Edit 'translate/grammar-connect-logic-contrast/01.md' using 'tc-create-app'

This commit is contained in:
DMS 2021-10-23 03:52:21 +00:00
parent 73fa84484f
commit 16b7681566
1 changed files with 19 additions and 0 deletions

View File

@ -15,4 +15,23 @@
အလုပ်ဖြစ်၏။ ထိုအကြောင်းအရာများသည် တစ်ခါတစ်ရံ တွင် အချက်အချာဖြစ်ပြီး ဘာသာပြန်သူများသည် ထိုနှိုင်းယှဥ်များအား နားလည်ပြီး ဆက်သွယ်နိုင်ရန်မှာ အရေးကြီးသည်။ အင်္ဂလိပ်စာတွင် နှိုင်းယှဥ် ဆက်နွယ်မှုများအား “သို့သော်”၊ “သို့ပေမဲ့”၊ “သော်လည်း”၊ “သော်ငြားလည်း”
၊ “ ထိ” သို့မဟုတ် “စေကာမူ” ဟူသော စကားလုံးများဖြင့် တစ်ခါတစ်ရံတွင် ညွှန်ပြလေ့ရှိသည်။
#### OBS နှင့် သမ္မာကျမ်းစာမှ ဥပမာများ
> သင်သည် ကျွန်ုပ်အား ကျွန်အဖြစ်ရောင်းစားခဲ့သောအခါက သင်သည်
ယုတ်မာသော အရာအား လုပ်ရန် ကြိုးစားခဲ့**သော်လည်း** ဘုရားသခင်သည် ယုတ်မာမှုအား ကောင်းမှုအတွက် အသုံးချခဲ့သည်။ ( Story၈ Frame ၁၂ OBS)
ယောသပ် အကို၏ ယောသပ် အား ရောင်းစားရန် ယုတ်မာသော အကြံသည် ဘုရားသခင်၏ လူအများအား ကယ်တင်သော ကောင်းသော အကြံ ဖြင့် နှိုင်းယှဥ်ခြင်းခံရသည်။ “သော်လည်း” ဟူ​သော စကားလုံးသည်နှိုင်းယှဥ်မှုအား ပြုလုပ်သည်။
> အဘယ်သူသည် သာ၍ ကြီးမြတ်သနည်း။
စားပွဲ၌ လျောင်းသောသူသည် ကြီးမြတ်သလော။ လုပ် ကျွေးသောသူသည် ကြီးမြတ်သလော။ စားပွဲ၌ လျောင်းသောသူသည်ကြီးမြတ်သည်မဟုတ်လော။ **သို့သော်လည်း** ငါသည် သင်တို့တွင် လုပ်ကျွေးသောသူကဲ့သို့ဖြစ်၏။ (လုကာ ၂၂:၂၇ ULT)
ယေရှုသည် လူသားခေါင်းဆောင်များ ပြုမူသော မောက်မာသည့်ပုံ နှင့် သူပြုမူသော နှိမ့်ချသည့် ပုံတို့အား နှိုင်းယှဥ်ခြင်း ဖြစ်သည်။ “သို့သော်လည်း” ဟူသော စကားလုံးဖြင့် အမှတ်အသားပြုထားသည်။
> တောင်ပေါ်နိုင်ငံသည်လည်း သင်၏အပိုင်ပင်ဖြစ်ပါလိမ့်မည်။ ခြေချင်းသံကြိုးနှင့် အကျဉ်းထား**သော်လည်း** ခြေချင်းသံကြိုးကို ဆွဲဖြတ်၍ နတ်ဆိုးသည်တောအရပ်သို့ နှင်မြဲရှိကြောင်းကို ကိုယ်တော်သည်ထောက်၍၊ ညစ်ညူးသောနတ်၊ ထိုလူမှ ထွက်သွားလော့ဟု မိန့်တော်မူခဲ့ပြီ။ (လုကာ ၈:၂၈ ULT)
ခြေချင်းသံကြိုးနှင့် အကျဥ်းချခံထားရသူသည်ယင်းတို့အား ဆွဲ ဖြတ်ရန်မှာ မမျှော်လင့်ထား​ သောအရာဖြစ်သည်။ “သော်လည်း” ဟူသော စကားလုံးသည် မမျှော်လင့်ထားသော အကြောင်းအရာ၏ နှိုင်းယှဥ်ခြင်း ကို အမှတ်အသားပြုသည်။
> \[ဒါဝိတ်သည်\]ဘုရားသခင်၏ ကျေးဇူးတော်ကို ခံရ၍၊ ယာကုပ်၏ ဘုရားသခင် ကျိန်းဝပ်တော်မူဘို့ရာ အရပ်ကို တွေ့ခြင်းငှါ တောင့်တ၏။**သို့သော်လည်း** ရှောလမုန်သည်လည်း ဗိမာန်တော်ကို တည် ဆောက်ရ၏။ **သို့သော်လည်း** ကောင်းကင်ဘုံသည် ငါ့ပလ္လင် ဖြစ်၏။ (တမန်တော်၇:၄၆-၄၈ ULT)
ဤတွင် နှိုင်းယှဥ်မှုနှစ်ခုရှိ၍ နှစ်ခုလုံးအား
“သို့သော်လည်း” ဖြင့် အမှတ်အသားပြုထားသည်။ ပထမ နှိုင်းယှဥ်ချက် သည် ဒါဝိဒ် သည် ရှော်လမုန် ဆောက်ထားသည့် ဘုရားသခင်၏ အိမ်ရှိသော အရပ်အား မေးသည့်အကြောင်း ပြထားသည်။ ထို့နောက်တွင် နောက်ထပ်နှိုင်းယှဥ်မှုတစ်ခု ရှိသေးသည်။ ရှော်လမုန် သည် ဘုရားသခင်အတွက် အိမ် ဆောက်လုပ်ပေးခဲ့သော်လည်း ဘုရားသခင်သည် လူများဆောက်လုပ်ပေးသော အိမ်တွင် မနေချေ။