### ဖော်ပြချက် နာမ်စား ဆိုသည်မှာ လူတစ်ဉီးကိုသော်လည်းကောင်း အရာဝတ္ထုတစ်ခုခုကိုသော်လည်းကောင်း ရည်ညွှန်းပြောဆိုသည့်အခါ အသုံးပြုပါသည်။ ဉပမာအားဖြင့် ကျွန်တော်၊ ခင်ဗျား၊ သူ၊ ထိုအရာ၊ သူကိုယ်တိုင်၊ လူတချို့တလေ အစရှိသောစကားလုံးများကို နာမ်စားဟုခေါ်သည်။ နာမ်စားများထဲတွင် ပုဂ္ဂလနာမ်စား( Personal pronouns ) သည် အသုံးများဆုံး နာမ်စားဖြစ်သည်။ ### ပုဂ္ဂလနာမ်စား ပုဂ္ဂလနာမ်စားဆိုသည်မှာ လူ သို့မဟုတ် အရာဝတ္ထုတို့ကို ရည်ညွှန်းသော နာမ်စားဖြစ်ပြီး ပြောသူ (speaker) မှ မည်သူကို ရည်ညွှန်းပြောလိုသည် မည်သည့်အရာကို ရည်ညွှန်းပြောလိုဟူသော အချက်အပေါ်မူတည်ပြီး ပုဂ္ဂလနာမ်စားများကို ခွဲခြားထားပါသည်။ အောက်တွင်ဖော်ပြထားသည့် အချက်အလက်များသည် ပုဂ္ဂလနာမ်စားများ၏ အမျိုးအစားများ နှင့် အခြားသော နာမ်စားများကို ဖော်ပြထားပါသည်။ #### ပုဂ္ဂလနာမ်စား * ပြောသူနာမ်စား (First Person) — ပြောသူနှင့် (ပါဝင်လျှင်) အခြားပြောဆိုသူများကို ညွှန်းသောနာမ်စားများ (ကျွန်ုပ်၊ ကျွန်ုပ်တို့) * [Exclusive and Inclusive “We”](../figs-exclusive/01.md) * ကြားနာသူနာမ်စား (Second Person) — ပြောသူက ရည်ရွယ်ပြောဆိုနေသော လူတစ်ဦး သို့မဟုတ် လူအများကို ညွှန်းသော နာမ်စားများ (သင်၊ သင်တို့) * [Forms of You](../figs-you/01.md) * အပြောခံနာမ်စား(Third Person) —အပြောခံနာမ်၏ အစားသုံးသော ပုဒ်ကို အပြောခံနာမ်စားဟု ခေါ်သည်။ (သူ၊ သင်၊ မင်း၊ ယင်း၊ ၄င်း) #### သင်္ချာနာမ်စား * တစ်ခုကိုညွှန်းသောသင်္ချာနာမ်စား (Singular) — တစ်ခုတည်းကိုသာ ညွှန်းသောနာမ်စားဖြစ်သည်။ (ငါ၊ သင်၊ သူ၊ သူမ၊ အဲ့ဒီ) * အများကိုညွှန်းသောသင်္ချာနာမ်စား(Plural) — တစ်ခုထက်ပိုသော အရာများကို ရည်ညွှန်းသောအခါ အသုံးပြုရသည် နာမ်စား။ (ကျွန်ုပ်တို့၊ ကျွန်တော်တို့၊ သူတို့။) * [Singular Pronouns that Refer to Groups](../figs-youcrowd/01.md) * နှစ်ခုကိုညွှန်းသောသင်္ချာ — အချို့သောဘာသာစကားများတွင် နှစ်ခုတည်းကို ရည်ညွှန်း၍ အသုံးပြုသောအခါ သင်္ချာနာမ်စားကိုအသုံးပြုကြသည်။ (မျက်လုံးတစ်စုံ၊ လက်တစ်စုံ အစရှိသဖြင့် တစ်စုံ(နှစ်ခု) ကိုညွန်းသော နာမ်စားဖြစ်သည်။) #### လိင်ကိုညွှန်းသောနာမ်စား(Gender) * ပုလ္လိင်(Masculine) — ကျွန်တော်၊ သူ။ * ဣတ္တိလိင်(Feminine) — ကျွန်မ၊ သူမ။ * နပုလ္လိင်(Neuter) — ထိုဟာ ၊ ထိုအရာ။ #### ဝါကျရှိအခြားစကားလုံးများနှင့်ဆက်နွယ်အသုံးပြုခြင်း * ပြုလုပ်သူဆိုင်ရာကြိယာနှင့် အတူအသုံးပြုခြင်း: ငါသည်၊ သင်သည်၊ ခင်ဗျားသည်၊ သူသည်၊ သူမသည်၊ ထိုအရာသည်၊ ကျွန်ုပ်တို့သည်၊ သူတို့သည် * ပြုလုပ်ခံရသူဆိုင်ရာကြိယာ ( သို့မဟုတ် ) ဝိရောဓိနှင့်အတူအသုံးပြုခြင်း: ကျွန်တော့်အား၊ သင့်အား၊ သူ့အား၊ သူမအား၊ ထိုအရာအား၊ ကျွန်ုပ်တို့အား၊ သူတို့အား။ * နာမ်နှင့်အတူ အသုံးပြုခြင်း: ကျွန်ုပ်၏၊ သင်၏၊ သူ၏၊ သူမ၏၊ ထိုအရာ၏၊ ကျွန်ုပ်တို့၏၊ သူတို့၏။ * နာမ်ကိုချန်ထားပြီး အသုံးပြုခြင်း:  * ငါ့ဟာ၊ သင့်ဟာ၊ သူ့ဟာ၊ သူမဟာ၊ ထိုအရာဟာ၊ ကျွန်ုပ်တို့ဟာ၊ သူတို့ဟာ ### အခြားသော နာမ်စားများ **[Reflexive Pronouns](../figs-rpronouns/01.md)** ဝါကျတစ်ခုတည်းအတွင်း၌ပါဝင်သော အခြားနာမ်တစ်ခုကိုဖြစ်စေ အခြားနာမ်စားတစ်ခုကိုဖြစ်စေ ပြန်၍ ညွှန်းထားသော နာမ်စားကို Reflexive Pronouns ဟုခေါ်သည်။ မိမိကိုယ်ကို ၊ သင့်ကိုယ်သင်၊ သူ့ကိုယ်သူ၊ သူမကိုယ်သူမ၊ ကျွန်ုပ်တို့ကိုယ်ကျွန်ုပ်တို့ ၊ သူတို့ကိုယ်သူတို့၊ သင်တို့ကိုယ်သင်တို့။ * ဂျွန်သည် သူ့ကိုယ်သူ မှန်ထဲတွင်ပြန်မြင်သည်။ **စစ်ကြောရေးနာမ်စား (Interrogative Pronouns)** ဟုတ်သည်၊ မဟုတ်ပါ ဆိုသော အဖြေများအတွက်မဟုတ်ပဲ အခြားသောမေးခွန်းများကိုမေးရာတွင် အသုံးပြုသောနာမ်စားဖြစ်သည်။ ဉပမာအားဖြင့် - ဘယ်သူလည်း၊ ဘာလည်း၊ ဘယ်တော့လည်း၊ ဘာကြောင့်လည်း၊ ဘယ်လိုလည်း။ * အိမ်ကို **ဘယ်သူ** ဆောက်ခဲ့တာလည်း။ **ဆက်နွယ်မှုပြနာမ်စား (Relative Pronouns)** ဝါကျအတွင်းတွင်ပါဝင်သော နာမ်ကိုပို၍ထင်ရှားအောင် နာမ်၏ သတင်းအချက်လက်များကို ပို၍ ပြသနိုင်ရန်အသုံးပြုသော နာမ်စားဖြစ်သည်။ * ဂျွန်ဆောက်ထားသောအိမ်ကိုတွေ့ခဲ့တယ်။ ဂျွန်ဆောက်ထားသော ဟူသော အသုံးသည် ဆက်နွယ်မှုပြနာမ်စား (Relative Pronouns) ဖြစ်သည်။ * ဒီအိမ်ကိုဆောက်ခဲ့တဲ့ သူကိုတွေ့ခဲ့တယ်။. ဒီအိမ်ကိုဆောက်ခဲ့တဲ့ အသုံးသည် ဆက်နွယ်မှုပြနာမ်စား (Relative Pronouns) ဖြစ်သည်။ **သရုပ်ပြနာမ်စား (Demonstrative Pronouns)** တစ်စုံတစ်ဉီးထံမှ ဂရုစိုက်မှုကို လိုအပ်သောအခါ ပြောသူမှ အသုံးပြုသော နာမ်စား (သို့မဟုတ်) ပြောသူနှင့် အရာဝတ္ထုတစ်ခုကြားမှ အကွာအဝေးကိုပြသလိုသောအခါတွင်လည်း အသုံးပြုသည့် နာမ်စားဖြစ်သည်။ * မင်း**ဒါကို** ဒီမှာတွေ့သလား။ * အဲ့ဒီနားကဘယ်သူလည်း။ **သတ်မှတ်ချက်မရှိသောနာမ်စား (Indefinite pronouns)**  ရည်ညွှန်းစရာနာမ်ဟူ၍ အတိအကျမရှိသော အခါ အသုံးပြုသော နာမ်စားဖြစ်ပါသည်။ ဉပမာ- ဘယ်ဟာမျှ၊ ဘယ်သူမျှ၊ တစ်စုံတစ်ဉီး၊ ဘာဖြစ်ဖြစ်၊ တစ်စုံတစ်ခု၊ အချို့ စသည်တို့ဖြစ်သည်။ တစ်ခါတစ်လေတွင် ပုဂ္ဂလနာမ်စားများကိုလည်း အသုံးပြုတတ်သေးသည်။ * သူ**ဘယ်သူ့ကိုမှ** စကားမပြောချင်တော့ပါ။ * **တစ်ဉီးတစ်ယောက်**ကဒါကိုပြင်ခဲ့ပေမယ့် ဘယ်သူလုပ်ခဲ့လည်းငါမသိဘူး။ * အိပ်နေသောနဂါးကို **မင်း** သွား မနိုးသင့်ဘူးလို့ **သူတို့**ပြောတယ်။ နောက်ဆုံးအသုံးပြုခဲ့သောဉပမာတွင် သူတို့ နှင့် မင်း ဆိုသည့် ပုဂ္ဂလနာမ်စားကို ယေဘုယျဆန်သော အတိအကျမရှိသော နာမ်စားအဖြစ်အသုံးပြုခဲ့ခြင်းဖြစ်သည်။