မှာ ကျွန်ုပ်အား ပြစ်မှားဆန့်ကျင်သောအခါ သူ့အား အကြိမ်မည်မျှ ခွင့်လွှတ်သင့်သနည်း။” ဟု ကိုယ်တော် ယေရှုအား မေးမြန်းခဲ့သည်။
29:01 uv63 ပေတရုသည် သူ၏ အစ်ကိုတော်အား ခွင့်လွှတ်သင့်ကြောင်းကို အကြိမ်မည်မျှ အကြံပြုခဲ့သနည်း။ သူသည် ခုနှစ်ကြိမ်အထိ ခွင့်လွှတ်သင့်သည်ဟု အကြံပြုခဲ့သည်။
29:01 bzrl ကိုယ်တော် ယေရှုသည် သူ၏ အစ်ကိုတော်အား အကြိမ်မည်မျှ ခွင့်လွှတ်သင့်သည်ဟု မိန့်တော်မူခဲ့သနည်း။ ကိုယ်တော် ယေရှုသည် အကြိမ် ခုနှစ်ဆယ်မြောက် ခွင့်လွှတ်ရမည်ဟု သူ့အား မိန့်တော်မူခဲ့သည်။
29:01 lrv2 ကိုယ်တော် ယေရှုသည် သူမိန့်တော်မူသော **အကြိမ် ခုနှစ်ဆယ်မြောက်** ဟူသော ဆိုလိုရင်းသည် အဘယ်နည်း။ " ငါတို့သည် အမြဲဆိုသလို ခွင့်လွှတ်သင့်ကြောင်းကို မိန့်ဆိုခဲ့သည်။"
29:03 uph7 အစေခံသည် ဘုရင်ထံ၌ သူ၏ ကြီးမားသော အကြွေးအား ပေးဆပ်နိုင်ပါသလား။ မဟုတ်ပေ၊ သူမလုပ်နိုင်ပါ။
29:03 khxw ဘုရင်သည် အစေခံအား သူ၏ ကြီးမားသော အကြွေးများအတွက် အပြစ်ပေးရန် မည်ကဲ့သို့ ဆုံဖြတ်ခဲ့သနည်း။ "ဘုရင်သည် ထိုအစေခံနှင့် သူ၏ မိသားစုအား ကျွန်များအဖြစ် ရောင်းစားခဲ့သည်။ "
29:04 k1op အစေခံကျွန်သည် သူ့အား သနားညှာတာရန် တောင်းပန်သောအခါ ဘုရင်သည် မည်သို့ လုပ်ဆောင်ခဲ့သနည်း။ ဘုရင်သည် ကျွန်အား သနားခဲ့ပြီး သူ၏ အကြွေးများအား ကြေအေးပေးခဲ့သည်။
29:05 cvls အစေခံကျွန်သည် သူအား အကြွေးအနည်းငယ်ပေးရန် ရှိသော ကျွန်ဖော်တစ်ဦးအား မည်ကဲ့သို့ ပြုမှုခဲ့သနည်း။ "သူသည် ထိုကျွန်အား သူရရှိမည့် အကြွေးများကို တောင်းခဲ့ပြီး ဖမ်းချုပ်ခဲ့သည်။ "
29:06 tamz အစေခံကျွန်အား သူ၏ကျွန်ဖော်သည် ဒူးထောက်ပြီး သူ့အား သနားညှာတာရန်သူ့အား သနားညှာတာပါရန် တောင်းဆိုသောအခါ အစေခံကျွန်သည် မည်ကဲ့သို့ ပြုမှုခဲ့သနည်း။ သူသည် သူ၏ ကျွန်ဖော်အား ထောင်ထဲသို့ ထည့်ခဲ့သည်။
29:07 vh74 သူသည် သူ၏ ကျွန်ဖော်အား ထောင်ထဲသို့ ထည့်လိုက်သောအခါတွင် အခြား ကျွန်များသည် မည်ကဲ့သို့ တုံ့ပြန်ခဲ့ကြသနည်း။ သူတို့သည် လွန်စွာ စိတ်ဆိုး၍ ဤအကြောင်းနှင့်ပက်သက်ပြီး ဘုရင်အား လျှောက်တင်ခဲ့သည်။
29:08 tdgx သူ၏ကျွန်ဖော်ကို ခွင့်လွှတ်ခြင်း မရှိခဲ့သော အစေခံကျွန်အား ဘုရင်ကြီးသည် မည်ကဲ့သို့ အပြစ်ပေးခဲ့သနည်း။ သူသည် သူ၏ အကြွေးများအားလုံး ပြန်၍ မပေးခင်အချိန်ထိ ထောင်ထဲသို့ ထည့်ထားခဲ့သည်။
29:09 dmgi ငါတို့၏ နှလုံးသားမှ အခြားအရာများအား ခွင့်လွှတ်ခြင်းမရှိခဲ့လျှင် ဘုရားရှင်သည် ကျွန်ုပ်တို့အား ခွင့်လွှတ်လိမ့်မည်လား။ ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။
30:01 yjw6 ကိုယ်တော် ယေရှုသည် သူ၏ တပည့်တော်များအား ရွာများ၌ မည်ကဲ့သို့ ဆောင်ရွက်ရန် စေလွှတ်တော်မူခဲ့သနည်း။ သူသည် ထိုသူတို့အား သင်ကြားပို့ချပြီး ဟောပြောတော်မူရန် စေလွှတ်တော်မူခဲ့သည်။
30:01 j3da ကိုယ်တော် ယေရှုသည် သူ၏ တပည့်တော်များအား ရေကန်၏ အခြားတစ်ဖက်သို့ အဘယ်ကြောင့် ခေါ်ဆောင်သွားခဲ့သနည်း။ "သူသည် တိတ်ဆိတ်သော နေရာတစ်ခုသို့ ခဏတာ အနားယူရန်အတွက် ဖိတ်ခေါ်ခဲ့သည်။ "
30:02 uzn8 "ကိုယ်တော် ယေရှု နှင့် သူ၏ တပည့်တော်များသည် တစ်ယောက်တည်း အနားယူနိုင်ခဲ့ပါသလား။ " "မဟုတ်ပေ၊ လူများစွာသည် သူတို့၏ ရှေ့မှောက်သို့ အခြားကမ်းတစ်ဖက်မှ ပြေးလာကြသည်။ "
30:03 kthq သူတို့ကို စောင့်မျှော်နေသော လူအုပ်ကြီးအား ကိုယ်တော် ယေရှု၏ သဘောထားသည် အဘယ်နည်း။ သူသည် ထိုသူတို့ထံသို့ ကြီးမားသော ဂရုဏာတော် ခံစားခဲ့သည်။
30:03 p91a ကိုယ်တော် ယေရှုသည် လူအများအတွက် သူ၏ ဂရုဏာတော်အား မည်ကဲ့သို့ ဖော်ပြတော်မူခဲ့သနည်း။ "သူသည် ထိုသူတို့အား ဟောပြောသင်ကြားပြီး ဖျားနာခြင်းများအား ကုသပေးခဲ့သည်။ "
30:04 jvx3 "တပည့်တော်များသည် လူအများအား အဘယ်ကြောင့် အဝေးသို့ ပို့ဆောင်စေချင်ခဲ့သနည်း။ " ဤသည်မှာ နေ့အခါမှာ နောက်ကျနေပြီး လူအများသည် တစ်စုံတစ်ရာအား စားသုံးရန် လိုအပ်ခဲ့သောကြောင့် ဖြစ်သည်။
30:05 jjjk "တပည့်တော်များသည် လူများစွာ စာသုံးရန် အဘယ်ကြောင့် မလုပ်ဆောင်နိုင်ခဲ့ပါသနည်း။ " "သူတို့သည် ပေါင်မုန့် ငါးလုံး နှင့် သေးငယ်သော ငါးနှစ်ကောင်တည်းသာ ရှိသောကြောင့် ဖြစ်သည်။ "
30:07 h8f3 ကိုယ်တော် ယေရှုသည် ထို ပေါင်မုန့် ငါးလုံး နှင့် ငါးနှစ်ကောင် နှင့်အတူ လုပ်ဆောင်တော်မှုခဲ့သည်မှာ အဘယ်နည်း။ သူသည် နိဗ္ဗာန်ရွှေမြို့တော်အား မော့ကြည့်၍ အစားအစာအတွက် ဘုရားရှင်အား ကျေးဇူးတော်ချီးမွမ်းခဲ့သည်။
30:08 ocah ကိုယ်တော် ယေရှုသည် ပေါင်မုန့်ငါးလုံး နှင့် ငါးနှစ်ကောင်အား ဖဲ့၍ မည်သည့်အရာအား ဆောင်ရွက်တော်မူခဲ့သနည်း။ "သူသည် နိဗ္ဗာန်ရွှေမြို့တော်ရှိ သူ၏ အဖဘုရားရှင်အား ကျေးဇူးတော်ချီးမွမ်းခဲ့ပြီး ပေါင်မုန့်များအား ဖဲ့ကာ လူအများအား ဝေငှပေးရန်အတွက် သူ၏ တပည့်တော်များကို ပေးကမ်းခဲ့သည်။ "
30:09 uj7n လူများအားလုံး စာသုံးခဲ့ပြီးသည့်နောက် အစာ မည်မျှခန့် ကျန်ရှိခဲ့သနည်း။ ထိုနေရာတွင် ခြင်း တစ်ဆယ့် နှစ်ခြင်း ပြည့်ရန် လုံလောက်သည်။
31:01 puli ကိုယ်တော် ယေရှုသည် လူအများအား ပြန်စေခဲ့ပြီး သူ၏တပည့်တော်များကို မည်သည့်အရာအား လုပ်ဆောင်ရန် မိန့်တော်မူခဲ့သနည်း။ သူသည် ရေကန်၏ အခြားတစ်ဖက်သို့ ဖြတ်ကူးရန်အတွက် လှေတစ်စင်း ပေါ်သို့ တက်ရန် ထိုသူတို့အား မိန့်တော်မူခဲ့သည်။
31:01 hcd5 ကိုယ်တော် ယေရှုသည် တပည့်တော်များအား သူတို့၏ လှေပေါ်သို့ စေလွှတ်ခဲ့ပြီးနောက် မည်သို့သောအရာအား လုပ်ဆောင်ခဲ့သနည်း။ သူသည် တစ်ပါးတည်း ဆုတောင်းရန် တောင်စောင်းတစ်ခုပေါ်သို့ ကြွသွားတော်မူလေသည်။
31:02 odv4 ညစဥ်အခါအတွင် တပည့်တော်များ၌ မည်သို့သော ပြဿနာ ရှိခဲ့သနည်း။ လေသည် သူတို့အား ဆန့်ကျင်တိုက်ခတ်သောကြောင့် သူတို့သည် ရေကန်၏ အလယ်တည်းကိုသာ ရောက်ရှိခဲ့လေသည်။
31:03 sbsc ကိုယ်တော် ယေရှုသည် သူတို့၏ လှေဆီသို့ မည်ကဲ့သို့ ကြွတော်မူခဲ့သနည်း။ သူသည် ရေပြင်ပေါ်မှ လမ်းလျှောက်၍ ကြွတော်မူခဲ့လေသည်။
31:04 oyrf တပည့်တော်များသည် ကိုယ်တော် ယေရှုအား ဦးစွာ တွေ့မြင်သောအခါ သူတို့သည် မည်ကဲ့သို့ တုံ့ပြန်ခဲ့ကြသနည်း။ ထိုသူတို့သည် သူ့အား သရဲတစ်ကောင်ဖြစ်သည်ဟု ထင်ခဲ့သောကြောင့် အလွန် ကြောက်လန့်ခဲ့ကြသည်။
31:04 tzmr "ကိုယ်တော် ယေရှုသည် သူတို့၏ အကြောက်တရားများအား ငြိမ်းစေရန် ထိုသူတို့အား မည်ကဲ့သို့ မိန့်တော်မူခဲ့သနည်း။ " သူသည် “မကြောက်ကြပါနဲ့ အဲ့ဒါဟာ ငါပါ” ဟု မိန့်တော်မူခဲ့သည်။
31:05 ov0t ကိုယ်တော် ယေရှုသည် ပေတရုအား ရေပြင်ပေါ်မှ သူ့ထံသို့ လာရန် အဘယ်ကြောင့် မိန့်တော်မှုခဲ့သနည်း။ "ကိုယ်တော် ယေရှုသည် ထိုကဲ့သို့ ပြုမှုရန် ပေတရုက တောင်းဆိုခဲ့သောကြောင့် သူ့ထံသို့လာရန် ပေတရုအား မိန့်တော်မူခဲ့သည်။ "
31:06 x9n1 ပေတရုသည် သူ၏ မျက်လုံးများအား ကိုယ်တော် ယေရှုထံမှ လွှဲလိုက်သောအခါ မည်သည့်အရာအား စတင် သတိထားမိခဲ့သနည်း။ သူသည် လှိုင်းများကို စတင် ကြည့်ခဲ့ပြီး လေပြင်းတိုက်ခတ်မှုအား ခံစားရလေသည်။
31:07 asgy ပေတရုသည် လှိုင်းများ နှင့် လေပြင်းများအား စတင် ကြောက်ရွံလာသောအခါ မည်ကဲ့သို့ ဖြစ်ပျက်ခဲ့သနည်း။ သူသည် ရေထဲသို့ စတင်နစ်မြှုပ်ခဲ့လေသည်။
31:07 b7r7 ပေတရုသည် အကူအညီပေးရန် လှမ်းခေါ်သောအခါ ကိုယ်တော် ယေရှုသည် မည်သို့ လုပ်ဆောင်ခဲ့သနည်း။ ကိုယ်တော် ယေရှုသည် ပေတရုအား လှမ်း၍ ဖမ်းဆွဲလိုက်လေသည်။
31:07 ckfk ကိုယ်တော် ယေရှုသည် ပေတရုအား မည်သည့် ဆုံးမတရားတော်တစ်ခုအား မိန့်တော်မူခဲ့သနည်း။ ကိုယ်တော် ယေရှုသည် “ သင့်မှာ သစ္စာတရားမှာ အလွန်နည်းပါးတယ် ဘာလို့ ငါ သင့်အား ကယ်တင်ရန် ငါ့ကို မယုံကြည်ရတာလဲ” ဟု မိန့်တော်မူခဲ့သည်။
31:08 lgf7 ကိုယ်တော် ယေရှုသည် လှေပေါ်သို့ ရောက်ရှိလာပြီးနောက် မည်သို့သော အရာများ ဖြစ်ပျက်ခဲ့သနည်း။ လေသည် ချက်ချင်းပင် ရပ်တန့်သွားပြီး ရေများသည်သည် ငြိမ်သက်သွားလေသည်။
31:08 x44v တပည့်တော်များသည် ဤ အံသြဖွယ်ရာများအား မည်ကဲ့သို့ တုံ့ပြန်ခဲ့ကြသနည်း။ သူတို့သည် ကိုယ်တော်ယေရှုအား ဦးညွှတ်၍ ရှိခိုးခဲ့ကြပြီး “ အမှန်တကယ်ဘဲ အရှင်ဟာ ဘုရားရှင်ရဲ့ သားတော် ဖြစ်တယ် ” ဟု လျှောက်တင်ခဲ့လေသည်။
32:02 rq5h ကိုယ်တော် ယေရှုသည် ဂရိလူမျိုးများ နေထိုင်သော နေရာအား ရောက်ရှိခဲ့သောအခါ မည်သူ့အား တွေ့ဆုံသနည်း။ ထိုနေရာတွင် သူသည် နတ်ဆိုး ပူးကပ်နေသော လူတစ်ဦးအား တွေ့ဆုံခဲ့သည်။
32:03 tw6n "လူအများသည် နတ်ဆိုး ပူးကပ်နေသော လူတစ်ဦးအား အဘယ်ကြောင့် မထိန်းချုပ်နိုင်ခဲ့ကြသနည်း။ " ထိုလူသည် သူ့အား ဖမ်းချုပ်ရန် အသုံးပြုသော သံကြိုးများကို ဖြတ်တောက်နိုင်ပြီး နတ်ဆိုးသည် ထိုလူအား အလွန် သန်မာစေခဲ့သည်။
32:04 ktct ထိုလူသည် မည်ကဲ့သို့ ပြုမူခဲ့သနည်း။ သူသည် သချိုင်းဂူများထဲ၌ နေထိုင်ခဲ့ပြီး အဝတ်ဗလာ ဖြင့် နေ့စဥ်ညတိုင်း ဟော်ဟစ်၍ သူ့ကိုယ်သူ ကျောက်တုံးများနှင့် လှီးဖြတ်ခဲ့သည်။
32:06 aocn နတ်ဆိုး၏ အမည်သည် အဘယ်နည်း။ သူ၏ အမည်သည် ဂေါင် ဖြစ်သည်။
32:06 x60r **ဂေါင်** ဟူသော အမည်၏ အဓိပ္ပာယ်သည် အဘယ်နည်း။ " ‘ဂေါင်’ ဆိုသည်မှာ ရောမစစ်တပ်၌ ထောင်ပေါင်းများစွာသော ရဲမက်များ၏ တပ်ဖွဲ့ တစ်ခုအား ဆိုလိုခြင်း ဖြစ်သည်။ ဤနာမည်သည် ထိုနေရာတွင် လူယောကျ်ားထဲ၌ရှိသည့် များစွာသော နတ်ဆိုးများကို ဆိုလိုခဲ့သည်။"
32:07 n40h နတ်ဆိုးများသည် ထိုလူထံမှ ထွက်ခွာပြီးသောအခါ ကိုယ်တော်ယေရှုအား သူတို့ကို မည်သည့် နေရာအား ပို့ဆောင်ရန် တောင်းပန်ခဲ့သနည်း။ နတ်ဆိုးများသည် သူတို့အား ဝက်အုပ်များထံသို့ ပို့ဆောင်ပါရန် ကိုယ်တော် ယေရှုအား လျှောက်တင်တောင်းဆိုခဲ့သည်။
32:08 r436 "ဝက်များအား နတ်ဆိုးများ ပူးကပ်သောအခါတွင် ထိုဝက်များသည် မည်ကဲ့သို့ ဖြစ်သွားခဲ့သနည်း။ " သူတို့သည် မက်စောက်သော တောင်တစ်ခုမှရေကန်ထဲသို့ ခုန်ဆင်းခဲ့ပြီး ရေနစ်သေဆုံးခဲံ့ကြသည်။
32:08 sbor ဝက်များအား နတ်ဆိုးများ ပူးကပ်သောအခါ ရေကန်ထဲသို့ ဝက်ကောင် မည်မျှ ရေနှစ်သေဆုံးခဲ့သနည်း။ "ထိုနေရာတွင် ရေနစ်သေဆုံးခဲ့သော နွားအုပ်များထဲတွင် ဝက်ကောင်ရေ နှစ်ထောင် ပါဝင်သည်။ "
32:09 bluf လူယောကျ်ားသည် နတ်ဆိုးများ သူ့ထံမှ ထွက်ခွာသွားသောအခါ မည်ကဲ့သို့ ပြုမှုခဲ့သနည်း။ "သူသည် ငြိမ်သက်စွာ ထိုင်၍ အဝတ်အစားများ ဝတ်ကာ သာမန်လူဦးကဲ့သို့ လုပ်ဆောင်ခဲ့လေသည်။ "
32:10 o9ee လူအများသည် ရောဂါပျောက်ကင်းသွားခဲ့သော လူတစ်ဦး နှင့် ဝက်သေကောင်များအား မြင်တွေ့ခဲ့သောအခါ မည်ကဲ့သို့ တုံ့ပြန်ခဲ့ကြသနည်း သူတို့သည် အလွန်ကြောက်လန့်ခဲ့ကြပြီး ကိုယ်တော် ယေရှုအား ထိုသူတို့ထံမှ ထွက်သွားရန် တောင်းဆိုခဲ့ကြသည်။
32:11 e7mz ကိုယ်တော် ယေရှုသည် ကုသခံခဲ့ရသော လူအား သူ၏ နောက်သို့လိုက်ပါမည့်အစား မည်သည့်အရာအား လုပ်ဆောင်ရန် မိန့်တော်မူခဲ့သနည်း။ ကိုယ်တော် ယေရှုသည် ထိုသူအား ဘုရားရှင်သည် သူ့အပေါ်တွင် မည်သို့ သနားကြင်နာတော်ခြင်း နှင့် မည်သည့်အရာအား လုပ်ဆောင်တော်မူခဲ့သည်ကို သူ၏ သူငယ်ချင်းများ နှင့် မိသားစုအား ပြောကြားရန် မိန့်တော်မူခဲ့သည်။
32:14 hq55 သွေးသွန်ရောဂါအား ခံစားနေရသော အမျိုးသမီး တစ်ဦးသည် ကိုယ်တော် ယေရှုထံသို့ အဘယ်ကြောင့် လာရောက်ခဲ့သနည်း။ သူမသည် သူ၏ အဝတ်များအား ထိတွေ့ခဲ့လျှင် သူမ ရောဂါအား ကုသနိုင်လိမ့်မည်ဟု ထင်မြင်ခဲ့လေသည်။
32:14 f7hc အမျိုးသမီးကြီးသည် ကိုယ်တော် ယေရှု၏ ဝတ်ရုံတော်အား ထိလိုက်သောအခါတွင် ချက်ချင်းဆိုသလိုပင် မည်သည့်အရာအား ဖြစ်ပျက်ခဲ့သနည်း။ "သူမ၏ သွေးရောဂါသည် ရပ်တန့်သွားခဲ့သည်။ "
32:15 xupo ကိုယ်တော် ယေရှုသည် တစ်စုံတစ်ယောက်မှ သူ့အား ထိတွေ့ခဲ့သည်ကို မည်ကဲ့သို့ သိမြင်တော်မူခဲ့သနည်း။ သူသည် သူ့ထံမှ တန်ခိုးတော်စွမ်းအားများ ထွက်ရှိသွားခဲ့သည်ကို သိမြင်တော်မူခဲ့သည်။
32:16 l96o ကိုယ်တော် ယေရှုသည် သူ၏ ရှေ့တော်မှောက်၌ သူမ လဲကျသွားသောအခါ မည်သို့ မိန့်တော်မူခဲ့သနည်း။ သူသည် “သင်၏ ယုံကြည်ခြင်းဟာ သင့်အား ကုသပေးခဲ့ပြီ ငြိမ်းချမ်းစွာ သွားပါတော့” ဟု သူမအား မိန့်တော်မူခဲ့သည်။
33:02 rn2e လမ်းကြောင်းပေါ်၌ ကျရောက်ခဲ့သော မျိုးစေ့သည် မည်သို့ ဖြစ်ပျက်ခဲ့သနည်း။ ဤအရာအားလုံးအား ငှက်များ လာရောက်၍ စားသုံးခဲ့သည်။
33:03 ac0z ကျောက်ဆောင်ပြင်ပေါ်၌ ကျရောက်ခဲ့သော မျိုးစေ့သည် မည်သို့ ဖြစ်ပျက်ခဲ့သနည်း။ ဤအရာသည် လျှင်မြန်စွာ အညှောင့်ထွက်လာသော်လည်း ပူလောင်လာသောအခါ ခြောက်သွေ့ပြီး သေဆုံးခဲ့လေသည်။
33:04 ld6k ဆူးချုံများအတွင်း၌ ကျရောက်ခဲ့သော မျိုးစေ့သည် မည်သို့ ဖြစ်ပျက်ခဲ့သနည်း။ ဤအရာသည် စတင်ကြီးထွားလာသော်လည်း ဆူးပင်များသည် ထိုအရာအား ချုပ်နွယ်ထားခဲ့သည်။
33:05 sz7c မျိုးစေ့သည် ကောင်းမွန်သော မြေကြီးပေါ်သို့ ကျရောက်ခဲ့လျှင် မည်ကဲ့သို့ ဖြစ်ပေါ်လာမည်နည်း။ ဤအရာသည် ကြီးထွားလာခဲ့ပြီး စိုက်ပျိုးခဲ့သော အစေ့ထက် အဆ ၃၀ ၊ ၆၀ သို့မဟုတ် အဆ ၁၀၀ အထိ များပြားသော စပါးအဖြစ် ထုတ်လွှတ်ပေးခဲ့သည်။
33:06 z2zo "တပည့်တော်များသည် ဇာတ်လမ်း၏ ဆိုလိုရင်း အဓိပ္ပာယ်အား နားလည်ခဲ့ပါသလား။ " မဟုတ်ပေ၊ သူတို့သည် စိတ်ရှုပ်ထွေးခဲ့ကြသည်။
33:06 m8mv ဇာတ်လမ်းထဲ၌ မျိုးစေ့သည် မည်သည့်အရာအား ကိုယ်စားပြုပါသနည်း။ မျိုးစေ့သည် ဘုရားရှင်၏ နှုတ်ကပတ်တော် ဖြစ်သည်။
33:06 e8it လမ်းကြောင်းသည် မည်သည့်အရာအား ကိုယ်စားပြုသနည်း။ လမ်းကြောင်းသည် တရားတော်ကို ကြားနာခဲ့သော်လည်း ဤတရားတော်အား နားလည်ခြင်းမရှိသော လူတစ်ဦအား ဆိုလိုခြင်း ဖြစ်ပြီး နတ်ဆိုးသည် ထိုလူအား အဝေးသို့ ခေါ်ဆောင်သွားခဲ့သည်။
33:07 ai3m ကျောက်ဆောင်ပြင်သည် မည်သည့်အရာအား ကိုယ်စားပြုပါသနည်း။ ကျောက်ဆောင်ပြင်သည် တရားတော်အား ကြားနာပြီး ဝမ်းမြောက်စွာ လက်ခံသော်လည်း အခက်အခဲများ နှင့် ပင်ပန်းဆင်းရဲလာသောအခါ ကျဆုံးတတ်သည့် လူတစ်ယောက် ကို ဆိုလိုသည်။
33:08 z3np ဆူးချုံပြင်သည် မည်သည့်အရာအား ကိုယ်စားပြုသနည်း။ "ဆူးချုံပြင်သည် တရားတော်အား ကြားးနာသော လူတစ်ယောက် ဖြစ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူသည် အရာကိစ္စများစွာနှင့်ပက်သက်၍ စတင် စိတ်ပူပန်လာပြီးလျှင် ငွေအမြောက်အမြားအား ရှာဖွေရန် ကြိုးစားသောကြောင့် သူသည် ဘုရားရှင်၏ နှစ်သက်တော်မူခြင်းကို မခံရနိုင်တော့ပေ။ "
33:09 q2fw ကောင်းမွန်သော မြေကြီးပေါ်ရှိ မျိုးစေ့သည် မည်သည့်အရာအား ကိုယ်စားပြုသနည်း။ ကောင်းမွန်သော မြေကြီးပေါ်ရှိ မျိုးစေ့သည် တရားတော်အား ကြားနာ၍ ယုံကြည်ခြင်း နှင့် အသီးအပွင့်များ ထုတ်ပေးသော လူတစ်ဦးကို ဆိုလိုသည်။
34:01 m1hv မုန်ညင်းစေ့အား အခြားသော အစေ့များ နှင့် မည်ကဲ့သို့ နှိုင်းယှဥ်ထားသနည်း။ ဤအရာသည် မျိုးစေ့များအားလုံးထဲတွင် အသေးငယ်ဆုံး အစေ့ ဖြစ်သည်။
34:02 kk67 မုန်ညင်းစေ့သည် ကြီးထွားလာသောအခါ မည်သည့်အရာများ ဖြစ်ပွားခဲ့သနည်း။ "ဤအရာသည် ဥယျာဥ်အပင်များ အားလုံး၏ အကြီးဆုံးအပင် ဖြစ်လာခဲ့သည်။ "
34:03 ixmu တစေးအား မုန့်စိမ်းဆီသို့ ရောနှယ်ခဲ့သောအခါ မည်သို့ ဖြစ်သွားခဲ့သနည်း။ "ဤအရာသည် မုန့်စိမ်းထဲသို့ ပျံနှံ့လာခဲ့ပြီး မြင့်တက်သွားသည်။ "
34:04 ug8p လူယောကျ်ားသည် လယ်မြေထဲ၌ ဖွက်ထားခဲ့သော ရတနာအား ရှာတွေ့ခဲ့သောအခါ သူသည် မည်ကဲ့သို့ လုပ်ဆောင်ခဲ့သနည်း။ သူသည် ဤအရာများအား ထပ်၍ မြှုပ်နှံခဲ့ပြီးလျှင် သူ့ထံ၌ ရှိသော အရာမှန်သမျှ ရောင်းချခဲ့ပြီး ထိုလယ်မြေအား ဝယ်ယူခဲ့သည်။
34:05 eyvk ပုလဲ ကုန်သည်သည် အရည်အသွေး ပြည်စုံကောင်းမွန်သော ပုလဲအား တွေ့ရှိခဲ့သောအခါ သူသည် မည်သို့ ပြုမူခဲ့သနည်း။ သူသည် သူထံ၌ ရှိသော အရာအားလုံးအား ရောင်းချခဲ့ပြီး ထိုအရာအား ဝယ်ယူရန် ငွေကြေးများ အသုံးပြုခဲ့သည်။
34:06 o3gk ဗိမာန်တော်၌ ဝတ်ပြုဆုတောင်းနေသော လူနှစ်ဦး၏ ဇာတ်လမ်းကို ကိုယ်တော် ယေရှုသည် မည်သူအား မိန့်တော်မူခဲ့သနည်း။ "သူသည် လူအများအား ထိုသူတို့သည် အခြားသူများအား မထီမဲ့မြင်ပြုသော သူများ ဖြစ်ပြီး ကောင်းကျိုးများ လုပ်ဆောင်သောကြောင့် ဘုရားရှင်သည် ထိုသူများအား လက်ခံလိမ့်မည်ဟု ထင်မြင်သော လူများ၏ ဇာတ်လမ်းအား မိန့်တော်မူခဲ့သည်။ "
34:07 rguv ဘာသာရေး ခေါင်းဆောင်သည် အဘယ်ကြောင့် ဘုရားရှင်အား ကျေးဇူးတော် ချီးမွမ်းခဲ့သနည်း။ သူသည် အခြားသူများကဲ့သို့ အပြစ်သားတစ်ယောက် မဟုတ်သည်ဟု စိတ်ထင်ခဲ့သောကြောင့် ဘုရားရှင်အား ကျေးဇူးတော်ာ ချီးမွမ်းခဲံ့သည်။
34:08 pqmi ဘာသာရေး ခေါင်းဆောင်သည် အဘယ်ကြောင့် သူ့ကိုယ်သူ ဖြောင့်မတ်မှန်ကန်သည်ဟု ထင်မြင်ခဲ့သနည်း။ "သူသည် အပတ်စဥ်အပတ်တိုင်း အစာရှောင်ခဲ့ပြီး သူ၏ ငွေကြေးများ နှင့် ပစ္စည်းများ၏ တစ်ဆယ် ရာခိုင်နှုန်းအား စွန့်ကြဲပေးကမ်းခဲ့သည်။ "
34:09 j57f အခွန်စုဆောင်းသူသည် ဘုရားရှင်ထံမှ မည်သည့်အရာအား လျှောက်တင်တောင်းဆိုခဲ့သနည်း။ သူသည် အပြစ်သားဖြစ်သောကြောင့် သူ့အား ဂရုဏာထားပါရန်ဘုရားရှင်အား လျှောက်တင်တောင်းဆိုခဲ့သည်။
34:10 nzje မည်သူသည် ဖြောင့်မတ်မှန်ကန်သည်ဟု ဘုရားရှင်မှကြေညာခဲ့သနည်း။ အခွန်စုဆောင်းသူသည်ဖြောင့်မတ်မှန်ကန်သည်ဟု သူကြေညာခဲ့သည်။
34:10 rvwt နှိမ့်ချသောသူတိုင်းအား ဘုရားရှင်မှမည်သို့ပြုလုပ်မည်နည်း။ ဘုရားရှင်သည် သူတို့အား ဂုဏ်ပြုလိမ့်မည်။
35:02 vprh ဘာသာရေးခေါင်းဆောင်များသည် ကိုယ်တော်ယေရှုအား အဘယ်ကြောင့်ဝေဖန်ခဲ့သနည်း။ ကိုယ်တော်ယေရှုသည် အခွန်စုဆောင်းသူများနှင့်အပြစ်ကျူးလွန်သူများအားသူ၏သူငယ်ချင်းများကဲ့သို့ပြောဆိုနေသည်ကို သူတို့တွေ့ခဲ့သောကြောင့်ဖြစ်သည်။
35:03 hban သားငယ်သည် သူ၏ဖခင်ထံမှမည်သည်ကိုတောင်းဆိုခဲ့သနည်း။ သူသည် သူ၏အမွေများအားချက်ချင်းလိုချင်ခဲ့သည်။
35:04 kklc သားငယ်သည် သူ၏အမွေများနှင့်ဘာလုပ်ခဲ့သနည်း။ သူသည် ၎င်းအားအပြစ်ရှိစွာရှင်သန်ခြင်းဖြင့်ဖြုန်းတီးခဲ့သည်။
35:05 ukd4 သားငယ်နေထိုင်ရန်သွားခဲ့သောတိုင်းပြည်၌ ဘာဖြစ်ခဲ့သနည်း။ ပြင်းထန်သောအငတ်ဘေးကို ကြုံတွေ့ခဲ့ရသည်။
35:05 ztu7 သားငယ်သည် အငတ်ဘေးကာလအတွင်းရှင်သန်ရန် မည်သို့ပြုလုပ်ခဲ့သနည်း။ သူသည် ဝက်များအားအစာကျွေးသည့်အလုပ်ကိုလုပ်ခဲ့သည်။
35:06 mdcz သားငယ်သည် အိမ်သို့ပြန်ရန်အဘယ်ကြောင့်ဆုံးဖြတ်ခဲ့သနည်း။ ဖခင်၏အစေခံများ၌ စားစရာပေါများစွာရှိသော်လည်း သူသည် ဆာလောင်နေသေးသည်ကို သိနားလည်ခဲ့သောကြောင့်ဖြစ်သည်။
35:06 cmig သားငယ်သည် သူ၏ဖခင်အားမည်သည့်အရာတောင်းဆိုရန် စီစဉ်နေခဲ့သနည်း။ သူသည် သူ၏ဖခင်အားသူ၏အစေခံတစ်ဦးဖြစ်ခွင့်ပေးရန် တောင်းဆိုလိမ့်မည်။
35:07 iqdq ဖခင်သည် သားငယ်ချဉ်းကပ်လာသည်ကိုတွေ့သောအခါ ဘာလုပ်ခဲ့သနည်း။ သူသည် သားငယ်အားဂရုဏာစိတ်ဖြစ်၍ သူ့ထံသို့ပြေးဖက်ကာသူ့အားနမ်းခဲ့သည်။
35:08 pgll သားငယ်သည် သူ၏ဖခင်နှင့်တွေ့သောအခါ ဘာပြောခဲ့သနည်း။ သူသည် **ဖခင်၊ ကျွန်ုပ်သည် ဘုရားရှင်နှင့်သင့်အား ဆန့်ကျင်သောအပြစ်ရှိသည်။ ကျွန်ုပ်သည် သင်၏သားဖြစ်ဖို့ မထိုက်တန်ပါ** ဟုပြောခဲ့သည်။
35:09 iha9 သားငယ်၏ဝန်ခံခြင်းအား ဖခင်သည် မည်သို့တုန့်ပြန်ခဲ့သနည်း။ သူသည် သားငယ်အား အဝတ်အစားများ၊ လက်စွပ်နှင့် ခြေနင်းများဆင်ကာ သူပြန်လာခြင်းအတွက် ပွဲတော်ကျင်းပခဲ့သည်။
35:11 oti5 သားကြီးသည် သူ၏ညီဖြစ်သူအိမ်သို့ပြန်လာသည်ကိုသိသောအခါ မည်သို့ပြုမူခဲ့သနည်း။ သူသည် အလွန်ဒေါသထွက်၍ အိမ်အတွင်းသို့သွားရန် ငြင်းဆိုခဲ့သည်။
35:12 nenr သားကြီးသည် သူ၏ဖခင်အား မည်သည်ကိုမကျေမနပ်ပြောဆိုခဲ့သနည်း။ သားကြီးမှ သူသည် သူ၏ဖခင်အတွက်သစ္စာရှိစွာ အလုပ်လုပ်ခဲ့သော်လည်း သူ၏ဖခင်သည် သူ့အတွက်ကျင်းပရန် ဆိတ်သေးတစ်ကောင်တောင်မှမပေးခဲ့ပါ၊ သို့သော် သူသည် သူ၏ငွေကြေးများအားစားသုံးခဲ့သောသူ့သားအတွက် အကောင်းဆုံးနွားငယ်အား သတ်ခဲ့သည် ဟုပြောခဲ့သည်။
35:13 mpx4 သားကြီးသည် ယခုအခါဖခင်ပိုင်ဆိုင်မှုများ၏မည်မျှအား ပိုင်ဆိုင်သနည်း။ ဖခင်၌ရှိသမျှအရာအားလုံးသည် ယခုအခါသားကြီးပိုင်ဆိုင်ခဲ့သည်။
35:13 k12h ဖခင်သည် သားငယ်ပြန်လာသည်ကိုပွဲတော်ကျင်းပခြင်းအတွက် မည်သည့်အကြောင်းပြချက်ပေးခဲ့သနည်း။ "သူ၏သားသည် သေလွန်ပြီးသော်လည်း ယခုအခါ ပြန်လည်ရှင်သန်နေပြီ၊ သူ့အားပျောက်ဆုံးသွားသော်လည်း ယခုပြန်လည်ရှာတွေ့ခဲ့ပြီဖြစ်သည်။ "
36:01 c0qo ကိုယ်တော်ယေရှုသည် မည်သူအား သူနှင့်အတူ တောင်ဆီသို့ ခေါ်ဆောင်သွားသနည်း။ သူသည် သူ၏တပည့်များဖြစ်သည့် ပေတရု၊ ယာကုပ်နှင့် ယောဟန်အား ခေါ်ဆောင်သွားခဲ့သည်။
36:02 vy96 ကိုယ်တော်ယေရှုဆုတောင်းနေစဉ် မည်သည့်ပြောင်းလဲမှုဖြစ်ပေါ်ခဲ့သနည်း။ သူ၏မျက်နှာသည် နေကဲ့သို့တောက်ပလာ၍ သူ၏အဝတ်အစားများသည် အလင်းရောင်ကဲ့သို့ ဖြူဖွေးလာသည်။
36:03 m0pt ကိုယ်တော်ယေရှုနှင့်အတူထွက်ပေါ်လာသော လူနှစ်ဦးသည် မည်သူများဖြစ်သနည်း။ ကိုယ်တော်မောရှေနှင့် ရှေ့ဖြစ်ဟောပညာရှင်ဧလိယတို့ ထွက်ပေါ်လာကြသည်။
36:03 z1st ကိုယ်တော်ယေရှုနှင့်အတူ ကိုယ်တော်မောရှေနှင့်ဧလိယတို့ထွက်ပေါ်လာခြင်းသည် အဘယ်ကြောင့်အံ့ဖွယ်ဖြစ်သနည်း။ သူတို့နှစ်ဦးစလုံးသည် ဤမတိုင်မီ နှစ်ပေါင်းရာနှင့်ချီ၍ နေထိုင်ခဲ့ကြသည်။
36:03 ctae ကိုယ်တော်မောရှေနှင့်ဧလိယတို့သည် ကိုယ်တော်ယေရှုနှင့် မည်သည့်အရာများဆွေးနွေးခဲ့သနည်း။ သူတို့သည် ကိုယ်တော်ယေရှု၏သေဆုံးမှုအကြောင်း ပြောခဲ့ကြသည်။
36:03 jxv6 ကိုယ်တော်ယေရှုသည် မည်သည့်နေရာ၌သေဆုံးမည်နည်း။ သူသည် ရေရုရှလင်မြို့၌ သေဆုံးလိမ့်မည်။
36:04 envc ကိုယ်တော်ယေရှု၊ ကိုယ်တော်မောရှေနှင့် ဧလိယတို့အတွက် သူတို့မည်သို့ပြုလုပ်ရန် ပေတရုအကြံပြုခဲ့သနည်း။ သူသည် ကိုယ်တော်ယေရှု၊ ကိုယ်တော်မောရှေနှင့် ဧလိယတို့အတွက် အမိုးအကာသုံးခုပြုလုပ်လိုခဲ့သည်။
36:05 rjpt တောက်ပနေသောမိုးတိမ်မှအသံသည် တပည့်များအား မည်သို့ပြောဆိုခဲ့သနည်း။ ၎င်းသည် **ဒါ ငါချစ်သောသားဖြစ်သည်၊ ငါသည် သူ့အားကျေနပ်၍ သူ့အားနားထောင်ကြ** ဟုပြောခဲ့သည်။
36:07 bwyv ကိုယ်တော်ယေရှုသည် သူတို့မြင်တွေ့ခဲ့သောအရာများနှင့်ပတ်သက်၍ မည်သို့ပြုလုပ်ရန် တပည့်များအားပြောကြားခဲ့သနည်း။ သူသည် တောင်ပေါ်၌ဖြစ်ပျက်ခဲ့သည်များကို သူသေဆုံးပြီးနောက်ပြန်လည်အသက်မရှင်ခင်အချိန်အထိ မည်သူကိုမျှမပြောရန် သူတို့အား ပြောကြားခဲ့သည်။
37:01 f8vd လာဇရုနာမကျန်းဖြစ်ခြင်း၏နောက်ဆုံးရလဒ်သည် မည်သို့ဖြစ်လိမ့်မည်ဟု ကိုယ်တော်ယေရှုပြောကြားခဲ့သနည်း။ "၎င်းသည် ဘုရားရှင်၏ဘုန်းကျက်သရေအတွက်ဖြစ်လိမ့်မည်။ "
37:02 gkoc လာဇရုနာမကျန်းဖြစ်ခြင်းအကြောင်းကြားသိသောအခါ ကိုယ်တော်ယေရှုသည် မည်သည့်အရာအားပြုလုပ်ခဲ့သနည်း။ သူရှိခဲ့သောနေရာ၌ နှစ်ရက်ပို၍ စောင့်နေခဲ့သည်။
37:02 g2kw ကိုယ်တော်ယေရှုသည် ယုဒပြည်သို့သွားရန်ဆုံးဖြတ်ခဲ့ချိန်၌ တပည့်များသည် အဘယ်ကြောင့်စိုးရိမ်ပူပန်ခဲ့သနည်း။ ယုဒပြည်မှလူများသည် ကိုယ်တော်ယေရှုအားသတ်ချင်နေကြသောကြောင့် သူတို့စိုးရိမ်ပူပန်ခဲ့ကြသည်။
37:03 kgzs ကိုယ်တော်ယေရှုမှ လာဇရုအိပ်ပျော်သွားပြီဟုပြောသောအခါ တပည့်များသည် သူ၏ဆိုလိုရင်းအား မည်သို့တွေးထင်ခဲ့ကြသနည်း။ သူသည် အိပ်ပျော်ရုံသာဖြစ်၍ ပြန်ကောင်းလာလိမ့်မည်ဟု တွေးခဲ့ကြသည်။
37:03 t9uz ကိုယ်တော်ယေရှုသည် တပည့်များအား လာဇရုအကြောင်း မည်သို့ရှင်းလင်းစွာပြောခဲ့သနည်း။ "ကိုယ်တော်ယေရှုသည် လာဇရုသေဆုံးသွားခဲ့ပြီဟု ပြောကြားခဲ့သည်။ "
37:03 pbht ကိုယ်တော်ယေရှုသည် လာဇရုသေဆုံးချိန်တွင်ထိုနေရာ၌သူမရှိနေခြင်းကို အဘယ်ကြောင့်ဝမ်းမြောက်ခဲ့သနည်း။ တပည့်များမှသူ့အားယုံကြည်မည့် တစ်စုံတစ်ရာဖြစ်ပျက်မည်ဖြစ်သောကြောင့် ကိုယ်တော်ယေရှုဝမ်းမြောက်ခဲ့သည်။
37:04 luth လာဇရုသေဆုံးသည်မှာ မည်မျှကြာပြီနည်း။ "သူသေဆုံးသည်မှာ လေးရက်ကြာခဲ့ပြီဖြစ်သည်။ "
37:04 tsq1 ကိုယ်တော်ယေရှုသည် လာဇရုအားကုသပေးနိုင်ခဲ့သည်ဟု မာသယုံကြည်ခဲ့ပါသလား။ ဟုတ်ပါသည်၊ သူကုသနိုင်သည်ဟု သူမယုံကြည်ခဲ့သည်။
37:05 q1vg ကိုယ်တော်ယေရှုသည် ရှင်သန်ထမြောက်ခြင်းနှင့်အသက်ဖြစ်ခြင်းကြောင့် ယုံကြည်သူများ၌မည်သည့်အရာဖြစ်ပျက်လိမ့်မည်နည်း။ ကိုယ်တော်ယေရှုအားယုံကြည်သည့်မည်သူမဆို သေဆုံးပြီးသည့်တိုင် ပြန်လည်ရှင်သန်လိမ့်မည်ဖြစ်၍ ကိုယ်တော်ယေရှုအားယုံကြည်သည့်သူတိုင်း မသေဆုံးနိုင်ပါ။
37:05 k7ae ကိုယ်တော်ယေရှုသည် မည်သူဖြစ်သည်ဟု မာသယုံကြည်သနည်း။ "သူသည် ဘုရားရှင်၏သားတော်မေရှိယကိုယ်တော်ဖြစ်သည်ဟု သူမယုံကြည်ခဲ့သည်။ "
37:07 mk58 လာဇရုသေဆုံးသည်မှာ မည်မျှကြာပြီနည်း။ သူသေဆုံးသည်မှာ လေးရက်ကြာခဲ့ပြီဖြစ်သည်။
37:09 zrib ကိုယ်တော်ယေရှုသည် ခမည်းတော်အား အဘယ်ကြောင့်ကျယ်လောင်စွာကျေးဇူးတင်ခဲ့သနည်း။ သူသည် ခမည်းတော်မှသူ့အားစေလွှတ်ခဲ့သည်ကိုလူများယုံကြည်စေရန် ထိုသို့ပြုလုပ်ခဲ့သည်။
37:09 mlro ကိုယ်တော်ယေရှုသည် လာဇရုအားမည်သို့ပြုလုပ်ရန် အမိန့်ပေးခဲ့သနည်း။ "သူသည် လာဇရုအား သင်္ချိုင်းဂူမှထွက်လာရန် အမိန့်ပေးခဲ့သည်။ "
37:11 b0yq ဂျူးဘာသာရေးခေါင်းဆောင်များသည် အံ့ဖွယ်အမှုအားမြင်သောအခါ မည်သို့တုန့်ပြန်ခဲ့သနည်း။ သူတို့သည် ကိုယ်တော်ယေရှုအားမနာလို၍ သူနှင့်လာဇရုအားသတ်ရန် စီစဉ်ခဲ့ကြသည်။
38:01 gjaj ဂျူးလူမျိုးများနှစ်စဉ်ကျင်းပသောပဿခါပွဲ၏အဓိပ္ပာယ်မှာ အဘယ်နည်း။ ပဿခါပွဲဟူသည် အီဂျစ်ပြည်ရှိဂျူးလူမျိုး၏ဘိုးဘေးများအား ဘုရားရှင်မှမည်သို့လွတ်မြောက်စေခဲ့သည့်အထိမ်းအမှတ်ပွဲဖြစ်သည်။
38:02 oj9j ကိုယ်တော်ယေရှုအား ဂျူးခေါင်းဆောင်များထံအပ်နှင်းခြင်းဖြင့် ယုဒသည် မည်သည့်အရာကိုလဲလှယ်လိုခဲ့သနည်း။ သူသည် ငွေကြေးလဲလှယ်ခြင်းဖြင့် ကိုယ်တော်ယေရှုအားသစ္စာဖောက်ခဲ့သည်။
38:03 twzs ဂျူးခေါင်းဆောင်များသည် ကိုယ်တော်ယေရှုအားသစ္စဖောက်ရန် ယုဒအားမည်မျှပေးခဲ့သနည်း။ သူတို့သည် သူ့အားငွေဒင်္ဂါး၃၀ ပေးခဲ့သည်။
38:04 ql5p ပဿခါစားတော်ပွဲ၌ ပေါင်မုန့်နှင့်ပတ်သက်၍ကိုယ်တော်ယေရှုဘာပြောခဲ့သနည်း။ သူသည် **ဒါ သင်တို့အတွက်ပေးအပ်ထားသည့်ငါ၏ကိုယ်ခန္ဓာဖြစ်သည်** ဟုပြောခဲ့သည်။
38:05 w9sp ကိုယ်တော်ယေရှုသည် ခွက်နှင့်ပတ်သက်၍ ဘာပြောခဲ့သနည်း။ သူသည် **ငါ၏သွေးသည် ပဋိညာဉ်သစ်ဖြစ်၍ ၎င်းအား ငါသွန်းလောင်းလျှင် ဘုရားရှင်သည်သင်တို့၏အပြစ်များအား ခွင့်လွှတ်ပေးလိမ့်မည်** ဟုပြောခဲ့သည်။
38:06 h9xy မည်သူသည် သူ့အားသစ္စာဖောက်လိမ့်မည်ဟု ကိုယ်တော်ယေရှုပြောခဲ့သနည်း။ ကိုယ်တော်ယေရှုမှ သူပေါင်မုန့်ပေးသောသူသည် သူအားသစ္စာဖောက်မည့်သူဖြစ်သည်ဟု ပြောခဲ့သည်။
38:07 q8a4 ကိုယ်တော်ယေရှုထံမှပေါင်မုန့်ကိုယူပြီးနောက် ယုဒ၌မည်သည့်အရာဖြစ်ပျက်ခဲ့သနည်း။ မာန်နတ်သည် ယုဒအတွင်းသို့ဝင်ရောက်ခဲ့သည်။
38:08 d5fb ထိုည၌တပည့်များတွင် မည်သည့်အရာဖြစ်ပျက်လိမ့်မည်ဟု ကိုယ်တော်ယေရှုခန့်မှန်းခဲ့သနည်း။ ကိုယ်တော်ယေရှုမှ သူတို့အားလုံးသည် သူ့အားစွန့်ပစ်ကြလိမ့်မည်ဟု ပြောခဲ့သည်။
38:09 t09l ပေတရုသည် ကြက်ဖမတွန်ခင် မည်သည့်အရာအားပြုလုပ်လိမ့်မည်ဟု ကိုယ်တော်ယေရှုပြောခဲ့သနည်း။ ပေတရုသည် ကိုယ်တော်ယေရှုအားသိကြောင်း သုံးကြိမ်တိုင်တိုင်ငြင်းဆိုလိမ့်မည်။
38:10 u52i တပည့်များသည် ကိုယ်တော်ယေရှု၏သူတို့အကြောင်းခန့်မှန်းချက်များကို မည်သို့တုန့်ပြန်ခဲ့သနည်း။ သူတို့သည် ကိုယ်တော်ယေရှုကိုငြင်းဆိုမည့်အစား အသေခံကြလိမ့်မည်ဟု ပြောခဲ့သည်။
38:12 ff74 ကိုယ်တော်ယေရှုသည် ဂေသရှေမန်၌ သူ၏ခမည်းတော်အား မည်သို့ဆုတောင်းခဲ့သနည်း။ သူသည် သူ၏ခမည်းတော်ထံမှဒုက္ခဝေဒနာခံစားရခြင်းခွက်ကိုမသောက်သုံးလိုကြောင်းတောင်းဆိုခဲ့သော်လည်း လူများ၏အပြစ်များကိုခွင့်လွှတ်ရန်အခြားနည်းလမ်းမရှိပါက ဘုရားရှင်၏အလိုတော်အတိုင်းဖြစ်မြောက်စေရမည်ဟု ပြောခဲ့သည်။
38:13 oej0 ကိုယ်တော်ယေရှုဆုတောင်းနေစဉ်တွင် တပည့်များဘာလုပ်နေခဲ့သနည်း။ တပည့်များသည် အိပ်နေခဲ့ပါသည်။
38:14 bn8z စစ်သည်များမှ မည်သူသည်ကိုယ်တော်ယေရှုဖြစ်ကြောင်း မည်သို့သိရှိခဲ့သနည်း။ ယုဒသည် ကိုယ်‌တော်ယေရှုအားစစ်သည်များဖမ်းဆီးနိုင်ရန်သင်္ကေတတစ်ခုအဖြစ် နမ်းခဲ့သည်။
38:15 cu3t ကိုယ်တော်ယေရှုအားခုခံရန်အလို့ငှာ ပေတရုသည် မည်သည့်အရာအားပြုလုပ်ခဲ့သနည်း။ သူသည် ဓားအားဆွဲထုတ်ကာ မြင့်မြတ်သောသင်းအုပ်၏အစေခံတစ်ဦး၏နားရွက်အား ဖြတ်ခဲ့သည်။
38:15 vjmr ကိုယ်တော်ယေရှုသည် ပေတရုမှသူ့အားခုခံရန်မလိုကြောင်း အဘယ်ကြောင့်ပြောခဲ့သနည်း။ ကိုယ်တော်ယေရှုမှ သူသည် ခမည်းတော်ထံမှနတ်စေတမန်စစ်တပ်အားတောင်းဆိုနိုင်သည်ဟု ဆိုခဲ့သည်။
38:15 lacq ကိုယ်တော်ယေရှုအဖမ်းခံရပြီးနောက် တပည့်များဘာလုပ်ခဲ့သနည်း။ "သူတို့အားလုံးထွက်ပြေးခဲ့ကြသည်။ "
39:01 swq0 ဂျူးခေါင်းဆောင်များမှ ကိုယ်တော်ယေရှုအားမေးမြန်းရန်စတင်ခဲ့သောအချိန်သည် နေ့တစ်နေ့၏မည်သည့်အချိန်ဖြစ်သနည်း။ ၎င်းသည် ညသန်းခေါင်ယံအချိန်ဖြစ်သည်။
39:02 mh2r ဂျူးခေါင်းဆောင်များမှ ကိုယ်တော်ယေရှုသည်အပြစ်တစ်စုံတစ်ရာရှိကြောင်း အဘယ်ကြောင့်သက်သေမပြနိုင်ခဲ့သနည်း။ သက်သေခံအတုများ၏ထွက်ဆိုချက်များသည် အချင်းချင်းမကိုက်ညီကြပါ။
39:03 bxag မြင့်မြတ်သောသင်းအုပ်သည် ကိုယ်တော်ယေရှုအား နောက်ဆုံး၌မည်သည့်မေးခွန်းမေးခဲ့သနည်း။ သူသည် ကိုယ်တော်ယေရှုအား **သင်သည် ရှင်သန်နေသောဘုရားရှင်၏သားတော်မေရှိယကိုယ်တော် ဟုတ်ပါသလား** ဟုမေးခဲ့သည်။
39:04 wg4m ကိုယ်တော်ယေရှုသည် မြင့်မြတ်သောသင်းအုပ်အားမည်သည့်အဖြေပေးခဲ့သနည်း။ ကိုယ်တော်ယေရှုသည် **ငါသည် မေရှိယကိုယ်တော်ဖြစ်၍ ဘုရားရှင်နှင့်အတူထိုင်ကာ နိဗာန်ရွှေမြို့တော်မှလာသည်ကို သင်တွေ့ရလိမ့်မည်** ဟုပြောခဲ့သည်။
39:04 p4hp မြင့်မြတ်သောသင်းအုပ်မှ ကိုယ်တော်ယေရှုကျူးလွန်ခဲ့သည်ဟုဆိုသော ရာဇဝတ်မှုသည်မည်သည်နည်း။ မြင့်မြတ်သောသင်းအုပ်မှ ကိုယ်တော်ယေရှုသည် ဘုရားရှင်၏သားတော်ဖြစ်သည်ဟုအခိုင်အမာပြောခဲ့ကြောင်း ပြောခဲ့သည်။
39:06 w4h4 ကိုယ်တော်ယေရှုရုံးချိန်းအတွင်း ပေတရုသည် မည်သည့်နေရာ၌ရှိနေခဲ့သနည်း။ ပေတရုသည် မြင့်မြတ်သောသင်းအုပ်၏အိမ်အပြင်ဘက်၌စောင့်နေခဲ့သည်။
39:06 jv2c လူများမှ ပေတရုသည်ကိုယ်တော်ယေရှုနှင့်အတူရှိနေသည်ဟု အဘယ်ကြောင့်တွေးထင်ကြသနည်း။ ပေတရုနှင့်ကိုယ်တော်ယေရှုတို့နှစ်ဦးစလုံးသည် ဂါလိလဲပြည်မှဖြစ်ကြသည်။
39:07 ku4j လူများမှ ပေတရုအားကိုယ်တော်ယေရှုအားသိပါသလားဟုမေးသောအခါ သူဘာပြောခဲ့သနည်း။ ပေတရုသည် ကိုယ်တော်ယေရှုအားသိကြောင်း သုံးကြိမ်တိုင်တိုင်ငြင်းဆိုခဲ့သည်။
39:07 qwhk ပေတရုမှကိုယ်တော်ယေရှုအား သုံးကြိမ်မြောက်ငြင်းဆိုပြီးနောက်ချက်ချင်း မည်သည့်အရာဖြစ်ပျက်ခဲ့သနည်း။ ကြက်ဖတွန်ချိန်၌ ကိုယ်တော်ယေရှုသည် ပေတရုအားလှည့်၍ကြည့်ခဲ့သည်။
39:08 tj59 ဂျူးခေါင်းဆောင်များမှ ကိုယ်တော်ယေရှုအားပြစ်တင်ရှုံ့ချသည်ကို ယုဒမြင်တွေ့သောအခါ ဘာလုပ်ခဲ့သနည်း။ ယုဒသည် ဝမ်းနည်းမှုအပြည့်နှင့် ထွက်ပြေးကာမိမိကိုယ်ကိုသတ်သေခဲ့သည်။
39:09 vk0o ဂျူးခေါင်းဆောင်များသည် ကိုယ်တော်ယေရှုအား အဘယ်ကြောင့်ရောမဘုရင်ခံပိလက်ထံသို့ခေါ်ဆောင်သွားသနည်း။ သူတို့သည် မိမိတို့ကိုယ်တိုင်လုပ်ပိုင်ခွင့်မရှိသောကြောင့် ပိလက်ဘုရင်အားကိုယ်တော်ယေရှုကိုပြစ်တင်ရှုံ့ချ၍သတ်ပစ်စေလိုခဲ့ကြသည်။
39:09 cw5v ပိလက်ဘုရင်မှကိုယ်တော်ယေရှုအားမေးခဲ့သော ပထမဆုံးမေးခွန်းမှာမည်သည်နည်း။ သူသည် **သင်သည် ဂျူးဘုရင်လား** ဟုမေးခဲ့သည်။
39:10 l1g5 ကိုယ်တော်ယေရှုမှ သူသည်ကမ္ဘာမြေပြင်သို့မည်သည့်ရည်ရွယ်ချက်ဖြင့် လာရောက်ခဲ့သည်ဟု ဆိုခဲ့သနည်း။ ကိုယ်တော်ယေရှုမှ သူသည် ဘုရားရှင်နှင့်ပတ်သက်သည့်အမှန်တရာအားပြောကြားရန် ကမ္ဘာမြေသို့လာခဲ့သည်ဟု ဆိုခဲ့သည်။
39:11 fhec ပိလက်ဘုရင်သည် လူအုပ်ကြီးအား ကိုယ်တော်ယေရှု၌အပြစ်မရှိကြောင်း အကြိမ်မည်မျှပြောခဲ့သနည်း။ သူသည် ကိုယ်တော်ယေရှု၌အပြစ်မရှိကြောင်း သုံးကြိမ်တိုင်တိုင်ပြောကြားခဲ့သည်။
39:12 irti ပိလက်ဘုရင်သည် ကိုယ်တော်ယေရှုအပြစ်ကင်းစင်ကြောင်းယုံကြည်လျှင် အဘယ်ကြောင့်ကိုယ်တော်ယေရှုအားကြိုးစင်တင်၍သတ်ခွင့်ပြုခဲ့သနည်း။ ပိလက်ဘုရင်သည် လူအုပ်ကြီးဆူပူသောင်းကျန်းလာမည်ကို ကြောက်ရွံ့လာခဲ့သည်။
39:12 tfxy ရောမစစ်သည်များသည် ကိုယ်တော်ယေရှုအားမည်သို့ဆက်ဆံခဲ့သနည်း။ သူတို့သည် ကိုယ်တော်ယေရှုအား ကြိမ်ဒဏ်ပေး၍ တော်ဝင်ဝတ်လုံတော်နှင့်ရာဇသရဖူကိုဝတ်ဆင်ပေးကာ သူ့အားလှောင်ပြောင်ခဲ့ကြသည်။
40:01 ae59 စစ်သည်များသည် ကိုယ်တော်ယေရှုအားကြိုးစင်တင်ရန်ခေါ်ဆောင်သွားသောအခါ သူ့အားမည်သို့ပြုလုပ်၍သယ်ဆောင်သွားသနည်း။ သူတို့သည် သူ့အားသတ်မည့်လက်ဝါးကပ်တိုင်နှင့်ထမ်းဆောင်ခဲ့ကြသည်။
40:02 hyod ကိုယ်တော်ယေရှုအားကြိုးစင်တင်ခဲ့သည့်နေရာ၏အမည်မှာ မည်သည်နည်း။ ၎င်းအား ဦးခေါင်းခွံဟုခေါ်သည်။
40:02 udhc ရောမစစ်သည်များသည် ကိုယ်တော်ယေရှုအား လက်ဝါးကပ်တိုင်၌မည်သို့တွဲချည်ထားသနည်း။ သူတို့သည် ကိုယ်တော်ယေရှု၏လက်များနှင့်ခြေထောက်အား လက်ဝါးကပ်တိုင်၌ သံနှင့်ရိုက်ထားကြသည်။
40:02 c2mg ကိုယ်တော်ယေရှုသည် သူ့အားကြိုးစင်တင်ကြသူများနှင့်ပတ်သက်၍ မည်သို့ဆုတောင်းခဲ့သနည်း။ သူသည် **ခမည်းတော်၊ သူတို့သည် မိမိတို့ပြုလုပ်နေသည့်အရာအားမသိကြသောကြောင့် သူတို့အားခွင့်လွှတ်ပေးပါ** ဟုဆုတောင်းခဲ့သည်။
40:02 t82h ကိုယ်တော်ယေရှု၏ခေါင်းထက်၌ သင်္ကေတတွင်မည်သည့်အရာအားရေးသားခဲ့သနည်း။ သင်္ကေတသည် ဂျူးလူမျိုးများ၏ဘုရင်ဟု ဆိုသည်။
40:03 b1gj စစ်သည်များသည် ကိုယ်တော်ယေရှု၏အဝတ်များအား မည်သို့ခွဲခဲ့ကြသနည်း။ ရှေ့ဖြစ်ဟောထားပြီးသည့်အတိုင်း စစ်သည်များသည် ကိုယ်တော်ယေရှု၏အဝတ်များအားလောင်းကစားခဲ့ကြသည်။
40:04 socb ကိုယ်တော်ယေရှုအားလှောင်ပြောင်ခြင်းမရှိသောဓားပြသည် သူ့အားမည်သို့ပြုလုပ်ရန်တောင်းဆိုခဲ့သနည်း။ သူသည် ကိုယ်တော်ယေရှုအားသူ၏နိုင်ငံတော်၌သူ့အားမှတ်မိနေရန်တောင်းဆိုခဲ့သည်။
40:04 acvz ဓားပြ၏တောင်းဆိုမှုအား ကိုယ်တော်ယေရှုသည်မည်သို့ဖြေကြားခဲ့သနည်း။ ကိုယ်တော်ယေရှုသည် **သင် ဒီနေ့ကျွန်ုပ်နှင့်အတူ နိဗာန်၌ရှိလိမ့်မည်** ဟုပြောခဲ့သည်။
40:05 now0 လူအုပ်ကြီးသည် ကိုယ်တော်ယေရှုအားဘုရားရှင်၏သားတော်ဖြစ်ကြောင်းသက်သေပြရန် မည်သို့ပြုလုပ်စေလိုခဲ့သနည်း။ သူတို့သည် ကိုယ်တော်ယေရှုအားလက်ဝါးကပ်တိုင်မှဆင်းလာ၍မိမိကိုယ်ကိုကယ်တင်ပါဟု ပြောခဲ့သည်။
40:06 k78o နေ့လယ်၌ ကောင်းကင်တွင်မည်သည့်ထူးဆန်းသောအရာဖြစ်ပျက်ခဲ့သနည်း။ မွန်းတည့်ချိန်၌ အမှောင်အတိဖုံးလွှမ်း၍ သုံးနာရီကြာအောင်မှောင်နေခဲ့သည်။
40:07 rips လက်ဝါးကပ်တိုင်မှ ကိုယ်တော်ယေရှုသည် မည်သို့နောက်ဆုံးငိုကြွေးခဲ့သနည်း။ ကိုယ်တော်ယေရှုသည် **ပြီးဆုံးပြီ ခမည်းတော်၊ ကျွန်ုပ်၏ဝိညာဉ်တော်အား သင်၏လက်သို့အပ်ပါသည်** ဟုငိုကြွေးခဲ့သည်။
40:07 s40l ကိုယ်တော်ယေရှုသေဆုံးသည်နှင့်တစ်ပြိုင်နက် မည်သည့်အံ့ဖွယ်အရာများဖြစ်ပျက်ခဲ့သနည်း။ ငလျင်ကြီးတစ်ခုလှုပ်ခတ်၍ ဗိမာန်တော်မှကြီးမားသောလိုက်ကာကြီးသည် အပေါ်မှအောက်သို့နှစ်ခြမ်းကွဲသွားခဲ့သည်။
40:08 chtr ကိုယ်တော်ယေရှုသည် သူ၏သေဆုံးခြင်းအားဖြင့် မည်သည့်အရာအားပြီးမြောက်ခဲ့သနည်း။ ကိုယ်တော်ယေရှုသည် လူများအားဘုရားရှင်ထံသို့လာရောက်နိုင်ရန် လမ်းဖွင့်ပေးခဲ့သည်။
40:09 sfq8 မည်သူသည် ပိလက်ဘုရင်ထံကိုယ်တော်ယေရှု၏ကိုယ်ခန္ဓာအားတောင်းဆိုခဲ့သနည်း။ ယောသပ်နှင့်နိကောဒင်ဟုအမည်ရသောဂျူးခေါင်းဆောင်နှစ်ဦးသည် ကိုယ်တော်ယေရှု၏ကိုယ်ခန္ဓာအားတောင်းဆိုခဲ့ကြသည်။
40:09 ba77 သူတို့သည် ကိုယ်တော်ယေရှု၏ကိုယ်ခန္ဓာနှင့် ဘာလုပ်ခဲ့ကြသနည်း။ သူတို့သည် ကိုယ်တော်ယေရှု၏ကိုယ်ခန္ဓာအားအဝတ်များနှင့်ထုတ်ပိုးကာ ကျောက်တုံးများကိုခုတ်ထစ်ထားသောသင်္ချိုင်း၌ထားပြီးနောက် သင်္ချိုင်း၏ရှေ့၌ကြီးမားသောကျောက်တုံးကြီးကိုလိမ့်ထားခဲ့သည်။
41:01 tx24 ကိုယ်တော်ယေရှုသည် သူသေဆုံးပြီးနောက် သုံးရက်ကြာလျှင် မည်သို့ဖြစ်မည်ဟုပြောခဲ့သနည်း။ သူသည် သေဆုံးရာမှပြန်လည်နိုးထလိမ့်မည်ဟု ပြောခဲ့သည်။
41:01 f7a6 ဂျူးခေါင်းဆောင်များသည် ကိုယ်တော်ယေရှုပြန်လည်နိုးထလာမည်ဟု ယုံကြည်ခဲ့ပါသလား။ မယုံခဲ့ကြပါ၊ ကိုယ်တော်ယေရှုလိမ်နေသည်ဟု သူတို့ထင်ခဲ့ကြသည်။
41:01 uiyb ဂျူးခေါင်းဆောင်များသည် တပည့်များဘာလုပ်မည်ကို ကြောက်ရွံ့ခဲ့ကြသနည်း။ တပည့်များသည် ကိုယ်တော်ယေရှု၏ကိုယ်ခန္ဓာအားခိုးယူ၍ ကိုယ်တော်ယေရှုသည်သေဆုံးရာမှပြန်လည်နိုးထခဲ့ပြီဟုပြောကြမည်ဟု ဂျူးခေါင်းဆောင်များထင်ခဲ့ကြသည်။
41:02 j2ix ဂျူးခေါင်းဆောင်များသည် ကိုယ်တော်ယေရှု၏သင်္ချိုင်းအားလုံခြုံစေရန် မည်သို့ပြုလုပ်ခဲ့သနည်း။ သူတို့သည်သင်္ချိုင်းအားစောင့်ရှောက်ရန်စစ်သည်များထား၍ သင်္ချိုင်း၏ဝင်ပေါက်၌ တံဆိပ်ခတ်ထားသောကျောက်တုံးအားထားခဲ့သည်။
41:03 k72d အမျိုးသမီးများသည် ကိုယ်တော်ယေရှု၏သင်္ချိုင်းသို့ မည်သည့်အချိန်၌သွားခဲ့ကြသနည်း။ ဥပုဒ်နေ့ပြီးနောက် မနက်အစောဆုံးအချိန်၌ ထိုနေရာသို့ သူတို့သွားခဲ့ကြသည်။
41:04 temv အမျိုးသမီးများသင်္ချိုင်းသို့မရောက်မီ ထိုနေရာတွင်မည်သည့်အံ့ဖွယ်အမှုဖြစ်ပျက်ခဲ့သနည်း။ ငလျင်တစ်ခုလှုပ်ခတ်၍နတ်စေတမန်တစ်ပါးပေါ်ထွက်လာကာ ကျောက်တုံးအားလိမ့်၍၎င်းပေါ်၌ထိုင်ခဲ့သည်။
41:04 bsja စစ်သည်များသည် နတ်စေတမန်အားမြင်တွေ့သောအခါ ဘာလုပ်ကြသနည်း။ သူတို့သည် အလွန်ကြောက်လန့်၍ မြေကြီးများသို့လူသေများကဲ့သို့လဲကျကုန်သည်။
41:05 l7sv နတ်စေတမန်သည် အမျိုးသမီးများသင်္ချိုင်းသို့ရောက်သောအခါ ဘာပြောခဲ့သနည်း။ နတ်စေတမန်သည် အမျိုးသမီးများအား မကြောက်ရွံ့ကြရန်နှင့် ကိုယ်တော်ယေရှုသည် သေဆုံးရာမှပြန်လည်နိုးထခဲ့ပြီဖြစ်ကြောင်းပြောခဲ့သည်။ နတ်စေတမန်သည် သူတို့အားသင်္ချိုင်းအတွင်းသို့ကြည့်ရန်‌ ပြောခဲ့သည်။
41:06 qml3 နတ်စေတမန်သည် အမျိုးသမီးများအား တပည့်များကိုပြောရန် ဘာပြောခဲ့သနည်း။ သူသည် အမျိုးသမီးများအား ကိုယ်တော်ယေရှုသည် သေဆုံးရာမှပြန်လည်နိုးထခဲ့ပြီးသူတို့အားဦးဆောင်ကာဂါလိလဲပြည်သို့သွားလိမ့်မည်ဟု တပည့်များကိုပြောရန် ပြောခဲ့သည်။
41:08 xxzg အမျိုးသမီးများသည် တပည့်များကိုသွားပြောရန်လမ်းတွင် မည်သူထွက်ပေါ်ခဲ့သနည်း။ ကိုယ်တော်ယေရှုသည် သူတို့ထံသို့ထွက်ပေါ်လာခဲ့သည်။
41:08 ihhh အမျိုးသမီးများသည် ကိုယ်တော်ယေရှုအားတွေ့သောအခါ ဘာလုပ်ကြသနည်း။ သူတို့သည် ကိုယ်တော်ယေရှု၏ခြေတော်၌ ဦးညွှတ်ခဲ့ကြသည်။
42:01 pgql တပည့်နှစ်ဦးသည် လမ်းမကြီးသို့သွားရာလမ်းတစ်လျှောက်၌ မည်သည့်အကြောင်းအရာအားပြောနေကြသနည်း။ သူတို့သည် ကိုယ်တော်ယေရှု၌မည်သို့ဖြစ်ပျက်ခဲ့သည့်အကြောင်းပြောနေခဲ့ကြသည်။
42:02 u67o တပည့်နှစ်ဦးသည် လမ်းမကြီးပေါ်၌သူ့တို့အားမှီလာသောကိုယ်တော်ယေရှုအား မည်သူဟုထင်ခဲ့သနည်း။ သူတို့သည် ကိုယ်တော်ယေရှုအား ရေရုရှလင်မြို့၌ဖြစ်ပျက်ခဲ့သည်များကိုမသိသောနိုင်ငံခြားသားတစ်ဦးဖြစ်သည်ဟု တွေးထင်ခဲ့ကြသည်။
42:03 ffm3 မေရှိယကိုယ်တော်၌ မည်သည့်အရာများဖြစ်ပျက်လိမ့်မည်ဟု ရှေ့ဖြစ်ဟောပညာရှင်များကပြောကြားခဲ့သနည်း။ မေရှိယကိုယ်တော်သည် ဝေဒနာခံစား၍သေဆုံးလိမ့်မည်ဖြစ်သော်လည်း တတိယမြောက်နေ့တွင်မူ ပြန်လည်နိုးထလာလိမ့်မည်ဟု ရှေ့ဖြစ်ဟောပညာရှင်များပြောကြားခဲ့သည်။
42:04 w9ub တပည့်နှစ်ဦးမှသူ့အားသတိပြုမိသောအခါ ကိုယ်တော်ယေရှုသည်မည်သည့်အရာအားပြုလုပ်နေသနည်း။ ကိုယ်တော်ယေရှုသည် ဘုရားရှင်အားကျေးဇူးတင်လျက် ပေါင်မုန့်အားချိုးဖဲ့နေခဲ့သည်။
42:05 m3z6 ကိုယ်တော်ယေရှုထွက်ခွာပြီးနောက် တပည့်နှစ်ဦးသည်မည်သည်အားပြုလုပ်ကြသနည်း။ သူတို့သည် ရေရုရှလင်ပြည်သို့ပြန်၍ ကိုယ်တော်ယေရှုသည်အသက်ရှင်နေကြောင်းနှင့် သူတို့မြင်တွေ့ခဲ့ကြောင်း အခြားတပည့်များအားပြောခဲ့သည်။
42:06 vrcv ကိုယ်တော်ယေရှုမှ တပည့်များအား သူသည်တစ္ဆေသရဲမဟုတ်ကြောင်း မည်သို့သက်သေပြခဲ့သနည်း။ ကိုယ်တော်ယေရှုသည် ငါးတစ်ပိုင်းကိုယူ၍စားခဲ့သည်။
42:07 m28j တပည့်များမှ ဘုရားရှင်၏နှုတ်ကပတ်တော်အားနားလည်ရန် မည်သည့်အရာကစွမ်းဆောင်နိုင်သနည်း။ ကိုယ်တော်ယေရှုသည် သူတို့အားဘုရားရှင်၏နှုတ်ကပတ်တော်ကိုနားလည်အောင်လုပ်ဆောင်ခဲ့သည်။
42:08 p7zo ကိုယ်တော်ယေရှု၏တပည့်များကြေငြာမည်မှာ မည်သည့်သတင်းစကားဖြစ်သနည်း။ လူတိုင်းနောင်တရမှသာဘုရားရှင်သည်သူတို့၏အပြစ်များကိုခွင့်လွှတ်ပေးလိမ့်မည်ဟု ကိုယ်တော်ယေရှု၏တပည့်များကြေငြာကြလိမ့်မည်။
42:08 sv1t ကိုယ်တော်ယေရှု၏တပည့်များသည် ထိုသတင်းစကားအား မည်သည့်နေရာ၌ကြေငြာခဲ့ကြသနည်း။ သူတို့သည် ထိုသတင်းစကားအား ရေရုရှလင်မြို့၌စတင်ကြေငြာပြီးနောက် နေရာအသီးသီးရှိလူအဖွဲ့အစည်းအားလုံးသို့ကြေငြာသွားလိမ့်မည်။
42:09 q5fa ကိုယ်တော်ယေရှုသည် တပည့်များထံတွင် မည်မျှကြာကြာဆက်လက်ပေါ်ထွက်ခဲ့သနည်း။ ကိုယ်တော်ယေရှုသည် သူတို့ထံတွင်ရက်၄၀ကြာထွက်ပေါ်ခဲ့သည်။
42:09 p2qt ထိုကာလအတွင်း ကိုယ်တော်ယေရှုသည် မည်မျှကြီးမားသောတပည့်အဖွဲ့ကြီးအား မြင်တွေ့ခဲ့သနည်း။ သူသည် တစ်ချိန်တည်းမှာပင် ၅၀၀ကျော်ထက်ပိုသောတပည့်များထံတွင် ပေါ်ထွန်းခဲ့သည်။
42:10 ymjd ကိုယ်တော်ယေရှုသည် တပည့်များကို မည်သည့်အရာအားသွား၍လုပ်ရန်အမိန့်ပေးခဲ့သနည်း။ သူသည် လူအဖွဲ့အားလုံးအား ခမည်းတော်၊သားတော်နှင့်မြင့်မြတ်သောဝိညာဉ်တော်တို့၏အမည်နာမအောက်၌နှစ်ခြင်းပြု၍ ကိုယ်တော်ယေရှုမိန့်တော်မူခဲ့သည့်အရာအားလုံးကိုနာခံရန်ထိုသူတို့အားသင်ကြားပါဟု ပြောခဲ့သည်။
42:11 ihyo ကိုယ်တော်ယေရှုသည် တပည့်များအားရေရုရှလင်မြို့၌စောင့်ရန် အဘယ်ကြောင့်ပြောခဲ့သနည်း။ မြင့်မြတ်သောဝိညာဉ်တော်သည် သူတို့အပေါ်သက်ရောက်သောအခါတွင် ခမည်းတော်မှတန်ခိုးများပေးအပ်သည်အထိ သူတို့အားစောင့်စေသည်။
42:11 tpu0 ကိုယ်တော်ယေရှုသည် ပြန်လည်ရှင်သန်ပြီးနောက် မည်သည့်နေရာသို့ရက်၄၀ကြာသွားခဲ့သနည်း။ ကိုယ်တော်ယေရှုသည် နိဗာန်ရွှေမြို့တော်သို့တက်သွားခဲ့သည်။
42:11 sjxo ကိုယ်တော်ယေရှုသည် နိဗာန်ရွှေမြို့တော်သို့ရောက်ရှိသောအခါ မည်သည့်အရာအားပြုလုပ်ခဲ့သနည်း။ သူသည် အရာအားလုံးအားအုပ်စိုးရန်ဘုရားရှင်၏လက်ယာဘက်၌ထိုင်ခဲ့သည်။
43:01 l123 တပည့်များသည် ရေရုရှလင်မြို့၌စောင့်နေစဉ် ဘာလုပ်နေခဲ့ကြသနည်း။ သူတို့သည်အတူတကွစုစည်းကာအဆက်မပြတ်ဆုတောင်းခဲ့ကြသည်။
43:02 uant ဂျူးလူမျိုးများသည် ပင်တေကုတ္တေပွဲတော်အားမည်သည့်အချိန်၌ကျင်းပသနည်း။ ဂျူးလူမျိုးများသည် ပင်တေကုတ္တေပွဲတော်အား ပဿခါပွဲပြီးနောက်ရက်၅၀အကြာတွင်နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့သည်။
43:03 ghvp ကိုယ်တော်ယေရှုသေဆုံးရာမှပြန်လည်နိုးထခဲ့ပြီးနောက် ပင်တေကုတ္တေပွဲတော်ကာလအတွင်း ယုံကြည်သူများ၌မည်သည့်အရာဖြစ်ပျက်ခဲ့သနည်း။ ပြင်းထန်သောလေကဲ့သို့အသံတစ်သံနှင့်မီးတောက်ကဲ့သို့အရာတစ်ခုသည် ယုံကြည်သူများ၏ခေါင်းများအပေါ်၌ ပေါ်ပေါကါခဲ့သည်။ ၎င်းတို့အား မြင့်မြတ်သောဝိညာဉ်နှင့်ဖြည့်ဆည်းထား၍အခြားဘာသာစကားများစတင်ပြောကြားခဲ့သည်။
43:04 v9y0 လူအုပ်ထဲမှလူများသည် အဘယ်ကြောင့်အံ့အားသင့်ခဲ့သနည်း။ လူအုပ်ထဲမှလူများသည် ကွဲပြားသောတိုင်းပြည်များမှဖြစ်ကြသော်လည်း သူတို့၏အမိဘာသာစကားအားပြောကြားနေသောတပည့်များအား အသီးသီးကြားခဲ့ကြသည်။
43:05 gkad တပည့်များထိုသို့ပြောနေကြခြင်းသည် မည်သို့သောအကြောင်းကြောင့်ဖြစ်သည်ဟု အချို့သောလူများတွေးခဲ့ကြသနည်း။ သူတို့သည် တပည့်များအရက်မူးနေကြသည်ဟု တွေးထင်ခဲ့ကြသည်။
43:05 s2ij ပေတရုပြောခဲ့သောမည်သည့်အရာသည် ၎င်းတို့အားဤဘာသာစကားများကိုပြောစေခဲ့သနည်း။ ပေတရုမှ ဘုရားရှင်သည်သူ၏ဝိညာဉ်တော်အားသွန်းလောင်းနေသည်ဟုပြောခဲ့သည်။
43:06 gws7 ကိုယ်တော်ယေရှုအားလက်ဝါးကပ်တိုင်တွင်တင်ထားခြင်းအတွက် မည်သူတို့၌တာဝန်ရှိသည်ဟုပေတလုပြောခဲ့သနည်း။ ပေတရုမှ လူအုပ်ထဲမှလူများသည် ကိုယ်တော်ယေရှုအားကြိုးစင်တင်ခဲ့သည်ဟုပြောခဲ့သည်။
43:07 hcn7 ကိုယ်တော်ယေရှုပြန်လည်ရှင်သန်လာခဲ့သည်ဟု ပေတရုမည်သို့ပြောခဲ့သနည်း။ ဘုရားရှင်သည် ကိုယ်တော်ယေရှုအား သေဆုံးခြင်းမှနိုးထစေခဲ့သည်။
43:08 pi3k မည်သည့်အရာက တပည့်များအားအခြားဘာသာစကားများကိုပြောနိုင်စေခဲ့သနည်း။ မြင့်မြတ်သောဝိညာဉ်တော်သည် သူတို့အားအခြားဘာသာစကားများကိုပြောနိုင်စေခဲ့သည်။
43:09 wzgb ဘုရားရှင်သည်ကိုယ်တော်ယေရှုအား မည်သည့်အရာနှစ်ခုဖြစ်စေခဲ့သည်ဟု ပေတရုပြောခဲ့သနည်း။ သူသည် အရှင်သခင်နှင့်မေရှိယကိုယ်တော်ဖြစ်လာခဲ့သည်။
43:10 u2h2 လူများသည် ပေတရု၏သတင်းစကားအား မည်သို့တုန့်ပြန်ခဲ့ကြသနည်း။ သူတို့သည် လေးနက်စွာရွေ့လျား၍ **ညီအစ်ကိုတော်များ၊ ကျွန်ုပ်တို့ ဘာလုပ်သင့်သနည်း** ဟုမေးခဲ့ကြသည်။
43:11 j7vq ပေတရုသည် လူများအားမည်သို့ပြုလုပ်ရန်ပြောခဲ့သနည်း။ သူတို့သည် သူတို့၏အပြစ်များကိုဘုရားရှင်မှခွင့်လွှတ်ရန်လိုအပ်သောကြောင့် နောင်တရ၍ကိုယ်တော်ယေရှုခရစ်၏အမည်နာမအောက်၌နှစ်ခြင်းခံယူရန် ပေတရုပြောကြားခဲ့သည်။
43:12 slh5 ထိုနေ့တွင် လူမည်မျှယုံကြည်ခဲ့ကြ၍နှစ်ခြင်းပြုခံခဲ့ကြသနည်း။ လူပေါင်း ၃၀၀၀ကျော် ယုံကြည်ခဲ့ကြသည်။
43:13 eol6 တပည့်များသည် မည်သည့်အရာများပြုလုပ်ခြင်းဖြင့်သူတို့၏အချိန်များကိုဖြန်းတီးခဲ့ကြသနည်း။ တပည့်များသည် တမန်တော်များ၏သွန်သင်မှုများကိုအဆက်မပြတ်နားထောင်ခဲ့ကြ၍ အတူတကွစားသောက်အချိန်ဖြုန်းခြင်း၊ တစ်ဦးနှင့်တစ်ဦးဆုတောင်းခြင်း၊ ဘုရားရှင်အားအတူတကွချီးမွမ်းခြင်းနှင့်အရာအားလုံးအားမျှဝေခဲ့ကြသည်။
44:01 fprl ကိုယ်အင်္ဂါချို့တဲ့နေသူသည် ပေတရုနှင့်ယောဟန်ထံမှ သူ့အားမည်သည့်အရာကိုပေးရန်မျှော်လင့်ခဲ့သနည်း။ သူသည် ငွေကြေးတောင်းခံခြင်းဖြစ်သည်။
44:02 th6j ပေတရုသည် ကိုယ်အင်္ဂါမသန်စွမ်းသူအား ငွေကြေးအစားမည်သည့်အရာအားပေးခဲ့သနည်း။ ကိုယ်တော်ယေရှု၏အမည်နာမအောက်၌ ပေတရုသည် သူ့အားထ၍လမ်းလျှောက်ရန်ပြောခဲ့သည်။
44:04 quud ကိုယ်အင်္ဂါမသန်စွမ်းသူအား မည်သည့်အရာကကုသပေးနိုင်သည်ဟု ပေတရုပြောကြားခဲ့သနည်း။ ပေတရုနှင့်ယောဟန်တို့သည် ကိုယ်တော်ယေရှုအားယုံကြည်သောကြောင့် သူသည်သူ၏တန်ခိုးဖြင့်ထိုလူအားကုသပေးခဲ့သည်ဟု ပေတရုပြောခဲ့သည်။
44:05 q1hz ကိုယ်တော်ယေရှုအား မည်သူသတ်ခဲ့သည်ဟု ပေတရုဆိုသနည်း။ သူသည် လူအုပ်ထဲမှလူများသည်ရောမဘုရင်အား ကိုယ်တော်ယေရှုကိုသတ်ရန်ပြောခဲ့သည်ဟု ဆိုခဲ့သည်။
44:05 i9qk လူများသည် ကိုယ်တော်ယေရှုအားသတ်လိုက်သောအခါ မည်သည့်ရှေ့ဖြစ်ဟောကိန်းများအားဖြည့်စည်းခဲ့သနည်း။ ကိုယ်တော်မေရှိယသည် ဝေဒနာခံစား၍သေဆုံးလိမ့်မည်ဟု ရှေ့ဖြစ်ဟောပညာရှင်များပြောခဲ့ကြသည်။
44:05 ky6y ပေတရုသည် လူများအားမည်သို့ပြုလုပ်သင့်သည်ဟုပြောခဲ့သနည်း။ လူများသည်နောင်တရသင့်၍ဘုရားရှင်ထံသို့လှည့်သင့်သည်။ ထိုမှသာဘုရားရှင်သည် သူတို့၏အပြစ်များကိုသန့်စင်ပေးလိမ့်မည်ဖြစ်သည်။
44:06 egq2 ပေတရု၏သတင်းစကားကြောင့် ကိုယ်တော်ယေရှုအားလူမည်မျှယုံကြည်ခဲ့ကြသနည်း။ လူဦးရေ၅၀၀ခန့်ယုံကြည်ခဲ့ကြသည်။
44:08 csg5 ကယ်တင်ခြင်းရရှိရန် တစ်ခုတည်းသောနည်းလမ်းသည်မည်သည့်အရာဖြစ်သည်ဟု ပေတရုပြောခဲ့သနည်း။ ကယ်တင်ခြင်းရရှိရန် တစ်ခုတည်းသောနည်းလမ်းသည် ကိုယ်တော်ယေရှု၏တန်ခိုးအားဖြင့်ရရှိသည်ဟု ပေတရုပြောခဲ့သည်။
44:09 y4os ပေတရုနှင့်ယောဟန်၏ဟောကြားခြင်း၌ ဂျူးခေါင်းဆောင်များသည်အဘယ်ကြောင့်ထိတ်လန့်ခဲ့သနည်း။ ပေတရုနှင့်ယောဟန်သည် သာမာန်ပညာမတတ်သူများဖြစ်ကြသည်။
44:09 xwq8 နောက်ဆုံးတွင် ဂျူးခေါင်းဆောင်များသည် ပေတရုနှင့်ယောဟန်အားမည်သို့ပြုလုပ်ရန်ဆုံးဖြတ်ခဲ့ကြသနည်း။ သူတို့သည် ပေတရုနှင့်ယောဟန်အားခြိမ်းခြောက်၍ သွားခွင့်ပြုခဲ့သည်။
45:01 or4w ကျွန်ုပ်တို့သည် သတေဖန်အကြောင်း မည်သို့သင်ယူခဲ့ရသနည်း။ သူ့အား လူတိုင်းလေးစား၍ မြင့်မြတ်သောဝိညာဉ်တော်သည် သူ့အားတန်ခိုးနှင့်ဉာဏ်ပညာများပေးခဲ့သည်။
45:02 n37i ဂျူးလူမျိုးအချို့သည် သတေဖန်ကိုဆန့်ကျင်သည့် မည်သည့်စွပ်စွဲချက်အမှားအားသယ်ဆောင်လာခဲ့သနည်း။ သတေဖန်သည် မောရှေနှင့်ဘုရားရှင်အကြောင်းမကောင်းသောအရာများပြောကြားသည်ကို သူတို့ကြားခဲ့ကြသည်ဟုပြောခဲ့သည်။
45:03 i7rk လူတို့ပြုလုပ်ခဲ့သောမည်သည့်အရာသည် သူတို့၏ဘိုးဘေးများထက်ပို၍ဆိုးရွားသည်ဟု သတေဖန်ပြောခဲ့သနည်း။ သူတို့သည် မေရှိယကိုယ်တော်အားသတ်ခဲ့ကြသည်။
45:04 z9eq ဘာသာရေးခေါင်းဆောင်များသည် သတေဖန်၏စွပ်စွဲချက်အားမည်သို့တုန့်ပြန်ခဲ့သနည်း။ သူတို့သည် သတေဖန်အားမြို့ပြင်သို့ဆွဲထုတ်၍ သူ့အားသတ်ရန်အလို့ငှာကျောက်တုံးများနှင့်ပစ်ခဲ့ကြသည်။
45:05 ijrj သတေဖန်သည် မသေဆုံးခင်၌ မည်သည်အားနောက်ဆုံးပြောကြားခဲ့သနည်း။ သူနောက်ဆုံးပြောကြားခဲ့သောအရာသည် **သခင်၊ သူတို့အားဆန့်ကျင်၍ထိုအပြစ်အားမဆုပ်ကိုင်ထားပါနှင့်** ဟူ၍ဖြစ်သည်။
45:06 eekd ရေရုရှလင်မြို့၌ညှင်းပန်းနှိပ်စက်များစတင်ခဲ့သောအခါ ယုံကြည်သူများဘာလုပ်ခဲ့ကြသနည်း။ သူတို့သည် အခြားနေရာများသို့ထွက်ပြေး၍သူတို့အလိုရှိသည့်နေရာတိုင်းတွင်ကိုယ်တော်ယေရှုအကြောင်းအားဟောကြားခဲ့ကြသည်။
45:07 n9eg ဖိလိပ္ပုသည် တောအရပ်လမ်းပေါ်၌မည်သူနှင့်တွေ့ဆုံခဲ့သနည်း။ သူသည် အဲသယောပိမှအရေးပါသောအရာရှိတစ်ဦးနှင့်တွေ့ဆုံခဲ့သည်။
45:08 ocai ဖိလိပ္ပုချည်းကပ်ခဲ့သောအခါ အဲသယောပိအရာရှိသည်ဘာလုပ်နေခဲ့သနည်း။ သူသည် ရှေ့ဖြစ်ဟောပညာရှင်ဟေရှာယရေးသားခဲ့များကိုဖတ်နေသည်။
45:09 r3nj အရာရှိသည် သူဖတ်နေသောရှေ့ဖြစ်ဟောကိန်းအားနားလည်ပါသလား။ နားမလည်ပါ။ သူ့အားရှင်းပြရန်တစ်စုံတစ်ဦးအား သူလိုအပ်ခဲ့သည်။
45:10 o21m ဖိလိပ္ပုသည် ဟေရှာယမှမည်သူ့အကြောင်းရေးသားခဲ့သည်ဟုပြောခဲ့သနည်း။ ဟေရှာယသည် ကိုယ်တော်ယေရှုအကြောင်းရေးသားခဲ့သည်ဟု ဖိလိပ္ပုပြောခဲ့သည်။
45:11 oe0i ဖိလိပ္ပုသည်ရှေ့ဖြစ်ဟောကိန်းအားရှင်းပြီးနောက် သူတို့သည်ရေရှိရာသို့ရောက်လာသောအခါ အဲသယောပိမြို့သားသည် ဖိလိပ္ပုအားဘာမေးခဲ့သနည်း။ အဲသယောပိမြို့သားသည်နှစ်ခြင်းခံနိုင်ပါသလားဟု မေးခဲ့သည်။
45:12 oew7 ဖိလိပ္ပုသည် အဲသယောပိအရာရှိအားနှစ်ခြင်းပေးပြီးနောက် မည်သည့်အရာဖြစ်ပျက်ခဲ့သနည်း။ မြင့်မြတ်သောဝိညာဉ်တော်သည် ဖိလိပ္ပုအားအခြားနေရာသို့သယ်ယူသွားခဲ့သည်။
45:13 ivw7 ဖိလိပ္ပုထွက်ခွာသွားပြီးနောက် အဲသယောပိအရာရှိသည် မည်သည့်အရာအားပြုလုပ်ခဲ့သနည်း။ သူသည် ကိုယ်တော်ယေရှုအားသိရသောကြောင့်ပျော်ရွှင်စွာသူ၏အိမ်ဆီသို့ ဆက်လက်ခရီးနှင်ခဲ့သည်။
46:01 btmp ရှောလုသည် အဘယ်ကြောင့်ဒမာသက်မြို့သို့သွားခဲ့သနည်း။ သူသည် ကိုယ်တော်ယေရှု၏နောက်လိုက်များကိုဖမ်းဆီး၍ရေရုရှလင်မြို့သို့ပြန်လည်ခေါ်ဆောင်ရန် ထိုနေရာသို့သွားခဲ့သည်။
46:02 cu4i ဒမာသက်မြို့သို့သွားရာလမ်းတွင် ကိုယ်တော်ယေရှုသည်ရှောလုအားမည်သည့်မေးခွန်းကိုမေးခဲ့သနည်း။ ကိုယ်တော်ယေရှုသည် ရှောလုအား **ကျွန်ုပ်အား သင်အဘယ်ကြောင့်နှိပ်စက်ပါသနည်း** ဟုမေးခဲ့သည်။
46:03 w9ev ရှောလုသည် နိုးထသောအခါအလင်းတန်းအားမြင်ပြီးနောက် မည်သည့်အရာဖြစ်ပျက်ခဲ့သနည်း။ ရှောလုသည် မမြင်နိုင်ခဲ့ပါ။ သူ၏သူငယ်ချင်းများသည် သူ့အားဒမာသက်မြို့သို့ခေါ်ဆောင်ခဲ့၍ သူသည်သုံးရက်ကြာအစာငတ်ခံခဲ့သည်။
46:04 ljwf အာနနိသည် ရှောလုအားစကားပြောရန်အဘယ်ကြောင့်ကြောက်ရွံ့နေခဲ့သနည်း။ ရှောလုသည် ယုံကြည်သူများအားဖိစီးနှိပ်စက်သည်ဟု သူကြားခဲ့ဖူးသည်။
46:04 dpju ဘုရားရှင်သည် ရှောလုအားမည်သည့်အတွက်ကြောင့်ရွေးချယ်ခဲ့သည်ဟု မိန့်တော်မူခဲ့သနည်း။ ဘုရားရှင်သည် ဂျူးများနှင့်အခြားလူမျိုးစုများမှလူများထံဘုရားရှင်၏အမည်နာမကိုတရားဝင်ကြော်ငြာရန် ရှောလုအားရွေးချယ်ခဲ့သည်။
46:05 nw7d အာနနိသည် ရှောလုအားထပ်မံမြင်တွေ့နိုင်ရန် မည်သို့ပြုလုပ်ခဲ့သနည်း။ အာနနိသည်သူ၏လက်များအား ရှောလုပေါ်သို့တင်ခဲ့သည်။
46:05 ahew အာနနိသည် သူ၏အမြင်အာရုံအားပြန်လည်ရရှိပြီးနောက် ရှောလုထံတွင်မည်သည့်အရာပြုလုပ်ခဲ့သနည်း။ အာနနိသည် ရှောလုထံတွင်နှစ်ခြင်းခံခဲ့သည်။
46:06 wz94 ရှောလုသည် ဂျူးများအား မည်သည့်သတင်းစကားကိုချက်ချင်းစတင်ဟောကြားခဲ့သနည်း။ **ကိုယ်တော်ယေရှုသည် ဘုရားရှင်၏သားတော်ဖြစ်သည်** ဟု ရှောလုဟောကြားခဲ့သည်။
46:07 ev6f ရှောလု၏သွန်သင်မှုများအား ဂျူးလူမျိုးများကမည်သို့တုန့်ပြန်ခဲ့သနည်း။ သူတို့သည် ရှောလုအားသတ်ရန်စီစဉ်ခဲ့ကြသည်။
46:07 z7uu ရှေလုသည် ဒမာသက်မြို့မှမည်သို့လွှတ်မြောက်ခဲ့သနည်း။ သူ၏သူငယ်ချင်းများသည် သူ့အားခြင်းတောင်းတစ်ခုဖြင့်မြို့နံရံများပေါ်တွင်နှိမ့်ချကာလွတ်မြောက်စေခဲ့သည်။
46:08 n4xb ရေရုရှလင်မြို့မှတပည့်များလက်ခံရန် ရှောလုအား မည်သူကူညီခဲ့သနည်း။ ဗာနဗသည် ရှောလုအားတမန်တော်များဆီသို့ခေါ်ဆောင်၍ ရှောလုသည်ဒမာသက်မြို့၌မည်မျှရဲရင့်စွာတရားဟောကြားခဲ့သည့်အကြောင်း သူတို့အားပြောကြားခဲ့သည်။
46:09 dz2s အန္တိအုတ်မြို့တွင်ယုံကြည်သူများဖြစ်လာသောလူများနှင့်ပတ်သက်သည့်ခြားနားချက်သည် မည်သည့်အရာဖြစ်သနည်း။ သူတို့သည်ဂျူးလူမျိုးများမဟုတ်ကြပါ။
46:09 xdza အန္တိအုတ်မြို့ရှိယုံကြည်သူများကို မည်သည့်အမည်ဖြင့်ပထမဆုံးစတင်အသုံးခဲ့သနည်း။ သူတို့အား ခရစ်ယာန်ယုံကြည်သူများဟုခေါ်ကြသည်။
46:10 xigc မြင့်မြတ်သောဝိညာဉ်တော်မှ ဗာနဗနှင့်ရှောလုအားခွဲထုတ်ရန်ပြောသောအခါ အန္တိအုတ်မြို့ရှိအသင်းတော်သည် ဘာလုပ်နေခဲ့သနည်း။ သူတို့သည် ဆုတောင်းလျက်အစာရှောင်ကြသည်။
46:10 l8n1 အန္တိအုတ်မြို့ရှိအသင်းတော်သည် ဗာနဗနှင့်ရှောလုအားမည်သည့်အတွက်ကြောင့်စေလွှတ်ခဲ့သနည်း။ သူတို့သည် ဗာနဗနှင့်ရှောလုအားကိုယ်တော်ယေရှုနှင့်ပတ်သက်သည့်ကောင်းသောသတင်းများကိုအခြားနေရာများ၌ဟောကြားရန်စေလွှတ်ခဲ့သည်။
47:01 rqul ရှောလုစတင်အသုံးပြုခဲ့သောရောမအမည်သည် မည်သည့်အမည်ဖြစ်သနည်း။ သူသည် **ပေါလု** ဟူသောအမည်အားစတင်အသုံးပြုခဲ့သည်။
47:01 lwd8 ပေါလုနှင့်သိလသည် ကိုယ်တော်ယေရှုနှင့်ပတ်သက်သည့်ကောင်းသောသတင်းများကိုကြေညာရန် ဖိလိပ္ပိမြို့၏မည်သည့်နေရာသို့သွားခဲ့သနည်း။ သူတို့သည် လူအများဆုတောင်းရန်စုစည်းကြသောမြို့၏အပြင်ဘက်ရှိမြစ်ဘေးသို့သွားခဲ့ကြသည်။
47:02 e8jx ကိုယ်တော်ယေရှုအားယုံကြည်ရန် လုဒိအားမည်သည့်အရာကဖြစ်နိုင်စေခဲ့သနည်း။ ဘုရားရှင်သည် လုဒိအားကိုယ်တော်ယေရှုနှင့်ပတ်သက်သည့်သတင်းစကားများကိုနားလည်နိုင်ရန်စွမ်းဆောင်ပေးခဲ့သည်။
47:02 cvm7 လုဒိသည် ကိုယ်တော်ယေရှုအားယုံကြည်ခဲ့ပြီးနောက် သူမအားပေါလုနှင့်သိလတို့ဘာလုပ်ခဲ့ကြသနည်း။ သူတို့သည် လုဒိနှင့်သူမ၏မိသားစုအားဗတ္တိဇံပေးခဲ့သည်။
47:04 mlc4 နတ်ဆိုးနှင့်ဆက်နွယ်နေသောမိန်းကလေးသည် ပေါလုနှင့်သိလအားမြင်သောအခါ မည်သို့အဆက်မပြတ်အော်ဟစ်နေခဲ့သနည်း။ သူမသည် **ဤလူများသည် အမြင့်မြတ်ဆုံးသောဘုရားရှင်၏အစေခံများဖြစ်ကြသည်။ သူတို့သည် ကယ်တင်ခြင်းသို့ရောက်ရန်လမ်းအား ပြောကြားသည်** ဟုအော်ဟစ်ခဲ့သည်။
47:05 yixw ပေါလုသည် နတ်ဆိုး၏ထွက်ဆိုချက်အား မည်သို့တုန့်ပြန်ခဲ့သနည်း။ ပေါလုသည် နတ်ဆိုးအား ကျွန်မိန်းကလေးကိုထားခဲ့ရန် အမိန့်ပေးခဲ့သည်။
47:06 rj35 နတ်ဆိုးထွက်သွားသောအခါ ကျွန်မိန်းကလေး၏သခင်များသည် အဘယ်ကြောင့်ဒေါသထွက်ခဲ့ကြသနည်း။ လူများသည် သူတို့၏အနာဂတ်အားပြောကြားရန်သူမအားအခကြေးငွေမပေးကြတော့မည်ကို ကျွန်မိန်းကလေး၏သခင်များသိခဲ့ကြသောကြောင့်ဖြစ်သည်။
47:08 tv0e ပေါလုနှင့်သိလတို့သည် ညသန်းခေါင်အချိန်တွင် ထောင်ထဲ၌ဘာလုပ်နေကြသနည်း။ သူတို့သည် ဘုရားရှင်အားချီးမွမ်းသီချင်းသီဆိုနေခဲ့ကြသည်။
47:09 vnr2 ပေါလုနှင့်သိလတို့ သီချင်းသီဆိုနေစဉ်တွင် ဘာဖြစ်ခဲ့သနည်း။ ပြင်းထန်သောငလျင်တစ်ခုလှုပ်ခတ်၍ ထောင်တံခါးများလွင့်ပျံကာ ထောင်သားများ၏သံကြိုးများ ပြုတ်ကုန်ကြသည်။
47:10 la7l ထောင်မှူးသည် အဘယ်ကြောင့်ကြောက်ရွံ့နေခဲ့သနည်း။ သူသည် ထောင်သားအားလုံးလွှတ်မြောက်၍ ရောမအာဏာရှိသူများသည် သူတို့အားလွှတ်ပေးသောကြောင့် သူ့အားသတ်လိမ့်မည်ဟု တွေးထင်ခဲ့သည်။
47:11 j154 ထောင်မှူးသည် ပေါလုအား မည်သည့်မေးခွန်းမေးခဲ့သနည်း။ သူသည် **ကယ်တင်ခံရရန် ကျွန်ုပ်ဘာလုပ်ရမည်နည်း** ဟုမေးခဲ့သည်။
47:11 jv1q ပေါလုသည် ထောင်မှူးအားကယ်တင်ခြင်းခံရရန်မည်သို့ပြောခဲ့သနည်း။ ပေါလုသည် သခင်ကိုယ်တော်ယေရှုအားယုံကြည်ရန် ထောင်မှူးအားပြောခဲ့သည်။
47:14 ug7p ပေါလုနှင့်ကိုယ်တော်ယေရှု၏အခြားနောက်လိုက်ခေါင်းဆောင်များမှ အသင်းတော်များရှိယုံကြည်သူများထံသို့ရေးသားခဲ့သောစာအချို့သည် မည်သို့ဖြစ်သွားသနည်း။ အချို့သောထိုစာများသည် သမ္မာကျမ်းစာအုပ်များဖြစ်လာခဲ့သည်။
48:01 qjg9 ကမ္ဘာကြီးသည် ၎င်းအားဘုရားရှင်ပထမဆုံးဖန်တီးချိန်၌ မည်သည့်အရာနှင့်တူညီသနည်း။ အရာအားလုံးသည် ပြည့်စုံ၍ အပြစ်၊ နာမကျန်းဖြစ်ခြင်းနှင့် သေဆုံးခြင်းများ မရှိပါ။
48:02 rkhx ကမ္ဘာပေါ်ရှိလူတိုင်း အဘယ်ကြောင့်သေဆုံးကြသနည်း။ အာဒံနှင့်ဧဝသည် ဘုရားရှင်အားဆန့်ကျင်၍အပြစ်ကျူးလွန်ခဲ့သောကြောင့် သူတို့သေဆုံးကြသည်။
48:03 vfel မွေးဖွားပြီးသည့်လူတိုင်းသည် မည်သည့်အခြေအနေဖြစ်သနည်း။ သူတို့သည် ဘုရားရှင်၏ရန်သူများဖြစ်၍ သူနှင့်ငြိမ်းချမ်းမှုမရကြပါ။
48:04 skqr မာန်နတ်သည် ဧဝ၏သားစဉ်မြေးဆက်‌ခြေဖနောင့်အားဒဏ်ခတ်သည်ဟူသည် မည်သည့်အရာအားဆိုလိုသနည်း။ မာန်နတ်သည် ကိုယ်တော်မေရှိယအားသတ်လိမ့်မည်ဖြစ်သော်လည်း ဘုရားရှင်သည်သူ့အားပြန်လည်ရှင်သန်စေလိမ့်မည်။
48:05 zmne ကိုယ်တော်ယေရှုသည် ရေလွှမ်းမိုး၍ကမ္ဘာမြေပြင်ပျက်စီးသောအခါ ဘုရားရှင်ထောက်ပံ့ပေးသည့်လှေနှင့် မည်ကဲ့သို့တူညီသနည်း။ ဘုရားရှင်သည် ကိုယ်တော်ယေရှုကို သူ့အားယုံကြည်သူများကိုကယ်တင်ရန် စေလွှတ်ခဲ့သည်။
48:06 wnvy ကိုယ်တော်ယေရှုမတိုင်ခင် လာရောက်ခဲ့သောသင်းအုပ်များထက် ကိုယ်တော်ယေရှုသည်မည်သို့ပို၍ကွဲပြားသနည်း။ ကိုယ်တော်ယေရှုသည် လူတိုင်း၏အပြစ်များကိုဖယ်ရှားပေးနိုင်သည့်တစ်ဦးတည်းသောစွန့်လွှတ်သူအဖြစ် မိမိကိုယ်ကိုရည်ညွှန်းခဲ့သည်။
48:07 zb5a ကိုယ်တော်ယေရှုအားဖြင့် အာဗြဟံအား ဘုရားရှင်၏ကတိကဝတ်ကို မည်သို့ဖြည့်ဆည်းပေးခဲ့သနည်း။ ဘုရားရှင်သည် မည်သည့်အဖွဲ့အစည်းမှဖြစ်စေ ကိုယ်တော်ယေရှုအားယုံကြည်သူများကို အာဗြဟံ၏သားစဉ်မြေးဆက်ဖြစ်သည်ဟု သတ်မှတ်သည်။
48:08 pokh ကိုယ်တော်ယေရှုသည် အိုင်းဇက်အစားယဇ်ပူဇော်ခံခဲ့ရသောသိုးထီးနှင့် မည်ကဲ့သို့တူညီသနည်း။ ကိုယ်တော်ယေရှုသည် ကျွန်ုပ်တို့၏နေရာ၌ယဇ်ပူဇော်ရန်ဘုရားရှင်ပေးခဲ့သော ဘုရားရှင်၏သိုးသူငယ်ဖြစ်သည်။
48:10 j89k ကိုယ်တော်ယေရှုသည် ပဿခါသိုးငယ်နှင့် မည်ကဲ့သို့တူညီသနည်း။ ကိုယ်တော်ယေရှုသည် ဘယ်တော့မှအပြစ်ကျူးလွန်ခြင်းမရှိဘဲ အမှားတစ်ခုမှမရှိခဲ့သောကြောင့် သူ၏သွေး(သူ၏သေဆုံးမှု)သည် ကိုယ်တော်ယေရှုကိုယုံကြည်သူတိုင်းအား ဘုရားရှင်မှကျော်လွန်၍အပြစ်မပေးခြင်းကို ဖြစ်စေသည်။
48:11 edj9 မည်သူတို့သည် ဘုရားရှင်၏လူများဖြစ်နိုင်သနည်း။ မည်သည့်အဖွဲ့အစည်းမှမည်သူမဆို ကိုယ်တော်ယေရှုအားယုံကြည်ခြင်းအားဖြင့်ပဋိညာဉ်တော်သစ်အရ ဘုရားရှင်၏လူများနှင့်ပူးပေါင်းနိုင်သည်။
48:12 u3ho ကိုယ်တော်ယေရှုသည် မည်သည့်နည်းလမ်းဖြင့် ရှေ့ဖြစ်ဟောပညာရှင်အားလုံးအနက် အမွန်မြတ်ဆုံးဖြစ်သနည်း။ သူသည် ဘုရားရှင်ဖြစ်သောကြောင့် သူပြောကြားခဲ့သမျှနှင့်လုပ်ဆောင်သမျှအရာအားလုံးသည် ဘုရားရှင်၏အပြုအမူနှင့်စကားတော်များဖြစ်သည်။
48:13 sxib ကိုယ်တော်ယေရှုသည် ဒါဝိဒ်ဘုရင်အားဘုရားရှင်၏ကတိကဝတ်ကို မည်သို့ဖြည့်ဆည်းပေးသနည်း။ ကိုယ်တော်ယေရှုသည် ဘုရားရှင်၏သားတော်ဖြစ်သောကြောင့် သူသည်ထာဝရအုပ်စိုးနိုင်သောဒါဝိဒ်၏သားစဉ်မြေးဆက်ဖြစ်သည်။
48:14 pucm ကိုယ်တော်ယေရှုသည် မည်သည့်နည်းလမ်းဖြင့် ဒါဝိဒ်ထက်ပိုမိုမြင့်မြတ်သောရှင်ဘုရင် ဖြစ်သနည်း။ ကိုယ်တော်ယေရှုသည် စကြာဝဠာတစ်ခုလုံး၏ရှင်ဘုရင်ဖြစ်သည်။
49:01 xuvh ကိုယ်တော်ယေရှုသည် မည်ကဲ့သို့ဘုရားရှင်နှင့်လူသားနှစ်မျိုးလုံးဖြစ်သနည်း။ ကိုယ်တော်ယေရှုသည် အမျိုးသမီးတစ်ဦးမှဖွားမြင်သောကြောင့် လူသားဖြစ်လာသည်။ တစ်ချိန်တည်းမှာပင် သူသည် မြင့်မြတ်သောဝိညာဉ်တော်၏အပြုအမူအားဖြင့် အပျိုစင်တစ်ဦးမှဖွားမြင်ခဲ့သောကြောင့် ဘုရားရှင်ဖြစ်ခဲ့သည်။
49:02 z0dq ကိုယ်တော်ယေရှုမှ သူသည်ဘုရားရှင်ဖြစ်ကြောင်းမည်သို့သက်သေပြခဲ့သနည်း။ သူသည် အံ့ဖွယ်အမှုများစွာအား လုပ်ဆောင်ခဲ့သည်။
49:03 k8o0 ကျွန်ုပ်တို့သည် အခြားလူများအား မည်သို့ချစ်မြတ်နိုးသင့်သနည်း။ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုချစ်မြတ်နိုးသကဲ့သို့ အခြားလူများအားချစ်မြတ်နိုးသင့်သည်။
49:04 udoz ကျွန်ုပ်တို့သည် မည်သူအား အခြားအရာများထက်ပို၍ ချစ်မြတ်နိုးသင့်သနည်း။ ကျွန်ုပ်တို့သည် ဘုရားရှင်အားအခြားအရာများထက်ပို၍ ချစ်မြတ်နိုးသင့်သည်။
49:05 b0tp မည်သည့်အရာသည် လူတိုင်းအတွက် အရေးကြီးဆုံးသောအရာဖြစ်သနည်း။ အရေးကြီးဆုံးသောအရာသည် ဘုရားရှင်၏နိုင်ငံတော်အားပိုင်ဆိုင်ရန်ဖြစ်သည်။
49:06 rqzz လူများသည် ကိုယ်တော်ယေရှုအကြောင်းသတင်းစကားအားငြင်းပယ်သောအခါ မည်သို့ပြုလုပ်ကြသနည်း။ သူသည် သူ၏နိုင်ငံတော်သို့ဝင်ရောက်ရန် ငြင်းဆိုကြသည်။
49:07 uyrq ဘုရားရှင်သည် အပြစ်ရှိသူများအား မည်သို့ပြုလုပ်လိုခဲ့သနည်း။ သူသည် သူတို့အားခွင့်လွှတ်၍ သူ၏ကလေးများဖြစ်စေလိုသည်။
49:08 bonr ဘုရားရှင်သည် မည်သည့်အရာအားမုန်းသနည်း။ သူသည် အပြစ်ကျူးလွန်ခြင်းအားမုန်းသည်။
49:10 dmrh ကျွန်ုပ်တို့၏အပြစ်များကြောင့် ဘုရားရှင်ထံမှမည်သည့်အရာနှင့်ထိုက်တန်သနည်း။ ကျွန်ုပ်တို့သည် သေဆုံးရန်ထိုက်တန်သည်။
49:10 iawj ကိုယ်တော်ယေရှုလက်ဝါးကပ်တိုင်၌သေဆုံးခဲ့သောအခါ ဘုရားရှင်သည် သူ့အားမည်သို့ပြုလုပ်ခဲ့သနည်း။ ဘုရားရှင်သည်ကိုယ်တော်ယေရှုအား သင်နှင့်ကျွန်ုပ်တို့အားသနားကြင်နာခြင်းအပြစ်အတွက် အပြစ်ပေးခဲ့သည်။
49:11 hh03 ကိုယ်တော်ယေရှု၏စွန့်လွှတ်မှုသည် ကမ္ဘာပေါ်ရှိလူတိုင်း၏အပြစ်များကို အဘယ်ကြောင့်ဖယ်ရှားနိုင်ခဲ့သနည်း။ ကိုယ်တော်ယေရှုသည် ဘယ်တော့မှအပြစ်ကျူးလွန်ခြင်းမရှိဘဲ ပြည့်စုံသည့်စွန့်လွှတ်သူဖြစ်သောကြောင့် ကျွန်ုပ်တို့၏အပြစ်များကို ဖယ်ရှားပေးနိုင်သည်။
49:13 a1ox ဘုရားရှင်သည် မည်သူအားကယ်တင်မည်နည်း။ ဘုရားရှင်သည် ကိုယ်တော်ယေရှုအားယုံကြည်၍ သူ့အားသူတို့၏ဆရာအဖြစ်လက်ခံသူအားလုံးကို ကယ်တင်လိမ့်မည်။
49:16 adul သင်သည် ကိုယ်တော်ယေရှု၏နောက်လိုက်တစ်ဦးဖြစ်လျှင် ဘုရားရှင်၏ရန်သူတစ်ဦးဖြစ်ပါသလား။ မဟုတ်ပါ၊ သင်သည်ဘုရားရှင်၏အရင်းနှီးဆုံးမိတ်ဆွေဖြစ်သည်။
49:17 qaw3 ကိုယ်တော်ယေရှု၏နောက်လိုက်များသည် အပြစ်ကျူးလွန်ရန်သွေးဆောင်ခြင်းခံရဆဲဖြစ်ပါသလား။ ဟုတ်ပါသည်၊ သူတို့သည် သွေးဆောင်ခံရဆဲဖြစ်သည်။
49:17 yivx ကိုယ်တော်ယေရှု၏နောက်လိုက်များသည် အပြစ်ကျူးလွန်သောအခါ မည်သို့ပြုလုပ်သင့်သနည်း။ သူတို့သည် သူတို့၏အပြစ်များကို ဘုရားရှင်ထံတွင်ဝန်ခံသင့်သည်။
49:17 kmzf ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အပြစ်များအားဝန်ခံလျှင် ဘုရားရှင်သည် မည်သို့ပြုလုပ်ပေးမည်ဟု ကတိပေးခဲ့သနည်း။ သူသည် ကျွန်ုပ်တို့အား ခွင့်လွှတ်၍ အပြစ်များကိုဆန့်ကျင်ရန်ခွန်အားပေးမည်ဟု ကတိပေးခဲ့သည်။
49:18 sofy ဘုရားရှင်မှ ကိုယ်တော်ယေရှု၏နောက်လိုက်များအားပြုလုပ်ရန်ပြောကြားသော အချို့အရာများမှာ မည်သည်တို့ဖြစ်သနည်း။ သူသည် ကျွန်ုပ်တို့အား ဆုတောင်းရန်၊ သူ၏စကားတော်များအားလေ့လာရန်၊ သူ့အားကိုးကွယ်ရန်နှင့် ကျွန်ုပ်တို့အတွက်သူလုပ်ပေးခဲ့သည်များကို အခြားသူများအားပြောပြရန် ပြောကြားခဲ့သည်။
50:01 ys6t လွန်ခဲ့သောနှစ်ပေါင်း၂၀၀၀အတွင်း ကိုယ်တော်ယေရှုအားယုံကြည်သည့်လူအရေအတွက်မှာ မည်သို့ဖြစ်ခဲ့သနည်း။ လူအရေအတွက်မှာတိုးပွားလာခဲ့သည်။
50:02 ojjo ကိုယ်တော်ယေရှုပြန်လာသည်ကိုစောင့်နေသကဲ့သို့ ဘုရားရှင်သည် ကျွန်ုပ်တို့အား မည်သို့ရှင်သန်စေလိုသနည်း။ သူသည် ကျွန်ုပ်တို့အားမြင့်မြတ်သည့်နည်းလမ်းဖြင့်ရှင်သန်စေလို၍ သူ့အားရိုသေစေလိုသည်။
50:02 eakw ကမ္ဘာကြီးအဆုံးမသတ်မီတွင် မည်သည့်အရာဖြစ်ပျက်လိမ့်မည်ဟုကိုယ်တော်ယေရှုပြောကြားခဲ့သနည်း။ သူ၏တပည့်များသည် ကမ္ဘပေါ်ရှိလူတိုင်းအား ဘုရားရှင်နိုင်ငံတော်၏ကောင်းသောသတင်းစကားများကို ဟောကြားလိမ့်မည်။
50:04 whwz ကိုယ်တော်ယေရှုအားမုန်းသောကမ္ဘာကြီးသည် သူ၏တပည့်များအားမည်သို့ဆက်ဆံခဲ့သနည်း။ ကမ္ဘာကြီးသည် ကိုယ်တော်ယေရှု၏တပည့်များကိုလည်း ဝေဒနာခံစားစေလိမ့်မည်။
50:04 c50g အဆုံး၌သစ္စာရှိစွာကျန်ခဲ့သောလူများအား ဘုရား၏ကတိကဝတ်သည်မည်သည့်အရာဖြစ်သနည်း။ ဘုရားရှင်သည် သူတို့အားကယ်တင်လိမ့်မည်ဟု သူကတိပေးသည်။
50:05 xi9o ကမ္ဘာ၏အဆုံးသတ်အကြောင်း ကိုယ်တော်ယေရှုပြောသောဇာတ်လမ်း၌ ဂျုံစပါးများအနက် ပေါင်းပင်များမည်သို့ပေါက်ရောက်လာကြသနည်း။ ရန်သူသည် ၎င်းတို့အားစိုက်ပျိုးခဲ့ကြသည်။
50:07 md4j အစေခံများသည် ပေါင်းပင်များအား အဘယ်ကြောင့်ဆွဲနှုတ်ခြင်းမပြုကြသနည်း။ သူတို့၏ဆရာသည် ပေါင်းပင်များနှင့်အတူ မတော်တဆဂျုံစပါးများအားဆွဲနှုတ်မိမည်ကို မလိုလားသောကြောင့်ဖြစ်သည်။
50:08 vzu5 ကောင်းသောအစေ့များသည် မည်သည့်အရာအားကိုယ်စားပြုသနည်း။ ကောင်းသောအစေ့များသည် ဘုရားရှင်နိုင်ငံတော်၏လူများအားကိုယ်စားပြုသည်။
50:09 yloc ကောက်ရိတ်သိမ်းခြင်းသည် မည်သည့်အရာအားကိုယ်စားပြုသနည်း။ ကောက်ရိတ်သိမ်းခြင်းသည် ကမ္ဘာကြီး၏အဆုံးသတ်အားကိုယ်စားပြုသည်။
50:10 xx6n ကမ္ဘာ၏အဆုံးသတ်၌ နတ်ဆိုးနှင့်ဆက်နွယ်သောလူများသည် မည်သို့ဖြစ်ပျက်လိမ့်မည်နည်း။ နတ်စေတမန်များသည် သူတို့အားစုစည်း၍ ဆိုးရွားစွာဝေဒနာခံစားရစေရန် အလွန်ပူပြင်းသောမီးထဲသို့ ပစ်ချလိမ့်မည်။
50:11 s5ck မည်သည့်ပုံစံဖြင့် ကိုယ်တော်ယေရှုသည် ကမ္ဘာမြေသို့ပြန်လာမည်နည်း။ သူသည် သူထွက်ခွာခဲ့သည့်အတိုင်း ကိုယ်ခန္ဓာအစစ်နှင့် ကောင်းကင်တွင်မိုးတိမ်များနှင့်ပြန်လာလိမ့်မည်။
50:11 vysd ကိုယ်တော်ယေရှုပြန်လာသောအခါ သေဆုံးပြီးသောကိုယ်တော်ယေရှု၏နောက်လိုက်တိုင်းတွင် မည်သည့်အရာဖြစ်ပျက်လိမ့်မည်နည်း။ သူတို့သည်လည်း ကိုယ်တော်ယေရှုနှင့်တွေ့ဆုံရန် ကောင်းကင်သို့ တက်ကြလိမ့်မည်။
50:12 ofgq ကိုယ်တော်ယေရှုပြန်လာသောအခါ အသက်ရှင်နေသေးသောကိုယ်တော်ယေရှု၏နောက်လိုက်များတွင် မည်သည့်အရာဖြစ်ပျက်လိမ့်မည်နည်း။ ရှင်သန်နေသေးသောကိုယ်တော်ယေရှု၏နောက်လိုက်များသည် ကောင်းကင်သို့ပျံတက်၍ သေဆုံးခြင်းမှနိုးထခဲ့သောကိုယ်တော်ယေရှု၏အခြားနောက်လိုက်များနှင့်ပူးပေါင်းသွားသည်။
50:15 jqph ကိုယ်တော်ယေရှုသည် မာန်နတ်ပြန်လာသောအခါ မည်သို့ပြုလုပ်လိမ့်မည်နည်း။ ကိုယ်တော်ယေရှုသည် မာန်နတ်အား ထာဝရလောင်ကျွမ်းစေရန် ငရဲသို့ပို့ဆောင်လိမ့်မည်။
50:17 n578 နိဗာန်ရွှေမြို့တော်သစ်နှင့်ကမ္ဘာသစ်၌ အသက်သည် မည်သည့်အရာနှင့်တူလိမ့်မည်နည်း။ ကိုယ်တော်ယေရှုသည် သူ၏နိုင်ငံတော်အား ဆင်းရဲဒုက္ခများထပ်မံမရှိစေရန် ငြိမ်းချမ်းခြင်းနှင့်တရားမျှတစွာအုပ်စိုးလိမ့်မည်။
50:07 md4j အစေခံများသည် ပေါင်းပင်များအား အဘယ်ကြောင့်ဆွဲနှုတ်ခြင်းမပြုကြသနည်း။ သူတို့၏ဆရာသည် ပေါင်းပင်များနှင့်အတူ မတော်တဆဂျုံစပါးများအားဆွဲနှုတ်မိမည်ကို မလိုလားသောကြောင့်ဖြစ်သည်။
50:08 vzu5 ကောင်းသောအစေ့များသည် မည်သည့်အရာအားကိုယ်စားပြုသနည်း။ ကောင်းသောအစေ့များသည် ဘုရားရှင်နိုင်ငံတော်၏လူများအားကိုယ်စားပြုသည်။
50:09 yloc ကောက်ရိတ်သိမ်းခြင်းသည် မည်သည့်အရာအားကိုယ်စားပြုသနည်း။ ကောက်ရိတ်သိမ်းခြင်းသည် ကမ္ဘာကြီး၏အဆုံးသတ်အားကိုယ်စားပြုသည်။
50:10 xx6n ကမ္ဘာ၏အဆုံးသတ်၌ နတ်ဆိုးနှင့်ဆက်နွယ်သောလူများသည် မည်သို့ဖြစ်ပျက်လိမ့်မည်နည်း။ နတ်စေတမန်များသည် သူတို့အားစုစည်း၍ ဆိုးရွားစွာဝေဒနာခံစားရစေရန် အလွန်ပူပြင်းသောမီးထဲသို့ ပစ်ချလိမ့်မည်။
50:11 s5ck မည်သည့်ပုံစံဖြင့် ကိုယ်တော်ယေရှုသည် ကမ္ဘာမြေသို့ပြန်လာမည်နည်း။ သူသည် သူထွက်ခွာခဲ့သည့်အတိုင်း ကိုယ်ခန္ဓာအစစ်နှင့် ကောင်းကင်တွင်မိုးတိမ်များနှင့်ပြန်လာလိမ့်မည်။
50:11 vysd ကိုယ်တော်ယေရှုပြန်လာသောအခါ သေဆုံးပြီးသောကိုယ်တော်ယေရှု၏နောက်လိုက်တိုင်းတွင် မည်သည့်အရာဖြစ်ပျက်လိမ့်မည်နည်း။ သူတို့သည်လည်း ကိုယ်တော်ယေရှုနှင့်တွေ့ဆုံရန် ကောင်းကင်သို့ တက်ကြလိမ့်မည်။
50:12 ofgq ကိုယ်တော်ယေရှုပြန်လာသောအခါ အသက်ရှင်နေသေးသောကိုယ်တော်ယေရှု၏နောက်လိုက်များတွင် မည်သည့်အရာဖြစ်ပျက်လိမ့်မည်နည်း။ ရှင်သန်နေသေးသောကိုယ်တော်ယေရှု၏နောက်လိုက်များသည် ကောင်းကင်သို့ပျံတက်၍ သေဆုံးခြင်းမှနိုးထခဲ့သောကိုယ်တော်ယေရှု၏အခြားနောက်လိုက်များနှင့်ပူးပေါင်းသွားသည်။
50:15 jqph ကိုယ်တော်ယေရှုသည် မာန်နတ်ပြန်လာသောအခါ မည်သို့ပြုလုပ်လိမ့်မည်နည်း။ ကိုယ်တော်ယေရှုသည် မာန်နတ်အား ထာဝရလောင်ကျွမ်းစေရန် ငရဲသို့ပို့ဆောင်လိမ့်မည်။
50:17 n578 နိဗာန်ရွှေမြို့တော်သစ်နှင့်ကမ္ဘာသစ်၌ အသက်သည် မည်သည့်အရာနှင့်တူလိမ့်မည်နည်း။ ကိုယ်တော်ယေရှုသည် သူ၏နိုင်ငံတော်အား ဆင်းရဲဒုက္ခများထပ်မံမရှိစေရန် ငြိမ်းချမ်းခြင်းနှင့်တရားမျှတစွာအုပ်စိုးလိမ့်မည်။