##အခြေအနေအရ ဆက်နွယ်မှုများ အခြေအနေအရ ချိတ်ဆက်ပေးသော အရာများ သည် ဝါကျပိုင်းနှစ်ခုအား ယင်းတို့ထဲမှ တစ်ခုသည် အခြားတစ်ခုဖြစ်ပေါ်သည့်အချိန်တွင် ဖြစ်ပေါ်လာမည်ဖြစ်ကြောင်းညွှန်ပြရန် ချိတ်ဆက်ပေးသည်။ အင်္ဂလိပ်စာတွင် အခြေအနေအရ ဝါကျပိုင်းများအား ချိတ်ဆက်ရန်အသုံးများသော နည်းလမ်းမှာ “အကယ်၍…. နောက်” ဟူသော စကားလုံးဖြင့် ဖြစ်သည်။ တစ်ခါတစ်ရံတွင် မည်သို့ပင်ဖြစ်စေ “နောက်” ဟူသော စကားလုံးသည် မတည်ရှိပါ။ ###ဖြစ်ရပ်မှန်အခြေအနေအား ဆန့်ကျင်ခြင်း ####အဓိပ္ပါယ်ဖွင့်ဆိုချက် ဖြစ်ရပ်မှန်အခြေအနေအား ဆန့်ကျင်ခြင်းသည် စိတ်ကူးယဥ်အ​ခြေအနေဟု ထင်ရသော်လည်း ပြောဆိုသူသည် ဤသည်မှာ မမှန်ကန်ကြောင်း သေချာပြီးသော အ​ခြေအနေဖြစ်သည်။ ####ဘာသာပြန်ခြင်း ကိစ္စဖြစ်ရသည့် အကြောင်းပြချက် များသောအားဖြင့် ​ဖြစ်ရပ်မှန်အခြေအနေအား ဆန့်ကျင်ခြင်းအား ညွှန်ပြရန် ထူးခြားသော စကားလုံးများ မရှိပါ။ စာရေးသူက စာဖတ်သူများသည် ဤသည်မှာ မမှန်ကန်ကြောင်း သိမည်ဟု ယူဆသည်။ ဤအကြောင်းပြချက်အတွက် ရိပ် မြွတ်ဖော်ပြထားသော အချက်အလက်များသည် မမှန်ကန်ကြောင်းသိရန် အသိပညာ လိုအပ်တတ် သည်။ အကယ်၍ ဤကဲ့သို့သော အခြေအနေသည် ဘာသာပြန်သူများအတွက် ဆက်သွယ်ရန် ခက်ခဲပါက၊ [အဖြေမလိုသောမေးခွန်းများ](../figs-rquestion/01.md) သို့မဟုတ် [ရိပ်မြွတ်ဖော်ပြသော အချက်အလက်များ](../figs-explicit/01.md) အတွက် အသုံးပြုခဲ့သော တူညီသော နည်းစနစ်များကို အသုံးပြုရန် စဥ်းစားနိုင်သည်။ ####OBS နှင့်သမ္မကျမ်းစာမှ ဥပမာများ >သို့သော် **အကယ်၍ ဗာလ သည် ဘုရားသခင်ဖြစ်ပါက**၊ သူ့အား ရှိခိုးပါ။(Story 19 Frame 6 OBS) >ဧလိယသည် လူများရှိရာသို့ လာ၍၊ သင်တို့ သည် ဘာသာနှစ်ပါးစပ်ကြားမှာ အဘယ်မျှကာလ ပတ်လုံး ယုံမှားသောစိတ်နှင့် နေကြလိမ့်မည်နည်း။ ထာဝရဘုရားသည် ဘုရားသခင်မှန်လျှင် ထိုဘုရားကို ဆည်းကပ်ကြလော့။ သို့သော် **ဗာလသည် ဘုရားသခင်မှန်လျှင်** ထိုဘုရားကို ဆည်းကပ်ကြလော့ဟုဆိုလျှင်၊ လူများတို့သည် တိတ်ဆိတ်စွာ နေကြ၏။ (ဓမ္မရာဇဝင်တတိယစာစောင် 18:21 ULT) ဗာလသည် ဘုရားသခင်မဟုတ်ချေ၊ ဧလိယသည် သူ့အား ဘုရားဖြစ်နိုင်သည်ဟု အကြုံ ပြုနေခြင်းလည်း မဟုတ်ပြီး သူသည် လူတို့က သူ့အား လိုက်နာသည်ကို မလိုလားချေ။ သို့သော် သူသည် အခြေအနေအရ ဝါကျအား သူတို့လုပ်နေသည်မှာ မှားယွင်းနေကြောင်း ပြသရန် သုံးခြင်းဖြစသည်။ အထက်ပါ ဥပမာတွင်၊ ကျွန်ုပ်တို့သည် တူညီသော တည်ဆောက်ပုံရှိသည့် အခြေအနေနှစ်ခုအား တွေ့ရသည်။ ပထမတစ်ခုတွင် “အကယ်၍ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်လျင်၊” သည် ဖြစ်ရပ်မှန်အခြေအနေဖြစ်၍ ဧလိယသည် ယင်းမှန်ကန်သည်ကို သေချာနေသောကြောင့်ဖြစ်သည်။ ဒုတိယတစ်ခု “အကယ်၍ ဗာလသည် ဘုရားသခင်ဖြစ်လျင်” သည် ဖြစ်ရပ်မှန်အခြေအနေအား ဆန့်ကျင်ခြင်းဖြစ်၍၊ ဧလိယသည် ယင်းမမှန်ကန်ကြောင်းကို သေချာနေသောကြောင့်ဖြစ်သည်။ သင်သည် အကယ်၍ လူတို့သည် ထိုနှစ်ခုလုံးကို တူညီသောပုံစံဖြင့် ပြောနိုင်သည် သို့မဟုတ် အကယ်၍ သူတို့သည် ယင်းတို့အား ကွဲပြားသောပုံစံဖြင့် ပြောနိုင်သည်ကိုစဥ်း စားရန်လိုအပ်သည်။ >မယားက၊ "**ထာဝရဘုရားသည် ငါတို့ကို သတ်ခြင်းငှါ အလိုတော်ရှိလျှင်**၊ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာကို ငါတို့လက်မှ ခံယူတော်မမူ။ ဤအခြင်းအရာအလုံးစုံတို့ကိုလည်း ပြတော်မမူ။ ယခုအခါ၌ ဤသို့သော စကားကိုလည်း မိန့်တော်မမူ" ဟု ပြန်ပြော၏။ ( တရားသူကြီးဖတ်စာ 13:23 ULT) မာနော် ၏ ဇနီးသည် သူမ၏ အခြေအနေအရ ဝါကျ၏ပထမပိုင်းသည် မမှန်ကန်သောကြောင့် ဒုတိယ ပိုင်းသည်လည်း မမှန်ကန်ဟု ထင်၏။ ဘုရားသခင်သည်သူတို့အား မသတ်လိုသောကြောင့် (Brunt Offering) မီးရှို့ရာယဇ်တို့အား လက်ခံ၏။> > "**ငါတို့သည်** အဲဂုတ္တုပြည်၌ အမဲသားချက်သော အိုးကင်းနားမှာ ထိုင်၍ ဝစွာစားရသောအခါ၊ ထာဝရဘုရား၏ လက်တော်ဖြင့် **သေလျှင်** သာ၍ကောင်း၏။" ( ထွက်မြောက်ရာကျမ်း 16:3 ULT) ထင်သည့်အတိုင်းပင်၊ ဤ စကားပြောနေသောသူများသည် အဲဂုတ္တုပြည်၌ မသေလိုချေ၊ ထို့ကြောင့် ဤအရာသည် ဆုတောင်းကိုဖော်ပြသော ဖြစ်ရပ်မှန်အခြေအနေအား ဆန့်ကျင်ခြင်း ဖြစ် သည်။ >"အိုခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ အိုဗက်ဇဲဒမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ **သင်တို့တွင်ပြသောတန်ဖိုးကို** တုရုမြို့နှင့်ဇိဒုန်မြို့တို့တွင်**ပြဘူးလျှင်**၊ **ထိုမြို့တို့သည်** ရှေးကာလ၌ လျှော်တေအဝတ်ကို ဝတ်၍၊ ပြာနှင့် လူးလျက်**နောင်တ ရကြလိမ့်မည်။**"(မဿဲ 11:21 ULT) အင်္ဂလိပ်စာဖတ်သူများသည် ဤနောက်ဥပမာနှစ်ခုသည် ဖြစ်ရပ်မှန်အခြေအနေအားဆန့်ကျင်ခြင်း ဖြစ်ကြောင်းသိကြ၏၊ အဘယ်ကြောင့်ဆိုသော် ပထမပိုင်းတွင် အသုံးပြုထားသော အတိတ်ကာလပြကြိယာ ကြောင့်ဖြစ်သည်( ယင်းတို့သည် ဖြစ်ပေါ်လာမည်မဟုတ်သော အရာများဖြစ်သည်)။ နောက်ဆုံးဥပမာတွင်လည်း “လိမ့်မည်” ဟုသော ဒုတိယအပိုင်း ပါရှိသည်။ ဤစကားလုံးများသည် ဖြစ်ပေါ်လာမည်မဟုတ်သော အရာများအား အချက်ပြသည်။ ####ဘာသာပြန်ခြင်းနည်းစနစ်များ(ဥပဒေသများ) အကယ်၍ ဖြစ်ရပ်မှန်အခြေအနေအား ဆန့်ကျင်ခြင်းသည် သင်၏ဘာသာစကားတွင် ရှင်းလင်းစွာတည်ရှိပါက ၎င်းတို့အတိုင်းပင် အသုံးပြုပါ။ (1) အကယ်၍ အခြေအနေသည် စာဖတ်သူများအား ပြောဆိုသူသည် မှားယွင်းနေသော အရာအား ယုံကြည် နေသည် ဟု တွေးထင်ရန် လမ်းပြနေပါက၊ အခြေအနေအား အခြားသူများ ယုံကြည်သောအရာအဖြစ် ပြောင်းလဲဖော်ပြပါ။ (2) အကယ်၍ အခြေအနေသည်စာဖတ်သူများအားပြောဆိုသူသည် ပထမပိုင်းသည်မှန်ကန်သည်ဟု အကြံပြုနေသည်ဟု တွေးထင်ရန် လမ်းပြနေပါက၊ ယင်းအား မမှန်ကန်သော ဝါကျအနေဖြင့် ပြောင်းလဲဖော်ပြပါ။ (3) အကယ်၍ အခြေအနေသည် ပြောသူဆိုမှ ဖြစ်စေချင်သော်လည်း မဖြစ်ပေါ်ခဲ့သော အရာအား ဖော်ပြနေပါက၊ ယင်းအား ဆုတောင်း အနေဖြင့် ပြောင်းလဲဖော်ပြပါ။ (4) အကယ်၍ အခြေအနေသည် မဖြစ်ပေါ်ခဲ့သော အရာအား ဖော်ပြနေပါက၊ ယင်းအား ဆန့်ကျင်ဝါကျ အဖြစ် ပြောင်းလဲဖော်ပြပါ။ (5) တစ်ခါတစ်ရံတွင် ဖြစ်ရပ်မှန်အခြေအနေအား ဆန့်ကျင်ခြင်းများကိုအလေ့အကျင့်များအား ပြောင်းလဲ ပစ်ရန် ကျိုးကြောင်းသင့်သော အငြင်းအခုံတွင် အသုံးပြုသည်။အကယ်၍ ဘာသာပြန်သူများသည် ယင်းတို့အား ဘာသာပြန်ရန် အကောင်းဆုံး နည်းလမ်းအား သိရန် ခက်ခဲနေပါက၊ ဤအရာများအား သူတို့ဘာသာစကားများ၏ အဖွဲ့အစည်းတွင် မည်ကဲ့သို့ ပြုလုပ်သည်ကို ဆွေးနွေးခြင်းသည်ကူညီနိုင်လိမ့်မည်။ အကယ်၍ တစ်စုံတစ်ယောက်သည် လူတို့အား သူတို့၏ အကျင့်ကို ပြောင်းလဲလာရန် စည်းရုံးရန် ​ကြိုးပမ်းနေပါက၊ သူတို့ မည်ကဲ့သို့ ပြုလုပ်သနည်း။ ယင်း အခြေအနေများအား ဘာသာပြန်ရာတွင်လည်း ဆင်တူသော နည်းလမ်းများအား အသုံးပြုရန်မှာ ဖြစ်နိုင်လိမ့်မည်။ ####ဘာသာပြန်ခြင်းနည်းစနစ်များအား အသုံးပြုထားသည့် ဥပမာများ (1) အကယ်၍ အခြေအနေသည် စာဖတ်သူများအား ပြောဆိုသူသည် မှားယွင်းနေသော အရာအား ယုံကြည် နေသည် ဟု တွေးထင်ရန် လမ်းပြနေပါက၊ အခြေအနေအား အခြားသူများ ယုံကြည်သော အရာ အဖြစ် ပြောင်းလဲဖော်ပြပါ။ > သို့သော် **ဗာလသည် ဘုရားသခင်ဖြစ်လျှင်** သူ့အားရှိခိုးပါ။ (Story 19 Frame 6 OBS) > >အကယ်၍ ဗာလသည် ဘုရားသခင်ဖြစ်သည်ဟု ယုံကြည်ပါက၊ သူ့အားရှိခိုးပါ။ (2) အကယ်၍ အခြေအနေသည်စာဖတ်သူများအားပြောဆိုသူသည် ပထမပိုင်းသည်မှန်ကန်သည်ဟုအကြံပြုနေသည်ဟု တွေးထင်ရန် လမ်းပြနေပါက၊ ယင်းအား မမှန်ကန်သော ဝါကျအနေဖြင့် ပြောင်းလဲဖော်ပြပါ။ > >အကယ်၍ ဗာလသည် ဘုရားသခင် မဟုတ်ပါက၊ သူ့အား မရှိခိုးသင့်ပါ။ မယားက "**ထာဝရဘုရားသည် ငါတို့ကို သတ်ခြင်းငှါ အလိုတော်ရှိလျှင်**၊ မီးရှို့ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာကို ငါတို့လက်မှ ခံယူတော်မမူ။ ဤအခြင်းအရာအလုံးစုံတို့ကိုလည်း ပြတော်မမူ။ ယခုအခါ၌ ဤသို့သော စကားကိုလည်း မိန့်တော်မမူ" ဟု ပြန်ပြော၏။ ( တရားသူကြီးဖတ်စာ 13:23 ULT) > > "**ထာဝရဘုရားသည် ငါတို့ကို သတ်ခြင်းငှါ အလိုတော်မရှိပါ**၊ သို့မဟုတ်ပါက​မီးရှို့ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာကို ငါတို့လက်မှ ခံယူတော်မမူ။" (3) အကယ်၍ အခြေအနေသည် ပြောသူဆိုမှ ဖြစ်စေချင်သော်လည်း မဖြစ်ပေါ်ခဲ့သော အရာအား ဖော်ပြနေပါက၊ ယင်းအား ဆုတောင်း အနေဖြင့် ပြောင်းလဲဖော်ပြပါ။ > "**ငါတို့သည်** အဲဂုတ္တုပြည်၌ အမဲသားချက်သော အိုးကင်းနားမှာ ထိုင်၍ ဝစွာစားရသောအခါ၊ ထာဝရဘုရား၏ လက်တော်ဖြင့် **သေလျှင်** သာ၍ကောင်း၏။ "( ထွက်မြောက်ရာကျမ်း 16:3 ULT) > >ငါတို့သည် အဲဂုတ္တုပြည်၌ ထာဝရဘုရား၏ လက်တော်ဖြင့် သေခဲ့လျင် ဟုမျော်လင့်သည်... (4)အကယ်၍ အခြေအနေသည် မဖြစ်ပေါ်ခဲ့သော အရာအား ဖော်ပြနေပါက၊ ယင်းအား ဆန့်ကျင်ဝါကျ အဖြစ် ပြောင်းလဲဖော်ပြပါ။ >"အိုခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ အိုဗက်ဇဲဒမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူ ကား၊ **သင်တို့တွင်ပြသောတန်ဖိုးကို** တုရုမြို့နှင့်ဇိဒုန်မြို့တို့တွင်**ပြဘူးလျှင်**၊ **ထိုမြို့တို့သည်** ရှေးကာလ၌ လျှော်တေ အဝတ်ကို ဝတ်၍၊ ပြာနှင့် လူးလျက် **နောင်တ ရကြလိမ့်မည်။**"(မဿဲ 11:21 ULT) > >"အိုခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ အိုဗက်ဇဲဒမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ သင်တို့တွင်ပြသောတန်ဖိုးကို တုရုမြို့နှင့်ဇိဒုန်မြို့တို့တွင် **မပြဖူးပါချေ။** သို့သော် **အကယ်၍ ပြဖူးလျင် ထိုမြို့တို့သည်** ရှေးကာလ၌ လျှော်တေ အဝတ်ကို ဝတ်၍၊ ပြာနှင့် လူးလျက် **နောင်တ ရကြလိမ့်မည်။**" (5)တစ်ခါတစ်ရံတွင် ဖြစ်ရပ်မှန်အခြေအနေအား ဆန့်ကျင်ခြင်းများကို အလေ့အကျင့်များအား ပြောင်းလဲ ပစ်ရန် ကျိုးကြောင်းသင့်သော အငြင်းအခုံတွင် အသုံးပြုသည်။အကယ်၍ ဘာသာပြန်သူများသည် ယင်းတို့အား ဘာသာပြန်ရန် အကောင်းဆုံး နည်းလမ်းအား သိရန် ခက်ခဲနေပါက၊ ဤအရာများအား သူတို့ဘာသာစကားများ၏ အဖွဲ့အစည်းတွင် မည်ကဲ့သို့ ပြုလုပ်သည်ကို ဆွေးနွေးခြင်းသည် ကူညီနိုင်လိမ့်မည်။ အကယ်၍ တစ်စုံတစ်ယောက်သည် လူတို့အား သူတို့၏ အကျင့်ကို ပြောင်းလဲလာရန် စည်းရုံးရန် ​ကြိုးပမ်းနေပါက၊ သူတို့ မည်ကဲ့သို့ ပြုလုပ်သနည်း။ ယင်း အခြေအနေများအား ဘာသာပြန်ရာတွင်လည်း ဆင်တူသော နည်းလမ်းများအား အသုံးပြုရန်မှာ ဖြစ်နိုင်လိမ့်မည်။ >သို့သော် **အကယ်၍ ဗာလ သည် ဘုရားသခင်ဖြစ်ပါက**၊ သူ့အား ရှိခိုးပါ။(Story 19 Frame 6 OBS) > >ဗာလသည် စစ်မှန်သော ဘုရားသခင် ဟုတ်ပါသလား၊ သင်တို့သည် သူ့အား ရှိခိုးသင့်ပါသလား။ >"အိုခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ အိုဗက်ဇဲဒမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ **သင်တို့တွင်ပြသောတန်ဖိုးကို** တုရုမြို့နှင့်ဇိဒုန်မြို့တို့တွင်**ပြဘူးလျှင်**၊ **ထိုမြို့တို့သည်** ရှေးကာလ၌ လျှော်တေ အဝတ်ကို ဝတ်၍၊ ပြာနှင့် လူးလျက် **နောင်တ ရကြလိမ့်မည်။**"(မဿဲ 11:21 ULT) > >"အိုခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ အိုဗက်ဇဲဒမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အသင်တို့သည် တုရုမြို့နှင့်ဇိဒုန်မြို့တို့ထက်သာသည်ဟုထင်သော်လည်းမဟုတ်ချေ။  **ထိုမြို့တို့သည်** သင်တို့မြင်သောအရာကို မြင်ခဲ့ပါက၊  ရှေးကာလ၌ လျှော်တေ အဝတ်ကို ဝတ်၍၊ ပြာနှင့် လူးလျက် **နောင်တ ရကြလိမ့်မည်။** **သင်တို့သည် သူတို့ကဲ့သို့ဖြစ်သင့်သည်။**"