### ဖော်ပြချက် Merism ဆိုသည်မှာ ပြောသူမှ တစ်စုံတစ်ခုအား ရည်ညွှန်းပြောဆိုလိုသည့် အခါ ထိုတစ်စုံတစ်ခု၏ အစွန်းနှစ်ဖက်အား ထည့်သွင်းပြောဆိုခြင်းဖြစ်သည်။ ပြောသူမှ ထိုကဲ့သို့ အစွန်းနှစ်ဖက်အား ပြောဆိုခြင်းသည် ၎င်းအစွန်းနှစ်ဖက်၏ ကြားထဲမှ အရာအားလုံးကိုရည်ရွယ်ခြင်းဖြစ်သည်။ > ငါသည် **ပထမနှင့်နောက်ဆုံး ဖြစ်သည်** ဟုအနန္တတန်ခိုးနှင့် ပြည့်စုံတော်မူ၍ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ထာဝရဘုရားရှင် မိန့်တော်မူ၏။ > > ငါသည် **ပထမနှင့်နောက်ဆုံး၊** အစနှင့်အဆုံးဖြစ်သည်။(ဗျာဒိတ် ၂၂:၁၃ ULT) **Alpha and Omega** ဆိုသည်မှာ ဂရိအက္ခရာတို့၏ အစစာလုံး နှင့် နောက်ဆုံးစာလုံးတို့ဖြစ်ကြသည်။ ၎င်းသည် Merism ဖြစ်ပြီး အစမှအဆုံး အထိအားလုံးပါဝင်ကြောင်းကို ရည်ညွှန်းပြောလိုခြင်းဖြစ်သည်။ ထာဝရ ဟူ၍လည်း အဓိပ္ပါယ်ဖော်ဆောင်ပါသည်။ > “ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ပိုင်စိုးသောမူသော ဘုရားရှင် ၏ကျေးဇူးတော်အား ငါချီးမွှမ်းပါ၏” (မဿဲ ၁၁:၂၅ ULT) **ကောင်းကင်နှင့် ကမ္ဘာမြေကြီးဟူသော အသုံးအနှုန်းသည် ဖြစ်တည်များအားလုံးကိုရည်ညွှန်းခြင်းဖြစ်သည်။** #### ဘာသာပြန်ရာ၌အခက်အခဲဖြစ်ရခြင်း အကြောင်းအရင်း အချို့ဘာသာစကားများတွင် Merism (အစွန်းနှစ်ဖက်အားထည့်သွင်းပြောဆိုခြင်း) သည် အသုံးမပြုကြပေ။ ထိုဘာသာစကားများတွင် Merism ကိုအသုံးပြု၍ရေးပါက စာဖတ်သူတို့သည် ထိုအစွန်းနှစ်ဖက်ကိုသာ အမှန်တကယ် ရည်ညွှန်းသည်ဟု အမှတ်မှားသွားနိုင်ပါသည်။ သူတို့သည် ၎င်းအစွန်းနှစ်ဖက်ကြားထဲမှ အရာအားလုံးကို ရည်ညွှန်းကြောင်း သိကြလိမ့်မည်မဟုတ်ပေ။ ### သမ္မာကျမ်းစာမှ ဥပမာများ > **နေထွက်ရာအရပ်မှ နေဝင်ရာအရပ်သို့တိုင်အောင်** ဘုရားရှင်အား ချီးမွှမ်းထောပနာ ပြုကြပါစေသတည်း။ (ဆာလံ ၁၁၃:၃ ULT) နေထွက်ရာအရပ်မှ နေဝင်ရာအရပ် ဟူသောအဓိပ္ပါယ်မှာ အရပ်မျက်နှာ အားလုံး ကို **နေရာတိုင်း**ကို ဆိုလိုခြင်းဖြစ်သည်။ > ဘုရားရှင် မိမိအား ကြောက်ရွံ့ရိုသေသူအပေါင်းတို့အား **ယုတ်မြတ်မရွေး**ကောင်းချီး ပေးတော်မူလိမ့်မည်။ (ဆာလံ ၁၁၅:၁၃) Both young and old ဟူသောအသုံးအနှုန်းသည် **လူကြီးနှင့်လူငယ် အားလုံးကို**ဆိုလိုခြင်းဖြစ်သည် ### ဘာသာပြန်ခြင်းနည်းပရိယာယ်များ အကယ်၍ Merism အားအသုံးပြု၍ရေးသားခြင်းသည် ဘာသာပြန်မည့် ဘာသာစကားတွင် ပုံမှန်အတိုင်း နားလည်လွယ်မည်ဆိုပါက အသုံးပြု၍ ရေးသားပါ။ ထို့ကဲ့သို့မဟုတ်ခဲ့ပါက အောက်ဖော်ပြပါအချက်များကို ရွေးချယ်အသုံးပြုရန် စဉ်းစားပါ။ (1) ဖော်ပြမည့်အကြောင်းအရာတစ်ခု၏အစိတ်အပိုင်းများကိုမပါဝင်စေပဲနှင့် Merism သည်မည်သည်ကို ဆိုလိုကြောင်း  အတည်ပြုဖော်ပြပါ။ (2) ဖော်ပြမည့်အကြောင်းအရာသည် Merism နှင့် ၎င်း၏အစိတ်အပိုင်းတို့သည် မည်သည်ကို ဆိုလိုကြောင်းအတည်ပြုဖော်ပြပါ။ ### ဘာသာပြန်ခြင်းနည်းပရိယာယ်များအားအသုံးပြုထားသည့်ဥပမာများ (1) ဖော်ပြမည့်အကြောင်းအရာတစ်ခု၏အစိတ်အပိုင်းများကိုမပါဝင်စေပဲနှင့် Merism သည်မည်သည်ကို ဆိုလိုကြောင်း  အတည်ပြုဖော်ပြပါ။ > “ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ပိုင်စိုးသောမူသော ဘုရားရှင် ၏ကျေးဇူးတော်အား ကျွန်ုပ်ချီးမွှမ်းပါ၏” (မဿဲ ၁၁:၂၅ ULT) > > > အရာအားလုံးအား ပိုင်စိုးသောမူသော ဘုရားရှင် ၏ ကျေးဇူးတော်အား ကျွန်ုပ်ချီးမွှမ်းပါ၏” > **နေထွက်ရာအရပ်မှ နေဝင်ရာအရပ်သို့တိုင်အောင်** ဘုရားရှင်အား ချီးမွှမ်းထောပနာ ပြုကြပါစေသတည်း။ (ဆာလံ ၁၁၃:၃ ULT) > > > **နေရာတိုင်းမှ** လူတို့သည် ဘုရားရှင်အား ချီးမွှမ်းထောပနာပြုကြပါ။ (2) ဖော်ပြမည့်အကြောင်းအရာသည် Merism နှင့် ၎င်း၏အစိတ်အပိုင်းတို့သည် မည်သည်ကို ဆိုလိုကြောင်း အတည်ပြုဖော်ပြပါ။ > “**ကောင်းကင်နှင့် ကမ္ဘာမြေကြီ**းကို ပိုင်စိုးသောမူသော ဘုရားရှင်၏ ကျေးဇူးတော်အား ကျွန်ုပ်ချီးမွှမ်းပါ၏”  (မဿဲ ၁၁:၂၅ ULT) > > > “**ကောင်းကင်နှင့် ကမ္ဘာမြေကြီး ၊ အရာအားလုံးကို** ပိုင်စိုတော်မူ သော ဘုရားရှင်၏ ကျေးဇူးတော်အား ကျွန်ုပ်ချီးမွှမ်းပါ၏။” > ဘုရားရှင်သည် မိမိအား ကြောက်ရွံ့ရိုသေသော **ကြီး၊ငယ်တိုင်းကို** ကောင်းချီး ပေးတော်မူလိမ့်မည်။ (ဆာလံ ၁၁၅:၁၃) > > > **အသက်အရွယ်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ** ဘုရားရှင်အား ကြောက်ရွံ့ရိုသေပါက ဘုရားရှင်က ကောင်းချီးပေးတော်မူလိမ့်မည်