ဘာသာပြန်သူတစ်ယောက်အနေဖြင့်၊ အကယ်၍ သင်သည် ULT နှင့် UST ကြားရှိ ကွဲပြားခြားနားချက် များအား မှတ်မိပါက နှင့် အကယ်၍ သင်သည် အဓိကဘာသာစကားသည် ယင်း ကွဲပြားခြားနားချက်များ ယူဆောင်သော ကိစ္စများနှင့် အကောင်းဆုံး အပေးအယူပြုလုပ်ရန်ကို လေ့လာပါက၊ သင်သည် ULT နှင့် UST ကို အကောင်းဆုံး အသုံးပြုနိုင်မည်ဖြစ်သည်။ ### စိတ်ကူးများ၏အစီအစဉ် ULT သည် စိတ်ကူးများအား ရင်းမြစ်ဖတ်စာတွင် သူတို့ပေါ်ပေါက်သည့်အတိုင်း **တူညီသော အစီအစဥ်**ဖြင့် တင်ဆက်ရန် ကြိုးစားသည်။ UST သည် စိတ်ကူးများအား အင်္ဂလိပ်စာတွင် ပို၍ သဘာဝကျသော အစီအစဥ် သို့မဟုတ် အစီအစဥ်၏ ဖွဲ့စည်းပုံ သို့မဟုတ် အချိန်အစဥ်၏ အစီအစဥ်အတိုင်း လိုက်နာ၍ တင်ဆက်ရန် ကြိုးစားသည်။ သင်ဘာသာပြန်သောအခါ၊ သင်သည် စိတ်ကူးများအား အဓိကဘာသာစကားတွင် သဘာဝကျသော အစီအစဥ်တွင် ထားသင့်သည့်။ ([Order of Events](../figs-events/01.md) ကိုကြည့်ရှုပါ) > ၁ ကိုယ်တော်ယေရှု၏အစေခံဖြစ်သူ  ပေါလုအား တမန်တော်ဟုခေါ်၍ gospel of God အတွက် သီခြားထားရှိခဲ့သည်။ … ၇ ဤစာသည် \*ဘုရားသခင်၏ အချစ်တော်ဖြစ်သော ရောမရှိလူများအားလုံးသို့ပေးခြင်းဖြစ်သည်။ (ရောမ ၁:၁,၇ ULT) > ၁ ကိုယ်တော်ယေရှုအားအလုပ်အကျွေးပြုသော ပေါလုသည် ဤစာအား ရောမမြို့ရှိ ယုံကြည်သူများအားလုံးအား ပေးခြင်းဖြစ်သည်။ (ရောမ ၁:၁ UST) ULT သည် ပေါလု၏ သူ့စာအား စတင်ခြင်း ပုံစံအား ပြသပေးသည်။ သူသည် အပိုဒ် ၇ မရောက်ခင်အထိ သူ၏ ပရိတ်သတ်သည်မည်သူဖြစ်သည်ကိုမပြောပေ။ မည်သို့ပင်ဆိုစေကာမူ၊  UST သည် ယနေ့တွင် အင်္ဂလိပ်စာ နှင့် အခြားများစွာသော ဘာသာစကားများတွင် ပို၍  သဘာဝ ကျသော ပုံစံအား လိုက်နာသည်။ ### သွယ်ဝိုက်ညွှန်းဆိုသောအချက်အလက် ULTသည် စာဖတ်သူများနားလည်ရန်အတွက် အရေးကြီးသည်ဟု **ယူဆရသော** သို့မဟုတ် **သွယ်ဝိုက်ညွှန်းဆိုသော** စိတ်ကူးအကြံဉာဏ်များကို မကြာခဏ ဖော်ပြလေ့ရှိသည်။ USTသည် မကြာခဏပင် ထိုအခြားစိတ်ကူးများအား တိုက်ရိုက်ဖြစ်အောင် ပြုလုပ်သည်။ အကယ်၍ သင်သည် သင်၏ပရိသတ်များ ဖတ်စာအုပ်မှ အချက်အလက်များ နားလည်ရန်လိုအပ်သည်ဟု ထင်လျှင် သင်ဘာသာပြန်ရာတွင် ထပ်တူပြုလုပ်နိုင်သည်ဟု UST မှသတိပေးရန် ပြုလုပ်ထားသည်။ ဘာသာပြန်သောအခါ ဖတ်စာတွင် မပါဝင်သော သွယ်ဝိုက်ညွှန်းဆိုသော စိတ်ကူးအကြံဉာဏ်များကို ပရိတ်သတ်များနားလည်နိုင်​ခြင်းရှိမရှိဆိုသည်ကိုပါ စဥ်းစားသင့်သည်။အကယ်၍ ပရိတ်သတ်များသည် ဖတ်စာတွေမပါဝင်သော စိတ်ကူးအကြံဉာဏ်များကို နားလည်လျှင် သင်သည် ထိုအကြံဉာဏ်များကို တိုက်ရိုက်ဖော်ပြရန် မလိုပေ။ အကယ်၍သင်သည် ပရိတ်သတ်များ နားလည်နိုင်မည့် သွယ်ဝိုက်ညွှန်းဆိုသော အကြံဉာဏ်များကို မလိုအပ်ပဲ တင်ပြမိလျှင် သင်သည် သင်၏ပရိတ်သတ်များအား အမှားကျူးလွန်နိုင်သည်ကို သတိရပါ။ ([Assumed Knowledge and Implicit Information](../figs-explicit/01.md) တွင် ကြည့်ပါ) > ယေရှုကလည်း၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ **သင်သည်ယခုမှစ၍ လူတို့ကိုဖမ်းမိသောသူ ဖြစ်လိမ့်မည်**ဟု မိန့်တော်မူ၏။ (လုကာ ၅:၈ ULT) > ယေရှုကလည်း "ကြောက်ရွံခြင်းမရှိနှင့်။ ယခုမတိုင်ခင်သင်သည် ငါးများကိုစုဝေးသောသူဖြစ်လျက် ယခုတွင်သင်သည် လူများအားငါ့၏တပည့်ဖြစ်ရန်အတွက် စုဝေးသောသူ ဖြစ်လိမ့်မည်"ဟုမိန့်တော်မူ၏။ (လုကာ ၅:၈ UST) ဤတွင် ရှိမုန် သည် ငါးဖမ်းသမားလုပ်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသူဖြစ်သည်ဟု UST မှ စာဖတ်သူအား ဖော်ပြထားသည်။ ကိုယ်တော်ယေရှု ဆွဲပြခဲ့သော ရှိမုန် ၏ အရင်အလုပ်နှင့် အနာဂတ်အလုပ်ကြားသည် တူညီမှုကို ရှင်းလင်းစေသည်။ ထပ်တိုးအားဖြင့် ဘာကြောင့် ကိုယ်တော်ယေရှု မှ ရှိမုန် ကို "လူဖမ်းခြင်း" ပြုလုပ်စေခဲ့သည်မှာ "ကျွန်ုပ်၏ နောက်လိုက်ဖြစ်လာစေရန်" ရည်ရွယ်သည်ဟု UST မှ ရှင်းလင်းစွာ ဖော်ပြထားသည်။ > ကိုယ်တော်သည် မြို့တမြို့၌ရှိတော်မူစဉ်၊ တကိုယ်လုံးနူနာစွဲသော သူတယောက်သည် ကိုယ်တော်ကို မြင်လျှင်**ပြစ်ဝပ်၍**၊ "သခင်၊ အလိုတော်ရှိလျှင် **ကျွန်တော်ကို သန့်ရှင်းစေ**နိုင်တော်မူသည်"ဟု တောင်းပန်လေ၏။ (လုကာ ၅:၁၂ ULT) > ကိုယ်တော်သည် မြို့တမြို့၌ရှိတော်မူစဉ်၊ တကိုယ်လုံးနူနာစွဲသော သူတယောက်သည် ကိုယ်တော်ကိုမြင်လျှင် **မြေကြီးပေါ်သို့ ဦးညွှန့်၍**၊ သခင်၊ ကျေးဇူးပြု၍ **ကျွန်ုပ်အား ကုသပေးတော်မူပါ**။ အလိုတော်ရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု တောင်းပန်လေ၏။ (လုကာ ၅:၁၈ UST) ဤတွင် အနာကြီးရောဂါရှိသောလူတစ်ဦးသည် မတော်တဆ မြေပြင်သို့မလဲကျခဲ့​ပေဟု UST မှ ရှင်းလင်းစွာ ဖော်ပြထားသည်။ ထို့အစား သူသည် တမင်သက်သက် မြေပြင်သို့ ဦးညွတ်ခြင်းဖြစ်သည်။ သူသည် ယေရှု ထံ သူ့အားကုသရန်တောင်းဆိုခဲ့သည်ဟုလဲ UST မှ ​ရှင်းလင်းစွာ ဖော်ပြထားသည်။ ULT တွင် သူသည် ယင်းတောင်းဆိုမှုသာ သွယ်ဝိုက်ထားသည်။ ### သင်္ကေတလုပ်ရပ်များ **အဓိပ္ပါယ်ဖွင့်ဆိုချက်** — သင်္ကေတလုပ်ဆောင်ချက် ဆိုသည်မှာ တစ်စုံတစ်ယောက်သည် အကြံဉာဏ်စိတ်ကူးတစ်ခုကို ဖော်ပြရန်အတွက် တစ်စုံတစ်ခုလုပ်ဆောင်ခြင်းကို ဆိုလိုသည်။ ULT သည် သင်္ကေတလုပ်ဆောင်ချက် ကို အဓိပ္ပါယ်ဖော်ပြ ရှင်းပြခြင်းမရှိပဲ ရိုးရှင်းစွာ မကြာခဏ  ဖော်ပြလေ့ရှိသည်။ UST သည် အဓိပ္ပါယ်ကို သင်္ကေတလုပ်ရပ် ​ဖြင့် ဖော်ပြခြင်းဖြင့် မ​ကြာခဏ ဖော်ပြလေ့ရှိသည်။ ဘာသာပြန်သောအခါ သင်၏ပရိတ်သတ်များ သင်္ကေတလုပ်ရပ် များကို မှန်ကန်စွာ နားလည်ခြင်း ရှိမရှိ ဆုံးဖြတ်သင့်သည်။ အကယ်၍ သင်၏ပရိတ်သတ်များ နားမလည်ခဲ့လျှင် သင်သည် UST ဆောင်ရွက်သကဲ့သို့ လုပ်ဆောင်သင့်သည်။ ([Symbolic Action](../translate-symaction/01.md) တွင်ကြည့်ပါ) > ယဇ်ပုရောဟိတ်မင်းသည် မိမိအဝတ်ကို **ဆုတ်လျက်**၊ (မာကု ၁၄:၆၃ ULT) > ကိုယ်တော်ယေရှု၏ စကားလုံးများအား တုံ့ပြန်ရာတွင် ယဇ်ပုရောဟိတ်မင်းသည် အလွန်ထိတ်လန့်ကာ သူ၏အဝတ်ကိုဆုတ်လျက်၊ (မာကု ၁၄:၆၃ UST) ဤတွင် ကြီးမြတ်သောခရစ်ယာန်ဘုန်း​ကြီးသည် သူ၏ အဝတ်အစားများကို ဆုတ်ဖြဲခဲ့သည်မှာတိုက်ဆိုင်မှူမဟုတ်ကြောင်း USTမှ ရှင်းလင်းစွာ ဖော်ပြထားသည်။ သူဆုတ်ဖြဲခဲ့​သောအရာသည် သူ၏အဝတ်အစား၏အပြင်ဘက်အစွန်အဖျား ဖြစ်ကောင်း​ဖြစ်​နိုင်သည် ထို့သို့ပြုလုပ်ခဲ့သည်မှာသူ၏စိတ်ဆိုး ဒေါသဖြစ်ခြင်းနှင့် ဝမ်းနည်းခြင်းနှစ်မျိုးလုံးကိုတစ်ပြိုင်နက်ဖော်ပြချင်ခြင်းကြောင့်ဟုလဲ ရှင်းလင်းစွာဖော်ပြထားပါသည်။ ကြီးမြတ်သော ခရစ်ယာန်ဘုန်းတော်ကြီးသည် သူ၏ အဝတ်အစားကို ဆုတ်ဖြဲခဲ့ခြင်းကြောင့် UST သည် သူပြုလုပ်ခဲ့တာဖြစ်သည်ဟု ပြောခြင်းဖြစ်သည်။ သို့သော်လည်း အကယ်၍ သင်္ကေတလုပ်ရပ် မည်တော့မှ မဖြစ်ပေါ်ခဲ့လျှင် သင်သည် ထိုလုပ်ဆောင်ချက်ကို ဖော်ပြရန် မလိုပေ။ အောက်တွင် ဥပမာဖော်ပြထားသည်။ > မင်း၏စိတ် နှင့် တွေ့လိမ့်မည်လော။ သင့်မျက်နှာကို ထောက်လိမ့် မည်ဟုကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူ၏။ (မာလခိ ၁:၈ ULT) > သင်သည် သင်၏ ဘုရင်ခံအား လက်ဆောင်ဆသရန် မဝံ့သင့်။ သူသည် ဤ ကဲ့သို့ အရာမျိုးကို ယူမည်မဟုတ်ကြောင်း သိသင့်သည်။ သူသည် **သင့်ကြောင့် စိတ်မချမ်းသာလျက် သင့်အား ကြိုဆိုမည် မဟုတ်ကြောင်း** သိသင့်သည်။(မာလခိ ၁:၈ UST) ဤတွင် "သင့်မျက်နှာကို ထောက်လိမ့်မည်" ဆိုသော သင်္ကေတလုပ်ရပ် သည် UST နှင့် ULT တွ​င် " သူသည် သင့်ကြောင့်စိတ်မချမ်းသာလျက်  ကြိုဆိုမည်မဟုတ်" ဟု ​ဖော်ပြထားသကဲ့သို့ တူညီစွာ ဖော်ပြထားသည်။ ထိုအရာကိုပင် မာလခိ သည် အမှန်တကယ်ဖြစ်ပေါ်မည့် အရေးကြီးသောဖြစ်ရပ်ကို ရည်ညွှန်းထားခြင်းမဟုတ်ဟူ၍ပင် ဖော်ပြနိုင်ပါသည်။ သူသည် အရေးကြီးသောဖြစ်ရပ်ကိုကိုယ်စားပြုသော အကြံဉာဏ်ကိုသာလျှင် ရည်ညွှန်းပါသည်။ ### Passive ကြိယာပုံစံ တခြားသော ဘာသာစကားများတွင် ဖြစ်နိုင်ချေမရှိစဥ်​တွင် သမ္မကျမ်းစာလာ  ဟီဘရူး နှင့် ဂရိ နှစ်ခု စလုံးသည် မကြာခဏ ကြိယာပုဒ်စုပုံစံကို သုံးကြသည်။ မူရင်းဘာသာစကားများသည် ယင်းတို့အား  အသုံးပြုသောအခါ ULT သည် passive ကြိယာပုံစံကို အသုံးပြုရန်ကြိုးစားခဲ့သည်။ သို့သော်လည်း UST သည် များသောအားဖြင့် ယင်း passive ကြိယာပုံစံကို မသုံးချေ။ ရလာဒ်အနေဖြင့် UST သည် စကားစုအများအပြားကို **ပြန်လည်ဖွဲ့စည်းထား**သည်။ ဘာသာပြန်သောအခါ အဓိကဘာသာရပ်သည် အောက်ဖော်ပြပါ ဥပမာများကဲ့သို့passive ​ကြိယာပုံစံ များသုံးခြင်းဖြင့် အဖြစ်အပျက်များအား ဖော်ပြခြင်းနိုင်ခြင်း ရှိမရှိ ဆုံးဖြတ်ရမည်။ အကယ်၍ သင်သည် တစ်ဦးချင်း စကားစပ်ဆိုရာတွင် passive ကြိယာပုံစံကို  အသုံးမပြုနိုင်လျှင် စကားစုကို ပြန်လည်ဖွဲ့စည်းရန် ဖြစ်နိုင်သောနည်းလမ်းတစ်ခုကိုUSTတွင် ရှာဖွေရမည်။([Active or Passive](../figs-activepassive/01.md) တွင်ကြည့်ပါ) ### သမ္မာကျမ်းစာမှဥပမာများ > အုပ်မိသော ငါးများကိုထောက်သဖြင့် သူနှင့်တကွ သူနှင့်ပါလာသော လူအားလုံးတို့သည် အံ့သြခြင်း ရှိကုန်၏။ (လုကာ ၅:၉ ULT) > > အကြောင်းမူကား၊ သူနှင့်ပါသောသူအပေါင်းတို့သည် ဖမ်းမိသောငါးများကြောင့် အံ့ဩသွားကြကုန်သည်။ > သူက ယင်းသည် သူတို့ဖမ်းမိသော ငါးအမြောက်အများကြောင့် **အံ့သြခြင်း**ဖြစ်သည်။ သူနှင့် ပါလာသော လူအားလုံးတို့သည်လည်း အံ့သြကြ ကုန်၏။ (လုကာ ၅:၉ UST) ဤတွင် ULT ၏ passive ကြိယာပုံစံဖြစ်သော "အံ့သြခြင်းခံရသည်" ဟူသောစကားလုံးအစား UST သည် ရိုးရှင်းသောအသံအနေဖြင့် “သူအံ့သြခဲ့သည်” ဟူ၍ အသုံးပြုထားသည်။ > များစွာသောလူအပေါင်းတို့သည် တရား နာလိုသောငါ၎င်း၊ အနာငြိမ်းစေခြင်း ကျေးဇူးတော်ကို ခံလိုသော၎င်း၊ စုဝေးလျက်ရှိကြ၏။ (လုကာ ၅:၁၅ ULT) > အကျိုးရလဒ်ကား များစွာသော လူအပေါင်းတို့သည် တရားအား နာရန်နှင့် **အနာငြိမ်းစေလိုသောကြောင့်** ၎င်း စုဝေးလျက်ရှိကြ၏။ (လုကာ ၅:၁၅ UST) ဤတွင် UST သည် ULT ၏ passive ကြိယာပုံစံဖြစ်သော “ပျောက်ကင်းစေခြင်းခံရသော” ဟူသော ကြိယာကို ရှောင်ဖယ်ထားသည်။ ထိုအရာသည် စကားစုကို ပြန်လည်ဖွဲ့စည်းမှသာ အသုံးပြုသည်။ ဆိုလိုရင်းသည် ကုသသူသည် “သူတို့ကို ကုသရန် ယေရှုရှိသည်” ဟု ဆိုလိုသည်။ ### Metaphors ဥပမာတင်စားစကားများနှင့် အခြားစကားပြောဟန်များ **အဓိပ္ပါယ်ဖွင့်ဆိုချက်** - ULT သည် သမ္မာကျမ်းစာ ဖတ်စာနှင့် အနီးစပ်ဆုံး ဖြစ်နိုင်သော တင်စားချက်ကို ဖော်ပြရန် ကြိုးစားလျက်ရှိသည်။ UST သည် ထိုတင်စားချက်များကို အခြားနည်းလမ်းများဖြင့် မကြာခဏ ဖော်ပြလေ့ရှိသည်။ ဘာသာပြန်သောအခါ အဓိကဘာသာရပ်အားလေ့လာဖတ်ရှူသူများသည် ထိုတင်စားချက်ကို အားစိုက်ထုတ်မှု အနည်းငယ်ဖြင့်၊ အားစိုက်ထုတ်မှု သေးငယ်စွာဖြင့် (သို့မဟုတ်) အားစိုက်ထုတ်ခြင်းမရှိစွာဖြင့် စကားပြောပုံစံများကို နားလည်နိုင်ခြင်းရှိမရှိ ဆုံးဖြတ်ရန်လိုအပ်သည်။ အကယ်၍ သူတို့သည် နားလည်ရန် များစွာအားစိုက်ကြိုးစားထားခြင်း သို့မဟုတ် အကယ်၍ သူတို့ နားလည်ခြင်းမရှိလျှင် သင်သည် ထိုတင်စားချက်၏အဓိက အဓိပ္ပာယ်အား တခြားစကားလုံးများသုံးခြင်းဖြင့် တင်ပြရန် လိုအပ်သည်။ > အရာရာ၌ နှုတ်သတ္တိ၊ ဥာဏ်သတ္တိအပေါင်းနှင့် **ကြွယ်ဝပြည့်စုံကြသည်ဖြစ်ရန်** ပြုလုပ်ထားသည်။ ( ၁ ကော ၁:၅ ULT) > ကိုယ်တော်ယေရှုသည် **သင့်အားအရာများစွာပေးခဲ့သည်**။ သူသည် သင့်အား အမှန်တရားကိုပြောရန်နှင့် ဘုရားသခင်အား သိရန် ကူညီပေးခဲ့သည်။ ( ၁ ကော ၁:၅ UST) ပေါလု "ချမ်းသာခြင်း" ဆိုသော စကားလုံးကို ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝခြင်းဥပစာ အဖြစ် အသုံး​ပြုသည်။ "တင်စားချက်အားလုံးထဲတွင် အသိပညာအားလုံးအတူ" ဟူသော အဓိပ္ပါယ်ကို သူသည် ချက်ခြင်း ရှင်းပြခဲ့သော်လည်း တချို့စာဖတ်သူများမှာ နားမလည်ချေ။ UST သည် ပစ္စည်းဥစ္စာကြွယ်ဝခြင်း ဥပစာကို သုံးခြင်းမရှိပဲ တခြားအကြံဉာဏ်ဖြင့် ကွဲပြားစွာ ဖော်ပြထားသည်။  ([Metaphor](../figs-metaphor/01.md) တွင်ကြည့်ပါ) > **တောခွေးစုထဲသို့ သိုးတို့ကို** စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။  (မဿဲ ၁၀:၁၆ ULT) > မှတ်စုယူပါ: ငါသည်သင့်အား စေလွှတ်သောအခါ **သင်သည် တောခွေးစုကဲ့သို့ အန္တရာယ်များသော လူများကြား၌ အခုအခံမဲ့သော သိုးကဲ့သို့ဖြစ်လိမ့်မည်**။(မဿဲ ၁၀:၁၆ UST) ကိုယ်တော်ယေရှု က သူ၏တမန်တော်သည် ဝံပုလွေများကြားတွင် သိုး​အနေဖြင့်သွားရောက်ခြင်းကို ဥပမာအနေဖြင့် အသုံးပြုထားသည်။ တခြားသူများက ဝံပုလွေများဖြစ်နေစဥ် တမန်တော်များသည် မည်သို့ သိုးအနေဖြင့် သွားကြောင်းကို စာဖတ်သူများ နားမလည်နိုင်ဖြစ်ကြသည်။ UST သည် သူတို့ရန်သူများက အန္တရာယ်ဖြစ်နေချိန်တွင် တမန်တော်များသည် အကာအကွယ်ကင်းခြင်းဖြစ်သည်ဟု ရှင်းပြထားသည်။  ([Simile](../figs-simile/01.md) တွင်ကြည့်ပါ) > ပညတ်တရားအားဖြင့် **ဖြောင့်မတ်ရာသို့ ရောက်သမျှသော သင်တို့သည်** ခရစ်တော်နှင့်ကွာ၍ ကျေးဇူးတရား၌မတည်၊ ရွေ့လျော့ကြပြီ။ (ဂလာတိ ၅:၄ ULT) > **သင်သည် ပညတ်တော်ကိုလိုက်နာသောကြောင့် ဘုရားသခင်အား သူ၏အမြင်တွင် သင့်အားအကောင်းမြင်စေချင်သောအခါ**၊ သင်သည် သင့်အားကိုယ်တော်ယေရှုထဲမှခွဲခြားထားရန်လိုအပ်ပြီး ဘုရားသခင်သည် ရှည်ကြာစွာ သင့်အပေါ်ကောင်းမည်မဟုတ်။ (ဂလာတိ ၅:၄ UST) ပေါလုသည် ဥပဒေဖြင့် တရားမျှတကြောင်းပြ​ခြင်းဖြင့် သူတို့အားရည်ညွှန်းရာတွင် ဇောက်ထိုးစကားများသာ အသုံးပြုသည်။ သူသည် မည်သူ့ကိုမှ ဥပဒေဖြင့် တရားမျှတကြောင်းမပြနိုင်ကြောင်း သူတို့အား ​သင်ပြခဲ့ပြီး ဖြစ်သည်။ ပေါလုသည် သူတို့အား ဥပဒေဖြင့် တရားမျှတကြောင်းပြခြင်းကို လုံးဝအယုံအကြည်မရှိခြင်းကို ဖော်ပြရန်အတွက်ULTသည်“တရားမျှတခြင်း” ဆိုသော စကားလုံးကို ကိုးကားစွာ သုံးလေ့ရှိသည်။ တခြားသူများ ယုံကြည်သည့်အရာများ​ကို ရှင်းလင်းစွာပြုလုပ်ခြင်းဖြင့်USTသည် တူညီ​သော အကြံဉာဏ်များကို ဘာသာပြန်သည်။([Irony](../figs-irony/01.md) တွင်ကြည့်ပါ) ### စိတ်ကူးသက်သက်ဖော်ပြချက်များ ULT သည် စိတ်ကူးသက်သက် နာမ်၊ နာမဝိသေသနနှင့် အခြားသော စကားပြောများကို မကြာခဏ သုံးလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် သမ္မာကျမ်းစာဖတ်စာနဲ့ နီးစပ်စွာ ဆင်တူသောကြောင့် ဖြစ်သည်။ UST သည် စိတ်ကူးသက်သက် ဖော်ပြချက်များကို အသုံးမပြုရန် ​ကြိုးစားလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် ဘာသာရပ်အများအပြားသည် စိတ်ကူးသက်သက် ဖော်ပြချက်များကို မသုံးသောကြောင့် ဖြစ်သည်။ သင် ဘာသာပြန်သောအခါ အဓိကဘာသာရပ်သည် ထိုအကြံဉာဏ်များကို ဘယ်လိုဖော်ပြနိုင်မလဲဆိုသည်ကို စဥ်းစားဆုံးဖြတ်ရန်လိုအပ်သည်။ ([Abstract Nouns](../figs-abstractnouns/01.md) တွင်ကြည့်ပါ) > **အရာရာ၌ နှုတ်သတ္တိ၊ ဥာဏ်သတ္တိအပေါင်း**နှင့် ကြွယ်ဝပြည့်စုံကြ သည်ဖြစ်ရန် ပြုလုပ်ထားသည်။ ( ၁ ကော ၁:၅ ULT) > ကိုယ်တော်ယေရှုသည် သင့်အားအရာများစွာပေးခဲ့သည်။ သူသည် **သင့်အား အမှန်တရားကိုပြောရန်**နှင့် **ဘုရားသခင်အားသိရန် ကူညီပေးခဲ့သည်**။ ( ၁ ကော ၁:၅ UST) ဤတွင် ULT ၏ဖော်ပြချက်များဖြစ်သော “တင်စားချငက်အားလုံး” နှင့် “အသိဉာဏ်အားလုံး” တို့သည် စိတ်ကူးသက်သက်နာမ်ဖော်ပြချက်များဖြစ်သည်။ သူတို့နှင့်ပတ်သတ်သော ပြသနာတစ်ခုမှာ စာဖတ်သူများ အနေဖြင့် မည်သူက ပြောနေသနည်း၊  ဘာကိုပြောနေခြင်းဖြစ်သနည်း၊ ထိုအသိဉာဏ်ကို မည်သူက ပြုလုပ်နေသနည်း၊ သူတို့သိကြသည်မှာ ဘာဖြစ်သနည်း ဆိုသည်ကို မသိနိုင်ခြင်းဖြစ်သည်။ UST မှ ထိုမေးခွန်းများကို ဖြေထားပါသည်။ ### Conclusion In summary, the ULT will help you translate because it can help you understand to a great degree what form the original biblical texts have. The UST can help you translate because it can help make the ULT text’s meaning clear, and also because it can give you various possible ways to make the ideas in the biblical text clear in your own translation and cultural setting.