###ထူးခြားသော ဆက်နွယ်မှု ####အဓိပ္ပါယ်ဖွင့်ဆိုချက် ထူးခြားသော ဆက်နွယ်မှု ဆက်စပ်ပေးသည့် အရာများသည် အရာတစ်ခု(များ) သို့မဟုတ် လူတစ်​ယောက်(များ) အား အစုအဝေးမှ ဖယ်ထုတ်ပေးသည်။ ####ဘာသာပြန်ခြင်းကိစ္စဖြစ်ရသည့် အကြောင်းပြချက် အင်္ဂလိပ်စာတွင် ထူးခြားသော ဆက်နွယ်မှုများအား ပထမဦးစွာ အစုအဝေးအားဖော်ပြခြင်း(အပိုင်း1)  ဖြင့် ညွှန်ပြပြီး ထို့နောက်တွင် အစုအဝေးထဲတွင် မပါဝင်သော အရာများ "မှတစ်ပါး” ၊ “ သို့သော်လည်း မဟုတ်” ၊ “ မှလွဲ၍”၊ “ထို့ပြင်”၊ “ခဲ့လျင်” ၊ “မည်သို့ပင်ဆိုစေကာမူ.. မဟုတ်ချေ” နှင့် “သာလျှင်” ကဲ့သို့သော စကားလုံးများအား ဖော်ပြခြင်း(အပိုင်း2)ဖြင့် ညွှန်ပြသည်။ အချို့ဘာသာစကားတို့သည် အစုအဝေးမှ ဖယ်ထုတ်ခြင်းခံရသော တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အရာများ သို့မဟုတ် လူများအား ထိုနည်းလမ်းဖြင့် ညွှန်ပြမရှိသော်လည်း ဤအရာအား ပြုလုပ်ရန် အခြားနည်းလမ်းများ ရှိကြသည်။ အချို့ဘာသာစကားများတွင် ဤ တည်ဆောက်ပုံ အမျိုးအစားသည်  အပိုင်း 2 တွင်ပါဝင်သော ခြွင်းချက်သည် အပိုင်း 1 မှဝါကျအား သွေဖယ်နေပုံ ပေါ်သောကြောင့် အဓိပ္ပါယ် မရှိချေ။ ဘာသာပြန်သူများသည် အစုအဝေးထဲတွင် မည်သူ(သို့မဟုတ် မည်သည့်အရာ) ပါဝင်သည်ကို နားလည်ရန်လိုအပ်ပြီး သူတို့၏ဘာသာစကားတွင်ယင်းတို့အား မှန်ကန်စွာ ဆက်သွယ်နိုင်ရန် မည်သူ(သို့မဟုတ် မည်သည့်အရာ)အား ဖယ်ထုတ်ထားသည်ကို နားလည်ရန်လိုအပ်သည်။ ####OBS နှင့်သမ္မကျမ်းစာမှ ဥပမာများ >ဘုရားသခင်က အာဒံ အား ကောင်းခြင်းနှင့်ဆိုးခြင်း အသိဉာဏ်ရှိသော သစ်ပင်**မှ လွဲ၍** ဥယျာဥ်ထဲရှိ  **မည်သည့်** သစ်ပင် ကို မဆို စားနိုင်သည်ဟု ဆို၏။ ( OBS Story 1 Frame 11) > >အကယ် ၍ သင်သည် မရွေးလိုလျှင် ကျွန်ုပ် အားကြားပြောပါတော့။ သင်**မှတပါး**ရွေးပိုင်သော**သူမရှိ**။ သင့်နောက်မှာ ကျွန်ုပ်နေရာကျသည်ဟုဆို၏။(ရုသ 4:4 ULT) > >ဒါဝိဒ်သည်လည်း ညဦးမှစ၍ နက်ဖြန်ညဦးတိုင်အောင် သူတို့ကို လုပ်ကြံသဖြင့်၊ ကုလားအုပ်ကို စီး၍ပြေးသော လုလင်လေးရာ**မှတပါး**လူတယောက်**မှ** မလွတ်။(ဓမ္မရာဇဝင်ပထမစောင် 30:17 ULT) > >ထိုသူကလည်း၊ ငါ့ကိုလွှတ်ပါ၊ မိုးလင်းဆဲရှိပြီ ဟုဆိုလျှင်၊ ယာကုပ်က၊ ကိုယ်တော်သည် အကျွန်ုပ်ကို ကောင်းကြီး**မပေးလျှင်**၊ **မ**သွားရဟုဆို၏။( ကမ္ဘာဦးကျမ်း 32:26 ULT) ####ဘာသာပြန်ခြင်းနည်းစနစ်များ(ဥပဒေသများ) အကယ်၍ ထူးခြားသော ဝါကျပိုင်းများအား မူရင်းဘာသာစကားတွင် အမှတ်အသားပြုထားသည့် ပုံသည် သင်၏ ဘာသာစကား တွင်လည်းရှင်းလင်းပါက၊ ထူးခြားသော ဝါကျပိုင်းများအား တူညီသော နည်းလမ်းဖြင့် ဘာသာပြန်ပါ။ (1) အလွန် မကြာခဏပင် အပိုင်း 2 မှခြွင်းချက်သည် အပိုင်း1 တွင် ငြင်းဆိုခြင်း ခံထားရသော တစ်စုံတစ်ခုအား ဆန့်ကျင်နေတတ်သည်။ ဤကိစ္စတွင်၊ ဘာသာပြန်သူသည် ငြင်းဆိုခြင်းအား ပယ်ဖျက်ပြီး “**သာလျှင်**” ဟူသော စကားလုံး အသုံးပြု၍ ဆန့်ကျင်ခြင်းမပါပဲ တူညီသော အကြံဉာဏ်အား ပုဒ်စုဖွဲ့နိုင်သည်။ (2) ဝါကျပိုင်းများ၏ အစီစဥ်အား ပြောင်းပြန်ထားပါ၊ ထိုမှသာ ခြွင်းချက်သည် ပထမဦးစွာ ဖော်ပြခြင်း ခံရပြီး၊ ပို၍ကြီးသော အစုအဝေးသည် နောက်မှ အမည်ပေးခြင်းခံရမည်ဖြစ်သည်။ #### ဘာသာပြန်ခြင်းနည်းစနစ်အား အသုံးပြုထားသည့် ဥပမာများ (1) အလွန် မကြာခဏပင် အပိုင်း 2 မှခြွင်းချက်သည် အပိုင်း1 တွင် ငြင်းဆိုခြင်း ခံထားရသော တစ်စုံတစ်ခုအား ဆန့်ကျင်နေတတ်သည်။ ဤကိစ္စတွင်၊ ဘာသာပြန်သူသည် ငြင်းဆိုခြင်းအား ပယ်ဖျက်ပြီး “**သာလျှင်**” ဟူသော စကားလုံး အသုံးပြု၍ ဆန့်ကျင်ခြင်းမပါပဲ တူညီသော အကြံဉာဏ်အား ပုဒ်စုဖွဲ့နိုင်သည်။ > ဒါဝိဒ်သည်လည်း ညဦးမှစ၍ နက်ဖြန်ညဦးတိုင်အောင် သူတို့ကို လုပ်ကြံသဖြင့်၊ ကုလားအုပ်ကို စီး၍ပြေးသော \*\*လုလင်လေးရာမှ တပါးလူတယောက်မှ မလွတ်\*\*။(ဓမ္မရာဇဝင်ပထမစောင် 30:17 ULT) * အပိုင်း1: (လူတစ်ယောက် **မှ** မလွတ်) * အပိုင်း2: ( လုလင်လေးရာ **မှတစ်ပါး**) > >ဒါဝိဒ်သည်လည်း ညဦးမှစ၍ နက်ဖြန်ညဦးတိုင်အောင် သူတို့ကို လုပ်ကြံသဖြင့်၊ ကုလားအုပ်ကို စီး၍ပြေးသော လုလင်လေးရာ **သာလျှင်** လွတ်၏။ > အကယ်၍ သင်သည် မရွေးလိုလျှင် ကျွန်ုပ် အားကြားပြောပါတော့။ သင်**မှတပါး**ရွေးပိုင်သော**သူမရှိ**။ သင့်နောက်မှာ ကျွန်ုပ်နေရာကျသည်ဟုဆို၏။(ရုသ 4:4 ULT) > > > အကယ်၍ သင်သည် မရွေးလိုလျှင် ကျွန်ုပ် အားကြားပြောပါတော့။ **သင်သည် ရွေးရန် ပထမဆုံး လူ ဖြစ်သည်။ \[သင်သာလျှင် ရွေးနိုင်၏။\]** သင့်နောက်မှာ ကျွန်ုပ်နေရာကျသည်ဟုဆို၏။ > ထိုသူကလည်း၊ "ငါ့ကိုလွှတ်ပါ၊ မိုးလင်းဆဲရှိပြီ" ဟုဆိုလျှင်၊ ယာကုပ်က၊ "ကိုယ်တော်သည် အကျွန်ုပ်ကို ကောင်းကြီး**မပေးလျှင်**၊ **မ**သွားရ" ဟုဆို၏။( ကမ္ဘာဦးကျမ်း 32:26 ULT) > > ထိုသူကလည်း၊ "ငါ့ကိုလွှတ်ပါ၊ မိုးလင်းဆဲရှိပြီ" ဟုဆိုလျှင်၊ ယာကုပ်က၊ "ကိုယ်တော်သည် အကျွန်ုပ်ကို ကောင်းကြီးပေး **မှသာလျှင်** သွားရမည်" ဟုဆို၏။ (2)ဝါကျပိုင်းများ၏ အစီစဥ်အား ပြောင်းပြန်ထားပါ၊ ထိုမှသာ ခြွင်းချက်သည် ပထမဦးစွာ ဖော်ပြခြင်း ခံရပြီး၊ ပို၍ကြီးသော အစုအဝေးသည် နောက်မှ အမည်ပေးခြင်းခံရမည်ဖြစ်သည်။ > ဘုရားသခင်က အာဒံ အား ကောင်းခြင်းနှင့်ဆိုးခြင်း အသိဉာဏ်ရှိသော သစ်ပင်မှ **လွဲ၍** ဥယျာဥ် ထဲရှိ**မည်သည့်** သစ်ပင် ကို မဆို စားနိုင်သည်ဟု ဆို၏။ ( OBS Story 1 Frame 11) > > ဘုရားသခင်က အာဒံအား ကောင်းခြင်းနှင့်ဆိုးခြင်းအသိဉာဏ်ရှိသောသစ်ပင်ကို စားခွင့်**မရှိ** သော်လည်း ဥယျာဥ်ထဲတွင်ရှိသော **အခြားမည်သည့်**အပင်ကိုမဆို စားနိုင်သည်ဟုဆို၏။